ကက္ကာရုဇာတ် …
မြတ်ဗုဒ္ဓ ဝေဠုဝန်ကျောင်းမှာ
သီတင်းသုံးနေစဉ် သံဃာသင်းခွဲသော သံဃဘေဒကကံကြောင့် သွေးအန်သော ရှင်ကြီး ဒေ၀ဒတ်ကို အကြောင်းပြုပြီး
ဤကက္ကာရုဇာတ်ကို ဟောတော်မူခဲ့ပါတယ်။
ဗာရာဏသီပြည်
ဗြဟ္မဒတ်မင်း မင်းပြုစဉ် အကျွန်ုပ်တို့၏ ဗောဓိသတ္တသည် တာဝတိံသာနတ်သားဖြစ်ခဲ့ပါတယ်။ တစ်နေ့
ဗာရာဏသီပြည်မှာ ကြီးစွာသော ပွဲလမ်းသဘင်ကျင်းပပါတယ်။ ဤပွဲလမ်းသဘင်မှာ နဂါး ဂဠုန် ဘုမ္မဇိုရ်းနတ်များအပြင်
တာဝတိံသာနတ်ပြည်မှ နတ်သားလေးယောက်လည်း လာရောက်ကြည့်ရှုပါတယ်။
တာဝတိံသာနတ်သားလေးဦး
ပန်ဆင်လာသော ကက္ကာရုနတ်ပန်းရနံ့ဟာ ဗာရာဏသီတစ်မြို့လုံး လွှတ်ထုံနေပါတယ်။ ဗာရာဏသီမင်းနှင့်
အိမ်ရှေ့မင်းများ၊ ဗာရာဏသီပြည်သားများဟာ နန်းရင်းပြင်စုဝေးပြီး နတ်သားလေးဦးနှင့် စကားဆွေးနွေးကြ
ပါတယ်။ မင်းနှင့်တကွ ဗာရာဏသီပြည်သူပြည်သားများက ကက္ကာရုနတ်ပန်းကို တောင်းဆိုကြပါတယ်။
နတ်သားများကလည်း
``လူ့လောကဆိုတာ ယုတ်မာသောသူ၊ ပညာမဲ့သောသူ၊ စိတ်နေစိတ်ထားမကောင်းသူ၊ သီလမဲ့သူသာ များတယ်။
ထို့ကြောင့် ကက္ကာရုနတ်ပန်းနှင့် မလျှောက်ပတ်´´ဟု ပြောဆိုကြပါတယ်။
ထိုနတ်သားလေးယောက်တို့တွင်
အစ်ကိုကြီးနတ်သားကလည်း ``ကိုယ်ဖြင့် သူတစ်ပါးဥစ္စာကို မခိုးယူသူ၊ နှုတ်ဖြင့် မုသားစကား
မပြောကြားသူ၊ စည်းစိမ်ဥစ္စာ အခြံအရံ ပြည့်စုံသော်လည်း မမေ့လျှော့သူများသာ ကက္ကာရုနတ်ပန်းကို
ပန်ဆင်ထိုက်-ကြောင်း´´
ဒီတော့ ဒုတိယနတ်သားက
``တရားသဖြင့် စီးပွားဥစ္စာ ရှာဖွေသူ၊ မကောက်ကျစ် မစင်းလဲသူ၊ စည်းစိမ်ဥစ္စာ အသုံး အဆောင်ပြည့်စုံသော်လည်း
သတိမမေ့လျှော့သူများသာ နတ်ပန်းကို ပန်ဆင်ထိုက်ကြောင်း´´ ….
တတိယနတ်သားကလည်း
``နနွင်းဆိုးရည်ကဲ့သို့ စိတ်ဓာတ်မပျက်လွယ်သူ (စိတ်ဓာတ်တည်ကြည်ခိုင်မာသူ)၊ မည်သည့်အကြောင်းကြောင့်မှ
ယုံကြည်မ သဒ္ဓါတရား မပျက်ပြားသူ၊ အရသာရှိသော ဘောဇဉ်ကို တစ်ယောက်တည်း မသုံးဆောင်သူများသာ
နတ်ပန်းကို ပန်ဆင်ထိုက်ကြောင်း´´…..
စတုတ္ထနတ်သားကလည်း
`` မျက်မှောက်ရော မျက်ကွယ်ပါ ဘာသာတရား (သူတော်ကောင်းတရား) ကို မစော်ကားသူ၊ ပြောတဲ့အတိုင်း
လုပ်ဆောင်သူများသာ နတ်ပန်းကို ပန်ဆင်ထိုက်ကြောင်း´´…..အသီးအသီး ပြောကြားပါတယ်။
ထိုစကားကို ကြားသော ပုရောဟိတ်က ``ဤဂုဏ်ကျေးဇူးတွေ
ငါ့မှာ တစ်ခုမှ မရှိ၊ မုသားစကား ပြောဆိုပြီး ဤနတ်ပန်း
တွေကို ပန်ဆင်ရသော် လူအပေါင်းက ငါ့ကို `ဂုဏ်နှင့်ပြည့်စုံသူ´လို့ ထင်ကြလိမ့်မယ်´´ဆိုတဲ့ အတွေးဖြစ်တယ်။ ဒီအတွေး -ကြောင့်ပဲ နတ်ပန်းများကို လိမ်ညာတောင်းဆိုပါတော့တယ်။
တွေကို ပန်ဆင်ရသော် လူအပေါင်းက ငါ့ကို `ဂုဏ်နှင့်ပြည့်စုံသူ´လို့ ထင်ကြလိမ့်မယ်´´ဆိုတဲ့ အတွေးဖြစ်တယ်။ ဒီအတွေး -ကြောင့်ပဲ နတ်ပန်းများကို လိမ်ညာတောင်းဆိုပါတော့တယ်။
လိမ်ညာရရှိလာသော နတ်ပန်းတွေကို ပန်ဆင်မိတဲ့ ပုရောဟိတ်ဟာ
ဦးခေါင်းကို ထက်လှစွာသော ဆောက်ဖြင့် ထိုးခံရသည့်ပမာ သံပြားဖြင့် ဖိညှပ်ထားသည့်ပမာ
ပြင်းစွာသောဝေဒနာကို ရက်သတ္တတစ်ပတ်ကျော်မျှ ခံစားရပါတယ်။
ဒီအချိန်မှာပဲ ဗာရာဏသီမင်းနှင့် မူးမတ်များရဲ့ တိုင်ပင်မှုဖြင့်
နောက်ထပ်တဖန် ပွဲလမ်းသဘင်ကြီး ကျင်းပပြီး နတ်သားများကို နတ်ပန်းများ ဖယ်ရှားခိုင်းရပါတယ်။
ဤကား ကက္ကာရုဇာတ်လမ်းရဲ့ ဖြစ်စဉ်လေးပါ ….
ဤဇာတ်လမ်းလေးကို ကြည့်ပြီး အကျွန်ုပ်တို့အနေဖြင့်
…
၁။ ကိုယ်ဖြင့်
သူတစ်ပါးဥစ္စာကို မခိုးယူမှု
၂။ နှုတ်ဖြင့်
မုသားစကား မပြောဆိုမှု
၃။ စည်းစိမ်အခြံအရံရှိသည့်အလျှောက်
သတိတရားလက်ကိုင်ထားမှု၊
၎။ တရားသဖြင့်
စည်းပွားဥစ္စာ ရှာဖွေမှု၊
၅။ မစင်းလဲ
မကောက်မှု၊
၆။ စည်းစိမ်ဥစ္စာ
အသုံးအဆောင်ကို ရသော်လည်း သတိတရားမမေ့လျှော့မှု၊
၇။ စိတ်ဓာတ်ခိုင်မာ
တည်ကြည်မှု၊
၈။ ခိုင်မာသော
ယုံကြည်မှု သဒ္ဓါတရားရှိမှု၊
၉။ ကောင်းမွန်တဲ့အရသာကို
တစ်ယောက်တည်း မသုံးဆောင်မှု၊
၁၀။ မျက်မှောက်မှာ သူတော်ကောင်းတရားကို မစော်ကားမှု၊
၁၁။ မျက်ကွယ်မှာလည်း သူတော်ကောင်းတရားကို မစော်ကားမှု၊
၁၂။ ပြောသည့်အတိုင်း လုပ်ဆောင်နိုင်မှု ….ဆိုတဲ့
ဂုဏ်အင်္ဂါအရည်အချင်းများ ရှိမှသာလျှင် ကက္ကာရုနတ်ပန်းနှင့် တူသော ထိုက်တန်သောဂုဏ်သတ္တိနှင့်
စည်းစိမ်ဥစ္စာ ရာထူးဌာနန္တရများကို တမ်းတသင့်ကြောင်း သင်ခန်းစာ ယူမိပါတယ်။
အရှင်သီလာစာရ၊ မြတောင်ကျောင်း၊ (၂.၁.၂၀၁၅)
No comments:
Post a Comment