" နားထိုင်းကြီး ၃-ယောက်နှင့်တူသော Facebook User များ *****
ဟိုးတုန်းက ရွှေဘလို့အမည်ရတဲ့ နားထိုင်းကြီးတစ်ယောက် တောထဲမှာ ဆိတ်ကျောင်းသွားသတဲ့ဗျ။ တစ်ရက်ဆိတ်ကျောင်းရင်း သစ်ပင်အောက်
ဝင်အိပ်နေတာ ဆိတ်တွေက အဝေးရောက်ပြီး ပျောက် ကုန်ရော ဆိုပါတော့။ လိုက်ရှာရင်း ထန်းတောတစ်ခုထဲအရောက်
ထန်းတက်နေတဲ့ အောင်ဘုကို တွေ့တော့----
" ဗျို့ထန်းပေါ်ကလူကြီး ကျုပ်ဆိတ်တွေ ပျောက်သွားလို့ဗျာ အဲဒါ
ခင်ဗျားက အမြင့်ကဆိုတော့ မြင်ရမှာပဲ တွေ့မိလားဗျ " အပေါ်က အောင်ဘုကလည်း နားထိုင်းဆိုတော့
ကြားချင်ရာကြားပြီး လက်ညှိုးကြီးထိုးကာ " ဟောဟိုးက မျက်စိတဆုံး မြင်နေရတဲ့ထန်းပင်တွေ
တွေ့လားဗျ။ အဲဒါတွေ အကုန်လုံး ကျုပ် ယောက္ခမပိုင်တာ။ ကျုပ်ပိုင်တဲ့
ထန်းပင်တွေချည်းပဲ " အောက်ကမေးသူ ရွှေဘကလည်း နားထိုင်းသူ ဆိုတော့
လက်ညှိုးထိုးပြတဲ့နေရာ သွားရှာပါလေရော။ ကံကောင်းစွာနဲ့ ပျောက်သွားတဲ့ ဆိတ်တွေ
ပြန်တွေ့တာပေါ့။
" အင်း ထန်းသမား ကျေးဇူးကြောင့် ငါ့ဆိတ်တွေ ပြန်တွေ့တာ၊
ကျေးဇူးတင်လွန်းလို့ဆိုပြီး ဆိတ်ကျိုးလေးတစ်ကောင် သွားပေးတာပေါ့" "
ဗျို့ ထန်းပေါ်ကလူကြီး ခင်ဗျားကျေးဇူးကြောင့် ကျုပ်ဆိတ်တွေ ပြန်တွေ့ပြီဗျို့
ကျေးဇူးတင်လွန်းလို့ ဆိတ်ကလေးတစ်ကောင် လက်ဆောင်ပေးပါရစေ "
အပေါ်က နားထိုင်းကလည်း ကြားချင်ရာကြားပြီး - " အာ ---
ခင်ဗျာဆိတ်ကျိုးတာ ကျုပ်နဲ့မဆိုင်ဘူးနော်၊ ကျုပ်ခွေးက ထန်းပင်အောက်မှာ အိပ်နေတာ
ကျုပ်ခွေးကိုက်တာ မဖြစ်နိုင်ဘူး "
" နောင်ကြီးရယ် ဒီဆိတ်ကျိုးလေးပဲယူပါ အကောင်းတော့ မလုပ်ပါနဲ့ဗျာ" စသည်ဖြင့် နားထိုင်းချင်း ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဘာမှမကြားကြဘဲ သူအော် ကိုယ်အော် ပြန်အော်နေကြဧ။်။ နောက်ဆုံး ထန်းတက်သမားက စိတ်တိုလာပြီး ထန်းပင်ပေါ်က ဆင်းလာကာ သူကြီးအိမ် ခေါ်သွားလေ တော့ဧ။်။
" နောင်ကြီးရယ် ဒီဆိတ်ကျိုးလေးပဲယူပါ အကောင်းတော့ မလုပ်ပါနဲ့ဗျာ" စသည်ဖြင့် နားထိုင်းချင်း ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဘာမှမကြားကြဘဲ သူအော် ကိုယ်အော် ပြန်အော်နေကြဧ။်။ နောက်ဆုံး ထန်းတက်သမားက စိတ်တိုလာပြီး ထန်းပင်ပေါ်က ဆင်းလာကာ သူကြီးအိမ် ခေါ်သွားလေ တော့ဧ။်။
ရွာသူကြီး ဦးထူးကလည်း နားထိုင်းသူတစ်ယောက်ပင် ဖြစ်လေသည်။
ထိုအချိန်မှာ မိန်းမနဲ့အဆင်မပြေလို့ ကွဲပြီးကာစအချိန် - " ဒီမှာ သူကြီးရယ်
ကျုပ်ဆိတ်တွေ ပျောက်သွားတာ သူကျေးဇူးကြောင့် ဆိတ်တွေ ပြန်တွေ့ရတာ။ အဲဒါ
ဇွတ်ငြင်းနေတယ်ဗျာ။ " ဟာ - မဟုတ်ဘူး သူကြီး။ ကျုပ်ခွေးက သစ်ပင်အောက်မှာ
အိပ်နေတာ။ ကျုပ်ခွေးကိုက်တာ မဟုတ်ဘူး။ ကျုပ်နဲ့ဘာမှ မဆိုင်ဘူး" ဆိုပြီး
သူကြီးရှေ့မှာ အကြီး -အကျယ် သူအော်ကိုယ်အော် အော်ပြောနေလေဧ။်။
သူကြီးဖြစ်သူက ဘာမှမကြားရတော့ " ဟေ့ကောင်တွေ မင်းတို့
ငါ့ရှေ့လာပြီး တိုးတိုး တိုးတိုးနဲ့ လာနားချ မနေနဲ့။ ဒီမိန်းမကို လုံးဝ
ပြန်မပေါင်းနိုင်ဘူးကွ " ဟု ဆိုလေတော့ဧ။်။
ဒီနားထိုင်းကြီး ၃ ယောက် ဇာတ်လမ်းလေးလိုပါဘဲ တစ်နေ့တစ်နေ့
လူမှုကွန်ယက် Facebook တွေပေါ်မှာ ဟုတ်ဟုတ် မဟုတ်ဟုတ် ဖွတဲ့သူတွေကလည်း ဖွသည်၊
ယုံတဲ့သူတွေကလည်း ယုံသည်၊ မန့်တတဲ့ သူကလည်း ထင်ရာမြင်ရာ မန့်ချင်သလို ဝင်မန့်သည်။ သူ့အရပ်နဲ့
သူ့ဇာတ်၊ သူတို့ဟာနဲ့သူတို့တော့ ဟုတ်လို့နေဧ။်။ နားထိုင်းကြီးများနှင့်
ထူးမခြားနားပါတကား ------။
No comments:
Post a Comment