Wednesday, December 30, 2015

*** အမ္မပါလီ***

*** အမ္မပါလီ***

ဝေသာလီပြည် လိစ္စ၀ီ မင်းဥယျာဉ်၏ သရက်ပင်တွင် သန္ဓေ နေ၍ ၁၆ နှစ် အရွယ်မိန်းမပျို လေး ၁ ယောက် ဖြစ်ပေါ်လာလေသည်
။မိန်းမပျိုလေးမှာ အလွန်မှလှပလေသည်။အမ္မပါလီဟု တွင်ခဲ့လေသည်။(ထိုသို့လှပရခြင်း
မှာ ဖုဿဘုရားရှင်လက်ထက် အနှစ် ၃၀၀၀၀ တိုင်သာသနာတွင် စင်ကြယ်စွာ သီလပြုကျင့်သောကြောင့်ဖြစ်လေသည်။)
ထိုအကြောင်းကိုဥယျဉ်မှူး က လိစ္စ၀ီမင်းတို့ထံလျှောက်တင်လေသည်။ လိစ္စ၀ီမင်းသားတို့မှာအလှည့်ကျ မင်းပြုနေရလေသည်။လှည့်ကျ ဘု၇င်မှာ မိမိ နန်းတက်စဉ်တွင် တွေ့
ရှိ၍မိမိသာမိဖုရားမြောက်သင့်သည်ဟုဆိုလေသည်။ ထိုနည်းတူ အခြားမင်းသားတို့မှာ သူနှင့် ထိုက်သည် ငါနှင့် ထိုက်သည် ဟု အငြမ်းပွားရလေသသည်။ပညာရှိအမက်များကလည်းဖြေရှင်းရန်နည်းလမ်းကားရှာမတွေ့ချေ။နောက်ဆုံးတွင် တိုင်းပြည်၏ပြည့်တန်ဆာ ပြုရန် သဘောတူခဲ့ကြလေသည်။
ထိုသို့ပြည့်တန်ဆာ ဖြစ်ရခြင်းမှာ ဖုဿဘုရားရှင်လက်က ဖုဿ ဘုရားရှင်သည် လူတို့သက်တမ်း ၃၀၀၀၀ တမ်းဖြစ်လေသည်။ဖုဿဘုရားရှင် ပရိနိဗ္ဗာန် စံပြီးကျန်ခဲ့သော ဓါတ်တော်များကို ဌာပနာ၍စေတီတည်ထားကိုးကွယ်ကြလေသည်။ထိုစေတီတွင် အမ္မာပါလီလောင်း ဘိက္ခုနီမလေးက နောက်ဆုံးမှပါလေသည်။ရှေ့ဆုံးမှ အသက်ကြီးရဟန္တာဘိက္ခုနီ မကြီးကဦးဆောင်၍ စေတီကို လက်ယာ
ရစ်လှည့်လည်ပူဇော်လေသည်။ဘိက္ခုနီမကြီးသည် နှာချေ သည်တွင် မအောက်နိုင်သဖြင့် သလိပ် တို့ပါ ပါသွားပြီး ထို စေတီရင်ပြင်ပေါ်တွင် အပုံလိုက်ဖြစ်နေလေသည်။ ဘိက္ခုနီမကြီးမှာမသိလိုက်ချေ။ နောက်ဆုံးမှ အမ္မာပါလီလောင်း လေးကမြင်တွေ့သည်တွင် ရွံရှာစက်ဆုက်သဖြင့် ဘယ်ပြည့်တန်ဆာမက ပြုဘိသနည်းဟု မြည်တွန်တောက်တီးလေသည်။စိတ်ထဲမှာလည်းလွန်စွာမှ ဒေါသဖြစ်လေသည်။
နာမ်သက်မှာ ၁ စက္ကန့်တွင်ကုဋေ ၁ သိန်းဖြစ်ပျက်လေသည်။ရုပ်သက်မှာ ၁ စက္ကန့်တွင် ကုဋေ ၁၀၀၀ ကျော် ဖြစ်ပျက်နေလေသည်။သူဒေါသဖြစ်နေသည်မှာ မိနစ်များစွာကြာလေသည် ။ထိုသို ရဟန္တာမထေရ်မကြီးအားပြစ်မှားမိသဖြင့် သေလွန်သော ခါ ငရဲမှာ အနှစ်သောင်နဲ့ ချီခံရလေသည်။ငရဲမှလွက်လာလျင် ပြိတ္တာ ဖြစ်လေသည်။ပြိတ္တာဘ၀မှလွက်လျင် တိရိစ္ဆာန်ဖြစ်လေသည်။ထိုနောက်လူဘ၀ကို ရလေသည်။ လူ့ဘ၀ ၂၀၀ ကျော်ပင်လျင် ပြည့်တန်ဆာ ဘ၀ ရောက်ရလေသည်။ထိုသို့သောအခြင်းအရာကြောင့် လူသားတို့သည်လက် ၂ လုံးမျှ ရှိသော ပါးစပ်ကလေးကို လုံအောက်ပိက်ရန်မှာ သတိရှိရန်လိုအပ်ပါသည်။လုံအောင်မပိတ်နိုင်ပါက မတွေးဝံဖွယ်ရာဖြစ်ချေလေသည်။နှုတ်မစောင့်သော ကြောင့် လိပ်ကလေးမှာ အသက်ပင်သေဆုံးရသည်မှာလူတိုင်းအသိပင်ဖြစ်လေသည်။
ဝစီဗေဒ ထိတိုင်းရှ အပြောခံရသူမှာ မဖြစ်ပေ။ပြောသူကိုယ်တိုင်ခံစားရခြင်းဖြစစ်ပေသည်။
ဂေါတမဘု၇ားရှင်လက်ထက်ရောက်မှ အမ္မာပါလီအမည်ဖြင့် ပြည့်တန်ဆာဖြစ်ရလေသည်။နောက်ဆုံးမှာ ဘုရားရှင်ထံဘိက္ခုနီဝတ်၍ ရဟန္တာ ဖြစ်၍ကျွတ်တန်းဝင်ရလေသည်။
လက် ၂ လုံးမျှ ရှိသော ပါးစပ်ကလေးကို လုံအောင်ပိတ်ရန်အရေးကြီးပါကြောင်းတင်ပြလိုက်ရပါတယ်

ရှင်ဥပဂုတ္တ ရှင်းတမ်း

ရှင်ဥပဂုတ္တ ရှင်းတမ်း

(၂၀၀၈- ခုနှစ်၊ ဧပြီလထုတ် မြတ်ပန်းရဂုံ စာစောင်ပါ မောင်ဇေယျာ (ရန်ကုန်)၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ်ပါသည်။)

မေး။ ။ ရပ်ကွက်ဓမ္မာရုံကဖွင့်သော အလွန်နာမည်ကြီးသော ဆရာတော်ကြီးတစ်ပါး (ပျံလွန်ပြီး)၏ အရှင်ဥပဂုတ္တ ရဟန္တာဇာတ်တော်ကို နာကြားလိုက်မိသဖြင့် စိတ်ထဲမှာ မရှင်းလင်းသည့် အချက်များကို မေးချင်စိတ်ပေါ်ခဲ့ရပါသည်။

ထိုဆရာတော်ကြီးက အရှင်ဥပဂုတ္တသည် ယခုအထိ သက်ရှိထင်ရှား ရှိနေသေးကြောင်း၊ တောင်သမုဒ္ဒရာမှာ ကြေးပြာသာဒ်ဖြင့် သီတင်းသုံးနေကြောင်း၊ ပိယဒဿီခေါ် ကလေးငယ်အား အရှင်ဥပဂုတ္တအမည်ဖြင့် မာရ်နတ်ကို နှိမ်နင်းမည့်အကြောင်း
မြတ်စွာဘုရားကိုယ်တိုင် ဗျာဒိတ်တော် ထားခဲ့ကြောင်း အကျယ်တဝင့် ဟောပါသည်။

သို့သော် ကျွန်တော်ဖတ်ဖူးသော ဓမ္မစာပေများတွင် အရှင်ဥပဂုတ္တ ဆိုသည်မှာ မဟာယာနတို့ ဖန်တီးထားသော ဇာတ်ဝတ္ထုသာ ဖြစ်ကြောင်းလည်း အကိုးအကားများစွာဖြင့် ပြထားပါသည်။ သို့သော် ပိဋကတ်စာပေတတ်ကျွမ်းသော ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်အချို့ကပင် အရှင်ဥပဂုတ္တ တကယ်ရှိကြောင်း ရေးကြပြောကြလေရာ ကျွန်တော်(တို့)မှာ မည်သည်ကို အတည်ယူရမည် မသိတော့ပါ။

ဖြေ။ ။ အရှင်ဥပဂုတ္တ ရှိကြောင်း ရေးသားသောစာပေပညာရှင်တို့၏ ကိုးကားရာ ကျမ်းစာများမှာ မဟာယာနကျမ်းများ ဖြစ်သောကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များအနေဖြင့် (ထိုမထေရ် တကယ်ရှိ မရှိ နောက်ထား)ထေရ၀ါဒ သင်္ဂါယနာတင် ပိဋကတ်တော်များ၌ ခိုင်ခိုင်မာမာ မပါရှိဟူသော အချက်ကို ရှေးဦးစွာ သိထားသင့်၏။

မြတ်ဗုဒ္ဓ၏ ဒေသနာတော်ကို လေ့လာရာ၌ ဘုရားရှင်၏ မူရင်းစကားတော်ဖြစ်သော ပါဠိတော်၊ ထိုပါဠိတော်၌ အသိခက်သော အနက်အဓိပ္ပာယ်တို့ကို ဖွင့်ပြသော အဋ္ဌကထာ၊ ထိုအဋ္ဌကထာကိုပင် ထပ်ဆင့်ဖွင့်သော ဋီကာဟု အဆင့်ဆင့်ရှိရာ ဋီကာဆရာ၏
မှတ်ချက်သည် ပါဠိတော်၊ အဋ္ဌကထာလောက် မခိုင်မာသည်မှာ ထင်ရှားပါသည်။

အရှင်ဥပဂုတ္တ အကြောင်းအရာသည် ပိဋကတ်စာပေတွင် ၀ဇီရဗုဒ္ဓိဟူသော ၀ိနည်းဋီကာကျမ်း တစ်ဆောင်ထဲ၌သာ တွေ့ရ၏။ (သဒ္ဒါကျမ်းကိုကား စာရင်းမသွင်းတော့ပါ။ တချို့ကား မိလိန္ဒပဉှာကျမ်းတွင် လည်း ပါသည်ဆို၏။ သို့ရာတွင် ဆဋ္ဌမူ၌ သူတို့ထုတ်ပြသော ပါဠိကို မတွေ့ရ။)

အရှင်ဥပဂုတ္တဟူသော ရဟန္တာပုဂ္ဂိုလ်တစ်ပါးရှိခဲ့ မရှိခဲ့ကိစ္စကို မငြင်းလိုပါ။ ဗုဒ္ဓဘာသာဝင် မြန်မာလူထု လက်ခံထားသော အရှင်ဥပဂုတ္တနှင့် ပတ်သက်သော ယုံကြည်ချက် လက်ခံထားချက် တို့ကိုသာ ပါဠိတော် အဋ္ဌကထာနှင့် ဆန့်ကျင်မှုရှိ မရှိ စီစစ်ကြည့်လိုပါသည်။

(၁) ရှေးဦးစွာ စီစစ်ပြလိုသည်မှာ ”အရှင်ဥပဂုတ္တသည် ယခုတိုင်
အသက်ထက်ရှားရှိသေးလျက် တောင်သမုဒ္ဒရာတွင် ကြေးပြာသာဒ်၌ နေတော်မူ၏” ဟူသောအချက် ဖြစ်၏။
”မယှံ ဘိက္ခဝေ ဧတရဟိ အပ္ပကံ အာယုပ္ပမာဏံ ပရိတ္တံ လဟုကံ၊ ယော စီရံ ဇီဝတိ သော
ဝဿသတံ အပ္ပံ ဝါ ဘိယျော။”
”ဒီ။ ၂၊ ၃။သံ။၁၊ ၃၉၈။အံ။၂၊ ၅၀၃-စသည်)

ရဟန်းတို့ ယခုအခါ ငါဘုရား၏ အသက်အတိုင်းအရှည်သည် နည်းပါလှ၏။ တိုတောင်းလှ၏။ လျှင်မြန်လှ၏။ အသက်အရှည်ဆုံး သောသူသည် အနှစ်တစ်ရာသော်လည်း၊ အနှစ်တစ်ရာထက် အနည်းငယ် ပိုလွန်၍သော်လည်းကောင်း (အသက်ရှင်နေရ၏) 

(ဒီ။ မြန်။၂၊၁၁)

အပ္ပံ ဝါ ဘိယျောတိ ဝဿသတတော ဝါ ဥပရိ အပ္ပံ အညံ ဝဿသတံ အပတွာ ဝီသံ ဝါ တိံသံ ဝါ စတ္တာလီသံ ဝါ ပဏ္ဏာသံ ဝါ သဋ္ဌိ ဝါ ၀ဿာနိ ဇီဝတိ။ဧဝံ ဒီဃာယုကော ပန အတိဒုလ္လဘော အသုကော ကိရ ဧဝံ စိရံ ဇီဝတိ တတ္ထ တတ္ထ ဂန္တွာ ဒဋ္ဌဗ္ဗော ဟောတိ။ 
(ဒီ၊ဋ္ဌ။၂၊၆)

အနည်းငယ်ပိုလွန်၍သော်လည်းကောင်း-ဟူသည် အနှစ်တစ်ရာထက် အနည်းငယ် ပိုလွန်၍သော်လည်းကောင်းတည်း။ နောက်ထပ် အနှစ်တစ်ရာသို့ မရောက်မူ၍ အနှစ်နှစ်ဆယ်သော်လည်းကောင်း၊ သုံးဆယ်သော်လည်းကောင်း၊ လေးဆယ်သော်လည်းကောင်း၊
ငါးဆယ် သော်လည်းကောင်း၊ ခြောက်ဆယ်သော်လည်းကောင်း အသက်ရှင် တတ်၏။ သို့ရာတွင် `ဤသို့ အသက်ရှည်သူကား ရှားလှ၏။`ဤ သူသည် ဤမျှ ကြာမြင့်စွာ အသက်ရှင်သတတ်`ဟု ထိုထိုအရပ်သို့ (အထူးအဆန်းသဖွယ်) သွားရောက် ကြည့်ထိုက်၏။”

အထက်ပါ ပါဠိတော်အဋ္ဌကထာနှင့် မြန်မာပြန်ဆိုချက်များကို ထောက်ဆ၍ အရှင်ဥပဂုတ္တနှင့် ပတ်သက်သော ခံယူချက်ကို လက်ခံ လျှင် ဘုရားရှင် စကားကို လက်မခံရာရောက်၏။ ထေရ၀ါဒ ပိဋကတ်က မည်သူမဆို အသက်တစ်ရာတမ်းတွင် အသက်နှစ်ရာထက် မကျော်နိုင်ဟုဆို၏။ အရှင်ဥပဂုတ် လက်ခံသူတို့ကား
နောင်ဘုရားပွင့်သည်အထိ အသက်ရှည်မည့်ပုဂ္ဂိုလ်အဖြစ်ယူဆကြ၏။ ဤကား ပထမကွဲလွဲချက်တည်း။

(၂) အချို့ကလည်း `ရဟန်းတို့ မကြံသင့်သော ဈာန်ရပုဂ္ဂိုလ်၏ ဈာန်အရာကို မကြံအပ်၊ ယင်း(ဈာန်အရာ)ကို ကြံသူသည် ရူးသွပ်ရန်
ဆင်းရဲပင်းပန်းရန်သာဖြစ်၏။“ (အင်၊ မြန်။ ၄၊ ၁၀၃)ဟူသော ပါဠိတော်ကို ထောက်ဆ၍ တန်ခိုးအရာ မကြံသာသည်မဟုတ်ပါလော- ဟု မေးလိုကြပေလိမ့်မည်။

တန်ခိုးအရာ မကြံသာသည်မှာ မှန်ပါသည်။ သို့သော်လည်း တန်ခိုးသည် တန်ခိုးအရာ၌သာ စွမ်းနိုင်ပါသည်။ မျက်စိမည်မျှပင် ကောင်းကောင်း အသံကို မမြင်နိုင်ပါ။ နားမည်မျှပင်ကောင်းကောင်း အနံ့ကို မရှုနိုင်ပါ။ အလားတူပင် တန်ခိုးမည်မျှပင်ကြီးကြီး “ပျက်တတ်သော သဘောကို မပျက်အောင် မတားနိုင်ပါ၊
သေတတ်သော သဘောကို မသေအောင် မစွမ်းဆောင်နိုင်ပါ။”

အောက်ပါစကားရပ်မှာ မဟာပရိနိဗ္ဗာနသုတ်လာ ဘုရားရှင် မိန့်တော်မူချက်ဖြစ်၏။ “အာနန္ဒာ၊ မြတ်စွာဘုရားသည်ကား ပြီးစီးခြင်း၏အခြေခံ ဣဒ္ဓိပါဒ် တရားလေးပါးတို့ကို ပွားများထားပြီး ဖြစ်၏။ လေ့ကျင့်ထားပြီးဖြစ်၏။ တည်ရာကဲ့သို့ ပြုထားပြီးဖြစ်၏။ ဆောက်တည်ထားပြီးဖြစ်၏။ ကောင်းစွာဆည်းပူးထားပြီး ဖြစ်၏။ ကောင်းစွာအားထုတ်ထားပြီး ဖြစ်၏။

အာနန္ဒာ- သို့ဖြစ်၍ မြတ်စွာဘုရားသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ၊ အာယုကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ပေ၏”ဟု (မိန့်တော်မူ၏)။” (ဒီ၊မြန်၊၂။၁၁၁)
ယင်းသုတ်အဋ္ဌကထာတွင် “ဧတ္ထ စ ကပ္ပန္တိ အာယုကပ္ပံ။ တသ္မိံ တသ္မိံ ကာလေ ယံ မနုဿာနံ  အာယုပ္ပမာဏံ ဟောတိ၊ တံ ပရိပုဏ္ဏံ ကရောန္တော တိဋ္ဌေယျ၊ ကပ္ပါဝသေသံ ဝါ တိ -“အပ္ပံ ဝါ ဘိယျော” တိ ဝုတ္တဝဿသတတော အတိရေကံ ဝါ။” (ဒီ၊ဋ္ဌ၊ ၂။၁၄၄)ဟု ဖွင့်ဆိုထား၏။

ဆိုလိုရင်းမှာ ဣဒ္ဓိပါဒ်လေးပါး ပွါးများထားသူသည် ကပ်ပတ်လုံးဖြစ်စေ
ကပ်ထက်လွန်၍ဖြစ်စေ တည်နိုင်ပေ၏-ဟူရာ၌ ကပ္ပ=ကပ်ဟူသော စကားအရ မဟာကပ်၊ ကပ်ကမ္ဘာစသည်ကို မယူရ၊ လူတို့၏ အသက်တမ်းဟူသော အာယုကပ်ကို ယူရမည်ဟု ဆိုလို၏။

အာယုကပ်ထက်လွန်၍ တည်နိုင်သည်ဟူရာ၌လည်း အနှစ်တစ်ရာထက် အနည်းငယ် ပိုလွန်ကာ နေနိုင်၏။ အနှစ်နှစ်ရာတိုင် အောင် မည်သူမျှ မနေနိုင်။ ဤသို့လျှင် ဘုရားရှင်သော်မှ အသက်နှစ်ရာကျော်အောင် မနေနိုင်ဘဲ ပရိနိဗ္ဗာန် ဝင်စံခဲ့ရပါလျက် အရှင်ဥပဂုတ္တက နေနိုင်သည်ဟု လက်ခံလျှင် အရှင်ဥပဂုတ္တသည်
ဘုရားရှင်ထက် တန်ခိုးကြီး၏ဟု ယူဆရပေတော့မည်။

(၃) နောက်တစ်ချက် စိစစ်လိုသည်မှာ အရှင်ဥပဂုတ္တ တန်ခိုးပြသည့် ကိစ္စဖြစ်၏။ “န ဘိက္ခဝေ ဂိဟီနံ ဥတ္တရိမနုဿဓမ္မံ ဣဒ္ဓိပါဋိဟာရိယံ ဒေဿတဗ္ဗံ၊ ယော ဒေဿယျ၊  အာပတ္တိ ဒုက္ကဋဿ။” (ဝိ၊၄၊၂၄၇)
“ရဟန်းတို့၊ လူတို့၏ ကုသိုလ်ကမ္မပထ တရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို လူတို့အား မပြအပ်၊ ပြသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏။”
(ဝိ၊မြန်၊ ၄၊ ၂၇၈)
ဤကား ဘုရားရှင် ပညတ်တော်မူချက် ဖြစ်၏။

ယင်းအဋ္ဌကထာတွင် “ဣဒ္ဓပါဋိဟာရိယန္တိ ဧတ္ထ ဝိကုဗ္ဗနိဒ္ဓိပါဋိဟာရိယံ ပဋိက္ခိတ္တံ၊ အဓိဋ္ဌာနိဒ္ဓိ ပန အပဋိက္ခိတ္တာတိ ဝေဒိတဗ္ဗာ။” (ဝိ၊ဋ္ဌ၊၄၊ ၄၆) “တန်ခိုးပြာဋိဟာ -ဟူသော စကားရပ်၌ ဝိကုဗ္ဗနိဒ္ဓိ တန်ခိုးပြာဋိဟာကိုသာ ပယ်မြစ်ခြင်းဖြစ်၏။ အဓိဋ္ဌာန် တန်ခိုး ပြာဋိဟာကိုကား မပယ်မြစ်အပ်ဟု မှတ်အပ်၏။” ဟု ဖွင့်ပြထားပါသည်။

သို့ဆိုလျှင် ဘုရားရှင် ပယ်မြစ်တော်မူအပ်သော ဝိကုဗ္ဗနိဒ္ဓိ တန်ခိုး
ပြာဋိဟာဟူသည် အဘယ်နည်း။ “သာ ဟိ `ပကတိဝဏ္ဏံ ဝိဇဟိတွာ ကုမာရကဝဏ္ဏံ ဝါ ဒေဿတိ နာဂဝဏ္ဏံ ဝါ၊ ဝိဝိဓမ္ပိ သေနာဗျူဟံ ဒေဿတီတိ” ဧဝံ အာဂတာ ဣဒ္ဓိ ပကတိဝဏ္ဏဝိဇဟနဝိကာရဝသေန ပဝတ္တတ္တာ
ဝိကုဗ္ဗနိဒ္ဓိ နာမ။” (သာရတ္ထ၊၁။၁၃၉)ဟူသော ဋီကာအဖွင့်အရ ဝိကုဗ္ဗနိဒ္ဓိဟူသည် -တန်ခိုးရှင်သည် မိမိ၏ ပင်ကိုယ်အဆင်းကို စွန့်၍ မင်းသားသဏ္ဌာန်၊ နဂါးသဏ္ဌာန်ဖြစ်အောင် စီမံပြုလုပ်ကြောင်းဖြစ်သော တန်ခိုးပြာဋိဟာ မျိုး၊ အထူးထူး အပြားပြားသော စစ်ဆင်ဟန် စသည်ကို စီမံပြုလုပ်ကြောင်းဖြစ်သော တန်ခိုးပြာဋိဟာမျိုးတည်း။”

ပင်ကိုယ်အဆင်းကို မစွန့်ဘဲ မိမိကိုယ်ကိုပင် အဆင်းအမျိုးမျိုး၊
ပုံသဏ္ဌာန်အမျိုးမျိုး၊ အရေအတွက်အများအပြားဖြစ်အောင်
အဓိဋ္ဌာန်ကြောင်းဖြစ်သော အဓိဋ္ဌာနိဒ္ဓိကိုကား ပြကောင်း၏။
သို့ရာတွင် “မာရ်နတ်သားလည်း မိမိလွှတ်သော လက်နက် မရောက်သည်ကို မြင်လျှင် အမျက်ထွက်၍ ကြီးစွာသော နွားဥသဘအဟန် ဖန်ဆင်း၍ မီးကို ငြိမ်းစေခြင်းငှါ ပြေးလာ၏။ ရှင်ဥပဂုတ်လည်း ကျားအဟန် ဖန်ဆင်း၍ ကြောက်မက်ဖွယ်သော
အသံကိုမြည်လျက် လိုက်၏။ လူအပေါင်းတို့လည်း ကြည့်ကြကုန်၏။

မာရ်နတ်သားလည်း နွားဥသဘအဖြစ်ကို စွန့်၍ ဦးခေါင်းခုနစ်လုံး ရှိသော နဂါးအဟန်ကို ဖန်ဆင်း၍ ကျားကို ကိုက်အံ့သောငှါ လိုက်၏။ ရှင်ဥပဂုတ်လည်း ကျားအသွင်ကို စွန့်၍ ဂဠုန်အဟန် ဖန်ဆင်းပြီး ဖမ်းလေ၏။” (ဇိနတ္ထ၊ ၇၉၃) စသည်ကို ထောက်ဆ၍ အရှင်ဥပဂုတ္တ၏ တန်ခိုးပြမှုမှာ ဝိကုဗ္ဗနိဒ္ဓိ တန်ခိုးဖြစ်ကြောင်း ထင်ရှား၏။

“အရိယာပုဂ္ဂိုလ်ဖြစ်သော ရဟန်းယောက်ျား၊ ရဟန်းမိန်းမ ဟူသော
ပုဂ္ဂိုလ်နှစ်ယောက်တို့သည် စေတနာရှိသည်ဖြစ်၍ အာပတ်သို့ ရောက်ခြင်းငှါ မထိုက်ကုန်။” (ဝိ၊မြန်၊၅။ ၃၂၉) ဟူသော ပါဠိတော်စကားအရ အရှင်ဥပဂုတ္တသည် အရိယာပုဂ္ဂိုလ်သာမှန်လျှင် အာပတ်သင့်မှန်းသိလျက် ကျူးလွန်မည်မဟုတ်ပါ။

ဤသို့လျှင် အရှင်ဥပဂုတ္တ၏ အတ္ထုပ္ပတ္တိသည် ထေရဝါဒပိဋကတ် နှင့် ဆန့်ကျင်သော အရာများစွာရှိသောကြောင့် ဆရာအများက တကယ်မရှိဘဲ လုပ်ကြံဖန်တီးထားသော ဇာတ်ကောင်အဖြစ် မှတ်ယူကြပါသည်။
(၄) “ဧတ္ထာဟ - ကိံ ဘဂဝတော မာရာဝဋ္ဋနပဋိဃာတာယ သတ္တိ နတ္ထီတိ ? အတ္ထိ။ တထာပိဿ ပစ္ဆာ ဥပဂုတ္တကာလေ ပသာဒဟေတုတ္တာ အဓိဝါသေတိ။” (ဝဇီရ၊ ၆၃)

အထက်ပါ ပါဠိသည် ဝဇီရဗုဒ္ဓိဋီကာလာ စကားရပ်ဖြစ်၏။ မြတ်စွာဘုရားရှင် ဝေရဉ္စာပြည်တွင် ဝါဆိုခိုက် မာရ်နတ်၏ လှည့်ပတ်မှု ကြောင့် တစ်ဝါတွင်လုံး မြင်းကုန်သည်တို့၏ မြင်းဝိုင်းတို့၌ ဆွမ်းခံကာ မြင်းစာဖြစ်သော မုယောဆန်တို့ကို ထောင်းကာ ဘုဉ်းပေးကြရသည်ကို အများသိပြီးဖြစ်၏။

အဋ္ဌကထာတွင် ဘုရားရှင်သည် ဝေရဉ္စာပြည်၌ ဝါကပ်တော်မူရန် ပင့်ဖိတ်ထားသော ဝေရဉ္စသူဋ္ဌေးကြီးနှင့် ဝေရဉ္စပြည်သူတို့ မာရ်နတ်လှည့်ပတ်သဖြင့် ဆွမ်းလောင်းဖို့ မေ့လျော့ကြမည်ကို သိပါလျက် မြင်းကုန်သည်တို့အား ချီးမြှောက်တော်မူလို၍ ဝေရဉ္စာပြည် ၌ပင် ဝါကပ်တော်မူခဲ့ကြောင်း -စသည်ဖြင့် အချက်အလက်များစွာကို ဖွင့်ပြထား၏။

သို့ရာတွင် မာရ်နတ်လှည့်ပတ်ခြင်းကို ဘုရားရှင် တားနိုင်/မတားနိုင်
ပြဆိုဆွေးနွေးထားခြင်း မရှိ။ ဝဇီရဗုဒ္ဓိဋီကာတွင်သာ အထက်၌ ထုတ်ပြထားသော ပါဠိအတိုင်း အမေးအဖြေပုံစံဖြင့် ဖွင့်ပြထား၏။
ထိုပါဠိရပ်၏ အဓိပ္ပါယ်မှာ “ဘုရားရှင်အား မာရ်နတ်လှည့်ပတ်ခြင်း ကို
တားမြတ်နိုင်သော အစွမ်းသတ္တိ မရှိသလော? ရှိပါ၏။ ထိုသို့ရှိသော်လည်း နောင်အခါ အရှင်ဥပဂုတ္တလက်ထက်၌ ထိုမာရ်နတ်၏ ကြည်ညိုခြင်း၏ အကြောင်းဖြစ်သောကြောင့် သည်းခံတော်မူ၏။” ဟု ဖြစ်၏။

ထိုစကားရပ်သည် အဋ္ဌကထာ၌ မပါသလို ဝဇီရဗုဒ္ဓိဋီကာ၏ နောက်မှရေးသော အလားတူ ဝိနည်းအဋ္ဌကထာဖွင့် ဋီကာကြီးနှစ်စောင် ဖြစ်သော သာရတ္ထဒီပနီဋီကာနှင့် ဝိမတိဝိနောဒနီ ဋီကာတို့တွင်လည်း အရိပ်အမြွက်မျှပင် ထောက်ခံရေးသားမှုကို မတွေ့ရခြင်း၊ ဘုရားရှင်သည် ဝါတွင်းသုံးလပတ်လုံး မုယောဆွမ်းကို ဘုဉ်းပေးရခြင်းမှာ ဝိပါက်တော်ကြောင့် ဖြစ်၏။

မည်သူမျှတားမရသော ကံအကျိုးကို ဘုရားရှင် ရှောင်လွှဲတော်မူလေ့ မရှိခြင်း၊ မာရ်နတ်ကိုလည်း သည်းညည်းမခံ တုန့်ပြန် တားမြစ်လေ့မရှိခြင်း စသောအကြောင်းများ ကြောင့် ဝဇီရဗုဒ္ဓိဋီကာလာ စကားရပ်သည် အားနည်းနေသည်ကို တွေ့ရ၏။ ထို့ကြောင့် ဆရာအများက ပမာဏမြောက်သော အကိုးအကားအဖြစ်
မမှတ်ယူကြခြင်း ဖြစ်ပေမည်။

မေး။ ။ (၂) ကျွန်တော့်မိတ်ဆွေတစ်ယောက်ကမူ ရှင်ဥပဂုတ္တကို
ယုံကြည်ကိုးကွယ်သူ ဖြစ်နေရာ “တကယ်ရှိရှိ မရှိရှိ ကိုယ်စိတ်ထဲမှာ
ရဟန္တာအနေနဲ့ ကြည်ညိုကိုးကွယ်တာပဲ အကျိုးရှိပါတယ်” ဟု ချေပပါ သည်။ ထို့ကြောင့် အမှန်တရားတစ်ခုကို ကိုင်စွဲလိုပါသောကြောင့် စာပေပညာရှင်များက ဉာဏ်အလင်းပြပေးတော်မူကြပါရန်။

ဖြေ။ ။ (၂) အရှင်ဥပဂုတ္တ တကယ်ရှိရှိ မရှိရှိ ကိုယ့်စိတ်ထဲတွင်
ရဟန္တာအမှတ်ဖြင့် ကြည်ညိုကိုးကွယ်နိုင်လျှင် အကျိုးရှိသည် မှန်ပါသည်။ ရဟန္တာဟု အမှတ်ရှိပါလျက် မိုးတားပေးဖို့ အစောင့်ချသလို ဆက်ဆံလျှင်လည်း အပြစ်ဖြစ်နိုင်ပါသည်။

ဤတွင် ထေရဝါဒကိုးကွယ်မှု အရိုအသေပေးမှု အစဉ်အလာ တစ်ခုကို ဖော်ပြလိုပါသည်။ မိမိတို့စိတ်တွင် ကြည်ညိုစိတ်ဖြစ်ကာ အရိုအသေပေးရာ အလေးအမြတ်ပြုရာတွင် သီလ-သမာဓိ-ပညာစသော ဂုဏ်ကို အာရုံပြုရသည်လည်း ရှိ၏။ မိမိအပေါ်
ကျေးဇူးများမှုဟူသော ဂုဏ်ကို အာရုံပြုရသည်လည်း ရှိ၏။

ဥပမာ-ဘုရားရှင်နှင့် သာဝကများရှိရာတွင် ဘုရားရှင်ကိုသာ အရိုအသေပြုရ၏။ အခြားသာဝကများအား ဘုရားရှင်နှင့် ထပ်တူမပြုရ။ ဘုရင်ကြွလာလျှင်လည်း ဘုရားရှင်ကို ကျောပေးကာ ဘုရင်ကို အရိုအသေမပြုရ။ “မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်ပြီးသော် သင့်၍ ထင်ရှားရှိတော်မူ စဉ် မသင့်သောအာပတ်သည် ရှိ၏။”ဟု ပရိဝါပါဠိတော်တွင် လာရှိ၏။

အဘယ်ကြောင့် အဘယ်အာပတ်သင့်သနည်းဟူမူ မိမိထက် ဝါကြီးသော ရဟန်းကို ဘန္တေ= (အရှင်ဘုရား)ဟု ခေါ်ရမည့်အစား အာဝုသော= (ငါ့ရှင်)ဟု အငယ်ကို ခေါ်သည့် အာလုပ်ပုဒ်ဖြင့် ခေါ်ခြင်းကြောင့် ဒုက္ကဋ်အာပတ် သင့်ခြင်းဖြစ်၏။ သို့ရာတွင်
ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကမူ မိမိထက် မည်မျှပင် ဝါကြီးစေကာမူ ဘန္တေ-ဟု မခေါ်ရ။ အာဝုသော-ဟုပင် ခေါ်ရ၏။ ဘုရားရှင်ကိုလည်း ဘန္တေ၊ ရဟန်းအချင်းချင်းလည်း ဘန္တေ-ဟု ခေါ်လျှင် ဘုရားရှင်နှင့် ရဟန်းများကို တန်းတူထားရာရောက်၏။

သီလ သမာဓိ ပညာစသော ဂုဏ်ရည်အားဖြင့် များစွာမကွာခြားသော ပုဂ္ဂိုလ်အများကို ဆည်းကပ်ရာ အရိုအသေ ပေးရာ၌ကား အသက်သိက္ခာကြီးသူကို ရှေးဦးစွာ ဆည်းကပ်ရ၊ အရိုအသေပေးရ၏။ ထိုပုဂ္ဂိုလ်အပေါင်းတွင် မိမိအား အထူးကျေးဇူးများ သော ပုဂ္ဂိုလ်ကို အထူးဆည်းကပ်မှု ၊ အထူးအရိုအသေပေးမှု ပြုနိုင်၏။
အခြားပုဂ္ဂိုလ်များအား မထီလေးစား ပြုရာမရောက်။

အိမ်တစ်အိမ်တွင် အသက်သိက္ခာကြီးမားသော ဒေါ်ကြီး ဒေါ်လေးများ ရှိသော်လည်း မိမိအပေါ် အထူးကျေးဇူးများသော မိခင်ကိုသာ (အဒေါ်ကိုကျော်၍) အထူးဆည်းကပ်မှု အထူးအရိုအသေ ပေးမှု ပြုနိုင်၏။ ဂုဏ်သိက္ခာချင်းတူပါလျက် မိခင်ကိုကျော်၍ အဒေါ်ကိုသာ (တစ်ခုခု ပေးလိမ့်မည်အထင်ဖြင့်) ကပ်ဖားသမှု အထူး အရိုအသေပြုနေလျှင်ကား မိခင်ကို စော်ကားရာ အလေးမထားရာ ရောက်၏။

သီလ-သမာဓိ-ပညာ စသောဂုဏ်ဖြင့်ပင်ယှဉ်ယှဉ်၊ မိမိတို့အပေါ် (သာသနာတော်အပေါ်) ကျေးဇူးများသည့်ဂုဏ်ဖြင့်ပင် ယှဉ်ယှဉ် အရှင်ဥပဂုတ္တသည် အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန် စသော ပုဂ္ဂိုလ်များထက် မသာလွန်ပါ။ ဤသို့ မသာပါသည်ကို သာသည်ဆိုပြီး ပိုမိုကာ အလေးအမြတ်ထားပါလျှင် “အမေကိုကျော်ကာ ဒွေးတော်
လွမ်းခြင်း” သာ ဖြစ်ပါလိမ့်မည်။ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန် စသည်တို့ကို စော်ကားရာ အလေးမထားရာ ရောက်ပါလိမ့်မည်။

ရုပ်တု ရုပ်ပွား ထုလုပ်ကိုးကွယ်သူတို့၏ မူလရည်ရွယ်ချက်မှာ
ရုပ်ပွားတော်ရှေ့တွင် ထိုင်၍ ထိုရုပ်ပွားရှင်၏ ဂုဏ်ကို လွယ်ကူလျင်မြန်စွာ အာရုံပြုနိုင်ဖို့သာ ဖြစ်ပါသည်။ တနည်းအားဖြင့် မိမိတို့သန္တာန်တွင် သဒ္ဓါ-သတိစသော တရားကောင်းများ အလွယ်တကူ ဖြစ်ပွားနိုင်ဖို့သာ ဖြစ်ပါသည်။

ထိုသဒ္ဓါ၊ သတိ-စသော ကုသိုလ်တရားကောင်းများ မိမိတို့ သန္တာန်၌
ဖြစ်ပွားအားကောင်းလာသောအခါ ထိုကုသိုလ်တရားကောင်း တို့၏ စွမ်းအင်ကြောင့် အကျိုးပေးရန် အလှည့်စောင့်နေသော အကုသိုလ်ကံတို့ မှေးမှိန်၍ ကုသိုလ်ကံတို့ အကျိုးပေးခွင့်သာသဖြင့် ကောင်းကျိုးဖြစ်ပွားတတ်သည်လည်း ရှိ၏။
ထိုသူတော်ကောင်းကို နတ်ကောင်းတို့ စောင်မသည့်အခါလည်း ရှိ၏။

သို့ရာတွင် ထိုပုဂ္ဂိုလ်သည် ထိုသဘောတရားတို့ကို မသိမမြင်နိုင်ရကား
မိမိကိုးကွယ်သော ရုပ်ပွားက မိမိကို စောင်မကယ်တင်သည်ဟု ထင်လာ၏။ ထိုသို့သော ပုဂ္ဂိုလ်မျိုးကို အကြောင်းပြု၍ ရုပ်တုထုစရာ အရာဝတ္ထုသည် အမျိုးမျိုးအစားစား ကွဲပြားလာ၏။ ယင်း၏ ဂုဏ်သတ္တိလည်း ထူးခြားလာ၏။ တဖန် ရုပ်တု၏ ပုံသဏ္ဌာန်လည်း ကွဲပြားလာပြန်၏။ ဘုရားရှင်ကို ဆင်စီးစေ၏။ မြင်းစီးစေ၏။ မကိုဋ် စလွယ်တပ်ပေး၏။

ရတနာမျိုးစုံ စီခြယ်ပေး၏။ ပုံသဏ္ဌာန် အမျိုးမျိုးအလိုက် တန်ခိုးစွမ်းရည်
အမျိုးမျိုး ကွဲပြားကြောင်း လုပ်ကြံဖန်တီးကြ၏။ ဤသို့ဖြင့် ကိုးကွယ်ဆည်းကပ်ရာတွင် အကျိုးရမှုသည် ကိုးကွယ်ဆည်းကပ်သူ၏
အဇ္ဈတ္တသန္တာန်၌ဖြစ်သော သဒ္ဓါ၊ သတိစသော ကုသိုလ်တရားတို့နှင့် မဆိုင်တော့ပဲ ဗဟိဒ္ဓသန္တာန်၌ရှိ သော အကိုးကွယ်ခံ ရုပ်တုပုံသဏ္ဌာန်နှင့် ဆိုင်လာ၏။

ဤသို့ဖြင့် ကောင်းနိုးရာရာ လက်ခံကိုးကွယ်လာခဲ့ကြရာ အပြစ်မဆိုသာသော ရှင်သီဝလိ၊ ရှင်ဥပဂုတ်တို့မှ အစပြု၍ သူရဿတီ နှင့် ကာဠီမယ်တော်လည်း ရောက်လာခဲ့၏။ ယခုအခါ ဥတည်ပွားနှင့် ကွမ်ယင်မယ်တော်လည်း ရောက်လာခဲ့ပြီဖြစ်၏။

ဤသို့ဖြင့် “သိပ်အရေးမကြီးပါဘူး၊ စာတတ်ပေတတ် ဆရာတော် ကြီးတွေတောင်မှ ဘာမှမပြောပဲ ကိုယ်ကရေးကြီးခွင်ကျယ် လုပ်နေစရာ မလိုပါဘူး” စသည်ဖြင့် လျစ်လျူရှုတတ်ကြရာ မကြာမီ ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားစင်တွင် ရှီဝ၏ လိင်ရုပ်ကိုပါ ဖူးတွေ့ရတော့ မည်ဖြစ်သည်။

အရှင်ကောဝိဒ (ယော)
(ရှင်ဥပဂုတ္တ ရှင်းတမ်း)

ဆရာဝန်အလုပ်သည် စိတ်ထားကောင်းမွန်ပါက ကုသိုလ် ၅-မျိုး ရရှိနိုင်ပုံ

ဆရာဝန်အလုပ်သည် စိတ်ထားကောင်းမွန်ပါက ကုသိုလ် ၅-မျိုး ရရှိနိုင်ပုံ

ဆရာဝန်အလုပ်သည် စိတ်ထားကောင်းမွန်ပါက ကုသိုလ် ၅-မျိုး ရရှိနိုင်ပုံကို ၁၉၉၈-ခုနှစ် အောက်တိုဘာလထုတ် မြတ်မင်္ဂလာ စာစောင်၌ သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရားက အောက်ပါအတိုင်း ရေးသားထားပါသည်။

(၁) “မေတ္တာဘာဝနာ ကုသိုလ်ရရှိပုံ”
~~~~~~~~~~~~~~~~~~~~~~~~~~
အထူးသဖြင့် စိတ်ထားမြင့်မြတ်သော ဆရာဝန်များမှာ ကုသိုလ် ၅-မျိုး ရရှိတာ ထင်ရှားကြပေသည်။ စိတ်ထားမြင့်မြတ်သော ဆရာဝန်တို့သည် မိမိထံသို့ရောက်ရှိလာသော မကျန်းမာသူ
လူမမာများကို မြင်ရသည်မှစ၍ ကျန်းမာ ချမ်းသာအောင်
ဆေးကုသပေးမည်၊ ဆေးကုသပေးမည်-ဟု စိတ်တွင် မကြာခဏ ဖြစ်နေတတ်ကြပေသည်။ ဤကဲ့သို့ဖြစ်နေခြင်းသည် မေတ္တာဘာဝနာ ပွားများနေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် မေတ္တာဘာဝနာ ကုသိုလ်ကို ရရှိနေကြပေသည်။

(၂) “ကရုဏာဘာဝနာ ကုသိုလ်ရရှိပုံ”
~~~~~~~~~~~~~~~~~~~~~~~~~~~
စိတ်ထားမြင့်မြတ်ကြသော ဆရာဝန်တို့သည် ဆင်းရဲဒုက္ခ ဝေဒနာများကို ခံစားနေကြရသော မကျန်းမာသူ လူမမာများကို
မြင်ရသည်မှစ၍ ထိုဆင်းရဲဒုက္ခ ဝေဒနာများကို ကင်းပျောက်သွားစေလိုသော သနားခြင်း ကရုဏာများ စိတ်တွင် မကြာခဏ ဖြစ်ေ

နတတ်ကြပေသည်။ ဤကဲ့သို့ ဖြစ်နေခြင်းသည် ကရုဏာဘာဝနာ ပွါးများနေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ကရုဏာဘာဝနာ ကုသိုလ်ကိုလည်း ရရှိနေကြပေသည်။

(၃) “မုဒိတာဘာဝနာ ကုသိုလ်ရရှိပုံ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~
စိတ်ထားမြင့်မြတ်ကြသော ဆရာဝန်တို့သည် ရောဂါဝေဒနာ ခံစားရသူ လူမမာမှာ မိမိဆေးကုသပေးလိုက်၍ ရောဂါဝေဒနာ ပျောက်ကင်းကာ ချမ်းသာခြင်းနှင့် ပြည့်စုံလာသည်ကို မြင်ရသောအခါ အလွန်ပင်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပေသည်။

ဤကဲ့သို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေခြင်းသည် မုဒိတာဘာဝနာကို ပွားများနေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် မုဒိတာဘာဝနာ ကုသိုလ်ကိုလည်း ရရှိနေကြပေသည်။

(၄) “ဥပေက္ခာဘာဝနာ ကုသိုလ်ရရှိပုံ”
~~~~~~~~~~~~~~~~~~~~~~~~~~~~
အချို့အချို့သော မကျန်းမာသူ လူမမာတို့သည် ဆရာဝန်များက ညွှန်ကြားသည့်အတိုင်း မလိုက်နာကြပေ။ ဆေးမှန်မှန် မစားခြင်း၊ ရှောင်ကြဉ်ရမည့် အရာများကို မရှောင်ကြဉ်ခြင်း၊ ချိန်းချက်ထားသော အချိန်များတွင် မလာရောက်ခြင်းတို့ကြောင့် ရောဂါဝေဒနာများ မပျောက်ကင်းကြပေ။ ထိုအခါ ဝေဒနာရှင်များကို ဆရာဝန်များ တွေ့မြင်ရသောအခါ ဒေါသ၊ ဒေါမနဿများ မဖြစ်စေမူ၍ မိမိဖြစ်စေချင်သလို မဖြစ်သည်မှာ “ဝေဒနာရှင်၏ ကံ-ပဲ”ဟု လျစ်လျူရှုလိုက်ရလေသည်။ ဤကဲ့သို့ လျစ်လျူရှုလိုက်ခြင်းသည် ဥပေက္ခာဘာဝနာကို ပွားများခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ဥပေက္ခာ ဘာဝနာ ကုသိုလ်ကိုလည်း ရရှိနေကြပေသည်။

အချို့အချို့သော မကျန်းမာသူ လူမမာတို့သည် ဆရာဝန်များက ညွှန်ကြားသည့်အတိုင်း လိုက်နာကြသည်။ ဆေးမှန်မှန် စားကြလေသည်။ ရှောင်ကြဉ်ဖွယ်များကို ရှောင်ကြဉ်လျက် ရှိကြပေသည်။ ချိန်းချက်ထားသော အချိန်များ၌ ရောက်အောင် လာကြပေသည်။ သို့သော် ထိုမကျန်းမာသူ လူမမာ၏ ရောဂါဝေဒနာတို့သည် သက်သာပျောက်ကင်းခြင်း မရှိကြပေ။
ပြင်းထန်စွာ ခံစားနေရလျက် ရှိသည်ကို မြင်ရသောအခါ
ထိုရောဂါဝေဒနာရှင်အတွက် စိတ်နှလုံး ပူပန်မှုသောက မဖြစ်စေမူ၍ အတိတ်ကံကြောင့်ပဲဟု လျစ်လျူရှုကြရပေသည်။ ထို့ကြောင့် ဥပေက္ခာဘာဝနာကို ပွားများခြင်း ဖြစ်သည်။ ထို့ကြောင့် ဥပေက္ခာဘာဝနာ ကိုလည်း ရရှိနေကြပေသည်။

(၅) “ဒါနကုသိုလ် ရရှိပုံ”
~~~~~~~~~~~~~~~~~~
အချို့အချို့သော မကျန်းမာသူ ရောဂါရှိသူတို့သည် အလွန်ပင် ဆင်းရဲနွမ်းပါးကြပေသည်။ ဆရာဝန်များက ညွှန်ကြားသည့် ဆေးများကိုပင် ၀ယ်ယူဖို့ရန် ငွေကြေးမတတ်နိုင်ကြပေ။ စားဖွယ်၊ သောက်ဖွယ်များကလည်း မပြည့်စုံကြပေ။ ဤကဲ့သို့ ချို့တဲ့နွမ်းပါးသော ရောဂါဝေဒနာရှင်များကို စိတ်ထားမြင့်မြတ်သော ဆရာဝန်များက တွေ့သိကြသောအခါ ဆေးဝယ်ယူဖို့ရန် ငွေကြေးများ ထောက်ပံ့ကြလေသည်။ သင့်လျော်သော ဆေးပစ္စည်းများကို ကိုယ်တိုင်လည်း ၀ယ်ပေးကာ လှူဒါန်းကြလေသည်။ မိမိစားသုံးဖို့ရာ စားဖွယ်၊ သောက်ဖွယ်များကို နွမ်းပါးသူ လူမမာများကို
ပေးကမ်းလှူဒါန်းလေ့ရှိကြသည်။ ဤကဲ့သို့ လှူဒါန်းခြင်းဖြင့် ဒါနကုသိုလ်ကိုလည်း ရရှိနေကြပေသည်။

ဤကား သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရား ရေးသားညွှန်ပြချက် ဖြစ်ပါသည်။ အလွန်တန်ဖိုးရှိလှသဖြင့် ထပ်ဆင့်တင်ပြအပ်ပါသည်။

(ဌေးရီဦး-မြန်မာစာ)
-【 မြတ်မင်္ဂလာ ၂၀၀၄-ခု သြဂုတ်လမှ-
ကောက်နှုတ်ပူဇော်မျှဝေပါသည်။ 】

သုခ လေးပါးတရားတော်

သုခ လေးပါးတရားတော်

သုခေါ ဗုဒ္ဓါန မုပ္ပါဒေါ
သုခါ သဒ္ဓမ္မ ဒေသနာ။
သုခါ သံဃဿ သာမဂ္ဂီ
သမဂ္ဂါနံ တပေါ သုခေါ။

ဗုဒ္ဓါနံ= သဗ္ဗညုဗုဒ္ဓ အမည်ရသည့်လော
ကထွတ်ထား မြတ်ဘုရားတို့၏။
ဥပ္ပါဒေါ=ဖြစ်ထွန်းပွင့်ပေါ်၍လာခြင်းသည်။ သုခေါ=ရှေးဦးအစပထမသုခချမ်း
သာပါပေတည်း။



သဒ္ဓမ္မဒေသနာ=ဘုရားမြတ်စွာစိန္တေယျာတို့၏သူတော်တရားဟောကြားတော်
မူခြင်းသည်။ သုခေါ= နှစ်ကြိမ်မြောက်
သုခမင်္ဂလာပါပေတည်း။

သံဃဿ= ရှင်အပေါင်း လူအပေါင်း ရှင်လူအပေါင်းတို့၏။သာမဂ္ဂီ=ကိုယ်စိတ်နှစ်ရပ် ညီညွတ်ကြခြင်းသည်။
သုခေါ=တတိယသုခမင်္ဂလာပါပေတည်း။
သမဂ္ဂါနံ= ကိုယ်စိတ်နှစ်ရ
ပ် ညီညွတ်ကြ
ကုန်သော မြို့သူ ရွာသူတိုင်းနိုင်ငံသူ ရပ်ကွက်သူ ထိုထိုကျောင်းတိုက်၌ နေ
ထိုင်ကြတဲ့ရှင်အပေါင်း လူအပေါင်း ရှင်
လူအပေါင်းတို့၏။ တပေါ= ကိလေသာ
တို့ကိုပူပန်စေတတ်သောဆယ်ရပ်သော
ကုသိုလ်ကောင်းမှုအလုပ်အားထုတ်ခြင်းသည်။ သုခေါ= လေးကြိမ်မြောက် စ
တုတ္ထ သုခမင်္ဂလာပါပေတည်း။

၁==ဗုဒ္ဓုပ္ပါဒသုခ
မြတ်စွာဘုရားပွင့်ပေါ်တော် မူခြင်းကြေ
ာင့် သတ္တဝါအများ ရှောင်စရာ အကုသို
လ်တွေသိရရှောင်ရပြီးအပါယ်လေးပါးလွတ်ကြရသလို။ဆောင်စရာကုသိုလ်တွေ ဆောင်ရ သဖြင့်လည်းလူနတ်နိဗ္ဗာန်
သုံးတန်သုခ ရနိုင်ပါပေတယ်။

ဗုဒ္ဓရှင်တော် မပွင့်ပေါ်လျှင်
သူတော်အများစိတ်ကောင်းထားလည်းဤကားကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံ ဘဝ မသိရ များလှအပြစ်တွေ။

ဗုဒ္ဓရှင်တော် ပွင့်ထွန်းပေါ်၍
ဟောဖော်မြွက်ကြားမြတ်တရားကြောင့် ဤကားကုသိုလ် အကုသိုလ်ဟု
ထိုထိုဘုံ ဘဝ သိကြရ များလှကျေးဇူး
တွေ။
ဤသုခချမ်းသာကို မြတ်ဘုရား လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရ
မီတော်တွေ ဖြည့်ကျင့်တော်မူပြီး ဘုရားအဖြစ်ကို ရောက်စေတော် မူ၍
သတ္တဝါတို့အား ပေးခဲ့ပြီ။
၂==ဓမ္မဒေသနာသုခ
မြတ်ဘုရား ပွင့်တော်မူလာခြင်းသည်
လူတွေကိုအမြင်မှန်ရအောင်တရားဟောကြားဘို့ ပွင့်တော်မူလာရသည်။
ကိုယ်တော်၏ကိစ္စဖြစ်သောတရားဟောပြောမှု လုပ်ငန်းကို မြတ်ဘုရားသည်
၄၅ ဝါတိုင်တိုင် နေ့မအား ညမအား
ဟောကြား ဆုံးမတော်မူခဲ့သည်။
ဤကဲ့သို့ဟောကြားခဲ့သည့်အတွက်
လူ နတ် ဗြဟ္မာတွေ ပယ်ရမည့်တရား
ပွါးရမည့် တရားကို ခွဲခြားသိ၍ ပယ်ကြ
ပွါးကြရသည်။
ထို့ကြောင့် မြတ်ဘုရား တရားတော်ကို ဟောကြားတော်မူခြင်းသည်သတ္တဝါတို့
အတွက် ဒုတိယမြောက်ချမ်းသာဖြစ်
တော့သည်။
ရှင်တော်မြတ်ဘုရား၏ ဗုဒ္ဓုပ္ပါဒသုခကို
ဝေနေယျတို့ ရဘို့ လေးအသင်္ချေနှင့်
ကမ္ဘာတစ်သိန်းကြာပါရမီစာဂစရိယတွေဖြည့်ကျင့်လို့ပထမချမ်းသာကိုဝေနေယျတို့အား မြတ်ဘုရားပေးခဲ့ပြီး
လေးဆယ့်ငါးဝါတိုင်တိုင်တရားဓမ္မ
္မတွေဟောဖော်၍ ဒုတိယချမ်းသာကိုလ
ည်းမြတ်ဘုရား ပေးခဲ့ပြီ။
ကိုယ်တော့်တာဝန်ကျေလေပြီ။

၃==တတိယ သာမဂ္ဂီသုခ
မြတ်ဘုရားဟာ တပည့်သာဝကတွေကို
ညီညွတ်ကြစေဘို့ စိတ်ဝမ်းမကွဲကြစေ
ဘို့ စိတ်ဝမ်းကွဲလျှင်ပျက်စီးတတ်ကြော
င်း စိတ်ဝမ်းမကွဲလျှင်ချမ်းသာကြောင်း
သမ္မောဒမာန ခေါ်ငုံးမင်းဇာတ်ကိုဟော
တော်မူခဲ့သည်။
ကျောင်းတိုက်မှာဆိုလျှင်
ကျောင်းတိုက်သံဃာတွေ စိတ်ဝမ်းမကွဲ
ညီညွတ်ကြရမည်။
ရပ်ကွက်ဆိုလျှင်လည်း
ရပ်ကွက်နေသူအားလုံး လောကရေး
ဓမ္မရေး ညီညွတ်ကြရမည်။
ထိုကဲ့သို့ ညီညွတ်ခြင်းကိုဘုရားချီးမွမ်း
တော်မူသည်။
ညီညွတ်ရေးရကြ၍ သာမဂ္ဂီဖြစ်တဲ့
မြို့ရွာ အရပ် ကျောင်းတိုက်လူအပေါင်း
ရှင်အပေါင်း ရှင်လူအပေါင်းတို့ သည်
ညီညွတ်ကြတာနှင့်ပင်စိတ်ချမ်းသာသည်။ကိုယ်ချမ်းသာလည်းရကြသည်။
ထို့ကြောင့် ညီညွတ်ရေး သာမဂ္ဂီသုခကို
မြတ်ဘုရားဟောတော်မူခဲ့ခြင်းဖြစ်သည်။
၎== စတုတ္ထ တပေါသုခ
ညီညွတ်ကြကုန်သောရှင်လူအပေါင်းတို့၏ အချင်းချင်း ဝိဝါဒ မကွဲပြားဘဲ
ဒါနအမှု သီလအမှု ဘာဝနာအမှုတို့၌ လုံ့လကြိုးကုတ် အားထုတ်ခြင်းသည် စတုတ္ထမြောက် တပေါ ချမ်းသာ ဖြစ်
တော့၏။
ထို့ကြောင့် မြတ်ဘုရား ပေးခဲ့သော
ဘုရားပွင့်ခြင်းဆိုတဲ့ ဗုဒ္ဓုပ္ပါဒသုခ
တရားဟောခြင်းဆိုတဲ့ ဓမ္မဒေသနာ
သုခ ထိုသုခနှစ်ပါးကို အရင်းတည်၍
အလေးအမြတ်ဂရုပြုလျှက်
ခိုက်ရန်မရှိ ညီညွတ်ခြင်း အတိနှင့်
ပြည့်စုံပြီး ညီညွတ်ခြင်းတွင် ရပ်တန့်
မနေဘဲ ဒါန သီလ ဘာဝနာ အမှုတို့၌
လည်း ညီညီညွတ်ညွတ် မကွဲမပြား
ကြိုးစားအားထုတ်ကြပြီးလျှင် တပေါ
သုခဆိုတဲ့ အကျင့်မြတ်ချမ်းသာမှသည်
နိဗ္ဗာန်ဆီသို့မဆိုင်းမတွရောက်ကြပါစေကြောင်း သုခလေးပါး တရားကောင်း
ကိုစုဆောင်း၍တင်ပြလိုက်ရပါတော့သတည်း။

ထိုတရားလမ်းစဉ်အတိုင်း ကျင့်သုံး
ပါက ဘယ် အမျိုး ဘာသာ သာသနာ
မှပျောက်မည်မဟုတ်ပါ။တိုးလျှက်တိုးပွါးအုံးမည်သာ။

ခေတ်အခါကာလကတောင်းဆိုလာ
သော အခြေအနေတခုကို
ရည်ညွှန်းလျှက်

ဘုန်းဟေသီ
၁၄ ၁၀ ၇၆
(ဝိဘဇ္ဇသွေး ကချင်မြေ)

သုခလေးဖြာ ဒေသနာ

၁၉၄။ သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ၊ သုခါ သဒ္ဓမ္မဒေသနာ။
သုခါ သံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ။

၁၉၄။ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်လာခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏၊ သူတော်ကောင်းတရားကို ဟောကြားတော်မူခြင်းသည် ချမ်းသာခြင်း၏အကြောင်းဖြစ်၏၊ သံဃာ၏ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏၊ စိတ်ဓာတ်ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာခြင်း၏အကြောင်းဖြစ်၏။

194. Joyful is the birth of Buddha, joyful is the teaching of the Noble Doctrine, Dhamma, joyful is the unity of his followers (Sangha), joyful is the life of those who live in harmony.

Thursday, January 15, 2015

”” ပထမကြာကူလီ၏ သံဝေဂကို သုံးသပ်ကြည့်ခြင်း““

”” ပထမကြာကူလီ၏ သံဝေဂကို သုံးသပ်ကြည့်ခြင်း““

* “ဒု, သ, န, သော”ဟူသောစကားကို လူတိုင်းကြားဘူးကြပါလိမ့်မည်။ ထိုစကားမှာ ဗာရာဏသီသား ကြာကူလီများ၏ သံဝေဂသံတွေပါ။ အဲဒီအထဲက ပထမကြားကူလီသမား၏ စကားမှာ “ ငါတို့ဟာ လှူဖွယ်ဝတ္ထု, အလှူခံပုဂ္ဂိုလ်တို့ ထင်ရှားရှိပါလျက် မပေးလှူကြကုန်။ ယုတ်မာသော အသက်မွေးခြင်းဖြင့် အသက်မွေးမိကြကုန်၏။ စည်းစိမ်းဥစ္စာရှိကြပါလျက် မိမိ၏ မှီခိုရာကို မပြုမိခဲ့လေကုန်” ဟူသောစကားဖြစ်ပါသည်။
* “စွန့်လွှတ်မှု”တစ်ခုဖြစ်ဖို့ဆိုရာမှာ (၁) စေတနာသမ္ပတ္တိ - စေတနာနှင့်ပြည့်စုံမှု၊ (၂) ၀တ္ထုသမ္ပတ္တိ-လှူဖွယ်ဝတ္ထု၏ ပြည့်စုံမှု၊ (၃) ပုဂ္ဂလသမ္ပတ္တိ-အလှူခံပုဂ္ဂိုလ်၏ ပြည့်စုံမှု၊ ဒီသုံးခုနဲ့ ပြည့်စုံမှသာ ဖြစ်ရိုးထုံးစံရှိပါသည်။ စွန့်လွှတ်မှုရှိမှလည်း ဘ၀မှာ ပြည့်စုံမှုရှိလာမည်ဖြစ်၏။ ဘ၀ပြည့်စုံမှု ဘ၀သမ္ပတ္တိမဖြစ်ရင် ဘ၀၀ိပ္ပတ္တိ-ဘ၀ပျက်ဆီးမှုသာ ဖြစ်တော့ပေမည်။ ဒီသဘောတရားသည် ငြင်းမရသော အမှန်တရားဖြစ်၏။
* ပထမကြာကူလီသမားသည် ဒီသဘောတရားကို နားမလည်။ မခံစားတတ်။ မပြည့်စုံသည်ကား မဟုတ်။ ပြည့်စုံသည်သာ။ သူဋ္ဌေးသားဆိုတော့ လှူဖွယ်ဝတ္ထုလည်း မုချရှိမည်ဖြစ်၏။ အလှူခံပုဂ္ဂိုလ်လည်း ရှိမည်သာ။ သို့သော် “ ပြည့်စုံမှုကို ခံစားဘို့သက်သက်” ဟု နားလည်ထားဟန်တူ၏။ ထို့ကြောင့် စေတနာသမ္ပတ္တိ - စေတနာပြည့်စုံမှုမဖြစ်ဘဲ စေတနာဝိပ္ပတ္တိ - စေတနာပျက်ဆီးနေခြင်းဖြစ်၏။
* ၀ိပ္ပတ္တိ - ပျက်ဆီးမှုမှန်သမျှသည် ကောင်းကျိုးမပေးသည့်အပြင် ထိုပျက်ဆီးမှုနှင့် တန်ဘိုး တူသော အခြားအရာတစ်ခုကိုပါ စွဲနှစ်တတ်သော သဘောရှိ၏။ ဤသည်မှာ အမှန်တရားဖြစ်၏။ ထိုဝိပ္ပတ္တိကြောင့်ပင် ပထမကြာကူလီသမားသည် လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းခံစားနေရ၏။ ဟော ... လောကဆိုတာ စွန့်လွှတ်နိုင်သူကိုသာ စံစားခွင့်ပေး၏။ မစွန့်လွှတ်နိုင်သူကိုကား ခံစားခွင့်သာပေး၏။
* ပို၍ ဆိုးသည်ကား ပထမကြာကူလီသမားသည် မစွန့်လွှတ်နိုင်ရုံမျှမဟုတ်။ ယုတ်မာစွာဖြင့် ရယူသိမ်းပိုက်ထား၏။ ကိုယ်ဖြင့်လည်း ယုတ်မာစွာ ရယူသိမ်းပိုက်၏ နှုတ်ဖြင့်လည်း ယုတ်မာစွာ ရယူသိမ်းပိုက်၏။ စိတ်ဖြင့်လည်း ယုတ်မာစွာ ရယူသိမ်းပိုက်၏။ ဤသည်ကို “ယုတ်မာသော အသက်မွေးခြင်း”ဟု ဆိုရ၏။
* မစွန့်လွှတ်နိုင်မှုသည် အပါယ်စာချုပ်ရှိရုံမျှသာ ဖြစ်သေး၏။ မသေချာသေးပေ။ ယုတ်မာသော အသက်မွေးမှုဖြစ်လာပြီဆိုရင်တော့ လက်မှတ်ပါ ထိုးပြီးသားဖြစ်သွားတော့၏။ ဖျက်၍ ရတော့မည်မဟုတ်ပေ။
* ဘာပဲဖြစ်ဖြစ် လောက “လူ”ဆိုသည်မှာ သမ္ပတ္တိ ပြည့်စုံမှုကို ခံစား, စံစားချင်ကြမည်မှာ မုချဖြစ်၏။ ထိုကဲ့သို့ ပြည့်စုံမှုကို ခံစား, စံစားချင်ကြတယ်ဆိုရင် ထောက်ရာ တည်ရာတစ်ခု ရှိရမည်မှာလည်း အမှန်ပင်ဖြစ်ပါ၏။
* ထို့ကြောင့် ယနေ့မှစ၍ အကျွန်ုပ်တို့တစ်တွေ (၁) စေတနာသမ္ပတ္တိ - စေတနာနှင့်ပြည့်စုံမှု၊ (၂) ၀တ္ထုသမ္ပတ္တိ-လှူဖွယ်ဝတ္ထု၏ ပြည့်စုံမှု၊ (၃) ပုဂ္ဂလသမ္ပတ္တိ-အလှူခံပုဂ္ဂိုလ်၏ ပြည့်စုံမှု၊ ဒီပြည့်စုံမှု သုံးမျိုးဖြင့် မိမိတို့ဘ၀ရဲ့ ထောက်ရာတည်ရာကို ဖန်တီးကြပါစို့ .....ဖိတ်ခေါ်ရင်း...........

ရေနံ့သာ-မောင်သီ (မြတောင် ၂၅.၁၂.၁၂)

ကက္ကာရုဇာတ် …



ကက္ကာရုဇာတ် …


            မြတ်ဗုဒ္ဓ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေစဉ် သံဃာသင်းခွဲသော သံဃဘေဒကကံကြောင့် သွေးအန်သော ရှင်ကြီး ဒေ၀ဒတ်ကို အကြောင်းပြုပြီး ဤကက္ကာရုဇာတ်ကို ဟောတော်မူခဲ့ပါတယ်။
            ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း မင်းပြုစဉ် အကျွန်ုပ်တို့၏ ဗောဓိသတ္တသည် တာဝတိံသာနတ်သားဖြစ်ခဲ့ပါတယ်။ တစ်နေ့ ဗာရာဏသီပြည်မှာ ကြီးစွာသော ပွဲလမ်းသဘင်ကျင်းပပါတယ်။ ဤပွဲလမ်းသဘင်မှာ နဂါး ဂဠုန် ဘုမ္မဇိုရ်းနတ်များအပြင် တာဝတိံသာနတ်ပြည်မှ နတ်သားလေးယောက်လည်း လာရောက်ကြည့်ရှုပါတယ်။
            တာဝတိံသာနတ်သားလေးဦး ပန်ဆင်လာသော ကက္ကာရုနတ်ပန်းရနံ့ဟာ ဗာရာဏသီတစ်မြို့လုံး လွှတ်ထုံနေပါတယ်။ ဗာရာဏသီမင်းနှင့် အိမ်ရှေ့မင်းများ၊ ဗာရာဏသီပြည်သားများဟာ နန်းရင်းပြင်စုဝေးပြီး နတ်သားလေးဦးနှင့် စကားဆွေးနွေးကြ ပါတယ်။ မင်းနှင့်တကွ ဗာရာဏသီပြည်သူပြည်သားများက ကက္ကာရုနတ်ပန်းကို တောင်းဆိုကြပါတယ်။
            နတ်သားများကလည်း ``လူ့လောကဆိုတာ ယုတ်မာသောသူ၊ ပညာမဲ့သောသူ၊ စိတ်နေစိတ်ထားမကောင်းသူ၊ သီလမဲ့သူသာ များတယ်။ ထို့ကြောင့် ကက္ကာရုနတ်ပန်းနှင့် မလျှောက်ပတ်´´ဟု ပြောဆိုကြပါတယ်။
            ထိုနတ်သားလေးယောက်တို့တွင် အစ်ကိုကြီးနတ်သားကလည်း ``ကိုယ်ဖြင့် သူတစ်ပါးဥစ္စာကို မခိုးယူသူ၊ နှုတ်ဖြင့် မုသားစကား မပြောကြားသူ၊ စည်းစိမ်ဥစ္စာ အခြံအရံ ပြည့်စုံသော်လည်း မမေ့လျှော့သူများသာ ကက္ကာရုနတ်ပန်းကို ပန်ဆင်ထိုက်-ကြောင်း´´
            ဒီတော့ ဒုတိယနတ်သားက ``တရားသဖြင့် စီးပွားဥစ္စာ ရှာဖွေသူ၊ မကောက်ကျစ် မစင်းလဲသူ၊ စည်းစိမ်ဥစ္စာ အသုံး အဆောင်ပြည့်စုံသော်လည်း သတိမမေ့လျှော့သူများသာ နတ်ပန်းကို ပန်ဆင်ထိုက်ကြောင်း´´ ….
            တတိယနတ်သားကလည်း ``နနွင်းဆိုးရည်ကဲ့သို့ စိတ်ဓာတ်မပျက်လွယ်သူ (စိတ်ဓာတ်တည်ကြည်ခိုင်မာသူ)၊ မည်သည့်အကြောင်းကြောင့်မှ ယုံကြည်မ သဒ္ဓါတရား မပျက်ပြားသူ၊ အရသာရှိသော ဘောဇဉ်ကို တစ်ယောက်တည်း မသုံးဆောင်သူများသာ နတ်ပန်းကို ပန်ဆင်ထိုက်ကြောင်း´´…..
            စတုတ္ထနတ်သားကလည်း `` မျက်မှောက်ရော မျက်ကွယ်ပါ ဘာသာတရား (သူတော်ကောင်းတရား) ကို မစော်ကားသူ၊ ပြောတဲ့အတိုင်း လုပ်ဆောင်သူများသာ နတ်ပန်းကို ပန်ဆင်ထိုက်ကြောင်း´´…..အသီးအသီး ပြောကြားပါတယ်။
ထိုစကားကို ကြားသော ပုရောဟိတ်က ``ဤဂုဏ်ကျေးဇူးတွေ ငါ့မှာ တစ်ခုမှ မရှိ၊ မုသားစကား ပြောဆိုပြီး ဤနတ်ပန်း
တွေကို ပန်ဆင်ရသော် လူအပေါင်းက ငါ့ကို `ဂုဏ်နှင့်ပြည့်စုံသူ´လို့ ထင်ကြလိမ့်မယ်´´ဆိုတဲ့ အတွေးဖြစ်တယ်။ ဒီအတွေး -ကြောင့်ပဲ နတ်ပန်းများကို လိမ်ညာတောင်းဆိုပါတော့တယ်။
လိမ်ညာရရှိလာသော နတ်ပန်းတွေကို ပန်ဆင်မိတဲ့ ပုရောဟိတ်ဟာ ဦးခေါင်းကို ထက်လှစွာသော ဆောက်ဖြင့် ထိုးခံရသည့်ပမာ သံပြားဖြင့် ဖိညှပ်ထားသည့်ပမာ ပြင်းစွာသောဝေဒနာကို ရက်သတ္တတစ်ပတ်ကျော်မျှ ခံစားရပါတယ်။
ဒီအချိန်မှာပဲ ဗာရာဏသီမင်းနှင့် မူးမတ်များရဲ့ တိုင်ပင်မှုဖြင့် နောက်ထပ်တဖန် ပွဲလမ်းသဘင်ကြီး ကျင်းပပြီး နတ်သားများကို နတ်ပန်းများ ဖယ်ရှားခိုင်းရပါတယ်။
ဤကား ကက္ကာရုဇာတ်လမ်းရဲ့ ဖြစ်စဉ်လေးပါ ….
ဤဇာတ်လမ်းလေးကို ကြည့်ပြီး အကျွန်ုပ်တို့အနေဖြင့် …
   ၁။ ကိုယ်ဖြင့် သူတစ်ပါးဥစ္စာကို မခိုးယူမှု
   ၂။ နှုတ်ဖြင့် မုသားစကား မပြောဆိုမှု
   ၃။ စည်းစိမ်အခြံအရံရှိသည့်အလျှောက် သတိတရားလက်ကိုင်ထားမှု၊
   ၄။ တရားသဖြင့် စည်းပွားဥစ္စာ ရှာဖွေမှု၊
   ၅။ မစင်းလဲ မကောက်မှု၊
   ၆။ စည်းစိမ်ဥစ္စာ အသုံးအဆောင်ကို ရသော်လည်း သတိတရားမမေ့လျှော့မှု၊
   ၇။ စိတ်ဓာတ်ခိုင်မာ တည်ကြည်မှု၊
   ၈။ ခိုင်မာသော ယုံကြည်မှု သဒ္ဓါတရားရှိမှု၊
   ၉။ ကောင်းမွန်တဲ့အရသာကို တစ်ယောက်တည်း မသုံးဆောင်မှု၊
၁၀။ မျက်မှောက်မှာ သူတော်ကောင်းတရားကို မစော်ကားမှု၊
၁၁။ မျက်ကွယ်မှာလည်း သူတော်ကောင်းတရားကို မစော်ကားမှု၊
၁၂။ ပြောသည့်အတိုင်း လုပ်ဆောင်နိုင်မှု ….ဆိုတဲ့ ဂုဏ်အင်္ဂါအရည်အချင်းများ ရှိမှသာလျှင် ကက္ကာရုနတ်ပန်းနှင့် တူသော ထိုက်တန်သောဂုဏ်သတ္တိနှင့် စည်းစိမ်ဥစ္စာ ရာထူးဌာနန္တရများကို တမ်းတသင့်ကြောင်း သင်ခန်းစာ ယူမိပါတယ်။
အရှင်သီလာစာရ၊ မြတောင်ကျောင်း၊ (၂.၁.၂၀၁၅)

Lokapala Dhamma …



Lokapala Dhamma …

Hiri …
Hiri makes a man recoil whth moral shame from committing. immoral deeds. A person, who has hiri, recoils from evil just as a cock’s feather shrinks in front of fire.
“To be ashamed of what one ought to be ashamed. To be ashamed of performing evil and unwholesome things: this is called moral shame.”
Hiri opposes ahirika which would commit any evil without the least compunction.
Ottappa….
Ottappa is moral dred or fear to do evil, because it is aware of the manifold evil consequcnces.
As hiri is different from ordinary shyness, ottappa is different from ordinary fear of an individusl. A Buddhist is not expected to be afraid of any individual, even a God, for Buddhaism is not based on the fear of the unknown.
“To be in dread of dread of one ought to be in dread, to be in dread of performing evil and unwholesome things: this is called moral dread.”
Ottappa opposes anottappa and can drive away the latter. Hiri arises with respect to oneseif whereas ottappa arises with respect to others. Suppose there is an iron rod, one end of which is heated till red-hot and the other end smeared with filth. The filthy end one would not touch owing to disgust, and the red hot end one would not touch due to dreas. Hiri is compared to the former instamce and ottappa to the latter instance.
Hiri and ottappa differentiates man from beast not to indulge in immoral acts such as sexual relations between mother and son or between father and daughter even at the time of very low civilization.So hiri and ottappa aer known as Lokapala Dhamma, i.e the Guardian of the worlds.
(BUDDMA-ABHIDHAMMA. Dr. Mehm Tin Mon)