Tuesday, October 9, 2012

ဘုန်းကြီးက ငရဲကို ပိုင်သလား....

         တစ်နေ့ ဒါယကာတစ်ဦးကျောင်းကို ရောက်လာပါတယ်။ သူရောက်လာတုန်းမှာပဲ ဒါယိကာမကြီးက
ကျောင်းဝင်းထဲမှာ ဖိနပ်စီးသွားလာနေတာကို တွေ့သွားပါတယ်။ ဒါကို မြင်သွားတဲ့ ဒါယကာက “အရှင်ဘုရား...ကျောင်းဝင်းထဲမှာ လူပုဂ္ဂိလ်များ ဖိနပ်စီးကောင်းပါသလား”လို့ မေးတယ်။ “အင်း ...ဗုဒ္ဓလက်
ထက်မှာတော့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ပုဂ္ဂိုလ်များ ဗုဒ္ဓကို ဖူးမြင်လာတဲ့အခါ ဗုဒ္ဓမြင်တော်မူရာ အရပ်-
ကနေ စီးတော်ယာဉ်မှ ဆင်းလျှောက်တယ်”လို့ ပါတယ်။ ဘာကြောင့်လဲ...ဆိုရင် ဂရုဂါရ၀ဖြစ်အောင်လို့တဲ့..
       ဒီအကြောင်းကို ထောက်ဆရင်တော့ ကျောင်းဝင်းအတွင်းမှာ ဖိနပ်မစီးတာဟာ အကောင်းဆုံးပါပဲ။
ကျောင်းဝင်းအတွင်း ဖိနပ်စီးမှု. မစီးမှုနဲ့ ပတ်သက်လို့ ဗုဒ္ဓပညတ်ချက် မတွေ့ရသေးပေမဲ့ ဖိနပ်စီးတာဟာ ဂရုဂါရ၀မဖြစ်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ တစ်ချို့တစ်ချို့ကျောင်းတွေမှာတော့ ကျောင်းထိုင်ဆရာတော် များက ဖိနပ်စီးခွင့်ပြုထားတာကို တွေ့ရပါတယ်။ ဦးဇင်းလည်း အဲဒီဆရာတော်များထုံးကို နှလုံးမူပြီး ဒီ
ဒါယကာမကြီးကို ဖိနပ်စီးခွင့်ပြုထားပါ။
       “ဒီလိုဆိုရင် မေးပါရစေဘုရား...ဂရုဂါရ၀မဖြစ်ရင် (ရိုသေလေးစားမှုမရှိရင်) အကုသိုလ်ဖြစ်.မဖြစ်
သိခြင်ပါတယ်ဘုရား။
       “အင်း...ဂရုဂါရ၀မဖြစ်ရင်တော့ အကုသိုလ်ဖြစ်တာပေါ့ ဒကာကြီးရယ်”
       “ဟာ...ဒါဆို ကျောင်းဝင်းအတွင်း ဖိနပ်စီးတာဟာ ဂရုဂါရ၀မဖြစ်တဲ့အတွက် အကုသိုလ်ဖြစ်တာပေါ့
ဘုရား...အကုသိုလ်မှဖြစ်ရင် ငရဲကြီးမှာပဲနော်”။
       “အင်း...ဘုန်းကြီးက ခွင့်ပြုထားရင်တော့...“
       “ဘုန်းကြီးက ငရဲကို ပိုင်ပါသလား...ဘုရား”တဲ့။
       “မေးတတ်လိုက်တဲ့ ဒကာကြီးရယ်...”
        “စဉ်းစားဆင်ခြင်နိုင်ကြပါစေ...ဗျာ”

No comments:

Post a Comment