Monday, February 8, 2016
* မြတ်ဆုရှင်ဆရာတော်၏ မှတ်စုတစ်ချို့ ........
ကိုယ့်ပိုင်ရိက္ခာ ကိုယ်တိုင်ရှာ
🔰🔰🔰🔰🔰🔰🔰🔰
♧ ဒါနကိုပင် မသေခင် ကိုယ်တိုင်ပြုပါ ကိုယ့်ရိက္ခာ။
♧ သီလကိုပင် မသေခင် ကိုယ်တိုင်စောင့်ပါ ကိုယ့်ရိက္ခာ။
♧ ဘာဝနာကိုပင် မသေခင် ကိုယ်တိုင်ပွားပါ ကိုယ့်ရိက္ခာ။
" ဘယ်သူမပြု မိမိမှု "
🚢🚢🚢🚢🚢🚢
ကိုယ့်အမှုအလျောက် အထက်ရောက်ခဲ့
အောက်ကျသည်မှာ ကိုယ့်အမှုသာတည်း။
ပမာနှိုင်းထောက် တံတိုင်းဆောက်သူ
တွင်းတူးသူဟု နမူစံထား ကျင့်လေလော့။
မြေတူးသမားသည် မြေကို တူးရင်းတူးရင်း
မြေကြီးအောက် နိမ့်ဆင်းနိမ့်ဆင်း သွားသလို
အကုသိုလ်ပြုသူသည်လည်း အကုသိုလ်ပြုရင်းပြုရင်း
ဘဝအခြေအနေ နိမ့်ဆင်းနိမ့်ဆင်း သွားလေတော့၏။
သူစိတ်ဆိုးတိုင်း ကိုယ်ကပြန်ဆိုးရင်
ကိုယ့်စိတ် နုနေသေးလို့ပါ။
မြေပျော့ရင် ခြေရာထင်တယ်။
စိတ်ပျော့ရင် အငြိုးအတေးကြီးတယ်။
📚 တစ်ယောက်ထဲနေ - တရား။
📚 နှစ်ယောက်နေ - စကား။
📚 သုံးယောက်နေ - အလကား။
🌜 စည်း ကမ်း 🌛
🍒🍒🍒🍒🍒
စည်း အတွင်းမှာနေ ကင်းကွာလိမ့်ရန်ဘေး
ကမ်း ကိုကျော် ချော်ကာကျ များလှရန်ဘေး။
တဏှာ အချစ်လား? မေတ္တာ အချစ်လား?
👄👄👄👄👄👄👄👄👄👄👄👄
♡ ကိုယ့်အတွက်ချစ်လျှင် တဏှာ။ { အကုသိုလ် }
♡ သူ့အတွက် ချစ်လျှင် မေတ္တာ။ { ကုသိုလ် }
Myatsushin Sayardaw's photo.
* မြတ်ဆုရှင်ဆရာတော် ရေးသည်
ဗုဒ္ဓဘာသာဝင်ဟူသော အဓိပ္ပာယ်
📚📚📚📚📚📚📚📚📚📚
ဗုဒ္ဓဘာသာဝင်ဟူသော အဓိပ္ပာယ်ကို ခွဲခြမ်းလိုက်လျှင် အောက်ပါကဲ့သို့ ခွဲရပေလိမ့်မည်----
(၁) ဗုဒ္ဓ,ဘာသာ။
(၂) ဗုဒ္ဓဘာသာ။
(၃) ဗုဒ္ဓဘာသာဝင်ဟူ၍ ၃ - မျိုး ခွဲရပေလိမ့်မည်။
ဗုဒ္ဓ,ဘာသာဟူသည်မှာ - ဗုဒ္ဓ - ဘုရား။ ဘာသာ - စကား။
ဗုဒ္ဓဘာသာဟူသည်မှာ - ဘုရားစကား။
ဗုဒ္ဓဘာသာဝင်ဟူသည်မှာ - ဘုရားစကားတော်များကို နားထောင်ကျင့်သုံးသူတို့တွင် ပါဝင်သူဟု အဓိပ္ပာယ်ရလေသည်။
LikeComment
* ဗုဒ္ဓဂုဏ်တော်ကိုးပါး .......
* ဗုဒ္ဓဂုဏ်တော်ကိုးပါး .......
* ဣတိပိ သော ဘဂ၀ါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ၀ိဇ္ဇာစရဏသမ္ပန္နော သုဂတော လောက၀ိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာဒေ၀မနုဿာနံ ဗုဒ္ဓေါ ဘဂ၀ါ။
၁။ သောဘဂ၀ါ- ထိုအကျွန်ုပ်တို့ဆရာ မြတ်စွာဘုရားသည် ဣတိပိ=ဤသို့လျှင် ဗြဟ္မာ နတ် လူ သုံးဘုံသူတို့၏ ပူဇော်အထူးကို ခံထိုက်ကြောင်းဖြစ်သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ၀ိမုတ္တိဂုဏ် ၀ိမုတ္တိဉာဏ ဒဿနဂုဏ် တို့နှင့် ပြည့်စုံတော်မူပေသောကြောင့်လည်း အရဟံ=အရဟ မည်တော်မူပေ၏။
၂။ ဣတိပိ၊ ဤသို့လျှင် သစ္စာဉေ ယျ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်း သိမြင်တော်မူပေသောကြောင့်လည်း သမ္မာသမ္ဗုဒ္ဓေါ=သမ္မာသမ္ဗုဒ္ဓ မည်တော်မူပေ၏။
၃။ ဣတိပိ၊ ဤသို့လျှင် စရဏအပြား တစ်ဆယ့်ငါးတည့် သုံးပါးရှစ်ဖြာ ဉာဏ်ဝိဇ္ဇာတို့နှင့် ကောင်းစွာ ပြည့်စုံတော်မူပေသောကြောင့်လည်း ၀ိဇ္ဇာစရဏသမ္ပန္နော=၀ိဇ္ဇာစရဏသမ္ပန္န မည်တော်မူပေ၏။
၎။ ဣတိပိ၊ ဤသို့လျှင် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ မကပ်ငြိဘဲ မဇ္ဈိမဋိပတ် ကောင်းမြတ်ဖြောင့်တမ်း မဂ္ဂင်လမ်းဖြင့် ရွှေနန်းပုရီ ဘေးမဲ့ပြည်သို့ ကြွချီဆိုက်ရောက်တော်မူပေသောကြောင့်လည်း သုဂတော=သုဂတ မည်တော်မူပေ၏။
၅။ ဣတိပိ၊ ဤသို့လျှင် ကာမ ရူပ အရူပ - ဟု လောကအပြင် ဘုံတခွင်ကို ကုန်စင်ခပင်း မကျန်ကြွင်းအောင် အလင်းထင်ပေါ် သိမြင်တော်မူပေသောကြောင့်လည်း လောက၀ိဒူ=လောက၀ိဒူ မည်တော်မူပေ၏။
၆။ ဣတိပိ၊ ဤသို့လျှင် ဇာတိမာန် ပုညမာန် ဂုဏမာန် ဗလမာန် ဣဒ္ဓိမာန် ပညာမာန် တို့ဖြင့် မိုးစွန်ကြွားကြွား ငါတကားဟု ကြုံးဝါးခက်ထန် အဆိပ်လျှံသည့် နန္ဒောပနန္ဒ အင်္ဂုလိမာလ သစ္စက နှင့် ဗကဗြဟ္မာ- သတ္တ၀ါတို့ကို ဒေသနာသံ ဆိပ်အန်ငြိမ်းဆေး အမြန်ပေး၍ ယဉ်ကျေးအောင်ပြု ဆုံးမမှုဝယ် အတုမရှိ လွန်ကဲဘိသောကြောင့်လည်း
အနုတ္တရောပုရိသဒမ္မသာရထိ=အနုတ္တရော ပုရိသ ဒမ္မသာရထိ မည်တော်မူပေ၏။
၇။ ဣတိပိ၊ ဤသို့လျှင် လူ နတ် ဗြဟ္မာ သတ္တ၀ါအများ သောင်းထိုက်သားတို့၏ ၀ပ်တွားရှိပြောင်း ညွတ်ညောင်းခယ ဆုံးမခံရာ ဆရာသခင် ဦးထိပ်တင်ကြီး ဖြစ်ပေသောကြောင့်လည်း သတ္တာဒေ၀မနုဿာနံ=သတ္တဒေ၀မနုဿာန မည်တော်မူပေ၏။
၈။ ဣတိပိ၊ ဤသို့လျှင် သစ္စာလေးရပ် တရားမြတ်ကို လူ နတ် အများ သိထင်ရှားအောင် ဟောကြား ထုတ်ဖော် သိစေတော်မူပေသောကြောင့်လည်း ဗုဒ္ဓေါ=ဗုဒ္ဓ မည်တော်မူပေ၏။
၉။ ဣတိပိ၊ ဤသို့လျှင် ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ တန်းခိုးတော်အနန္တ- ကြီးမြင့်လှ၍ လောကသုံးပါး လူအများတို့ လေးစားဂရု ချီးပမှုကြောင့်လည်း ဘဂ၀ါ=ဘဂ၀ါ မည်တော်မူပေ၏။
(ဘုရားရှိခိုးပြုလုပ်လိုလျင်)
* ထို အရဟံအစ ဘဂ၀ါအဆုံး ဘ၀ဂ်ချုန်းမျှ ဘုန်းတော်ကြီးမား ဂုဏ်ကိုးပါးနှင့် ပြည်စုံတော်မူပေသော မြတ်စွာဘုရားကို
အဟံ=အကျွန်ုပ်သည် ၀န္ဒာမိ=ရှိခိုးပါ၏။
* မုနိခြောက်မျိုး ....
* မုနိခြောက်မျိုး ....
၁။ အဂါရမုနိ = လူ့ဘဝနဲ့ တစ်မဂ်တစ်ဖိုလ်ရသူ၊
၂။ အနဂါရမုနိ = ရဟန်းဘဝနဲ့ တစ်မဂ်တစ်ဖိုလ်ရသူ၊
၃။ သေခမုနိ = သောတာပတ္တိမဂ္ဂဌာန်အစ အရဟတ္တမဂ္ဂဌာန်အဆုံးရှိသော သေက္ခပုဂ္ဂိုလ် (၇) ယောက်၊
၎။ အသေခမုနိ = ရဟန္တာ၊
၅။ ပစ္စေကမုနိ = ပစ္စေကဗုဒ္ဓါ၊
၆။ မုနိမုနိ = မြတ်စွာဘုရား၊
* ပရိက္ခရာဆိုတာ .....
* ပရိက္ခရာဆိုတာ .....
၁။ သပိတ်
၂။ သင်္ကန်းကြီး
၃။ သင်းပိုင်
၎။ ဧကသီ
(သင်္ကန်းကြီး, သင်းပိုင်နှင့် ဧကသီကို
တိစီဝရိက်-ဟုခေါ်သည်)
၅။ ခါပန်းကြိုး
၆။ ပဲခွပ် (ဓား)
၇။ အပ်/အပ်ချီ
၈။ ရေစစ်
* ပတ္တော တိစီဝရံ ကာယ-ဗန္ဓနံ ဝါသိ သူစိ စ။
ပရိဿာဝန မိစ္စေတေ၊ ပရိက္ခာရာဋ္ဌ ဘာသိတာ။
(အဘိဓာန်-စတုဗ္ဗဏ္ဏဝဂ် - ၄၃၉)
* မာနမဲ့စွာ ......
* မာနမဲ့စွာ ......
* ပြက်ရယ်မှုကိုခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။
* အနိုင်ကျင့်မှုကိုခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ မနာကြဉ်းရက်ပါလေ။
* တန်ဖိုးမထားမှုကိုခံရသည့်အခါ
မကျေနပ်မှုကို ခံစားရတတ်သော်လည်း
မည်သည့်အခါမှမငြိုငြင်ရက်ပါလေ။
* စွန့်ပစ်သွားခြင်းကိုခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာပူပန်ရသော်လည်း
မည်သည့်အခါမှမေ့လျော့၍မရနိုင်လေ။
*  စတွေ့သည်မှ
ငါသည်သင့်အား
မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း။
မောင်စိန်ဝင်း(ပုတီးကုန်း)
#‎မင်းကျင့်တရားဆယ်ပါး‬#
#‎မင်းကျင့်တရားဆယ်ပါး‬#
•••••••••••••••••••••••••••••••••••••••••••
၁။အလှူပေးခြင်း။
၂။ပဉ္စသီလဆောက်တည်ကျင့်သုံးခြင်း။
၃။အမှုထမ်း, အရာထမ်းတို့အား မျိုးရိက္ခာပေးခြင်း။
၎။စိတ်ဓာတ်ဖြောင့်မတ်ခြင်း။
၅။ကိုယ် နှုတ် နှလုံး နူးညံ့ခြင်း။
၆။ဥပုသ်သီတင်းစောင့်သုံးခြင်း။
၇။ဒေါသအမျက်မထွက်ခြင်း။
၈။မညှင်းဆဲ မနှိပ်စက်ခြင်း။
၉။သည်းခံခြင်း။
၁၀။(ပြည်သူနှင့်)မဆန့်ကျင်ခြင်း။
----------------------------------
ဒါနံ သီလံ ပရိစ္စာဂံ၊အဇ္ဇဝံ မဒ္ဒဝံ တပံ။
အက္ကောဓံ အဝိဟိံသဉ္စ၊ခန္တိဉ္စ အဝိရောဓနံ။
ဒသေတေ ဓမ္မေ ရာဇာနော၊အပ္ပမတ္တေန ဓာရေယျုံ။
"မြန်မာ-အင်္ဂလိပ်စကားပုံများ"
"မြန်မာ-အင်္ဂလိပ်စကားပုံများ"
A bad workman quarrels with his tools.
အကမတက်တော့ ဖျာအပြစ်တင်
A barking dog seldom bites.
ဟောင်လွန်းသောခွေး လူမလေး
လက်ထဲတွင်ရှိသောငှက်တစ်ကောင်သည်ချုံထဲတွင်ရှိသောငှက်နှစ်ကောင်ထက်ပို၍တန်ဖိုးရှိသ
ည်။
A bird in the hand is worth two in the bush.
စာအုပ်ဆိုတာအိတ်ကပ်ထဲယူသွားနိုင်တဲ့ ဥယျာဉ်တစ်ခုပါ
A book is like a garden in the pocket.
မီးလောင်ခံရသောကလေးသည် မီးကိုကြောက်သည်
A burnt child dreads fire.
ရေနစ်နေသောသူသည် ကောက်ရိုးမျှင်ကိုပင်ဆွဲလိမ့်မည်
A drowning man will catch at a straw.
ထန်းရည်မူး ကျွှဲခိုးပေါ်
A drunkard can never keep secrets.
ဝန်ခံသည်. အပြစ်တစ်ခုသည် တ၀က်ပြုပြင်ပြီးဖြစ်လိမ်.မည်
A fault confessed is half redressed.
လူမိုက်နှင့်ငွေအတူမနေ
A fool and his money are soon departed.
လူရူးလူမိုက် တစ်ဦးသည် ဥာဏ်ပညာရှိသူအား အကြံပေးကောင်းပေးလိမ်.မည်
A fool may give a wise man counsel.
အရေးကြုံက မိတ်ကောင်းပ
A friend in need is a friend indeed.
မိတ်ဆွေတစ်ဦးကို ရရှိရန်ထက် ဆုံးရှုံးရန်က ပို၍လွယ်၏
A friend is easier lose than found.
အမှီကောင်းလျှင်တစ်ချက် အနေကောင်းလျှင်တစ်သက်
A good aim means a sure short, and wise dealings mean perpetual success.
ခွေးလိမ္မာတစ်ကောင်သည် အရိုးကောင်းတစ်ချောင်းနှင်ထိုက်တန်သည်
A good dog deserves a good bone.
အခြေကောင်းမှ အနေကောင်းမည်
A good foundation ensures a good status.
လင်ယောက်ျားကောင်းတစ်ဦးသည် ဇနီးကောင်းတစ်ဦးကိုမွေးထုတ်ပေးနိုင်သည်
A good husband makes a good wife.
နာမည်ကောင်းတစ်ခုရှိခြင်းသည် ချမ်းသာကြွယ်ဝခြင်းထက်ပို၍ေ
ကာင်းသည်
A good name is better than riches.
အပြစ်ရှိနေသဖြင့် လိပ်ပြာမသန်.ရှင်းသည် ၊ စွပ်စွဲမည့်သူမလို
A guilty conscience needs no accuser.
လေးလံနေသည့် ပိုက်ဆံအိတ်တစ်လုံးသည် စိတ်နှလုံးကိုပေါ့ပါးစေသည်
A heavy purse makes a light heart.
ဆာလောင်မွတ်သိပ်နေသူတစ်ဦးသည် ဒေါသဖြစ်နေသူတစ်ဦးဖြစ်သည်
A hungry man is an angry man.
ဆင်ပိန်လျှင် ကျွှဲလောက်ရှိသေး၏
A lean elephant is still as stout as a sturdy buffalo.
ပညာရဲရင့် ပွဲလယ်တင့်
A learned man is honored by others.
ခြိမ်းခြောက်မှုများကြောင့်လူတစ်ယောက်မသေ
A man does not die of threats.
ကြွေးတင်နေသူတစ်ဦးသည် ပိုက်ကွန်တစ်ခုထဲတွင်မိနေသည်
A man in debt is caught in a net.
သေးငယ်သည့် အခက်အခဲများကိုသည်းမခံနိုင်သူသည် ကြီးမားသည့်အရာများကို မည်သည့်အခါ မှပြီးစီးအောင်လုပ်နိုင်မည်မဟုတ်
A man who cannot tolerate small ills can never accomplish great things.
လူတစ်ယောက်၏နေအိမ်သည် သူ၏ရဲတိုက်ဖြစ်သည်
A man’s house is his castle.
စုဆောင်းသည့်တစ်ပဲနိသည်ရရှိသည့်တစ်ပဲနိဖြစ်သည်
A penny saved is a penny gained.
သတိရှိခြင်းတစ်ပေါင်သည်ကြွေ
းတစ်အောင်စကိုမဆပ်နိုင်
A pound of care won’t pay and ounce of debt.
အနာမှသွေးများထွက်ပြီးခြောက်ခဲနေသည့်ခေါင်းသည်ဘီးကိုကြောက်သည်
A scabby head fears the comb.
ဖြတ်လမ်းတခုသည်တစ်ခါတရံ၌မှားသည့်လမ်းတလမ်းဖြစ်တတ်သည်
A short way is often a wrong way.
အမှိုက်ကစပြဿဒ်မီးလောင်
A small rubbish dump can burn down a tower.
ပျက်လျင်အစဉ်ပြင်လျင်ခဏ
It is never too late to mend.
အလုပ်တခုကိုစခြင်းသည်တ၀က်လုပ်ပြီးဖြစ်သည်
A thing begun is half done.
ပျားတစက်ကြောင့်ပြည်ပျက်၏
A trills can lead to a catastrophe.
အကူအညီကိုလိုလိုလားလားပေးလိသူသည်အခေါ်ကိုမစောင့်
A willing helper does not wait to be called.
မြွေမသေတုတ်မကျိုး
A wise course of action whereby neither party suffers.
ဥာဏ်ပညာရှိသူတစ်ဦးသည်သူ၏စိတ်ကိုတစ်ခါတရံ၌ပြောင်းလဲသည်။လူရူးလူမိုက်တစ်ဦးသည်မည်သ
ည့်အခါမျှမပြောင်း
A wise man changes his mind sometimes, a fool never.
ပညာရှိအမျက်အပြင်မထွက်
A wise man does not reveal anger.
မိန်းမတို့အိနြေ္ဒရွှေပေးလို့
မရ
A woman’s modesty cannot be bought with gold.
အံ့သြစရာသည်ကိုးရက်သာခံသည်
A wonder lasts nine days.
ပညာရှိတစ်ဦးအတွက်စကားတစ်လုံးဖြင့်ပင်လုံလောက်သည်
A word to the wise is enough.
ခွဲခွာနေခြင်းသည်ချစ်ခြင်းကိုတိုးပွားစေသည်
Absence makes the heart grow fonder.
လုပ်ရပ်သည်စကားလုံးများထက်ပို၍ကျယ်လောင်စွာစကားပြောသည်
Action speaks louder than words.
မုန်တိုင်းကျပြီးနောက်ငြိမ်သက်မှုဖြစ်သည်
After a storm comes a calm.
ဒီပုတ်ထဲမှာဒီပဲပါပဲ
After the manner of its kind, or a chip of the old block.
အလိုကြီးကအရနည်းသည်
All covet , all lose.
အရောင်ပြောင်းတိုင်းရွှေမဟုတ်
All is not gold that glitters.
ဝါ၀ါမြင်တိုင်းရွှေမဟုတ်
All that glitters is not gold.
အချစ်နှင့်စစ်တွင်ဘာလုပ်လုပ်တရားသည်
All’s fair in love and war.
ကောင်းစွာပြီးစီးသည့်အရာမှန်သမျှသည်အကုန်ကောင်းသည်
All’s well that ends well.
မျက်မမြင်သူများကြားမျက်လုံးတစ်လုံးရှိသူသည်ဘုရင်ဖြစ်သည်
Among the blind the one – eyed man is king.
စစ်တပ်တစ်တပ်သည်၎င်း၏အစာလမ်းကြောင်းပေါ်၌ချီတက်သည်
An army marches on its stomach.
ဘာမှမရှိသည့်အိတ်သည်မတ်ထောင်မနေ
An empty bag will not stand upright.
အားလပ်နေသည့်ဦးနှောက်သည်မာရ်နတ်မင်း၏အလုပ်ရုံဖြစ်သည်
An idle brain is the devil’s workshop.
ငှက်အိုတစ်ကောင်ကိုထောင်ချောက်ဖြင့်ဖမ်း၍မရ
An old bird is not to be caught with chaff.
သက်ကြီးရွယ်အိုတစ်ဦး၏စကားသည်မှားခဲသည်
An old man’s saying is rarely untrue.
သည်းခံခြင်းတစ်အောင်စသည်ဦးနှောက်တစ်ပေါင်ထက်ပိုကောင်းသည်
An ounce of patience is worth a pound of brains.
ကာကွယ်မှုတစ်အောင်စသည်ကုသခြင်းတစ်ပေါင်ထက်ပိုကောင်းသည်
An ounce of prevention is worth a pound of cure.
မြိန်ရာဟင်းကောင်းခင်ရာဆွေမျိုး
Appetite is the best sauce and sincere friends the nearest kith and kin.
ဥမကွဲသိုက်မပျက်
As long as the eggs are not broken ; the nest will be alright.
သိုးငယ်တစ်ကောင်အတွက်အပြစ်ခံရခြင်း ထက်သိုးကြီးတစ်ကောင် အတွက်အပြစ်ခံရခြင်ကပိုကောင်းသည်
As well be hanged for a sheep as a lamb.
အိပ်ရာခင်းသဖြင့် သင်သည်အိပ်ရလိမ့်မည်
As you make your bed, so you must lie on it.
စိုက်ပျိုးသောကြောင့် သင်သည်ရိတ်သိမ်းရလိမ့်မည်
As you sow , so you shall reap.
နည်းနည်းရရန်အတွက် များများတောင်းပါ
Ask much to get little.
ဖွတ်မိကျောင်းဖြစ်၊မြစ်မချမ်းသာ
Authority in the hands of the fool will make him a tyrant.
မကောင်းမှုကိုသင်ရှောင်ကြဉ်ပါ။ မကောင်းမှုကသင့်ကိုရှောင်ကြဉ်လိမ့်မည်
Avoid evil and it will avoid thee.
ပို၍ဆိုးရွားမှုမဖြစ်မချင်းအဆိုးသည်အကောင်းဘယ်တော့မှဖြစ်မလာ = Bad never becomes good till something worse happens.
ဟောင်သောခွေးများသည်တစ်ခါတရံမှသာကိုက်သည်
Barking dogs seldom bite.
သံပူနေတုန်းထုရိုက်ပါ
Beat out the iron while it is hot.
ငါးကိုမြင်သော်လည်းကျော့ကွင်းကိုမမြင်
Before you bit look for the snare.
သူတောင်းစားများသည် ရွေးချယ်ရမည့်သူများမဟုတ်
Beggars must not be choosers.
လူတော်တစ်ယောက်၏နောက်၌အခြား လူတော်များစွာရှိသည်
Behind an able man there are always other able man.
ဥာဏ်ပညာရှိခြင်းထက်ပျော်ရွှင်ခြင်းကပို၍ကောင်းသည်
Better be happy than wise.
လုံးဝရောက်မလာသည်ထက်စာလျှင်နောက်ကျရောက်လာသည်ကပို၍ကောင်းသေးသည်
Better late than never.
မရှိတာထက်မသိတာခက်
Better not to have, than not to know.
ရေစပ်နံဘေး၌ငါးရရန်မျှော်လင့်နေခြင်းထက်အိမ်ပြန်၍ကွန်ယက်သည်ကပို၍ကောင်းသေးသည်
Better return home and make a net than long for fish by the waterside.
လိမ်ညာမှုဖြင့်ကြီးပွားခြင်းထက်အမှန်တရားအတွက်ခံစားရခြင်းကပို၍ကောင်းသည်
Better suffer for truth than prosper by falsehood.
လူကြီးတစ်ဦးငိုကြွေးခြင်းထက်ကလေးငယ်တစ်ဦးငိုကြွေးခြင်းကပို၍ကောင်းသည်
Better the child cry than the old man.
မိခင်သက်ပြင်းချမည်ထက်ကလေးငယ်ငိုသည်ကပို၍ကောင်းသေးသည်
Better the child should cry than the mother sigh.
သင့်အားသဘာဝမကျစွာမြှောက်ပင့်ပြောဆိုသူကိုသတိထားပါ။သူသည်မတရား စွာအပြစ် တင်လိမ့်မည်
Beware of one who flatters unduly ; he will also censure unjustly.
ခဲလေသမျှသဲရေကျပမာ
Big attempts which end in failure. Vain efforts.
ကောင်းမွန်မှုများသည်ဘယ်သောအခါမှအစုလိုက်အပြုံလိုက်မလာ။ကံဆိုးမှုများသည် ဘယ်သောအခါမှတစ်ခုတည်းမလာ
Blessing never come in pairs: misfortunes never come alone.
သွေးသည်ရေထက်ပြစ်သည်
Blood is thicker than water.
ကမ္ဘာမီးလောင်သားကောင်ချနင်း
Blood may be thicker than water, but life is sweeter than blood.
စာအုပ်များနှင့်သူငယ်ချင်းများသည်နည်းနည်းနှင့်ကောင်းကောင်းဖြစ်သင့်သည်
Books and friends should be few and good.
စာအုပ်နှင့်မိတ်ဆွေကိုနည်းနည်းပဲထားသင့်သည် ၊ ဒါပေမယ့်ကောင်းရမည်
Books and friends should be few but good.
စာအုပ်စာပေလူ့မိတ်ဆွေ
Books are our friends.
သစ်ခက်များကိုဖြောင့်အောင်လုပ်၍ရကောင်းရမည်ဖြစ်သော်လည်းကြာမြင့်နေပြီူဖစ်သည့် ပင်စည်များကိုမူလုပ်၍မရ
Branches may be made straight, but not an old trunk.
အနိုင်ကျင့်သူများသည်သူရဲဘောကြောင်သူများဖြစ်သည်
Bullers are generally cowards.
အခြားလူများ၏အားနည်းချက်များဖြင့်ပညာရှိသူများသည်မိမိတို့၏အားနည်းချက်များကိုပြုပြင်သည် By others faults wise men correct their own.
အမေကျော်ဒွေးတော်လွမ်း
Care more for your mother than for your aunt. ( Gratitude should not be misplaced )
Credit to- အရှင်သူရဓမ္မခွန်မျိုးနွယ်
* မချဲ့ထွင်နဲ့ .....
* မချဲ့ထွင်နဲ့ .....
* ချဲ့ထွင်တာကို ``ပပဉ္စ´´လို့ ခေါ်တယ်။ ``ပပဉ္စ´´ဆိုတာတွေက တဏှာ, မာန, ဒိဋ္ဌိဆိုတဲ့ ဒီတရားသုံးပါးကို ခေါ်တာ။
* တဏှာလို့ခေါ်တဲ့ လိုချင်ရမ္မက် များလာရင်လည်း ချဲ့ထွင်တတ်တယ်။ နယ်မြေ၊ ရပိုင်ခွင့်၊ လာဘ, သိလောက-စသည်ပေါ့။
* မာနလို့ခေါ်တဲ့ မာန်မာနတက်ကြွလာရင်လဲ ငါ့နယ်မြေ, ငါ့ရပိုင်ခွင့်, ငါ့လာဘ်လာဘ, ငါ့ကျော်စောမှုစသည်ဖြင့် နယ်ပယ်ကန့်သတ် သတ်မှတ်သောအားဖြင့် နယ်မြေချဲ့ကြတယ်။
* ဒိဋ္ဌိသဘောအရ အယူအဆရေးရာမှာလဲ ငါ့အယူအဆ ငါ့ဘာသာရဲ့နယ်မြေစသည်အားဖြင့် နယ်မြေ ကျော်ကြားမှုစသည်ကို ချဲ့ထွင်လေ့ရှိကြတယ်။
* အင်း ပကတိနယ်မြေ, ရပိုင်ခွင့်, လာဘ, သိလောက ချဲ့ထွင် ချဲ့ထွင်ရင်းက သံသရာ သံသရာကြီးပါ ကျယ်ကျယ်လာရင်ဖြင့် ဘုရား ဘုရား ဒုက္ခနယ်ပယ်ကြီးလဲ မနဲတော့ပါလား ....
31.1.2016
Like
* ဘာပဲလုပ်လုပ် ရည်ရွယ်ချက်ကောင်းဘို့ လိုတယ်။
* ဘာပဲလုပ်လုပ် ရည်ရွယ်ချက်ကောင်းဘို့ လိုတယ်။
(ရွှေတောင်ဆရာတော်ကြီး)
* ကိုယ့်အတွက်နဲ့ သူတစ်ပါး ၀န်မတက်စေနဲ့ .....
* ကိုယ့်အတွက်နဲ့ သူတစ်ပါး ၀န်မတက်စေနဲ့ .....
(ရွှေတောင်ဆရာတော်ကြီး)
Li
* ရိုးသားဖြောင့်မတ်ဖို့အတွက် ......
* ရိုးသားဖြောင့်မတ်ဖို့အတွက် အဓိကအကျဆုံးကတော့ အတ္တ မာန ကင်းဖို့ပါပဲ ...
* အညစ်အကြေး .....
* အညစ်အကြေး .....
၁။ အတတ်ပညာရဲ့ အညစ်အကြေးက မလေ့လာခြင်း၊
၂။ အိမ်တစ်အိမ်ရဲ့ အညစ်အကြေးက မကြိုးစားမှု၊
၃။ အဆင်းရူပရဲ့ အညစ်အကြေးက ပျင်းရိမှု၊
၎။ စောင့်စည်းမှုရဲ့ အညစ်အကြေးက မေ့လျှော့မှု၊
၅။ မိန်းမတစ်ယောက်ရဲ့ အညစ်အကြေးက ဒုစရိုက်မှု၊ (ယောက်ျားလည်း တူ)
၆။ ပေးကမ်းမှုရဲ့ အညစ်အကြေးက မစ္ဆရိယ - နှမျောတွန့်တိုမှု၊
၇။ ပစ္စုပ္ပန်. တမလွန် နှစ်တန်သောဘ၀ရဲ့ အညစ်အကြေးက အကုသိုလ်၊
၈။ အားလုံးရဲ့ အညစ်အကြေးကတော့ အ၀ိဇ္ဇာပါပဲဗျာ .....
(အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ မလသုတ်)
* ပွဲလမ်းသဘင်ကောင်း ......
* ပွဲလမ်းသဘင်ကောင်း ......
* သူတော်ကောင်းမရှိသော ပွဲလမ်းသဘင်သည် ပွဲလမ်းသဘင်ကောင်း မဟုတ်။
* စကားကောင်းကို မဆိုတတ်သူကလည်း သူတော်ကောင်း မဟုတ်။
* နေသာ သဘာ ယတ္ထ န သန္တိ သန္တော၊
သန္တော န တေ ယေ န ၀ဒန္တိ ဓမ္မံ။
* ဓမ္မသာကစ္ဆာ .....
* ဓမ္မသာကစ္ဆာ .....
* တရားသဖြင့် ဆွေးနွေးမှုဆိုသည်မှာ ကိုယ်ပြောချင်တာကို တဖက်သတ် ပြောဆိုသွားခြင်းမျိုး မဟုတ်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် မေးဖြေခြင်း၊ အပြန်အလှန် ပြောဆိုခြင်းကို ဆိုလိုပါသည်။
* စိတ်ဓာတ်တည်ကြည်မှုဆိုတာ ...
* စိတ်ဓာတ်တည်ကြည်မှုဆိုတာ ...
* မိမိရဲ့ ရပိုင်ခွင့် လုပ်ပိုင်ခွင့်ကို မထေမဲ့မြင် မပြုသူ၊ သူတပါး ရပိုင်ခွင့် လုပ်ပိုင်ခွင့်ကို မမက်မောတတ်သူများသာ စိတ်ဓာတ်တည်ကြည်လေ့ ရှိကြတယ်။
* သလာဘံ နာတိမညေယျ၊ နာညေသံ ပိဟယံ စရေ။
အညေသံ ပိဟယံ ဘိက္ခု၊ သမာဓိံ နာဓိဂစ္ဆတိ။
* ရေသောက်မြစ် ....
* ရေသောက်မြစ် ....
* သမုဒယ သံယောဇဉ်
မေတ္တာ သံယောဇဉ်
ပေမ သံယောဇဉ်
ဂေဟ သံယောဇဉ်
ဘာ ... သံယောဇဉ်ပဲဖြစ်ဖြစ်
အရင်းစစ်ရင်တော့
အ၀ိဇ္ဇာ ရေသောက်မြစ်ပေါ့ .....
(13.1.2002)
* တွေးခဲ့မိတာလေးများ .....
* တွေးခဲ့မိတာလေးများ .....
* လူမှာ အရေးကြီးဆုံးက အသိတရား၊
* ဘ၀မှာ အရေးကြီးဆုံးက လုပ်ဆောင်ချက်၊
* လုပ်ဆောင်ချက်မှာ အရေးကြီးဆုံးက ယုံကြည်မှု၊
* ယုံကြည်မှုမှာ အရေးကြီးဆုံးက သဘာဝကျကျ တွေးခေါ်တတ်မှု ......
(1.8.1996)
* အချိန်ကို မလေးစားသရွေ့တော့ ကျရှုံးမှုဆိုတာ ရှိနေအုန်းမှာပါပဲ .....
(1.8.96 စာကျက်ချိန် အလေးမထားမိရာမှ)
* တန်ဘိုးထားစေချင်ရင် တန်ဘိုးရှိအောင် နေတတ်ရတယ်။
(5.10.94 - မကွေးမှ အပြန်)
* ပြုပြင်ပြောင်းလဲမှု မရှိတဲ့ အရာတိုင်းဟာ ပျက်စီးတတ်တယ်။
(3.1.2002)
* အဓိက,ကတော့ လုပ်ငန်းခွင်နဲ့ အလုပ်ကိစ္စ အံဝင်ခွင်ကျ ဖြစ်ဖို့ပါပဲ။ အဲဒါအတွက် လိုအပ်ချက်ကတော့ မဆုတ်မနစ်တဲ့ လုံ့လ၀ီရိယရှိဘို့ပါပဲ ....။
(5.1.2002)
* ပဲ့မရှိရင် မျောတတ်သလို ပန်းတိုင်မရှိရင်လည်း မောရတယ်ဗျာ ......
(7.1.2002)
* ခြစားနေသော မှန်တစ်ချပ် .....
* ခြစားနေသော မှန်တစ်ချပ် .....
* မိမိကျိုးပြစ်
ကြောင်းစိစစ်ဖို့
မှန်တစ်ချပ်ရှေ့
ကျွန်တော် ရောက်ခဲ့တယ် .....
* ကျွန်တော့်ကိုယ်ပွား
မှန်ပြဒါးမှာ
မှုံဝါးနေတယ်
အကြောင်း ဘယ့်နှယ်ပေါ့ .....
* မှန်ကို ကိုင်လှုပ်
ဖုံများ သုတ်တော့ ......
* ဟာ ....
ပြဒါနည်းပါး
ငါ့ မှန်သားမှာ
ခြစားနေပါလား .......
(19.12.98 - အဲဒီတုန်းက ရေးခဲ့တာနော် ....)
* မှန်တစ်ချပ်ရဲ့ ခံစားချက် ....
* မှန်တစ်ချပ်ရဲ့ ခံစားချက် ....
* လူသားတစ်ယောက်
အကျွန်ုပ်ရှေ့မှောက် ရောက်ရှိ
ယုံကြည်မှု အပြည့်နဲ့ပေါ့ .....
* လူသား ဆန္ဒ
အကျွန်ုပ်ဖြည့်ဖို့
မရှိပြဒါး
အားခဲထားပြီး
အကျွန်ုပ်ပြန်ကြည့်
အားမရှိခဲ့ .....
* အားငယ်စိတ်ထိ
ဟို ဒီ ကြည့်တော့
* ဟာ ....
ငါ့ကိုယ်ချပ်ပြား
ဘောင်ခတ်ထားပါလား ......
(19.12.98 - ရေနံ့သာ - မောင်သီ)
* ဘ၀ပြဿနာ အဖြေရှာ ......
* ဘ၀ပြဿနာ အဖြေရှာ ......
* လူ့ဘ၀ဆိုတာ အခက်အခဲပေါင်း မြောက်များစွာနဲ့ ပြည့်နှက်နေတဲ့ လွင်ပြင်တစ်ခုပဲ မဟုတ်လားဗျာ ....
* အဲဒီအခက်အခဲတွေ ပြဿနာတွေကို မိမိက လက်ခံလိုက်ရင် မိမိပြဿနာ၊ မိမိက လက်မခံရင် သူများ ပြဿနာပေါ့ဗျ ....
* တကယ်တော့ ဒါဟာ တစ်ဖက်သတ် အကောင်းမြင်ဝါဒ မဟုတ်ဘူးဗျ။ စစ်မှန်တဲ့ လေးနက်တဲ့ မှန်ကန်တဲ့ အယူအဆ တစ်ခုလို့ ထင်တယ်။ တနည်းအားဖြင့် စိတ်ရဲ့ စစ်မှန်တဲ့ သဘာဝပဲ မဟုတ်လား ....
* သစ္စာတရားနဲ့ ထိုးထွင်းသိမြင်မှုရဲ့ အခြားတစ်ဖက်မှာတော့ လောကရဲ့ အရှားပါးဆုံးပစ္စည်းက နှစ်ခုပဲရှိတယ်။ အဲဒါဟာ ဘာလဲဆိုရင် .....
* တကယ့်စစ်မှန်တဲ့ ဓနဥစ္စာ ရရှိရေးအတွက် သော့ချက်ဖြစ်တဲ့ ကိုယ့်အလုပ်ကို ယုံကြည်မြတ်နိုးခြင်းနဲ့ ပတ်ဝန်းကျင်အပေါ် မေတ္တာတရား ထားတတ်ခြင်း-ဆိုတဲ့ အချက်နှစ်ချက်ပါပဲ .....
* ဟုတ်ပါတယ်ဗျာ ....။ ယုံကြည်မှုဟာ တောတောင်ကြီးများကို ပြောင်းလဲ ပစ်နိုင်သလို မေတ္တာတရားဟာလဲ အဆိပ်ကိုပင် ပြေစေနိုင်တယ်လေ။
* ဒါကြောင့် ကျုပ်တို့တတွေ ဘ၀ပြဿနာတွေ ပြေလည်ဘို့အတွက် မိမိကိုယ့်ကို (သို့) မိမိလုပ်ရပ်အပေါ် ယုံကြည်မှုနဲ့ ပတ်ဝန်းကျင်အပေါ် မေတ္တာတရား ပွားများကြပါစို့ - ဟု တိုက်တွန်းလိုက်ရပါကြောင်း ......
(အရှင်သီလာစာရ၊ မြတောင် 2.2.2016)
* ရုန်းကန်နေရုံနဲ့တော့ ...
* ရုန်းကန်နေရုံနဲ့တော့ ...
* ရုန်းကန်နေရုံနဲ့တော့ ဘ၀ဟာ ပြည့်စုံမလာနိုင်ပါဘူး။ ရုန်းကန်မှုနဲ့အတူ စုဆောင်းတတ်မှလဲ ဘ၀ဟာ ပြည့်စုံနိုင်ပါတယ်။
(12.8.2000-နံနက် ဆွမ်းခံသွားခါနီး တွေးမိသည်)
* လေဆန်ကစားတဲ့ ရွှေပျံလွှား ...
* လေဆန်ကစားတဲ့ ရွှေပျံလွှား ...
* လုံ့လ၀ီရိယ လုပ်အားဖြင့်သာ အလုပ်သည် အောင်မြင်ပြီးစီး၏။
* ပြီးချင်သော စိတ်ဆန္ဒတစ်ခုတည်းဖြင့် အလုပ် မပြီးချေ။
* အိပ်နေသော ခြင်္သေ့၏ ပါးစပ်အတွင်းသို့ မည်သည့်သားကောင်မျှ အလိုအလျောက် ၀င်မလာပေ။
* သားကောင်းလိုချင်သော ခြင်္သေ့သည် တောလိုက်ရ၏။
* လွတ်လပ်မှုသည် မည်သည့်အချိန်အခါမဆို မြင့်မြတ်သော ဂုဏ်သိက္ခာနှင့် ပြည့်စုံလေ၏။
(တက္ကသိုလ် နေလင်းအောင်ရဲ့ “လေဆန်ကစားတဲ့ ရွှေပျံလွှာ”၀တ္ထုမှ)
* လူငယ်ဆိုတာ ...
* ခိုင်မာ ရဲရင့်
စွမ်းရည်မြင့်မား
ပြတ်သား ထူးချွန်
ကောင်းမွန် ရိုးသား
ကြိုးစား ထက်မြက်
အနာဂတ်အတွက် ဖြစ်ရမည် .....
* လူငယ်ဆိုတာ .....
၁။ စိတ်ဓာတ်ခိုင်မာရမည်၊
၂။ ရဲရင့်ရမည်၊
၃။ စွမ်းရည်မြင့်မားရမည်၊
၎။ တိကျ ပြတ်သားရမည်၊
၅။ ထူးချွန်ရမည်၊
၆။ စိတ်ဓာတ်ကောင်းမွန်ရမည်၊
၇။ ရိုးသားမြောင့်မတ်ရမည်၊
၈။ မဖြစ်မနေ ကြိုးစားရမည်၊
၉။ ထက်မြက်ရမည်။
* သုံးပွင့်ဆိုင် .....
* သုံးပွင့်ဆိုင် .....
* ပြသူ သင်သူ ချီးမြှောက်သူ၊ စိတ်တူ ညီညွတ်ကြ၊
* သံဃာနှင့် လူ၊ အုပ်ချုပ်သူ၊ ကြည်ဖြူ ညီညွတ်မှ၊
* မေတ္တာပန်းခိုင်၊ သုံးပွင့်ဆိုင်၊ ပြန့်လှိုင် တိုးတက်ရ ......
* မေတ္တာပေး၍ ……
* မေတ္တာပေး၍ ……
* တခါက ဗာရာဏသီပြည်မှာ အလွန်အဆင်းအလှနဲ့ ပြည့်စုံတဲ့ သမင်စုံတွဲလေးတစ်တွဲရှိခဲ့တယ်။ အဆင်းလှတယ်။ ခွန်အားရှိတယ်။ သမင်အပေါင်း ရှစ်သောင်းကျော်ကို အုပ်ချုပ်နေတယ်။
* တစ်နေ့ သမင်မင်းဟာ မုဆိုးကျော့ကွင်းမိတယ်။ သမင်မလေးက လူတို့ဘာသာစကားနဲ့ မုဆိုးဆီမှာ အသနားခံတယ်။ မုဆိုးလဲ သနားသွားပြီး သမင်မင်းကို ပြန်လွှတ်ပေးတယ်။
* ဒါပေမဲ့ အရိုးထိ ကျော့ကွင်းဒဏ်ရာ ရနေတဲ့ သမင်မင်း လျှပ်တစ်ပျက် မထနိုင်၊ မပြေးနိုင်။ ဒီအဖြစ်ကို ရိပ်စားမိတဲ့ မုဆိုးက ခြေဆုပ်လက်နယ်ပြုပေးတယ်။ တခဏအတွင်းမှာ အရှင်းကို အရှင်း ပျောက်သွားတယ်။
* အသား အရေ အကြောတွေပါ ပျတ်နေတဲ့ သမင်မင်းရဲ့ ဒဏ်ရာက ဘာကြောင့် တခဏအတွင်း ပျောက်ရသလဲ?
ဆိုတော့ -
၁။ သမင်မင်းရဲ့ ဖြည့်ခဲ့ဘူးတဲ့ ပါရမီ၊ ရှေ့ကုသိုလ်ကံ ကောင်းမွန်မှု၊
၂။ မုဆိုးကြီးရဲ့ မေတ္တာစွမ်းအင်၊
၃။ သမင်မလေးရဲ့ ရဲရင့်မှုနဲ့ သစ္စာတရား
ဒီတရားသုံးပါးကြောင့်ဆိုတာ လေ့လာတွေ့ရှိရတယ်။
* ဒီဖြစ်စဉ်ကို ကြည့်ပြီး ဦးဇင်းတို့တတွေလဲ -
၁။ လတ်တလော အာရုံပြုနိုင်မယ် ကုသိုလ်တစ်ခုခု၊
၂။ မိမိရဲ့ မေတ္တာစွမ်းရင်
၃။ ပတ်ဝန်းကျင်ရဲ့ မေတ္တာစွမ်းအင်တို့ကို ပေါင်းစပ်ပြီး ဒုက္ခသည်တစ်ယောက်, ဝေဒနာရှင်တစ်ယောက်ကို ကူညီနိုင် ကြမယ်ဆိုရင်ဖြင့် …….
(5.2.2016)
* အားလုံးပဲ မေတ္တာပေး၍ အေးချမ်းနိုင်ကြပါစေ .....
* အားနည်းလာရင်တော့ .....
* အားနည်းလာရင်တော့ .....
* လောကသဘာဝက သဒ္ဓါတရားလို့ ခေါ်တဲ့ ယုံကြည်ချက် အားနည်းလာရင် လူတွေဟာ ၀ီရိယလို့ခေါ်တဲ့ ကြိုးစားချင်စိတ်တွေ အားနည်းလာတတ်တယ်။
* ကြိုးစားချင်စိတ် အားနည်းလာရင်လည်း သတိတရားတွေ ချွတ်ချော် အားနည်းလာတတ်တယ်။
* သတိတရား အားနည်းလာရင် ပညာတရားလည်း အားနည်းလာတတ်တယ်။
* အဲဒီ သဒ္ဓါ, ၀ီရိယ, သတိ, ပညာတွေ အားနည်းလာပြီဆိုရင် နည်းမှားတွေကို နည်းမှန်တွေထင်ပြီး သုံးစွဲလာတတ်ကြတယ်။
* ဒါဆိုရင်တော့ မင်း လောကကြီး ပျက်စီးပြီပေါ့ကွာ ....
* ဒါကြောင့် လောကကြီး မပျက်စီးရအောင် သဒ္ဓါ, ၀ီရိယ, သတိ, ပညာတွေ အားကောင်းအောင် လုပ်ဖို့ ...လိုကြောင်း ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော်ကြိးမှ သြ၀ါဒပေးသနားခဲ့ပါသည်။
(13.7.2014) ရက်နေ့က
* မနီကလေး .....
* မနီကလေး .....
* မနီကလေး ဘယ်ကလာ
အိမ်က ထွက်လို့လာ ....
မနီကလေး ဘယ်ကိုသွား
စာသင်ကျောင်းကို သွား ...
စာသင်ကျောင်းက ဘာတွေသင်
စာရေး စာဖတ် သင် .....
စာရေး စာဖတ် ဘာလုပ်ဖို့
မနီကလေး လိမ်မာဖို့ .....
* မနီကလေး ပန်းပန်ချင်
ပန်းဥယျာဉ်ကို ၀င် ....
ပန်းပန်ချင်လျှင် ပန်းပင်ပျိုး
အများအကျိုး ကိုယ့်အကျိုး .......
* မနီကလေး မိုးစိုစို
ဇရပ်ရိပ်မှာခို
မိုးခိုချင်ရင် ဇရပ်မိုး
အများအကျိုး ကိုယ့်အကျိုး .....
* မနီကလေး ထမင်းဆာ
လယ်တောဆီကိုလာ
ထမင်းဆာရင် ကောက်ပင်ပျိုး
အများအကျိုး ကိုယ့်အကျိုး ......
* ပေးကမ်းနိုင်မှ ယဉ်ကျေးမည် ....
* ပေးကမ်းနိုင်မှ ယဉ်ကျေးမည် ....
* အဒန္တ ဒမနံ ဒါနံ၊ အဒါနံ ဒန္တဒူသနံ ........
* ပေးကမ်းခြင်းဟာ မယဉ်ကျေးသူကို ယဉ်ကျေးစေနိုင်သလို ပေးသင့်ပေးထိုက်တဲ့ အခွင့်အရေးတစ်ခုကို မပေးခြင်းကတော့ ပင်ကိုယ်ယဉ်ကျေးသူကိုတောင် ရိုင်းဆိုင်းသွားစေနိုင်ပါတယ်။
* လောကကြီးပွားကြောင်းတရား .......
* လောကကြီးပွားကြောင်းတရား .......
၁။ မဖြစ်မနေ ကြိုးစားရမယ်
၂။ သတိမြဲမြန်ရမယ်
၃။ လုပ်ဆောင်ချက် စင်ကြယ်ရမယ်
၎။ စူးစမ်းဆင်ခြင်ပြီး လုပ်ဆောင်ရမယ်
၅။ ဣနြေ္ဒ စောင့်စည်းရမယ်
၆။ တရားသဖြင့် အသက်မွေးတတ်ရမယ်
၇။ မမေ့မလျော့ရဘူး ........
ဒီအချက် (၇) ချက်နဲ့ ပြည့်စုံရင် စည်းစိမ် ဥစ္စာ ကျော်ဇောမှုများနဲ့ ပြည့်စုံတယ်။
* ဥဋ္ဌာန၀တော သတိမတော၊ သုစိကမ္မဿ နိသမ္မကာရိနော။
သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ ယသောဘိဝဒ်ဓတိ။
(ဗုဒ္ဓ၊ ဓမ္မပဒ
)
* ဒို့တတွေ အိုလာကြရင် .....
* ဒို့တတွေ အိုလာကြရင် .....
၁။ ဒို့တတွေ အိုလာကြတဲ့အခါ ဒို့သား သမီး တပည့်တွေက ဒို့ကို ပြန်လည် ကျွေးမွေးစောင့်ရှောက်ကြရင် ကောင်းမှာပဲ .....
၂။ ဒို့တတွေ အိုလာကြရင် ဒို့သား ဒို့သမီး ဒို့တပည့်တွေက ဒို့တာဝန်တွေကို ပခုံးပြောင်း ထမ်းဆောင်ကြရင် ကောင်းမှာပဲ ....
၃။ ဒို့တတွေ အိုလာကြရင် ဒို့သား ဒို့သမီး ဒို့တပည့်တွေ ဒို့အမျိုးအနွယ်တွေ မပျောက်ပျက်အောင် အမျိုးစောင့်ကြရင် ကောင်းမှာပဲ ....
၎။ ဒို့တတွေ အိုလာကြရင် ဒို့သား ဒို့သမီး ဒို့တပည့်တွေက ဒို့ရဲ့ ကောင်းမွေ ဆိုးမွေလေးတွေ ဆက်ခံနိုင်ကြရင် ကောင်းမှာပဲ .....
၅။ ဒို့တတွေနဲ့ လမ်းခွဲကြရရင် ဒို့သား ဒို့သမီး ဒို့တပည့်တွေက ဒို့အတွက် သံသရာခရီးလက်ဆောင် (အမျှ) ပေးဝေကြရင် ကောင်းမှာပဲ .......လို့များ မိဘတွေ ဆရာသမားတွေက တွေးနေကြလား မသိဘူးနော် .......
* ဘယ်စကား ပြောမှာလဲ?
* ဘယ်စကား ပြောမှာလဲ?
* ပြစ်တင်ကဲ့ရဲ့တဲ့ စကားဟာ ဒေါသနဲ့ မာန်မာနကြောင့် ဖြစ်လာတာပါ။
* ဆုံးမစကားဟာ မေတ္တာနဲ့ ကရုဏာတရားကြောင့် ဖြစ်လာတာပါ။
ကဲ့ .... မိတ်ဆွေ ဘယ်စကား ပြောမှာလဲ၊ ဘယ် စကား နားထောင်မှာလဲ?
* 7.2.2016 တွေးမိတာလေး
* 7.2.2016 တွေးမိတာလေး
* ခွင့်လွှတ်လိုက်ခြင်းဟာ အပြစ်ပေးခြင်းထက် ပိုမိုထိရောက်ပါတယ်။
* တစ်နပ်စားပဲကြည့်တဲ့သူက သက်တမ်းမရှည်ဘူး .......
* ကိုယ့်ကိုယ်ကို မကျေနပ်ခြင်း၊ အလိုမကျခြင်းဟာ ကိုယ့်ဘ၀ကို အခြေခံက,စ အရှုံးပေးလိုက်ခြင်းပါပဲ ....
* ယုံကြည်မှုဆိုတာက ကိုယ်ဘာသာကို လုပ်ယူမှ ရတယ်၊ ခိုင်မြဲတယ်။
* လူဆိုတာ ကိုယ့်ရဲ့မှတ်တမ်းကို ကိုယ်ပြန်ဖတ်ရဲတဲ့ သတ္တိရှိဖို့ လိုတယ်။
* မညီမျှရင်တော့ .....
* မညီမျှရင်တော့ .....
* ယုံကြည်ချက် ခိုင်မာသလောက် အသိပညာမလိုက်နိုင်ရင် အရာမဟုတ်သည်၌ ယုံကြည်တတ်တယ်။
* အသိပညာတွေ သိပ်ကြွယ်သလောက် ယုံကြည်မှုအားနည်းလာရင် ကောက်ကျစ်စဉ်းလဲတတ်တယ်တဲ့ .....
* ဗလ၀သဒ္ဓေါ ဟိ မန္ဒပညော၊ မုဒပ္ပသန္နော ဟောတိ၊ အ၀တ္ထုသ္မိံ ပသီဒတိ။
* ဗလ၀ပညော မန္ဒသဒ္ဓေါ ကေရာဋိကပက္ခံ ဘဇတိ။
* လူဖြစ်ရှုံးသူ ......
* လူဖြစ်ရှုံးသူ ......
၁။ လှူဖွယ်ဝတ္ထုလည်းရှိ၏၊ အလှူခံပုဂ္ဂိုလ်လည်းရှိ၏။ သို့သော် မပေးလှူတတ်၊
၂။ ယုတ်မာသဖြင့် အသက်မွေးလေ့ရှိ၏။
၃။ အရင်းအနှီးရှိပါလျက် မိမိ၏ မှီရာ စီးစိမ်ဥစ္စာ ကြီးပွားကြောင်း မလုပ်။
ထိုသူမျိုးသည် လူဖြစ်ရှုံး၏ - ဟု ဒု , သ , န, သောဟူသော ကြာကူလီသမားလေးယောက်ထဲမှ ပဌမကြာကူလီသမားက ပြောသွားပါတယ်။
* အလှူဒါနငါးမျိုး ....
* အလှူဒါနငါးမျိုး ....
 ၁။ မနာပဒါယီ - အလှူခံပုဂ္ဂိုလ် နှစ်သက်တာကို လှူရမည်။
၂။ ပဏီတဒါယီ - မွန်မြတ်တာကို လှူရမည်။
၃။ သက္ကစ္စဒါယီ - ရိုရိုသေသေ ပေးလှူရမည်။
၎။ ဂါရဝဒါယီ - လေးလေးစားစား လှူရမည်။
၅။ ကာလဒါယီ - အချိန်အခါနှင့် လျှော်ညီစွာ လှူရမည်။
Wednesday, February 3, 2016
* ဂိလာနသုတ် .......
* ဂိလာနသုတ် .......
* ပဌမဂိလာနသုတ် .....
         * ၁၉၅။ ဧကံ သမယံ ဘဂ၀ါ ရာဇဂဟေ ၀ိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန အာယသ္မာ မဟာကဿပေါ  ပိပ္ပလိဂုဟာယံ ၀ိဟရတိ အာဗာဓိကော ဒုက္ခိတော ဗာဠှဂိလာနော။ အထ ခေါ ဘဂ၀ါ သာယနှသမယံ ပဋိသလ္လာနာ ၀ုဋ္ဌိတော ယေနာယသ္မာ မဟာကဿပေါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ၊ နိသဇ္ဇ ခေါ ဘဂ၀ါ အာယသ္မန္တံ မဟာကဿပံ   ဧတဒဝေါဒ -
         “ကစ္စိ တေ ကဿပ ခမနီယံ၊ ကစ္စိ ယာပနီယံ၊ ကစ္စိ ဒုက္ခာ ဝေဒနာ ပဋိက္ကမန္တိ နော အဘိက္ကမန္တိ၊ ပဋိက္ကမောသာနံ ပညာယတိ နော အဘိက္ကမော”တိ။ န မေ ဘန္တေ ခမနီယံ၊ န ယာပနီယံ၊ ဗာဠှာ မေ ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ နော ပဋိက္ကမန္တိ၊ အဘိက္ကမောသာနံ ပညာယတိ နော ပဋိက္ကမောတိ။
         သတ္တိမေ ကဿ   ဗောဇ္ဈင်္ဂါ မယာ သမ္မဒက္ခာတာ ဘာဝိတာ ဗဟုလီကတာ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တန္တိ။ ကတမေ သတ္တ?
          သတိသမ္ဗောဇ္ဈင်္ဂေါ ခေါ ကဿ   မယာ သမ္မဒက္ခာတော ဘာဝိတော ဗဟုလီကတော အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တိ။
         ဓမ္မ၀ိစယသမ္ဗောဇ္ဈင်္ဂေါ -
         ပီတိသမ္ဗောဇ္ဈင်္ဂေါ -
         ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂေါ -
         သမာဓိသမ္ဗောဇ္ဈင်္ဂေါ -
        ဥပေက္ခာသမ္ဗောဇ္ဈင်္ဂေါ ခေါ ကဿ   မယာ သမ္မဒက္ခာတော ဘာဝိတော ဗဟုလီကတော အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တိ။
         ဣမေ ခေါ ကဿပ  သတ္တ ဗောဇ္ဈင်္ဂါ မယာ သမ္မဒက္ခာတာ ဘာဝိတာ ဗဟုလီကတာ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တန္တိ။ တဂ္ဃ ဘဂ၀ါ ဗောဇ္ဈင်္ဂါ၊ တဂ္ဃ သုဂတ ဗောဇ္ဈင်္ဂါတိ။
      ဣဒမဝေါစ ဘဂ၀ါ။ အတ္တမနော အာယသ္မာ မဟာကဿပေါ  ဘဂ၀တော ဘာသိတံ အဘနန္ဒိ။ ၀ုဋ္ဌဟိ စာယသ္မာ မဟာကဿပေါ   တမှာ အာဗာဓာ၊ တထာပဟီနော စာယသ္မတော မဟာကဿပဿ   သော အာဗာဓော အဟောသီိတိ။   ။ (စတုတ္ထံ)
Tuesday, February 2, 2016
* ဥစ္စာယိုပေါက် ......
* ဥစ္စာယိုပေါက် ......
၁။ သေရည်သေရက် သောက်စားမှု
၂။ အချိန်အခါမဲ့ လမ်းသလားမှု
၃။ ပွဲလမ်းသဘင်၌ ပျော်မွေ့မှု
၎။ အလောင်းအစားလွန်ကျူးမှု
၅။ ပါပမိတ္တပေါင်းသင်းမှု
၆။ ပျင်းရိမှု
ဤခြောက်ခုထဲမှ တပါးပါးနှင့် ငြိလျှင်ပင် စည်းစိမ်ဥစ္စာ ပျက်ဆီးရ၏။ ခြောက်ပါးလုံး ပြည့်စုံလျှင်ကာ ဆိုဖွယ်ရာ မရှိပေ .....
သိင်္ဂါလသုတ်
* လောကပြဿနာ အဖြေရှာ ...
* လောကပြဿနာ အဖြေရှာ ...
* ဘဝပြဿနာ အဖြာဖြာနှင့် ကြုံတွေ့ရသောအခါ -
၁။ ကျွမ်းကျင်မှု
၂။ ရဲ့ရင့်မှု
၃။ ဥပါတမျဉ်း၌ လိမ္မာမှု
ဤသုံးခုနဲ့ဖြေရှင်းပြ အောင်မြင်နိုင်ကြောင်း ဇာတကအဋ္ဌကထာ၊ တယောဓမ္မဇာတ်တော်မှာ လေ့လာတွေ့ရှိရပါသည်။
* ရင်ခုန်မိတာ အပြစ်လား ......
* ''ရင်ခုန်မိတာ အပြစ်လား''
* ဒီနေ့က တိတ်ဆိတ်တဲ့ ညလေးတစ်ညပေါ့။ လေပြေက ခပ်သွေးသွေး၊ လရောင်က ညအမှောင်ကို ဖြတ်ပြေးနေတော့ ကျွန်မဘ၀အတွက် 'အမှတ်တရ ည'လို့ ဆိုရမှာပေါ့…ရှင်။ အဲဒီထက် ပိုလွမ်းစရာ ကောင်းတာက ကျွန်မကို ပေးခဲ့တဲ့ တစ်သိန်းတန် ပုလဲသွယ် လည်ဆွဲလေးလေ။ မောင်တော်က ချစ်သက်လက်ဆောင်အဖြစ် ပေးခဲ့တာ။ အဲ..လေ.. ကျွန်မ 'ရင်ခုန်သံ မှားခဲ့တာလား' ဆိုတာကိုတော့ ကျွန်မကိုယ်တိုင် မသိခဲ့တာ အမှန်ပါ။ ကျွန်မက တိတ်တခိုး ချစ်နေမိလို့လေ။
(၁)
* ကျွန်မက ကိသာဂေါတမီပါ။ သိဒ္ဓတ်မင်းသားရဲ့ ဘထွေးတော် သမီးပေါ့။ မောင်တော်သိဒ္ဓတ်နှင့် မောင်နှမ တစ်ဝမ်းကွဲ တော်တယ်လေ။ အင်း… ပြောသာ ပြောရတာ ကျွန်မကို လူတွေက သိပ် သိကြမှာ မဟုတ်ပါဘူး။ အများက အမတော် ယသော်ကိုပဲ အာရုံထားနေကြမှာပါ။ အမက သိပ်ချော သိပ်လှ၊ မောင်တော်သိဒ္ဓတ်ရဲ့ ဘ၀ကြင်ဖော်လည်း ဖြစ်နေတာကိုး။
* ကျွန်မကလည်း ခေသူတော့ မဟုတ်ပါဘူး။ ကဗျာ လင်္ကာတွေ အလွတ်တမ်း စပ်ဆိုနိုင်တဲ့သူပါ။ ရုပ်ရည်အနေနဲ့လည်း အမတော် ယသော်ကို မယှဉ်နိုင်ပေမဲ့ မျိုးရိုးအလှ ရှိပြီးသားပါ..ရှင်။ နန်းတွင်း အဆိုရှင်တစ်ဦးရဲ့ ဘ၀ဟာ မောင်တော်သိဒ္ဓတ်နဲ့ ဝေးနေပြီးသားပါ။
* ဒါပေမဲ့ မိန်းမသားတို့ ဘာဝ တိတ်တခိုးနဲ့ ချစ်မိုးဆွေခဲ့ရတာ မောင်တော်သိဒ္ဓတ် နန်းတက်ပြီးတာတောင်မှ မစဲသေးပါဘူး။ မောင်တော်ကို မြင်တိုင်း ရင်ခုန်လှိုင်တွေ အတိုင်းသား ကြားနေရဆဲပါ။
(၂)
* တစ်နေ့ မောင်တော်သိဒ္ဓတ် ဥယျာဉ်က ပြန်လာတာကို ကျွန်မ တစ်ပင်တိုင် နန်းပြာသာဒ်ပေါ်ကနေ လှမ်းမြင်နေရတယ်။ အို….ဒီနေ့ မောင်တော်ကို ကြည့်ရတာ သိပ် ကျက်သရေ ရှိတာပဲ။ အရင်နေ့တွေနဲ့ လားလားမှ မတူတာ။ ဒီတစ်ခါ နှလုံးခုန်မှားတာ မဟုတ်လောက်ဘူး။ ရင်ထဲကို တကယ် ငြိမ်းအေးစေ တဲ့ ချစ်ခြင်းရယ်ပါ။ အဖြူပေါ် အမည်းတစ်စက်တော့ ကွက်မိလိုက်ပြီ….ရှင် ။ စိတ်ထဲမှာ ဘယ်လိုမှ ထိန်းမရတော့ဘူး။ အလိုလို လျှံထွက်လာမိတာပါ။
* အို….မောင်တော်ရယ်……..မောင်တော့်ကို မြင်ရတာ ငြိမ်းချမ်းလိုက်တာလေ… တကယ်ပါပဲ။ ကျွန်မက အဆိုကောင်း အသံကောင်း ဆိုတဲ့အတိုင်းပဲ နှုတ်ကနေ လွှတ်ခနဲ ထွက်သွားမိတယ်….။
* ''အို…သယ်ချင်းမတို့…
ဒီလို အတုမရှိတဲ့သားရဲ့ သားကောင်းမိခင်ဟာ ငြိမ်းအေးလိုက်မည့်ဖြစ်ခြင်း၊
ဒီလို အတုမရှိတဲ့သားရဲ့ သားကောင်းဖခင်ဟာ ငြိမ်းအေးလိုက်မည့်ဖြစ်ခြင်း၊
ဒီလို အတုမရှိတဲ့လင်ယောက်ျားရဲ့ လင်ကောင်းဇနီးဟာ ငြိမ်းအေးလိုက်မည့်ဖြစ်ခြင်း (ငြိမ်းအေးလေစွ)"
ဒီလိုစကားတွေ ကျွန်မနှလုံးသားထဲက မတောင်းဆိုဘဲ ဖြစ်ပေါ်သွားမိတာ ကျွန်မကိုယ် ကျွန်မ အံ့သြမိတယ်….ရှင်။ တကယ်ပါပဲ။
(၃)
* ဒီစကားကို ဥယျာဉ်ကနေ နန်းတော်ကို ပြန်လာတဲ့ မောင်တော်သိဒ္ဓတ်
မြင်းပေါ်ကနေ ကြားမိသွားတယ် ထင်ပါရဲ့။ ကျွန်မ ရွက်ပုံးအပျော်လေး
ပျော်ဝင်ခဲ့မိတယ်။ သိပ်…မကြာလိုက်ပါဘူး။ ကျွန်မ ထင်တဲ့အတိုင်းပဲ။ ကိုယ်လုပ်တော် တစ်ယောက် ကျွန်မထံ အပြေးအလွှား ခစားဝင်လာပြီး သိပ်လှတဲ့ တစ်သိန်းတန် ပုလဲသွယ် လည်ဆွဲလေး လာပေးတယ်။
* ကျွန်မ နှုတ်ကနေ လွှတ်ခနဲ ''အို..ဒါ မောင်တော်သိဒ္ဓတ် အမြဲ စွဲထားတဲ့ လည်ဆွဲလေးပါ. .လား''ဆိုပြီး ချစ်ရှက်ကလေး တစ်ချက် ဖြတ်သန်းသွား
မိတယ်။ နောက်မှ သတိထားမိပြီး ကိုယ့်နှုတ်ခမ်းလွှာကို ကဗျာဆန်ဆန် လက်ကနေနဲ့ ခပ်ဖွဖွလေး အုပ်လိုက်မိတယ်။
* ''အင်းပေါ့လေ…။ ဖြစ်နိုင်တာပေါ့.. သေချာပါတယ်လေ။ အမတော် ယသော်က ဒီနေ့ပဲ သားတော်လေး ဖွားမြင်ခဲ့တာ။ သားတစ်ယောက်မိခင် ဖြစ်နေပြီလေ။ ငါက အပျိုစင်လေး ဆိုတော့…အဟိ…။ မောင်တော်က သိပ် ခန့်ငြားသလို ဟန်ဆောင်လည်း အရမ်းကောင်းတာပဲ။
ကြည့်ပါလား…နှစ်သက်တယ်ဆို ဒီလောက် ဖြစ်ပြစရာ မလိုပါဘူး။ ကျွန်မက မဆွတ်ခင်က ညွတ်ပြီးသားပါ၊ မချွေခင်က ကြွေပြီးသားပါ…ရှင်။ မောင်တော် သိဒ္ဓတ် ငါ့ကို နှစ်သက်မြတ်နိုးလို့ ခုလို သူ့ရဲ့လည်ဆွဲလေး ပေးခိုင်းတာ။ ချစ်သက် လက်ဆောင်လေး ပေါ့..နော်။''
(၄)
* အဲဒီလိုမျိုး ကျွန်မတစ်ယောက် ညတစ္ဆေ ချောက်ခံနေရသလို လည်ဆွဲလေးကို ပွတ်လိုက်၊ ရင်ထဲက စကားသံတွေ ချွေလိုက်နဲ့ မိုးလင်းသွားတာတောင် မသိလိုက်ဘူး။ အိပ်ယာက နိုးတော့ နန်းတော်တစ်ခွင်လုံး ဆူညံနေလိုက်တာ ရှင်။
* ဒါနဲ့ ကျွန်မလည်း အပြေအလွှား နားစွင့်လိုက်တယ်။ ''အို…မောင်တော်က လူ့ဘောင်စွန့်ပြီး တောထွက်သွားတယ် ဆိုပါလား…။'' ကိုယ့်နားကိုတောင် မယုံချင်ဘူး။ ညက အဖြစ်က အိပ်မက်လေလား…၊ တစ္ဆေလား…ပေါ့။ ကျွန်မ မသိချင်တော့ဘူး၊ မခံစားနိုင်တော့ဘူး..ရူးချင်လိုက်တာ…ရှင်။ ကျွန်မ ပေါင်းဖက်ဖို့ မမျှော်လင့်ပါဘူး။ နီးစပ်ဖို့လည်း မတောင်းဆိုရဲပါဘူး။ အရင်ကလို အဝေးကနေ ဆွေးခွင့်ရရုံလေးပါ။ အနားမှာ ခစားရရုံ သက်သက်လေးပဲ ရချင်တာပါ။ မောင်တော်ရယ်…နန်းတော်မှာ အပျော်တွေ ပါးသွားလို့လား…။ ကျွန်မ အသံတွေ ကျီအာသံလို ဟန်မကျ ဖြစ်နေလို့လား… ရှင်။
* နန်တော်မှာ မောင်တော် မရှိတော့ဘူးဆိုတဲ့ အသိက ကျွန်မတင် မကပါ ဘူး။ နန်းတွင် နန်းပြင် မိုးမြေတစ်ခွင်လုံး အထီးကျန်သွားခဲ့တာ မောင်တော် မသိ ကျိုးကျွန် ပြုလိုက်တာလား…။ ရက်စက်လိုက်တာ မောင်တော်..ရယ် လို့
ပြောမထွက်သလို အမှန်တရားအတွက် ကြင်နာတဲ့ အဖြစ်အပျက်တွေ
ပေးသွားတယ်ရယ်လို့လည်း မှတ်ချက် မပေးရက်ပါဘူး..ရှင်။ မောင်တော်ကို အမြဲ နားလည် ပေးနေသူပါ။
(၅)
* နောက်မှ ကြားသိရတာက မောင်တော်သိဒ္ဓတ် ကျွန်မကို ပေးတဲ့လက်ဆောင်က သူ့ကို တောထွက်ဖြစ်အောင် လမ်းညွှန်ပေးလို့ "ဆရာခ''အဖြစ်တဲ့…လေ။
ကောင်းကြသေးရဲ့လား..။ ခုတော့ ''မုဆိုးမ သွားရာ မိုးလိုက်လို့ ရွာ" မဟုတ်
တော့ဘူး။ တစ်ဖက်သတ် အဖြစ်ဟာ ဆိုးလိုက်တာ…နော် လို့ အော်ဟစ်လိုက် ချင်တယ်…ရှင်။
* ကြည့်စမ်း..ကျွန်မ သီဆိုကျူးရင့်တဲ့ စကားကို မောင်တော် စဉ်းစားသွားပုံက အံ့သြဖွယ်ပါ။ ကျွန်မ ရင်ကို တုန်လှုပ်သွားစေတယ်လေ။ ဘာတဲ့…."ဒီလို ခန္ဓာကိုယ်အတ္တဘောကို မြင်ရသူ မိခင်၊ ဖခင်၊ ဇနီးတို့ဟာ ဘယ်လိုများ ငြိမ်းအေးတာလဲ..တဲ့။ အော် ငါ သိပြီ၊ ညီမလေး ကိသာ သိစေချင်တာက 'ရာဂမီး ငြိမ်းမှ၊ ဒေါသမီး ငြိမ်းမှ၊ မောဟမီး ငြိမ်းမှ၊ မာန ဒိဋ္ဌိစတဲ့ ကိလေသာပူ အားလုံး ငြိမ်းမှ ငြိမ်အေးတယ်'လို့ ဆိုလိုတာ ဖြစ်မယ်"..တဲ့။
* သြော် ကြီးကျယ်မြင့်မြတ်တဲ့ မောင်တော်ရယ်….အကြီးကြီး စဉ်းစားလိုက်ပုံများ။ ကျွန်မ ရင်ခုန်သံတွေ အလွဲလွဲ အမှားမှား ဖြစ်ခဲ့ရ၊ တစ်ထောင့်တစ်ည ထင်ခဲ့ရ ပါဘိ..နော်။ ရင်ခုန်မိတာ အချစ်လား…ရှင်၊
ကျွန်မ ရင်ခုန်မိတာ အပြစ်များ ဖြစ်သွားပြီလား..ရှင်။
"ရင်ခုန်မိတာ အပြစ်လား"
အချစ်မှာ မျက်စိ မရှိ
တကယ် သိပေမဲ့
ခုန်ခဲ့မိတယ် ဒီရင်ထဲ
အကြင်နာ ရက်က နှစ်ဆ ပိုကဲ။
နဂိုရ်ကတည်းက ညွတ်ချင်
မဆွတ်ခင်က ကြွေလုလု
ငါ အခု ဖြစ်လိုက်ပုံများ
ပျော်ရမှာ…လား
ငိုရမှာ..လား၊
သြော်….ငါ့ဘ၀နှယ်
ကံဇာတ် ငယ်လိုက်ပုံများ
အဝေးက ဆွေးခွင့်လေးတောင်
ရက်ချိန် မပေးလိုက်ရဘူး
အနီးကပ် ဖူးခွင့်တောင်
အသိတစ်ချက် မထပ်လိုက်ရဘူး။
မိကိသာ….ရေ
နင့် ရင်ခုန်သံက
ကမ္ဘာတစ်ခြမ်း လှမ်းနေပြီ
နင့် အသည်းတစ်ခြမ်းက
အမြဲ နွမ်းနေပြီ၊
အဖြူတစ်သက်မှာ
အမည်းတစ်စက် ဖက်လိုက်သလို
နောက်ဆုံးတော့…..
တစ်လောကလုံးကို အော် မေးလိုက်ပါရစေ…ရှင်
ရင်ခုန်မိတာ အချစ်…လား
ကျွန်မ ရင်ခုန်မိတာ အပြစ်လား…။ ။
မှီးငြမ်း။ ။ ဇာတက၊ဋ္ဌ၊၁၊၇၁။ ဓမ္မပဒ၊ဋ္ဌ၊၁၊၅၄။ အဋ္ဌသာလိနီ၊ဋ္ဌ၊၇၆။ ဗုဒ္ဓ၀ံသ၊ဋ္ဌ၊ ၃၂၈။ မှာ ပါရှိတဲ့ ကိသာဂေါတမီရဲ့ ရင်ခုန်သံကို ပြန်လည်ခံစား ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။
(မှတ်ချက်) ကိသာဂေါတမီ (၃)ယောက် ရှိပါတယ်။
၁။ အထည်ကြီးပျက် သူဆင်းရဲမျိုးမှ မွေးဖွားလာတဲ့ ပိန်လှီတဲ့ဂေါတမီ (ကိသာဂေါတမီ)။ အများသိနေတဲ့သူပါ။ (အပဒါန၊ဋ္ဌ၊၂၂၄။)
၂။ ဘုရားရှင်၏ ဘထွေးတော် သမီး၊ မောင်နှမ တစ်ဝမ်းကွဲ၊ မင်းမျိုး ကိသာဂေါတမီ။ ယခု တင်ပြတဲ့သူပါ။ (ဇာတက၊ဋ္ဌ၊၁၊၇၁။ ဓမ္မပဒ၊ဋ္ဌ၊၁၊၅၄။ အဋ္ဌသာလိနီ၊ဋ္ဌ၊၇၆။ ဗုဒ္ဓ၀ံသ၊ဋ္ဌ၊၃၂၈။)
၃။ တိဿဘုရားရှင်၏ မြတ်သောအလုပ်အကျွေးမ (အဂ္ဂုပဋ္ဌိကာ) ကိသာဂေါတမီ။ (ဗုဒ္ဓ၀ံသ၊၃၆၁။)
* အိမ်မြှောင် .....
* အိမ်မြှောင် .....
* နေ့အခါ အမြဲတမ်း အိပ်နေသူ၊
* ညအခါ အမြဲတမ်း မူးနေသူ၊
* သောက်စားအာရုံ ကာမဂုဏ် လွန်ကျူးနေသူ
ဖျင်းညံ့သော ဤသူဦးသည် အိမ်ထောင်ဦးစီး မဖြစ်နိုင်။ အိမ်မြှောင်သာ ဖြစ်သည်။
* န ဒိဝါ သောပ္ပသီသေန၊ ရတ္တိမုဋ္ဌာန ဒေသိနာ။
နိစ္စံ မတ္တေန သောဏ္ဍန၊ သက္ကာ အာဝသိတုံ ဃရံ။ ။
* ဒုက္ခဖြေနည်း ရှာဖွေကြပါစို့ ….
* ဒုက္ခဖြေနည်း ရှာဖွေကြပါစို့ ….
* အကျွန်ုပ်တို့သည်ကား ပုထုဇဉ်လူသားများဖြစ်ကြ၏။
* ပုထုဇဉ်ဟူသည် “ပုထုကိလေသေ ဇနေတီတိ ပုထုဇ္ဇနော”တဲ့။ “ကိလေသာထူပြောသူ”ဟု အဓိပ္ပာယ်ရ တယ်။ ထို့ကြောင့် ဒုက္ခပေါင်းစုံနှင့် ကြုံတွေ့ကြရ၏။ ထိုသို့ဒုက္ခပေါင်းစုံရှိကြသော်လည်း အချုပ်အားဖြင့် သမုတိဒုက္ခ - မျက်မြင်ဆင်းရဲနှင့် ပရမတ္ထဒုက္ခ - မြင်နိုင်ခဲ့သောဆင်းရဟူ၍ နှစ်မျိုးသာရှိ၏။ ထိုသို့သော ဒုက္ခများကို ဘယ်လူသား ဘယ်သတ္တ၀ါမှ မခံစားချင်ကြ။ ထို့ကြောင့် ကြုံလာသမျှကို ဒုက္ခများကို မိမိတို့ ကိုးကွယ်ရာ ယုံကြည်ရာ ဘာသာတရားအလျောက် အတွေ့အကြုံအလျောက် ဖြေရှင်းကြ၏။ ပြေပျောက်သည်လည်းရှိ၏။ မပြေပျောက်သည်က များ၏။
* အဘယ်ကြောင့်နည်း …..
* ဖြေရှင်းနည်း မမှန်သောကြောင့် ဖြစ်၏။ နည်းစနစ်မှန်လျှင် အဘယ်မှာ မပြေပျောက်ဘဲရှိအံ့နည်း။ သို့ဆိုသော် စစ်မှန်သောနည်းစနစ်ကို အဘယ်မှာ ရှာရမည်နည်း။ မိမိတို့ ကိုးကွယ်ရာ ဘာသာ တရားနှင့် ထိုထိုသော ပညာရှိများထံမှ ဖြစ်၏။ ဘာသာတရားနှင့် ပညာရှင်များသည် အသိပညာကို မွေးဖွားပေး၏။ ထိုအသိပညာသည် သမုတိဒုက္ခ - မျက်မြင်ဆင်းရဲကိုလည်း ဖြေရှင်းပေး၏။ ပရမတ္ထဒုက္ခ - မြင်နိုင်ခဲသော ရုပ်နာမ်ဆင်းရဲကိုလည်း ဖြေရှင်းပေး၏။
* ဥပမာ - ပစ္စည်းဥစ္စာ အသုံးအဆောင်ဆင်းရဲမှုကို -
၁။ ဥဋ္ဌာနသမ္ပဒါ - တရားနှင့်ယှဉ်သော ကြိုးစားရှာဖွေမှု၊
၂။ အာရက္ခသမ္ပဒါ - ရှာဖွေရရှိထားသည့် ချွေးနည်းစာများကို မပျောက်ပျက်အောင် ထိမ်းသိမ်းနိုင်မှု၊
၃။ သမဇီဝိတာ - ၀င်ငွေထွက်ငွေ မျှတအောင် သုံးစွဲတတ်မှု၊
၎။ ကလျာဏမိတ္တတာ - မိတ်ကောင်းဆွေကောင်းရှိမှု - ဟူသော အင်္ဂါလေးချက်နှင့် ဖြေရှင်းပေးနိုင်၏။
* မြင်နိုင်ခဲသော ရုပ်နာမ်ဆင်းရဲကို အာနာပါနဿတိဘာဝနာကို အခြေခံ၍ ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို မြင်သော ၀ိပဿနာဘာဝနာနည်းဖြင့် ဖြေရှင်းနိုင်၏။
* ထို့ကြောင့် အကျွန်ုပ်တို့သည် အကျွန်ုပ်တို့ ကြုံတွေ့နေရသောဒုက္ခများကို ဖြေရှင်းပေးနိုင်သော အသိပညာ (နည်းစနစ်) ကို မဖြစ်မနေ ရှာဖွေကြရမည်ဖြစ်၏။ ထိုအသိပညာ နည်းစနစ်သည် မိမိတို့ ကိုးကွယ်ရာ ဘာသာတရားနှင့် ပညာရှိများထံမှ ရရှိနိုင်မည်ဖြစ်၏။
* သို့ဖြစ်၍ ဒုက္ခဖြေရှင်းနည်း အသိပညာနှင့် နည်းစနစ်များကို မိမိတို့ ကိုးကွယ်ရာ ဘာသာတရားနှင့် ပညာရှိများထံမှ ဘာသာဝင်ကောင်းတစ်ယောက် ပီသစွာဖြင့် ကြိုးစားရှာဖွေကြပါစို့ဟု တိုက်တွန်းရင်း -
* ဘာသာတရားကို လေးစားမြတ်နိုးစွာဖြင့် ….
ရေနံ့သာ-မောင်သီ
သုခီ အတ္တာနံ ပရိဟရန္တု
* လောကသဘာဝ .....
* လောကသဘာဝ .....
* လောကရဲ့ သဘာဝက အတွေးအခေါ်တွေ မှားလာတာနဲ့ တပြိုင်နက် အယူအဆတွေပါ မှားလာတတ်တယ်။ အယူအဆတွေပါ မှားသွားပြီဆိုရင်တော့ လုပ်ရပ်တွေပါ မှားတော့တာပါပဲ။ ဘယ်လောက်ထိ မှားတတ်သလဲဆိုရင် အသက်ဆုံးရှုံးရတဲ့အထိ ဆိုပါတော့ဗျာ .......
(20.1.2016 - 8:59 pm)
* စကားပြောစွမ်းရည် .......
* စကားပြောစွမ်းရည် .......
* အိန္ဒိယရဲ့လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ အင်္ဂလန်မှာ ဥပဒေပညာ သင်ယူနေတုန်းက သူနဲ့ မတည့်တဲ့ ပါမောက္ခတစ်ယောက်ရှိခဲ့ပါတယ်..။ သူ့နာမည် မစ္စတာ A ဆိုကြပါစို့ ..။
* အဲဒီပါမောက္ခဟာ ဂန္ဒီကို ကြည့်မရသူပီပီ တနည်းနည်းနဲ့ ချိုးနှိမ်ဖို့ အမြဲကြိုးစားနေသူဖြစ်ပါတယ်..။ ဒါပေမယ့် ဂန္ဒီက စာတော်သူ ဖြစ်လေတော့ သူချိုးနှိမ်လို့မရအောင် ဖြစ်ခဲ့ရပါတယ်..။
* တနေ့မှာ တက္ကသိုလ်ရဲ့ ထမင်းစားခန်းထဲမှာ ပါမောက္ခ A နေ့လည်စာစားနေတုန်း ဂန္ဒီရောက်လာပါတယ်..။ သူ့ရဲ့ ထမင်းပုဂံကို သယ်လာပြီး ပါမောက္ခ A ရဲ့ဘေးမှာ ဝင်ထိုင်လိုက်ပါတယ်..။
* အဲဒီ အချိန်မှာ ပါမောက္ခ A က ဂန္ဒီကို
“မစ္စတာဂန္ဒီ.. ငှက်တစ်ကောင်ဟာ ဝက်တစ်ကောင်နဲ့ နေ့လည်စာ အတူစားလေ့မရှိဘူးဗျ” လို့ ပြောလိုက်ပါသတဲ့..။ ဂန္ဒီကလည်း တုန့်ဆိုင်းမနေပဲ.. “သြော် .. ဟုတ်ကဲ့ ပါမောက္ခ A ကျွန်တော် ပျံသန်းသွားပါတော့မယ်ခင်ဗျ” လို့ လေအေးလေးနဲ့ ပြောပြီး နောက်စားပွဲကို ကူးသွားခဲ့ပါသတဲ့.။
* ဆတ်ဆတ်ခါသွားတဲ့ ပါမောက္ခ A က နေနှင့်ဦးပေါ့ ဂန္ဒီရာ.. လို့ကြိမ်းဝါးခဲ့ပုံရပါတယ်..။ တနေ့မှာ စာသင်ခန်းထဲမှာပဲ ပါမောက္ခ A က ဂန္ဒီကို မေးခွန်း တစ်ခု မေးပြန်ပါရော..။
* “မစ္စတာဂန္ဒီ.. လမ်းသွားရင်းနဲ့ လမ်းပေါ်မှာ အထုပ်နှစ်ထုပ် ကျနေတာကိုတွေ့တယ်..။ တစ်ထုပ်ထဲမှာ ပိုက်ဆံတွေပါပြီး.. နောက်တစ်ထုပ်ထဲမှာ ဗဟုသုတ အသိပညာတွေပါတယ်..။ ခင်ဗျား တစ်ခုပဲ ယူရမယ် ဆိုရင် ဘာယူမလဲ”
* ထုံးစံအတိုင်းပဲ ဂန္ဒီက “ပိုက်ဆံပါတဲ့ အထုပ်ကို ယူမှာပေါ့ ဗျ” လို့ မဆိုင်းမတွ ပြန်ဖြေတဲ့ အခါ ပါမောက္ခက စဉ်းလဲစွာပြုံးလိုက်ပြီး “ ကျွန်တော်သာ ခင်ဗျားနေရာမှာ ဆိုရင်တော့ ဗဟုသုတ အသိပညာတွေပါတဲ့ အထုပ်ကိုပဲယူမယ်” လို့် ခနဲ့တဲ့တဲ့ ပြောပါသတဲ့..။
* ဂန္ဒီကလဲ တည်တည်ငြိမ်ငြိမ်နဲ့ တစ်ခွန်းထဲ ပြန်ပြောလိုက်ပါတယ်..။ “ ဟုတ်ပါတယ်..။ လူတွေဟာ သူတို့မှာ မရှိတာကိုယူတတ်ကြတာပါပဲ” တဲ့ဗျာ..။ ကောင်းရော။
* အဲဒီ ပါမောက္ခဟာ ဂန္ဒီကို ဘယ်လို လက်စားချေရမလဲ ပဲ စောင့်နေခဲ့တယ်..။ စာသင်ခန်းထဲမှာလဲ မနိုင်..။ စာမေးပွဲစစ်တော့လဲ ဂန္ဒီက အားလုံးဖြေနိုင်..။ မကြေမချမ်းနဲ့ ဂန္ဒီရဲ့ အဖြေလွှာပေါ်မှာ Idiot ဆိုပြီး ပါမောက္ခက ရေးလွှတ်လိုက်တယ်..။
* အဲဒီ အဖြေလွှာ ဂန္ဒီ့လက်ထဲ ပြန်ရောက်တော့ ပြောမပြနိုင်လောက်အောင်ကို ဒေါသထွက်တာပေါ့.။ ဒါပေမယ့် ဂန္ဒီပဲလေ.. ခေသူမှ မဟုတ်တာ..။ သူ့ကိုသူ တည်ငြိမ်သွားအောင် ပြုပြင်လိုက်ပြီး ဂန္ဒီက ပါမောက္ခ A ရှိရာကို ထသွားလိုက်ပါတယ်..။
* ပြီးတော့သူ့ရှေ့တည့်တည့် ရောက်တော့မှ .. “ပါမောက္ခကြီး .. ကျွန်တော့်စာရွက်ပေါ်မှာ ခင်ဗျားနာမည်ကိုတော့ လက်မှတ်ထိုးလိုက်ပါရဲ့ ဒါပေမယ့် အဆင့်ဘယ်လောက် ဆိုတာ သတ်မှတ်မပေးလိုက်ဘူး ဗျ” လို့ ပြောလိုက်ပါသတဲ့..။ ပါမောက္ခ A ရဲ့ ဖြူဆွတ်ဆွတ် မျက်နှာဟာ နီရဲသွားပါလေရော..။
(၂၀၁၄ အောက်တိုဘာ ၁၅ ရက်နေ့က Dave Wailer တင်ထားတဲ့ ပို့စ်ကို ကိုထွန်း Tun Thura Thet က သူ့ wall ပေါ်မှာ Share ထားပါတယ်.။ အဲဒါကို မျှ ယူလာပြီး ဆီလျော်အောင် ပြန်ဆိုပါတယ်)
credit Koung Loon
When Mahatma Gandhi was studying law at the University College of London, a white professor, whose last name was Peters, disliked him intensely and always displayed prejudice and animosity towards him..
Also, because Gandhi never lowered his head when addressing him as he expected, there were always "arguments" and confrontations.One day, Mr. Peters was having lunch at the dining room of the University, and Gandhi came along with his tray and sat next to the professor. The professor said, "Mr Gandhi, you do not understand. A pig and a bird do not sit together to eat."
Gandhi looked at him as a parent would a rude child and calmly replied, "You do not worry professor. I'll fly away," and he went and sat at another table. Mr. Peters, reddened with rage, decided to take revenge on the next test paper, but Gandhi responded brilliantly to all questions.
Mr. Peters, unhappy and frustrated, asked him the following question. "Mr Gandhi, if you were walking down the street and found a package, and within was a bag of wisdom and another bag with a lot of money, which one would you take?" Without hesitating, Gandhi responded, "The one with the money, of course."
Mr. Peters, smiling sarcastically said, "I, in your place, would have taken the wisdom, don't you think?" Gandhi shrugged indifferently and responded, "Each one takes what he doesn't have."
Mr. Peters, by this time was fit to be tied. So great was his anger that he wrote on Gandhi's exam sheet the word "idiot" and gave it to Gandhi.. Gandhi took the exam sheet and sat down at his desk, trying very hard to remain calm while he contemplated his next move.
A few minutes later, Gandhi got up, went to the professor and said to him in a dignified but sarcastically polite tone, "Mr. Peters, you signed the sheet, but you did not give me the grade."
* မိတ်ဆွေတုလေးယောက်
* မိတ်ဆွေတုလေးယောက်
* ကိုယ်ကျိုးကြည့် မိတ်ဆွေတု
၁။ သူတပါးထံမှသာယူ၍ မိမိကမူ မပေးကမ်းခြင်း၊
၂။ နည်းနည်းသာပေး၍ များများရလိုခြင်း၊
၃။ ဘေးရောက်သည့်အခါ ခိုကိုးရာအဖြစ် သူတပါးထံသွား၍ လုပ်စရာရှိသမျှ လုပ်ကိုင်ပေးခြင်း၊
၎။ ကိုယ်ကျိုးအတွက် သူတပါးနှင့် ဆက်ဆံပေါင်းသင်းခြင်း၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို အညဒတ္တုဟရမိတ်ဆွေတု၊ ကိုယ်ကျိုးကြည့် မိတ်ဆွေတု ဟုခေါ်သည်။
* မချဲ့ထွင်နဲ့ .....
* မချဲ့ထွင်နဲ့ .....
* ချဲ့ထွင်တာကို ``ပပဉ္စ´´လို့ ခေါ်တယ်။ ``ပပဉ္စ´´ဆိုတာတွေက တဏှာ, မာန, ဒိဋ္ဌိဆိုတဲ့ ဒီတရားသုံးပါးကို ခေါ်တာ။
* တဏှာလို့ခေါ်တဲ့ လိုချင်ရမ္မက် များလာရင်လည်း ချဲ့ထွင်တတ်တယ်။ နယ်မြေ၊ ရပိုင်ခွင့်၊ လာဘ, သိလောက-စသည်ပေါ့။
* မာနလို့ခေါ်တဲ့ မာန်မာနတက်ကြွလာရင်လဲ ငါ့နယ်မြေ, ငါ့ရပိုင်ခွင့်, ငါ့လာဘ်လာဘ, ငါ့ကျော်စောမှုစသည်ဖြင့် နယ်ပယ်ကန့်သတ် သတ်မှတ်သောအားဖြင့် နယ်မြေချဲ့ကြတယ်။
* ဒိဋ္ဌိသဘောအရ အယူအဆရေးရာမှာလဲ ငါ့အယူအဆ ငါ့ဘာသာရဲ့နယ်မြေစသည်အားဖြင့် နယ်မြေ ကျော်ကြားမှုစသည်ကို ချဲ့ထွင်လေ့ရှိကြတယ်။
* အင်း ပကတိနယ်မြေ, ရပိုင်ခွင့်, လာဘ, သိလောက ချဲ့ထွင် ချဲ့ထွင်ရင်းက သံသရာ သံသရာကြီးပါ ကျယ်ကျယ်လာရင်ဖြင့် ဘုရား ဘုရား ဒုက္ခနယ်ပယ်ကြီးလဲ မနဲတော့ပါလား ....
31.1.2016
* လူပို (၇) ယောက် ....
* လူပို (၇) ယောက် ....
၁။ အိပ်ခြင်းဖြင့် အချိန်ကုန်နေသူ၊
၂။ အရူးပမာ ထင်ရာတွေးပြီး လက်ရှိအလုပ်၌ မေ့လျှော့တတ်သူ၊
၃။ ကြီးပွားချမ်းသာကြော်း အလုပ်မလုပ်ပဲ အချောင်နေတတ်သူ၊
၎။ ကိုယ်တွင်းကိုယ်ပ အနာရောဂါထူပြောနေသူ၊
၅။ လွန်စွာပျင်းရိနေသူ၊
၆။ အလိုရမ္မက် တဏှာကြီးသူ၊
၇။ လက်ရှိအလုပ်ကို အပြီးမသတ်ပဲ အလုပ်သစ်ခဏခဏ ပြောင်းနေသူ။
* သင်္ဂဟ၀တ္ထုလေးပါး .....
* သင်္ဂဟ၀တ္ထုလေးပါး .....
၁။ ဒါန - ပေးကမ်းစွန့်ကြဲခြင်း၊
၂။ ပိယ၀ါစံ - ချစ်ဖွယ်စကား ပြောကြားခြင်း၊
၃။ အတ္ထစရိယာ - အကျိုးစီးပွားကို ဆောင်ရွက်ပေးခြင်း၊
၎။ သမာနတ္တတာ - ကိုယ်နဲ့တန်းတူထား ဆက်ဆံခြင်း ...။