Monday, February 8, 2016

* မေတ္တာပေး၍ ……

* မေတ္တာပေး၍ ……

* တခါက ဗာရာဏသီပြည်မှာ အလွန်အဆင်းအလှနဲ့ ပြည့်စုံတဲ့ သမင်စုံတွဲလေးတစ်တွဲရှိခဲ့တယ်။ အဆင်းလှတယ်။ ခွန်အားရှိတယ်။ သမင်အပေါင်း ရှစ်သောင်းကျော်ကို အုပ်ချုပ်နေတယ်။
* တစ်နေ့ သမင်မင်းဟာ မုဆိုးကျော့ကွင်းမိတယ်။ သမင်မလေးက လူတို့ဘာသာစကားနဲ့ မုဆိုးဆီမှာ အသနားခံတယ်။ မုဆိုးလဲ သနားသွားပြီး သမင်မင်းကို ပြန်လွှတ်ပေးတယ်။
* ဒါပေမဲ့ အရိုးထိ ကျော့ကွင်းဒဏ်ရာ ရနေတဲ့ သမင်မင်း လျှပ်တစ်ပျက် မထနိုင်၊ မပြေးနိုင်။ ဒီအဖြစ်ကို ရိပ်စားမိတဲ့ မုဆိုးက ခြေဆုပ်လက်နယ်ပြုပေးတယ်။ တခဏအတွင်းမှာ အရှင်းကို အရှင်း ပျောက်သွားတယ်။
* အသား အရေ အကြောတွေပါ ပျတ်နေတဲ့ သမင်မင်းရဲ့ ဒဏ်ရာက ဘာကြောင့် တခဏအတွင်း ပျောက်ရသလဲ?
ဆိုတော့ -
၁။ သမင်မင်းရဲ့ ဖြည့်ခဲ့ဘူးတဲ့ ပါရမီ၊ ရှေ့ကုသိုလ်ကံ ကောင်းမွန်မှု၊
၂။ မုဆိုးကြီးရဲ့ မေတ္တာစွမ်းအင်၊
၃။ သမင်မလေးရဲ့ ရဲရင့်မှုနဲ့ သစ္စာတရား
ဒီတရားသုံးပါးကြောင့်ဆိုတာ လေ့လာတွေ့ရှိရတယ်။

* ဒီဖြစ်စဉ်ကို ကြည့်ပြီး ဦးဇင်းတို့တတွေလဲ -
၁။ လတ်တလော အာရုံပြုနိုင်မယ် ကုသိုလ်တစ်ခုခု၊
၂။ မိမိရဲ့ မေတ္တာစွမ်းရင်
၃။ ပတ်ဝန်းကျင်ရဲ့ မေတ္တာစွမ်းအင်တို့ကို ပေါင်းစပ်ပြီး ဒုက္ခသည်တစ်ယောက်, ဝေဒနာရှင်တစ်ယောက်ကို ကူညီနိုင် ကြမယ်ဆိုရင်ဖြင့် …….
(5.2.2016)

* အားလုံးပဲ မေတ္တာပေး၍ အေးချမ်းနိုင်ကြပါစေ .....

No comments:

Post a Comment