Tuesday, October 2, 2012

အဖြည့်ခံ အတ္တ


အဖြည့်ခံ အတ္တ
တစ်ဘ၀စာမက
ညှိုးနွမ်းပူပန်ရခြင်းမှ
လွတ်မြောက်ချင်သူရဲ့ နှလုံးသားကို
ဘာလို့များ ချေဖျက်ခဲ့သလဲ...။

ကိုယ့်ခံစားချက်များ
ကိုယ့်သိက္ခာတရား
အတ္တ မာန
ဘ၀ကို ခ၀ါချ
အတ္တမဲ့ ငါ့ဘ၀...။

ပတ်ဝန်းကျင်အတွက်
လောကအတွက်
အများအတွက်
ငဲ့ကွက် ငဲ့ကွက်ယင်း
မျက်ရည်စက်တွေ ကြွေကျ
ကိုယ့်ဆန္ဒတွေ စွန့်ခဲ့ရပေါ့....

ဒါကြောင့်မို့
လှမ်းနေတဲ့ ခြေလှမ်းများ
နောက်ပြန် သွားခဲ့ရပါပြီ....

ရေနံ့သာ-မောင်သီ
  •  

No comments:

Post a Comment