Thursday, January 21, 2016

မြတောင်ဆရာတော် စာပေစုစည်းမှု






မြင့်မြတ်တဲ့သူတော်စင် (သို့) ကျက်သရေရှိတဲ့ လူသား
==============================
(၁) ရိုးသားမှုဆိုတဲ့ အခြေခံအုတ်မြစ်ကို ခိုင်ခံ့အောင် ချထားရပါမယ်။
(၂) အများကောင်းကျိုးကို သယ်ပိုးဆောင်ရွက်လိုတဲ့ မေတ္တာဓာတ် ပြည့်ဝရပါမယ်။
(၃) ပေးကမ်းခြင်း၊ ကိုယ်ကျိုးစွန့်အနစ်နာခံခြင်းဆိုတဲ့ စာဂတရားကို နှလုံးသားမှာ ရှင်သန်ဖွံ့ဖြိုးလာအောင် ကြိုးစားရပါမယ်။

ဒီကျင့်စဉ်သုံးပါးကို လက်တွေ့ကျင့်သုံးနိုင်စွမ်းရှိတဲံ့သူတွေကို
မြင့်မြတ်တဲ့ သူတော်စင်၊ ကျက်သရေရှိတဲ့လူသားတွေလို့ ခေါ်ဆိုနိုင်ပါပြီ။

မြစကြာဆရာတော်။

နောင်တ { ၁၀ } ပါး
***************
(၁) ငယ်ခါကလျှင် မသင်ပညာ

(၂) ဥစ္စာမစု
(၃) သူ့ကိုချစ်ဖျက်
(၄) သူ့သက်သတ်စား
(၅) သူ့မယား၌ ပစ်မှားတုံဘိ
(၆) ပစ္စည်းရှိလျှက် စိုးစိမလှူ
(၇) မွေးမြူမိဘ မပြုရနှင့်
(၈) ဆုံးမမနာ
(၉) ပညာရှိထံ နည်းခံမမှတ်
(၁၀) အမြတ်မကျင့်
ဤဆယ်ဆင့်ကား ကြီးရင့်ဇရာ အိုသောခါလျှင် ပူဆာနောင်တ ရတတ်စွ၏---။

[ မဃဒေဝ ]


* အနိုင်ယူနည်း(၄) မျိုး
၁။ အမျက်ဒေါသ ကြီးသောသူကို မိမိက အမျက်မထား မေတ္တာပွါးသဖြင့် အနိုင်ယူပါ။
၂။ မိမိအပေါ် မကောင်းသောသူကို (ကောက်ကျစ် ယုတ်မာသောသူကို မိမိက စိတ်ကောင်းနှလုံးကောင်း ထားခြင်းဖြင့် (အမှန်တရား လက်ကိုင် ထားခြင်းဖြင့်) အနိုင်ယူပါ။
၃။ ကပ်စေးနဲသော သူကို (မိမိဥစ္စာပစ္စည်း အပေါ်၌ ၀န်တိုနှမြော စေးနဲသောသူကို) မိမိက ကျွေးမွေးလှူဒါန်း ပေးကမ်းစွန့်ကြဲခြင်းဖြင့် အနိုင်ယူပါ။
၎။ မိမိအပေါ် လိမ်လည်လှည့်ဖြား မုသားစကားပြောတတ်သော သူကို မိမိက အမှန်တရား သစ္စာစကား ပြောကြားခြင်း- ပြောဆိုခြင်းဖြင့် အနိုင်ယူပါ။
(ဓမ္မပဒ)


ဥပုသ်သီလ စောင့်ရခြင်းအကျိုး
==================
ဥပုသ်စောင့်ငြား အကျိုးများ မှတ်သားသိစေရာ။

နတ်ရွာရောက်ပြန် ဘုံဗိမာန် အမှန်ထူးမြတ်စွာ။
ခြံရံပေါပြည့် တင့်တယ်ရှိ ဖြစ်ဘိမင်းရာဇာ။
အဆင်းလည်းလှ ဘဝမြတ်ဆုံး ယာဉ်စုံသုံးကာ ဝတ်ထည်မှာ လွန်စွာကောင်းသည်သာ။
စားဖွယ်သောက်ရာ ပန်းနံ့သာနှင့် ကောင်းစွာနေအိမ် ရိပ်ငြိမ်စုံရ ကျင့်သီလ ထူးစွကျိုးဖလာ။
ကိလေကင်းကွာ ရဟန္တာ ဖြစ်ကာနိဗ္ဗူတာ။
ကောင်းကျိုးပြည့်စုံ လူသားကုန် စောင့်ကုန်ဥပုသ်ပါ။


* ဆင်မျိုး ၁၀-ပါး၊ ဗလ, အား၊ ခြားနားထူးထွေပုံ ...
(သုတ်မဟာဝါ အဋ္ဌကထာ ၁၆၄-၌ အကျယ်ရှုပါ။)
* အစဉ်အတိုင်း တစ်မျိုးထက်တစ်မျိုးက ဆယ်ဆအားဗလရှိကြောင်းကို သိရာ၏။
၁။ ကာဠာဝကဆင် - လူဆယ်ယောက်အားရှိ၍
ညင်းညင်းအော်မြည်တတ်သော
ဆင်မည်းတစ်မျိုး၊
၂။ ဂင်္ဂေယျဆင် - ဂင်္ဂါမြစ်ပတ်ဝန်းကျင်
တစ်ဝိုက်၌ ရှိကြသည်။ ၎င်းင်းတစ်ကောင်၌
ကာဠာဝကဆင် ၁၀-ကောင်အားရှိ၏။
၃။ ပဏ္ဍရဆင် - ၀ါဖျော့ဖျော့အရောင်ရှိ၍
ဂင်္ဂေယျဆင် ဆယ်ဆအားရှိ၏။
၎။ တမ္ဗဆင် - ကြေးနီရောင်အဆင်းရှိ၍
ပဏ္ဍရဆင် ဆယ်ဆအားရှိ၏။
၅။ ပိင်္ဂလဆင် - ကြောင်သောအဆင်းရှိ၍
တမ္ဗဆင် ဆယ်ဆအားရှိ၏။
၆။ ဂန္ဓဆင် - အနံ့မွှေးသော ဆင်နံ့သာ၊
ပိင်္ဂလဆင် ဆယ်ဆအားရှိ၏။
၇။ မင်္ဂလဆင် - တင့်တယ်စွာသွားတတ်၍
မင်္ဂလာရှိသောဆင်၊ ဂန္ဓဆင် ဆယ်ဆ
အားရှိ၏
၈။ ဟေမဆင် - ရွှေရောင်အဆင်းရှိ၍
မင်္ဂလဆင် ဆယ်ဆအားရှိ၏။
၉။ ဥပေါသထဆင် - ၎င်းင်းအမျိုး၌ဖြစ်သည့်
ကောင်းကင်ပျံဆင်ဖြူ၊ ဟေမဆင် ဆယ်ဆ
အားရှိ၏။
၁၀။ ဆဒ္ဒန်ဆင် - အစွယ်မှ ရောင်ခြည်ခြောက်မျိုး
ထွက်သော ဆင်ဖြူ ဥပေါသထဆင်
ဆယ်ဆ အားရှိ၏။
ဘုရားသခင်၏အားတော်ကား ဆဒ္ဒန်ဆင် ဆယ်စီးအားရှိ၏။
မြတောင်ဆရာတော် ရှာဖွေစုစည်းသည်
Top of Form

Bottom of Form

* ဗလ ၅-တန်၊ လူထုထံ၊ အပ်နှံ အစိုးရ ....
* နိုင်ငံတော် တိုးတက်ကြီးပွား စည်ကားသာယာရေးအတွက် အရေးကြီးသော အားအင်ငါးပါး။
၁။ ကာယဗလ - ကိုယ်လက် သန်မာထွားကြိုင်း
ဖွံ့ဖြိုးမှု, ကျန်းမာရေး၊
၂။ ဥာဏဗလ - ဗဟုဿစ္စ, ၀ိဇ္ဇာ, သိပ္ပံပညာ
ပြည့်စုံစွာရှိမှု၊
၃။ ဘောဂဗလ - ပစ္စည်းဥစ္စာ ရတနာရွှေငွေ
အထွေထွေသော ပြည်တွင်းထွက်
ကုန်ပေါများမှု၊
၎။ စာရိတ္တဗလ - ယဉ်ကျေးမှု ကိုယ်ကျင့်တရား
ကောင်းမွန်မြင့်မြတ်မှု၊
၅။ မိတ္တဗလ - မိတ်ဆွေနှင့် မဟာမိတ်နိုင်ငံများ
ပေါများမှု။



* ရေးချအပြား၊ မျိုး ၂-ပါး၊ သိထားမြန်မာမှု .....
* မြန်မာစာပေ ရေးသားရာ၌လိုက်နာရမည့် ဥပဒေများ။
၁။ မောက်ထိုးချ (ါ ) "ခ, ဂ, င, ပ, ဖ, ၀" တို့၌ ရေးသည်၊
ပုံ-ခါ, ပါ, ၀ါ, စသည်၊
၂။ ဘေးခွဲချ (ာ ) ကျန်အက္ခရာတို့၌ ရေးသည်၊
ပုံ-ကာ, စာ, ဓာ, ဗာ, ။


* သူတပါးအား မပြောကြားအပ်သော အရာကြီး ၉-ပါး
* ထိုအကြောင်းတရား ကိုးပါးကို ထင်ရှားစွာ ထုတ်ဖေါ် မဆိုရာဟု ဟိတောပဒေသ၌ လာရှိ၏၊မလုံခြုံက ပျက်စီးကျိုးမဲ့ ဖြစ်တတ်သည်။
(၁) အာယု- မိမိနေရအံ့သော အသက်အပိုင်းအခြား၊ (၂) ၀ိတ္တ- မိမိပိုင် စည်းစိမ်ဥစ္စာ ရတနာဟူသမျှ၊
(၃) ဂေဟဆိဒ္ဒ- မိမိ၏ အိမ်၌ မလုံခြုံသော နေရာနှင့် အပြစ်အဆာ ဟူသမျှ၊
(၄) မန္တ- လျှို့ဝှက်အပ်သော တိုင်ပင် ဆွေးနွေးမှုများ၊ (၅) မေထုန- ကိုယ့်မယားအား သံဝါသမှု စပ်ရှက်ဉပပုံနည်းနှင့် ပြုသောနေရာဌာန၊
(၆) ဘေသဇ္ဇနယ- ခဲခက်စွာ ဖေါ်စပ်အပ်သော ဆေးစွမ်းကောင်းများ၊
(၇) တပ- မိမိ၏ ချိုးခြံစွာသော အကျင့်၊
(၈) ဒါန- လှူဒါန်း ပေးကမ်းခြင်း၊
(၉) အပမာဏ- မိမိအား သူတပါးတို့က ပမာမထား မလေးစားပုံ အခြင်းအရာ။

မှတ်ချက်။ ။တပ,နှင့် ဒါန,တို့အတွက်ကိုမူ မိမိအား သူတပါးတို့က အထင်အမြင်ကြီးလာအောင် ဖြစ်စေ၊ ဂုဏ်ပကာသနကို ဖေါ်လို၍ ဖြစ်စေ၊ မပြောဆိုအပ်၊ ထင်သေး မြင်သေး ဖြစ်တတ်သည် ဟူ၏၊
"ပတ္တိဒါန"အမျှပေးဝေရေး အတွက်ကိုမူကား ထင်ရှားစွာပြောဆိုအပ်၏ဟု မှတ်လေ။

* ရိုသေထိုက်သူအား၊ မရိုသေသူ၁၂-ဦး ....
* အရိုအသေမပေးတတ်သူမျိုး တကျိပ်နှစ်ယောက်။
(၁) ရာဂထူပြောတပ်ခြင်းပြင်းသူ၊
(၂) ဒေါသထူပြောသောသူ၊
(၃) မောဟကြီး၍တွေဝေထိုင်းမှိုင်းသူ၊
(၄) မာန်မာနကြီးလွန်းသောသူ၊
(၅) သူ့ဂုဏ်ကျေးဇူးကိုမသိသောသူ၊
(၆) အလွန်ခက်ထန်ကြမ်းကြုတ်သူ၊
(၇) အလွန်အောက်တန်းကျ ရိုင်းစိုင်းနေသူ၊
(၈) အစိုးရသူ အုပ်စိုးလွမ်းမိုးနေသူမင်း၊
(၉) ယုတ်မာကောက်ကျစ်စဉ်းလဲသူ၊
(၁၀) ဆင်းရဲစေအပ်သူ ဆင်းရဲမည့်သူ၊
(၁၁) လောဘရမ္မက်ကြီးလွန်းသူ၊
(၁၂) လုပ်ငန်းထဲ၌စိတ်ပါအားထုတ်နေသူ။


* မိန်းမအပြား၊ မျိုး ၄-ပါး၊ ခွဲခြားသျှတြ။
။ လောကီ ဣတ္ထိသျှတ္တရမှ။
(၁) ပဒုမ္မိနီ မိန်းမမျိုး- ခါးစည်း, ရင်ကျယ်, သေးသွယ်ချောမောသော လက်ချောင်းများ, အသားဖြူ, ကိုယ်ယနံ့ ကြာညိုကဲ့သို့မွှေး, ရသာချိုဧ သံသာမြည်ကြွေး, စက္က၀က်ငှက်မကဲ့သို့ သွားလာမှု ယဉ်ကျေးခြင်း လက္ခဏာများရှိ၏၊ ဆင်ကဲ့သို့ ကြည့်တတ်သည်ဟူ၏။
(၂) သင်္ခနီ မိန်းမမျိုး- အသားညိုညက်, ကိုယ်ယနံ့ကား ငရုပ်ပန်းနံ့ ပျံ့ပျံ့သင်းသင်းရှိ ၏, ရသာချဉ်၏၊ ဟင်္သာမကဲ့သို့ သွားလာ၏၊ လက်ချောင်းကြီး၏၊ မျက်နှာထူ လည်ကုတ်တို ရင်ကြားစေ့ , ဆံပင်နီ ရှိတတ်သည်၊ ကျားကဲ့သို့ ကြည့်တတ်သည် ဟူ၏၊၊
(၃) စိတြနီ မိန်းမမျိုး- ၀ါရွှေဝင်းသော အသားရောင်ရှိ၏၊၊ ကိုယ်ယနံ့ကား ကျင်ငယ်နံ့ ကဲ့သို့ရှိ၏၊ ရသာဖန်ဖန်ရှိ၏၊ ဒိန်ညင်း ငှက်ကဲ့သို့သွားလာတတ်၏၊ ကျီးကန်းကဲ့သို့ ကြည့်တတ်၏၊ ရင်ကုန်း တင်ကျယ်၏, ချက်နက်, ဖမိုးမွေး လက်မွေးရှည်, လက်သည်းအိမ်တို ၍ ဒူးဆစ်အောက်ပိုင်း တိုတတ်သည်၊ ဆန်းကျယ်စွာ ပြင်ဆင်ဝတ်စားတတ်သည် ဟူ၏၊၊
(၄) ဟတ္ထိနီ မိန်းမမျိုး- အသားနီ ပန်းရောင် ကိုယ်ယနံ့ ညှိဟောင်ဟောင်အရသာ စပ်ရှားရှား ဆင်ကဲ့သို့သွားခြင်းများ, ယင်ကောင်ကဲ့သို့ ကြည့်ခြင်းအလားရှိ၏၊ ၀မ်းပြင်း ပိုက်ကျယ် သားမြတ်ရှည်တွဲ၍ ခေါင်းသီးကြီး၏ ဆံကောက်၍ မေးရိုးကြီးကြီးရှိတတ်သည် ဟူ၏၊၊

* ဗုဒ္ဓဘူမိကြီးလေးပါး ....
(ဘုရားဖြစ်နိုင်ရန် အကြောင်းလေးပါးဟူ၏။ အင်္ဂုတ္တရအဋ္ဌကထာ ဒု။)
၁။ ဥဿဟ - လွန်ကဲသော လုံ့လ, အားထုတ်မှု၊
၂။ ဥမင်္ဂ - လွန်ကဲသော ပညာ, သမ္ပဇဉ်၊
၃။ အ၀တ္ထာန - အဓိဋ္ဌာန်ချက်, စိတ်ပြဋ္ဌာန်းမှု၊
၎။ ဟိတစရိယ - မေတ္တာဘာဝနာစသည့် စရိယသုံးပါး။


* နာယကဂုဏ် ၆-ပါး .....
* အကြီးအကဲ နာယက လုပ်သူတို့ လိုက်နာရမည့် ဂုဏ် ၆-ပါးဟူ၏။
၁။ ခမာ - သည်းခံခြင်းခေါ် ခန္တီတရားများ
ထားရှိရခြင်း၊
၂။ ဇာဂရိယ - အစစအရာရာမှာ
သတိထပ်ကြပ်ပါခြင်း နိုးကြားခြင်း၊
၃။ ဥဋ္ဌာန - ငယ်သားတို့ထက် ဆထက်များစွာ
လွန်သာသော လုံ့လရှိခြင်း၊
၎။ သံဝိဘာဂ - လျောက်ပတ်လျော်ကန်
တော်တန်သလို ခွဲစိတ် ချီးမြှောက်
ထောက်ပံ့ရခြင်း၊
၅။ ဒယာ - သူတပါးအား ကိုယ်နှင့်မခြား
သနားကြင်နာရခြင်း၊
၆။ ဣက္ခနာ - အလုံးစုံသော အခွင့်အရေးကို
တွေးတောမြော်မြင် ဆင်ခြင်ဥာဏ်နှင့်
ပြည့်စုံရခြင်း, စုံစမ်းခြင်း။


* လှမျိုးသူဇာ၊ နတ်ကညာ၊ ၈-ဖြာ အင်္ဂါပြည့် ....
* မိန်းမလှ ရွေးချယ်စီစစ်ရာ၌ ၎င်းင်းအင်္ဂါ ရှစ်ပါးနှင့် ပြည့်စုံမှ လှမြတ်ရတနာဝင် ဖြစ်နိုင်ကြောင်းကိုနီတိကျမ်း၌ ဆို၏။
၁။ သာမာ - ၀ါရွှေသော အသားအရေ၊
၂။ မိဂက္ခိ - သမင် မျက်စိကဲ့သို့သော မျက်လုံး၊
၃။ တနု မဇ္ဈ ဂတ္တာ - ခါးသေး, ရင်ချီ၊
၎။ သုရု - ဆင်နှာမောင်း ကဲ့သို့သော
လက်မောင်း,ပေါင်တန်၊
၅။ သုကေသီ - ကောင်းသော ဆံပင်, မျက်ခုံး၊
၆။ သမပန္တိ ဒန္တီ - သွား ဖြူဖွေး ညီညာ၍
ချွန်ပေါ်သော အစွယ်၊
၇။ ဂမ္ဘီရ နာဘိ - ချက်တွင်း နက်၍
ကားသောတင်ဆုံ၊
၈။ သုသီလီ - ကောင်းစွာလေ့ကျင့်ထားသော
ကိုယ်နေ အမူအရာ, ကောင်းသော
အလေ့အကျင့် ရှိခြင်း။


* ယောက်ျားအပြား၊ မျိုးလေးပါး၊ မိန့်ကြား သျှတြ ......
(ပုရိသသျှတြမှ။)

(၁) အဿဂ မည်သော ယောက်ျား မျိုးသည် ပန်းရင်းနံ့ ကဲ့သို့သောကိုယ်နံ့ရှိ၏၊ လက်ဖ၀ါး ခြေဖ၀ါး နူးညံ့၏၊ လက်ချောင်းခြေချောင်းရှည်၏၊ ရင်ကျယ်၏၊ချက်နက်၏၊ အအိမ်၌ ကိန်းသော လိင်ရှိ၏၊ အရသာ ဆိမ့်၏၊ မွေးတွင်းတခုခု၌ မွေးညှင်း တပင်စီ ပေါက်၏၊ သူတပါးကို သနားတတ်၏၊ သီလစောင့်၏၊ ဖြောင့်မတ်တည်ကြည်၏၊ အင်အားတန်ခိုးရှိ၏၊ ဆံ, မုတ်ဆိတ်, လက်ကတီးမွေး, ဣနြေ္ဒမွေးရှည်၏၊ နိမိတ် ရှည်စွာ့အဆုံး လက်လေးသစ်မျှသာ ရှိ၏။
(၂) မြိဂမည်သော ယောက်ျားမျိုးကား စကားများ၏၊ သည်းခံတတ်၏၊ သနားတတ်၏၊ ဆရာမိဘကို ရိုသေတတ်၏၊ မကဲ့ရဲ့တတ်၊ ပြေပြစ်ချစ်ဘွယ်သောစကားကို ဆိုတတ်၏၊ ပညာကို ခင်မင်တတ်၏၊ ကိုယ်အနံ့ကား သေရည်နံ့ကဲ့သို့ ရှိ၏၊ ကိုယ်အရသာ ဖန်၏၊ ဣနြေ္ဒကားရှည်စွာ့အဆုံး လက်ရှစ်သစ်သာ ရှိ၏။
(၃) ပြိဿဘ ယောက်ျားမျိုးကား ကိုယ်အသားတင်းမာ၏၊ ဆူသောအရသာကို စားတတ်၏၊ သီချင်းကိုလိုလား၏၊ လောဘရမ္မက်ကြီး၏၊ သူ့သ္မီး သူ့မယားကို လွန်ကျူး ပြစ်မှားတတ်၏၊ အသံကောင်း၏၊ မေထုန်ကြူး၏၊ သူတပါးကို ကဲ့ရဲ့ငြူစူတတ်၏၊ ကိုယ်ယနံ့ကား ပျားနံ့ကဲ့သို့ရှိ၏၊ အရသာ ချို၏၊ ဣနြေ္ဒ ရှည်စွာ့အဆုံးလက်ဆယ်သစ်သာရှိ၏။
(၄) အသွမည်သော ယောက်ျားမျိုးကားကိုယ့်ပစ္စည်းကိုခင်မင်၏၊ သူ့ပစ္စည်းကိုလိုချင်၏၊ များစွာသောမကောင်းမှုတို့ကို ပြုကျင့်တတ်၏၊ သူ့မယားကိုပြစ်မှားတတ်၏၊ သစ္စာမရှိ၊သူ့ကျေးဇူးဂုဏ်ကိုမသိတတ်၊မုသားဆိုတတ်၏၊ဆူဖြိုးသောကိုယ်ရှိ၏၊ လက်ကတီးမွေး၊ ဣနြေ္ဒမွေးရှည်၏၊အရှက်အကြောက်နည်း၏၊ အထူးထူးသော အရသာကို ကြိုက်တတ်၏၊အင်္ဂါဇာတ် အလုံးကြီး၏၊ ကိုယ်နံ့ညှီ၏၊၀မ်းပူ၏၊ ၀မ်းပိုက်၌အရေးအကြောင်းမရှိ၊ အင်္ဂါဇာတ် ၁၄-သစ်မျှရှည်၏၊

* တိုင်းပြည်ရတနာ၊ ၉-ပါးလာ၊ စုံစွာဖြည့်၍ထား ...
* မင်းအစိုးရတို့သည် တိုင်းပြည်၌ ပြည့်စုံစွာထားရှိကြရမည့် 'ပြည့်န၀ရတ်ခေါ်' ရတနာကိုးပါး၊ ကာမဏ္ဍကီကျမ်းမှ ၎င်းတို့ကို မနှိပ်စက်မညှင်းပန်းရာဟူ၏။
၁။ ပြည့်ဦးကင်း - တိုင်းရေးပြည်မှုကို ဆောင်ရွက်
စီမံပေးနိုင်သော မှူးကြီးမတ်ရာများ၊
၂။ ပြည့်တန်ခွန် - သီလ၀န္တ ပညာဝန္တ
ရဟန်းတော်များ၊
၃။ ပြည့်မျက်စိ - လိမ္မာကျွမ်းကျင်
ကုန်သောဆေးဆရာ ဟူးရားဗေဒင်ဆရာ
စက်ယန္တယားဆရာများ၊
၎။ ပြည်၏နား - သစ္စာရှိသော သူလျှိုများ၊
၅။ ပြည့်အစွယ် - သူရသတ္တိရှိကြသည့်
မင်းညီမင်းသား မင်းဆွေမျိုးများ၊
၆။ ပြည်ကြီးမျက်နှာ - ရုပ်ရည်ချောသည့်
လှမျိုးမယ်များ၊
၇။ ပြည်၏ ၀မ်းဗိုက် - စားနပ်ရိက္ခာနှင့်ဥစ္စာ
ပေါများသောသူဌေးသူကြွယ်တို့၊
၈။ ပြည်၏ခြေ -စစ်သည်ဗိုလ်ပါအပေါင်းနှင့်
ယာဉ်မျိုးစုံ၊
၉။ ပြည်၏လက် - ခဲယမ်းမီးကျောက် အမြောက်
သေနတ်စသော လက်နက်စုံ။


* နာယကပုဂ္ဂိုလ်၏ အသိဥာဏ် ၅-ပါး .....
* နာယက ရှေ့ဆောင်လုပ်သူသည် ဤပညာငါးပါးနှင့် ပြည့်စုံရမည်ဟူ၏။
၁။ အတ္ထညူ - အကျိုးစီးပွား ရှိမဲ့ကို သိရမည်။
၂။ ဓမ္မညူ - တရားကောင်းနှင့် ညီ, မညီကို
သိရမည်၊
၃။ မတ္တညူ - အတိုင်းအရှည်ကို သိရမည်၊
၎။ ကာလညူ- အချိန်အခါ သင့် မသင့်ကို
သိရမည်။
၅။ ပရိသညူ - ပရိသတ် လူထု၏ စိတ်ထားကို
သိရမည်။



🌱 ဗုဒ္ဓအမွေခံ 🌱
မြေပြင်မှာ ဝေဟင်မောက်အောင်ပ
ရွှေစင်ကျောက် စုပုံ
စာဂနှင့် သဒ္ဓါဆုံသည်
ဒါနဟုန် လွန်ကြီး
ဘယ့်ကလောက် ပသာဒဝေစေ
သာသနာ့အမွေ ရဖို့မနီး..။

ဆင်းရဲသား ကပ်ပါးမှန်စေ
တစ်ကျပ်တစ်ပြား ဒါနဟ မမှီး..။
မြတ်သားရတနံ ရှုမငြီးဖို့
စုအပြီး အပ်ကာ
သာမဏေ. နွမ်းမညစ်ရအောင်
ရဟန်းအဖြစ် သွတ်သွင်းသူမှာ

မြတ်ဗုဒ္ဓ. သာသနာကို
ရှည်အကြာ တည်အောင်ပြုတာမို့..။
ရည်ဆောင်မှု မုချမသွေအမှန်
ဗုဒ္ဓ အမွေခံ ။
ပဗ္ဗဇ္ဇ မင်္ဂလံငယ်
အင်မတန် ကံထူးလို့လေး..။

📝ထီးချိုင့်မြို့တည်တောဆရာတော်
(( ဓမ္မပန်းချီ -၆ ))


* ဗုဒ္ဓသာသနာနှင့် ဂိုဏ်းကွဲများ ....
*
လူသားတိုင်း ပတ်ဝန်းကျင်ကို အမှီပြု၍နေထိုင်ကြရ၏။ ထိုသို့ အမှီပြုနေထိုင်ကြရာတွင် သဘာဝ ပတ် ၀န်းကျင်ကို အမှီပြု၍ နေထိုင်ကြရသကဲ့သို့ လူသားပတ်ဝန်းကျင်ကိုလည်း အမှီပြု၍ နေထိုင်ကြရသည်။
ထိုပတ်ဝန်းကျင်နှစ်ခုအနက် လူသားပတ်ဝန်းကျင်တွင် အချင်းချင်း ပေါင်းစည်းနေထိုင်ကြသော်လည်း အတ္တကို ဗဟိုပြု၍ ရှင်သန်သောသူများ ရှိသကဲ့သို့ ပရ ကိုဗဟိုပြု၍ ရှင်သန်သော သူများလည်း ရှိကြသည်။ ထိုသို့ ဘ၀မှာ ရှင်သန်မှုခြင်း တူသော်လည်း လူသားတို့၏ အသိအမြင်အယူအဆကိုလိုက်၍ အချင်းချင်း ကွဲ ပြားကြသည်။ တစ်ချို့က ဆရာသမားတို့၏ အစဉ်အဆက်ကိုလိုက်၍ ကွဲပြားသွားသည်လည်း ရှိ၏။ ထိုသို့ မတူ ညီသော ကွဲပြားမှုများသည် တူရာတူရာ ပေါင်းစပ်စုစည်းမှု တစ်ခု ဖြစ်သွားကာ အယူဝါဒသို့လိုက်၍ ဂိုဏ်းဂဏ အသီးအသီး အဖြစ်သို့ရောက်ရှိ သွားကြသည်။
မြတ်ဗုဒ္ဓသာသနာတော်တွင်လည်း မြတ်ဗုဒ္ဓဟောကြားသောဓမ္မကို ပြုပြင်လိုသူများနှင့် မြတ်ဗုဒ္ဓ၏ ဓမ္မကို မြတ်ဗုဒ္ဓဟောကြားခဲ့သည့်ဓမ္မအတိုင်း မပြုမပြင် ပင်ကိုယ်မူရင်းအတိုင်း ထားရှိလိုသူများ ဟူ၍ နှစ်မျိုး ကွဲပြားခဲ့ လေသည်။ ဓမ္မကိုပြုပြင်လိုသူများသည် မြတ်ဗုဒ္ဓဟောကြားခဲ့သော တရားတော်များ၏ မူရင်းကို မိမိ တို့၏ အ တွေးအခေါ်တို့နှင့် ပေါင်းစပ်၍ ပြုပြင် ကျင့်သုံးခဲ့ကြ၏။ ဓမ္မကိုမပြုမပြင် ပင်ကိုယ်အတိုင်း ထားလိုသူ များက မြတ် ဗုဒ္ဓဟောကြားခဲ့သော တရားတော်များ၏ မူရင်းကို မပြုမပြင် ပင်ကိုယ်အတိုင်း လက်ခံ ကျင့်သုံး ခဲ့ကြသည်။
ထိုကဲ့သို့ ကျင့်သုံးမှုကိုလိုက်၍ မြတ်ဗုဒ္ဓသာသနာတော်တွင်လည်း ဂိုဏ်းအသီးသီး ကွဲပြားသွား ခဲ့ ကြ သည်။ ထိုသို့ ကွဲပြားသွားသော ဂိုဏ်းအသီးသီးကို မသိရှိသေးသော ဗုဒ္ဓဘာသာဝင်များ သိရှိစေရန် ရည် ရွယ်၍ “ဗုဒ္ဓသာသနာနှင့်ဂိုဏ်းကွဲများ” အကြောင်းကို တင်ပြလိုက်ရပါသည်။
ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးနောက် တပည့်သားသံဃာတော်တို့သည် ဘုရားရှင်ဟော ကြားတော် မူခဲ့သော ဓမ္မ,၀ိနယ ဒေသနာတော်တို့ကို တသွေမတိမ်း လိုက်နာကျင့်ကြံခဲ့ကြ၏။
သာသနာတော်နှစ်(၁၀၀)သို့ ရောက်သောအခါ၌မူ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့၏ အတွေး အမြင် များ ပြောင်းလဲ လာခဲ့ကြ၏။ သဘောတရား အသစ်များလည်း ပေါ်ပေါက်လာခဲ့ကြ၏။ အချို့ရဟန်းတော်တို့ သည် မြတ်ဗုဒ္ဓ၏ ၀ိနည်းဥပဒေတော်ကို ပြင်ဆင်ပြောင်းလဲမှု စတင်ပြုလုပ်လာခဲ့ကြ၏။

ထိုရဟန်းများမှာ-
ဝေသာလီပြည် ၀ဇ္ဇီပုတ္တကခေါ် ၀ဇ္ဇီတိုင်းသားရဟန်းများပင် ဖြစ်၏။ ထိုဝဇ္ဇီတိုင်းသား ရဟန်းများသည် ဘုရား ရှင်၏ ၀ိနည်းဒေသနာတော်နှင့် ဆန့်ကျင်သော အဓမ္မ၀တ္ထု(၁၀)မျိုးကို ပြင်ဆင် ကျင့်သုံးနေကြ၏။
အရှင်မဟာယသမထေရ်သည် ထိုသတင်းကိုကြားသဖြင့် ဝေသာလီပြည်၊ မဟာဝုန်ကျောင်းတိုက်သို့ ကြွ ရောက် တော်မူလာခဲ့သည်။ ထိုစဉ် သံဃာတော်များ ဥပုသ်ပြုချိန်နှင့်တိုက်ဆိုင်နေ၏။ ထိုနေ့တွင် ရဟန်းတို့ သည် သံဃာအလယ်၌ ကြေးဖလားကြီးတစ်လုံးကိုချ၍ ဥပုသ်စောင့်,တရားနာရန် လာရောက်ကြသော ဒါယ ကာ,ဒါယကာမတို့အား ပရိက္ခရာဖိုး လှူဒါန်းကြရန် ဟောပြောကြ၏။ ဒါယကာ,ဒါယကာမတို့ကလည်း တတ် အားသမျှ ပါဝင်လှူဒါန်းကြလေသည်။ ရှင်မဟာယသသည် ဤလုပ်ရပ်သည် ၀ိနည်းတော်နှင့် မညီညွတ် သော ကြောင့် မပြုလုပ်ကြရန် တားမြစ်သော်လည်း ၀ဇ္ဇီရဟန်းတို့က ရှင်မဟာယသ၏ စကားကို လက် မခံခဲ့ကြပေ။ လက်မခံသည့်အပြင်-
“အရှင်မဟာယသ ဟာ ဒါယကာတွေရဲ့ သဒ္ဓါတရားကို ဖျက်ဆီးပိတ်ပင်တယ်” ဟုပင် ပြစ်တင်ရှုတ် ချခဲ့ ကြသည်။ နောက်ဆုံး အရှင်မဟာယသကို ၀ဇ္ဇီတိုင်း သားရဟန်းများက သံဃာ့ဘောင်မှပယ်ထုတ်မှု ''ဥက္ခေ ပနီယကံ'' ပြု ကြသည်။
အရှင်မဟာယသ မထေရ်သည် ၀ဇ္ဇီတိုင်းသားရဟန်းတို့နှင့် သဘောထားကွဲလွဲရာ သူနှင့်အယူ ဆ ချင်း သဘောတူသည့် ဘုရားရှင်၏ ဓမ္မဒေသနာတော်တို့ကို ရင်းမြစ်ကျကျလက်ခံလိုကြသော ရဟန်းတော် များကို စည်း ရုံး စုစည်းရသည်။ ရဟန်းများစွာကိုလည်း စုစည်းမိခဲ့သည်။
အရှင်မဟာယသသည် သူနှင့် သဘောတူရာ ရဟန်း တော်တို့ကို ပေါင်းစု၍ မြတ်ဗုဒ္ဓ၏ ဓမ္မဒေသနာ တော်တို့ကို သင်္ဂါယနာတင်ခဲ့ ကြသည်။ ထိုသင်္ဂါယနာတင်ပွဲ သို့ကြွရောက်တော်မူကြသည့် သံဃာ တော် အား လုံးတို့က-
''မြတ်ဗုဒ္ဓ၏ ဓမ္မဒေသနာတော်တို့ကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်း မပြုလုပ်ကြဘဲ မူလပက တိ ရှိသည့်အတိုင်း လက်ခံကျင့်သုံးရန်'' ဟူသောမူကိုချမှတ်ပြီး တစ်ညီတညွတ်တည်း ဆုံးဖြတ်ချက်ချ ခဲ့ကြ သည်။
( အရှင်မဟာယသ ဦးဆောင် သော သံဃာအဖွဲ့ အစည်းသည် နောင်အခါ၌ ''ထေရ၀ါဒ ဂိုဏ်း '' ဟူ၍ ထင်ရှား လာခဲ့သည်။)
ထိုသတင်းကိုကြားသော ၀ဇ္ဇီတိုင်းသားရဟန်းတို့သည်လည်း သူတို့နှင့်အယူဝါဒတူရာ ရဟန်းတို့ကို စည်းရုံးကြသည်။ ထိုသို့စည်းရုံးပြီး သံဃာပေါင်း(၁၀၀၀၀)တစ်သောင်း ဖြင့် ကောသမ္ဗီပြည်၌ သီးခြားသင်္ဂါယ နာ တင်ပွဲ ပြုလုပ်ကြပြန်သည်။ ၀ဇ္ဇီတိုင်းသားရဟန်းတို့တင်သော သင်္ဂါယနာကို ''မဟာသံဂီတိ''ဟု ခေါ်ဆို ခဲ့ ကြ သည်။ ထိုသံဃာ့အဖွဲ့အစည်းကြီးကိုလည်း ''မဟာသံဃိကဂိုဏ်း'' ဟု ခေါ်ဆိုခဲ့ကြသည်။
ဤနည်းဖြင့် သာသနာတော်နှစ် နှစ် ၁၀၀ - အရောက်တွင် သာသနာတော်၌-
(၁) ထေရ၀ါဒ ဂိုဏ်း
(၂) မဟာသံဃိက ဂိုဏ်း ဟူ၍ ဂိုဏ်းကြီးနှစ်ခု ကွဲပြားသွားခဲ့သည်။

သာသနာတော်၌ ဂိုဏ်းများဆက်လက်ကွဲပြားခြင်း
မူလ သံဃာ့အဖွဲ့အစည်းအတွင်းမှ ၀ဇ္ဇီတိုင်းသားရဟန်းတို့၏ ပယောဂကြောင့် မဟာသံဃိကဂိုဏ်း ခွဲထွက်သွားခဲ့ပြီးနောက် အခြားသောရဟန်းအုပ်စုများကလည်း ဂိုဏ်းခွဲများကိုအသီးသီး ဖွဲ့စည်းတည်ထောင် ခဲ့ကြပြန်သည်။
ဂိုဏ်းခွဲများတွင် မဟာသံဃိကဂိုဏ်းကြီးမှ-
(၁) ဂေါကုလိကဂိုဏ်း
(၂) ဧကဗျောဟာရိကဂိုဏ်း ဟူ၍ ဂိုဏ်း ၂- ဂိုဏ်း ကွဲပြားလာသည်။
နောက်ထပ် ဂေါကုလိကဂိုဏ်းမှ-
(၃) ပဏ္ဏတ္တိဝါဒဂိုဏ်း
(၄) ဗဟုဿုတိကဂိုဏ်း ဟူ၍ ၂- ဂိုဏ်းကွဲပြားလာပြန်သည်။
တစ်ဖန် ဗဟုဿုတိကဂိုဏ်းမှလည်း
(၅) စေတိယဂိုဏ်း ဟူ၍ ၁- ဂိုဏ်း ခွဲထွက်ပြန်သည်။
ထို့ကြောင့် မဟာသံဃိကဂိုဏ်းမှ ပင်မဂိုဏ်းရင်းနှင့်တကွ ဂိုဏ်း(၆)ဂိုဏ်း ကွဲပြားသွားလေသည်။
ထိုမဟာသံဃိကဂိုဏ်းကြီးကို အတုလိုက်၍
မူလထေရ၀ါဒဘက်မှလည်း ဂိုဏ်းအမျိုးမျိုး ကွဲပြားခဲ့ပြန်သည်။ ရှေးဦးစွာ မူလထေရ၀ါဒဂိုဏ်းကြီးမှ-
(၁) မဟိသာသကဂိုဏ်း
(၂) ၀ဇ္ဇိပုတ္တကဂိုဏ်း ဟူ၍ (၂) ဂိုဏ်းကွဲပြားခဲ့သည်။
ထို ၀ဇ္ဇီပုတ္တကဂိုဏ်းမှ-
(၃) ဓမ္မုတ္တရိယဂိုဏ်း
(၄) ဘဒြယာနိကဂိုဏ်း
(၅) ဆန္နာဂါရိကဂိုဏ်း
(၆) သမ္မိတိယဂိုဏ်း ဟူ၍ (၄)ဂိုဏ်း ကွဲပြားခဲ့သည်။
တစ်ဖန် မဟိသာသကဂိုဏ်းမှ-
(၇) သဗ္ဗတ္ထိဝါဒဂိုဏ်း
(၈) ဓမ္မဂုတ္တိကဂိုဏ်း ဟူ၍ (၂)ဂိုဏ်းကွဲသည်။
သဗ္ဗတ္ထိဝါဒဂိုဏ်းမှ-
(၉) ကဿပိကဂိုဏ်း ခွဲထွက်ပြန်သည်။
ထိုကဿပိယဂိုဏ်းမှ-
(၁၀) သင်္ကန္တိကဂိုဏ်း ခွဲထွက်ပြန်သည်။
တစ်ဖန် ထို သင်္ကန္တိကဂိုဏ်းမှ-
(၁၁) သုတ္တ၀ါဒဂိုဏ်းခွဲထွက်ခဲ့ပြန်သည်။
ထို့ကြောင့် မူလထေရ၀ါဒဂိုဏ်းနှင့်ပေါင်းလျှင် ထေရ၀ါဒဂိုဏ်းပေါင်း(၁၂)ဂိုဏ်းရှိသည်။
ထေရ၀ါဒနှင့် မဟာသံဃိက ဂိုဏ်းမကြီးများနှင့် ဂိုဏ်းကွဲ အားလုံးပေါင်းလိုက်လျှင် ဗုဒ္ဓဘာသာဂိုဏ်း ကွဲပေါင်း (၁၈) ဂိုဏ်းအထိ ကွဲပြားလာခဲ့သည်။ (ဒီပ၀ံသကျမ်း)
ယခုဖော်ပြခဲ့သော ဂိုဏ်းများသည် သာသနာတော်နှစ်(၂၀၀)ခန့်အတွင်း ကွဲပြားခဲ့သောဂိုဏ်း များဖြစ် သည်။
အသောကမင်းနန်းတက်သောအခါဝယ် ဂိုဏ်းအသီးသီးတို့သည် ကိုယ့်အင်အား နှင့်ကိုယ် ကြီးပွားနေကြပြီ ဖြစ်သည်။
အသောကမင်းတရားလက်ထက် အသောကမင်းတရား၏ မြှောက်စားပူဇော်မှုကို ခံယူရသောဂိုဏ်း တစ်ဂိုဏ်းမှာ ၀ိဘဇ္ဇ၀ါဒီဂိုဏ်းကြီး ဖြစ်ပေသည်။

ထေရ၀ါဒနှင့် ၀ိဘဇ္ဇ၀ါဒီဂိုဏ်း
ဝိဘဇ္ဇ၀ါဒီဂိုဏ်းသည် မူလထေရ၀ါဒမှ ဂိုဏ်းကွဲတစ်ခုဖြစ်ဟန်တူပေသည်။ မည့်သည့်အချိန် အခါက စတင်၍ကွဲပြားခဲ့သည်ဟူသော ကျမ်းစာအထောက်အထားကို မတွေ့ရသော်လည်း ၀ိဘဇ္ဇ၀ါဒီဂိုဏ်းသည် အ သောကမင်းလက်ထက်တွင် ကြီးမားနေသည်မှာ ငြင်းပယ်နိုင်စရာ အကြောင်းမရှိပေ။
အသောကမင်းကြီးသည် နိဂြောဓသာမဏေနှင့်တွေ့ပြီးနောက် ဗုဒ္ဓဘာသာတစ်ဦးဖြစ်နေ ချိန်တွင် မဇ္ဈိမဒေသ( အိန္ဒိယနိုင်ငံ)၌ ဗုဒ္ဓဘာသာဆိုင်ရာအရှုပ်အထွေးများ ပေါ်ပေါက်နေပြီး ဖြစ်သည်။
သာသနာတော်၏ ပြင်ပ၌ဖြစ်သော တိတ္ထိတို့သည် ဗုဒ္ဓသာသနာတော်အတွင်းသို့အတင်းဝင်၍ ရဟန်း ပြု နေကြသောကြောင့် သံဃာ့အဖွဲ့စည်း သည်လည်းသန့်ရှင်းစင်ကြယ်သော သံဃာ့အဖွဲ့စည်း မဟုတ်တော့ ပေ။ တိတ္ထိတို့သည် သာသနာတော်အတွင်းဝင်ရောက်ပြီး ပရိယတ္တိ၊ပဋိပတ္တိ ဟူသော ဓူရနှစ်ဖြာ တရားအ လုပ်ကို အားမထုတ်ကြဘဲ တိတ္ထိတို့၏ မိစ္ဆာအယူကိုသာ ဆက်လက်အားထုတ် နေကြ၏။
သူတို့၏ မိစ္ဆာအယူတို့ကိုသာ '' ဒီဟာက သုတ္တာန်၊ ဒီဟာက အဘိဓမ္မာ၊ ဒီဟာက ၀ိနည်း '' ဟုဟောပြော ပြသကြက၏။
တိတ္ထိတို့ သာသနာတော်အတွင်းဝင်ရောက်လာရခြင်း၏ အဓိကသော့ချက်မှာ စားဝတ်နေရေးရှားပါးလာ ရခြင်း ကြောင့်ဖြစ်သည်။ တိတ္ထိတို့သည် စားဝတ်နေရေး လာဘ်လာဘရှားပါးလာသောကြောင့်(ရဟန်းခံ သိမ် ၀င်ခြင်းမရှိဘဲ) သူတို့ ကိုယ်တိုင် ခေါင်းရိပ် သင်္ကန်းဝတ်၍ သာသနာအတွင်းသို့ ရဟန်းအသွင်ဖြင့် ၀င် ရောက် နေထိုင်ကြသည်။ ဥပုသ်နေ့ ၊ ပ၀ါရဏာနေ့ စသော သံဃာ့ကံများကိုလည်း မပြုလုပ်ကြပေ။
ရဟန်းစစ်ရဟန်းမှန်တို့ကလည်း တိတ္ထိရဟန်း တို့နှင့်အတူ ဥပုသ်ပြုရန်အလိုမရှိကြသောကြောင့် အ သောကရာမကျောင်းတိုက်ကြီးတွင် (၇) နှစ်တိုင်တိုင် ဥပုသ်ကံမှ ဆိတ်သုဉ်းနေခဲ့ရသည်။
သာသနာတော်သန့်ရှင်းစင်ကြယ်ရေးကို အထူးလိုလားသော သာသနာ့ဒါယကာ သီရိဓမ္မာသောက မင်း ကြီးသည် သာသနာတော်သန့်ရှင်းစင်ကြယ်ရေးကို လုပ်ဆောင်နိုင်ရန် အတွက် အမတ်တစ်ဦးအား စေခိုင်းခဲ့ သည်။ ထိုအမတ်၏ သာသနာရေး မကျွမ်းကျင် မလိမ္မာမှုကြောင့် သူတော်ကောင်းသံဃာတော် အများအပြား အသက်ဆုံးရှုံးခဲ့ရသည်။ တူတော် တိဿမထေရ်ကို အကြောင်းပြု၍ ထိုအချင်းအရာကို သီရိဓမ္မာသောက မင်း ကြီး သိရှိခဲ့ရသည်။ သတိသံဝေဂကြီးစွာလည်း ရခဲ့သည်။
ထို့နောက် သီရိဓမ္မာသောကမင်းကြီးသည် ကိုယ်တော်တိုင် ရှင်မဟာမောဂ္ဂလိပုတ္တ တိဿမထေရ် ၏ အထံတော်၌ လက်ရှိဖြစ်ပေါ်နေသော အယူဝါဒများကို သေချာစွာနားလည်းစေရန် သင်ယူ ခဲ့ရသည်။
သာသနာရေးနှင့်စပ်၍ လုပ်ဆောင်ကြရာတွင် သာသနာတော်နှင့်သက်ဆိုင်သော သင်ယူ သင့် သင် ယူထိုက်ရာ ပညာရပ်များကို တကယ်လေ့လာပြီး လုပ်ကိုင်ဆောင်ရွက်မှသာလျှင် အမှား အယွင်းကင်းပြီး သာ သနာတော်အားလည်း ချီးမြှောက်ရာရောက်မည် ဖြစ်သည်။ ထိုသို့မဟုတ်ပါ က သာသနာတော်ကို ချီးမြှောက် ရာမရောက်ဘဲ တိုးတက်ခြင်းမှ ဆုတ်ယုတ်အောင် ပြုလုပ်သည့် အဖြစ်သို့ ရောက်ရှိသွားနိုင်သည်။
သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓ၏ဓမ္မနှင့် လက်ရှိဖြစ်ပေါ်နေသော အယူဝါဒများကို သေချာစွာ နား လည်ပြီးနောက် သံဃာတော်တို့ကို အသောကာရာမကျောင်းတိုက်ကြီး၌ တူရာတူရာစုဝေးစေပြီး-
''ဘုရားရှင်ဟာ ဘယ်လို အယူဝါဒရှိပါသလဲ'' စသည်ဖြင့် မြတ်ဗုဒ္ဓ၏ အယူဝါဒကို မေးစိစစ်ခဲ့ရသည်။ ထိုမေးခွန်းကို ရဟန်းတု,ရဟန်းယောင် တို့က မှန်အောင်မဖြေနိုင်ကြပေ။
အချို့က -
''ဗုဒ္ဓဟာ သဿတ၀ါဒ ရှိပါတယ်''
အချို့က -
''ဗုဒ္ဓဟာ ဥစ္ဆေဒ၀ါဒ ရှိပါတယ်''
အချို့က -
''ဗုဒ္ဓဟာ သညာဝါဒ ရှိပါတယ်''
အချို့က -
''ဗုဒ္ဓဟာ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ ရှိပါတယ်'' စသဖြင့် မဟုတ် မမှန်သော မိစ္ဆာဝါဒတို့ကို ဖြေဆိုကြသည်။ အသောကမင်းကြီးသည် ထိုရဟန်းတု ရဟန်းယောင်တို့ကို လူထွက်စေပြီးသာသနာ့ဘောင်မှ နှင်ထုတ်ပစ် ခဲ့သည်။
အသောကမင်းကြီးသည် မြတ်ဗုဒ္ဓ၏ အယူဝါဒမှန်ကို လက်ခံကျင့်သုံးကြသည့် ရဟန်း တော်တို့အား
''အရှင်ဘုရားတို့ မြတ်ဗုဒ္ဓဟာ အဘယ်အယူဝါဒရှိပါသလဲ'' ဟုမေးမြန်းသည်။
ရဟန်းတော်တို့က -
''မင်းကြီး မြတ်ဗုဒ္ဓဟာ သဿတအယူ၊ ဥစ္ဆေဒအယူဝါဒတွေကို ခွဲခြမ်းဝေဘန်ပြီး အမြဲ ဆိုတော်မူတတ်သော ၀ိဘဇ္ဇ၀ါဒီ ဖြစ်ပါတယ်'' ဟု ဖြေဆိုကြသည်။ (၀ိ၊ ဋ္ဌ၊ ၁။ ၄၅။ )
မင်းကြီးသည် ထိုအဖြေကိုခိုင်မာစေရန် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်အား လျှောက်၏။
''မင်းကြီး ဒါဟာ မြတ်ဗုဒ္ဓ၏ အယူဖြစ်တယ်'' ဟုမထေရ်မြတ်ကဖြေကြား၏။
''ရဟန်းစစ် ရဟန်းမှန်တို့ကို တွေ့ရပြီ'' ဟု မင်းကြီးဆုံးဖြတ်၍ သာသနာတော်သန့်ရှင်းစင်ကြယ်ရေးကို လုပ်ဆောင်နိုင်ခဲ့သည်။
ထိုအချိန်မှစကာ မင်းကြီးသည် ၀ိဘဇ္ဇ၀ါဒီဂိုဏ်းသံဃာတို့ကို ချီးမြှင့်ပူဇော်မှုကို ပြုလေတော့သည်။
ထို့ကြောင့် ၀ိဘဇ္ဇ၀ါဒီဂိုဏ်းသည် အသောကမင်းကြီး၏ အဓိကကိုးကွယ်ရာ ဂိုဏ်းဖြစ်သည်ဟု ဆိုနိုင်ပေ သည်။
ဝိဘဇ္ဇ၀ါဒီဂိုဏ်း၏ အယူဝါဒကို သာသနာ့သမိုင်း၌ ဖော်ပြထားခြင်း မရှိပေ။ ထိုသို့ဖော် ပြထားခြင်း မရှိ သည်မှာ မူလထေရ၀ါဒနှင့် အယူဝါဒချင်း၊ တရားဓမ္မချင်း၊ ခံယူကျင့်သုံးမှုချင်း တူညီ နေသော ကြောင့် သာ ဖြစ်သည်ဟု ဆိုရပေမည်။
ဤသို့ အယူဝါဒချင်း တရားဓမ္မချင်း တူညီနေသော ကြောင့်လည်း နောင်အခါတွင် ၀ိဘဇ္ဇ၀ါဒီဂိုဏ်းသည် သီးခြားဂိုဏ်းတစ်ဂိုဏ်းအဖြစ်ဖြင့် ရပ်တည် မှုမရှိဘဲ မူလထေရ၀ါဒနှင့် ပြန်လည်ပေါင်းစပ်ခဲ့သည်။
ထေရ၀ါဒ၊ မဟာယာနနှင့် ဟီနယာန
အေဒီ(၄၀) ခန့်တွင် ကုသျှန်လူမျိုးတို့သည် အိန္ဒိယပြည်အနောက်မြောက်ပိုင်းဒေသ ကြီးတစ်ခုလုံး ကို သိမ်းပိုက်လျက် ကုသျှန်မင်းဆက်ကို ထူထောင်ခဲ့ကြသည်။ ထိုကုသျှန်မင်းများ အနက် အေဒီ-၁၂၀ မှ ၁၆၂ အထိ စိုးစံခဲ့သော ကနိသျှကမင်းကြီးသည် ဘုန်တန်ခိုးအကြီးဆုံး ဖြစ်၏။ မင်းကြီးသည် မူလက ပါရှင်ဘာ သာ ၀င် တစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်ဖြစ် လာခဲ့သည်။
ဗုဒ္ဓသာသနာထွန်းကားရေးကိုလည်း အထူးအားပေးခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ၀င်တို့က ဒုတိယ အသောကမင်းဟူ၍ ခေါ်ဆိုခဲ့ကြသည်။ ထိုမင်းသည် ထေရ၀ါဒဂိုဏ်းကွဲဖြစ်သော သဗ္ဗတ္တိဝါဒဂိုဏ်းရဟန်း တို့ ကို အဓိကထား၍ ကြည်ညိုကိုးကွယ်ခဲ့သည်။ ကနိသျှကမင်းလက်ထက် တွင် အိန္ဒိယပြည်၌ ဗုဒ္ဓဘာသာဂိုဏ်း ကွဲများ အရှိန်အ၀ါကောင်းနေဆဲ ဖြစ်၏။ ဂိုဏ်းအချင်းချင်း အယူအဆရေးရားများနှင့်ပတ်သက်၍ ညီညွတ်မှု မရှိကြပေ။ သဘောတရားရေးဆိုင်ရာမာလည်း အရှုပ် အထွေးများ ဖြစ်ပွားနေ၏။
ကနိသျှမင်းကြီးသည် ဤကဲ့သို့ဗုဒ္ဓဘာသာအချင်းချင်း ဂိုဏ်းဂဏများကွဲပြားနေမှုကို အား ရကြေနပ် မှုမရှိဖြစ်ခဲ့ရသည်။ ဂိုဏ်းအားလုံးကို ပေါင်းစည်းညီညွတ်ရန် ဆန္ဒရှိခဲ့သည်။ ထို့ကြောင့် သဗ္ဗတ္ထိဝါဒ ဂိုဏ်းမှ ဆရာတော် ၀သုမိတြမထေရ်ကို အကြီးအမှုးပြု၍ ဂိုဏ်းပေါင်းစုံမှ ရဟန်း(၅၀၀)တို့ဖြင့် သင်္ဂါ ယနာပွဲကို ကျင်း ပပြုလုပ်ခဲ့သည်။
ထိုသင်္ဂါယနာပွဲမှ သံဃာတော်တို့သည် သုတ်၊၀ိနည်း၊အဘိဓမ္မာ တို့၏ အဖွင့်ဖြစ်သော ၀ိဘာသာ ကျမ်းများကို ပြုစုခဲ့ကြ၏။ ယင်းတို့မှာ-
(၁) ၀ိနယပိဋကအဖွင့် ၀ိဘာသာကျမ်း (ဂါထာတစ်သိန်း)
(၂) သုတ္တန္တပိဋကအဖွင့် ၀ိဘာသာကျမ်း( ဂါထာတစ်သိန်း)
(၃)အဘိဓမ္မာပိဋကအဖွင့် ၀ိဘာသကျမ်း (ဂါထာတစ်သိန်း)တို့ဖြစ်၏။
ကနိသျှကမင်းကြီးသည် ထိုသင်္ဂါယနာမှ ထွက်ပေါ်လာသော ၀ိဘာသာကျမ်းများကို ကြေးပြားပေါ်တွင် သက္ကတဘာသာဖြင့် ရေးထိုးမှတ်တမ်းတင်၍ ကျောက်သေတ္တာကြီးများဖြင့် ထည့် သွင်းကာ ရှရီနဂရ်မြို့အနီးရှိ စေတီတစ်ဆူ၌ ဌာပနာခဲ့သည်။ ထိုဝိဘာသာကျမ်းအပြင် မဟာယာနဗုဒ္ဓ ဘာ သာ၏ မျိုးစေ့သဖွယ်ဖြစ်သော ဗုဒ္ဓစရိတကျမ်းကို အရှင်အဿဃောသက စီရင်ရေးသားခဲ့ သည်။ ကနိသျှက မင်းကြီး၏ ချီးမြှောက်မှုကြောင့် အိမ်နီးချင်းနိုင်ငံများသို့ ဗုဒ္ဓဘာသာပြန့်ပွားလာခဲ့ သည်။ မဟာယာနဗုဒ္ဓ ဘာသာဟူ၍လည်း ထင်ထင်ရှားရှား ဖြစ်ပေါ်လာခဲ့သည်။
မဟာယာနဗုဒ္ဓဘာသာဟူ၍ ပေါ်ထွန်းလာပြီးနောက် အရှင်အဿဃောသ၏ တပည့်များ ဖြစ်သော အရှင်နာဂဇုနနှင့် အရှင်ဝသုဗန္ဓတို့က ထိုမဟာယာနဗုဒ္ဓဘာသာကို ထွန်းကာပြန့်ပွားအောင် ဆောင် ရွက်ခဲ့ကြသည်။ ထိုထေရ်နှစ်ပါးသည် မြတ်ဗုဒ္ဓ၏ တရားဓမ္မများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နှုတ် ပယ်ခြင်း များကိုပြုလုပ်ခဲ့ကြ၏။
ဘုရားရှင်သည် ''သမ္မာသမ္ဗောဓိ၊ ပစ္စေကဗောဓိ၊ သာဝက ဗောဓိ''ဟု ဗောဓိသုံး ပါး ဟော ကြားထား၏။ ထိုကြောင့် မိမိတို့ကြိုက်နှစ်သက်ရာ ဗောဓိတစ်မျိုးမျိုးကို ကျင့်သုံးနိုင်၏။ သို့ရာတွင် ပစ္စေကဗောဓိနှင့် သာဝက ဗောဓိတို့သည် မိမိတစ်ဦးတည်း နိဗ္ဗာန် ရောက်ရန် ကျင့်ကြံသော ကြောင့် တစ်ကိုယ်ကောင်းဆန်သော လမ်းစဉ်ဖြစ်၏။ သတ္တ၀ါတို့ကို ကယ်တင်ရန် သမ္မာသမ္ဗောဓိ ကျင့်စဉ်ကို ကျင့်ကြံရမည်'' ဟု ဟောပြောရေးသား ကြ၏။ (ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာတော် ရောက်ရှိပြန့်ပွါးပုံ (ပထမပိုင်း))
ထို့အပြင် မဟာယာန ဂိုဏ်းသားတို့သည် မိမိတို့အယူဝါဒကို လက်ခံကျင့်သုံးမှုမရှိသော အခြား ဂိုဏ်း များ ကိုပြောင်လှောင်၍ ''ဟီနယာန''ဟု မှည့်ခေါ်ခဲ့ကြသည်။ သို့ဖြစ်၍ ထေရ၀ါဒသည်လည်း မဟာယာန၌ မပါဝင် သောကြောင့် ဟီနယာန၌ ပါဝင်သကဲ့သို့ ဖြစ်နေ၏။
ကနိသျှကမင်းကြီးလက်ထက် သင်္ဂါယနာတင်စဉ် အခါက ဂိုဏ်းပေါင်းစုံ တက်ရောက်ခဲ့သော် လည်း လုံးဝတက်ရောက်ခြင်းမရှိသော ဂိုဏ်းတစ်ဂိုဏ်းရှိခဲ့သည်။ ထိုဂိုဏ်းကား အသောကမင်း လက်ထက် သင်္ဂါ ယ နာ တင်ပွဲကို ဦးဆောင်ခဲ့ကြသော ထေရ၀ါဒ၀ိဘဇ္ဇ၀ါဒီဂိုဏ်း ပင် ဖြစ်၏။
ထိုဂိုဏ်း သည် မူလထေရ၀ါဒနှင့် ပေါင်းစည်းခဲ့သောဂိုဏ်း ဖြစ်၏။ ဤမဟာယာနနှင့် ဟီနယာန ဂိုဏ်း ကွဲချိန်၌ ၀ိဘဇ္ဇ၀ါဒ(သို့မဟုတ်) ထေရ၀ါဒမှာ အိန္ဒိယပြည်၌ မရှိတော့ချေ။ ထို့ကြောင့်ပင် ကနိသျှကမင်း လက်ထက် သင်္ဂါယနာကို ထေရ၀ါဒက လက်ခံမှတ်တမ်းတင်ခြင်း မရှိခဲ့ပေ။
နောက်ပိုင်းကာလတွင် မဟာယာနဂိုဏ်းကြီး မှာတိဗက်၊ဆစ်ကင်း၊ဘူ တန်၊နီပေါ၊မွန်ဂိုလီယား၊တ ရုတ်၊ဗီယနမ်၊ ကိုရီယား၊ ဂျပန် စသော နိုင်ငံအသီးသီးသို့ရောက်ရှိပြန့်ပွားခဲ့သည်။
မူလက ''ဟီနယာန'' ဟု ခေါ်ဝေါ်သုံးစွဲမှုကိုခံခဲ့ရသော ဂိုဏ်းများမှာ အိန္ဒိယာနိုင်ငံ၌ တဖြည်းဖြည်း အားနည်းမှေးမှိန် ပျောက်ကွယ်သွားခဲ့ကြသည်။ ပင်မထေရ၀ါဒဂိုဏ်းမှာ သီရိလင်္ကာ(သီဟိုဠ်)၊ မြန်မာစသော နိုင်ငံများသို့ ရောက်ရှိပြန့်ပွားသွားခဲ့သည်။
ဇင် ၀ိပဿနာဂိုဏ်း
ယနေ့မျက်မှောက်ခေတ်တွင် ထေရ၀ါဒနှင့် မဟာယာနတို့ကဲ့သို့ ထွန်းကားနေသောဂိုဏ်းမှာ ဇင်ဝိပဿနာဂိုဏ်းပင် ဖြစ်၏။ ဂျပန်နိုင်ငံ၌ အထူးထင်ရှားသော မဟာယာနဗုဒ္ဓဘာသာဂိုဏ်းကွဲ တစ်ခု ဖြစ်၏။ ဇင်ဝါဒသည် ဂျပန်နိုင်ငံ၌သာ ထင်ရှားသည်မဟုတ်ဘဲ အနောက်နိုင်ငံများ၌လည်း လူသိများ၏။ ထိုဇင် ၀ိပဿ သနာကို အနောက်တိုင်းပညာရှင်အတော်များများ စိတ်ဝင်စားကြကြောင်း သိရှိရသည်။
''ဇင်သည် ပါဠိစကား''ဈာန'' နှင့် အနက်တူသော တရုတ်စကားမှဆင်းသက်လာသည်''ဟု ဆိုပါသည်။
(ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ (ဦးအေးမောင်) စာ-၃၆၀)
စင်စစ်အားဖြင့် ဇင်သည်ဘာသာဝါဒမဟုတ်ဘဲ ၀ိပဿနာကျင့်စဉ်သာ ဖြစ်၏။ ဗုဒ္ဓလက်ထက်မှစ၍ ရှင်မဟာကဿပနှင့် အခြားမထေရ်အဆက်ဆက်တို့ ဆောင်ခဲ့ကြ၍ ခြောက် ရာစုအတွင်း၌ ဗောဓိဓမ္မ မည်သော အိန္ဒိယနိုင်ငံသားမထေရ်တစ်ပါးနှင့်အတူ တရုတ်ပြည်နှင့် ဂျပန် ပြည်သို့ ရောက်ရှိလာခဲ့၏။
ထို 'ဇင်'၀ါဒသည် တရုတ်နိုင်ငံ၌ စတင်ပေါ်ပေါက်၍ ထေရ၀ါဒနှင့် မဟာယာနဗုဒ္ဓ ဘာသာဂိုဏ်း နှစ်ခုလုံးမှ ကောင်းနိုးရာရာ ၀ိနည်းဥပဒေများကို လိုက်နာကျင့်ကြံကြ၏။ ဤသို့အား ဖြင့် ဇင်ဗုဒ္ဓဘာသာ သည် မျက်မှေက်ခေတ်တွင် ဂျပန်နိုင်ငံ၌ ထင်ရှားနေသည်။
ထေရ၀ါဒ
အေဒီ (၁၂)ရာစုတွင် အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘာသာပျောက်ကွယ်သွားခဲ့၏။ ထိုအချိန်တွင် အာရှတိုက် တစ်ခွင်၌ ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားနေပြီ ဖြစ်၏။ အာရှတိုက်ဒေသအချို့တွင် အသော ကမင်း လက် ထက်၊ (သိုမဟုတ်) ထိုမင်းလက်ထက်မတိုင်မီ အခါကာလကပင် ဗုဒ္ဓဘာသာရောက်ရှိ ပြန့်ပွား နေခဲ့၏။
ထိုတွင် မဟာယာနဗုဒ္ဓဘာသာသည် မြောက်ပိုင်းဒေသ နိုင်ငံကြီးများ၌ စည်ပင် ပြန့်ပွားနေသကဲ့သို့ ထေရ၀ါဒ ဗုဒ္ဓဘာသာသည်လည်း တောင်းပိုင်းဒေသ အသီးသီးတို့၌ ထွန်းကား ပြန့်ပွားနေ၏။ ထေရ၀ါဒ နိုင် ငံ များမှာ သီရိလင်္ကာ၊မြန်မာ၊ထိုင်း၊ ကမ္ဘောဒီးယား နှင့် လော(လာအို)နိုင်ငံတို့ဖြစ်၏။
ထေရ၀ါဒဟူသည်မှာ''မထေရ်အဆက်ဆက်တို့ မပျောက်မပျက်ရအောင် ဆောင်ထား အပ်သော ထိန်းသိမ်းအပ်သော ဘုရားစကားတော်အစဉ်''ဟု အဓိပ္ပါယ်ရသည်။ တနည်းအားဖြင့် အရှင်မဟာကဿပ အစရှိသော မထေရ်အဆက်ဆက်တို့ မူရင်းမပျက် သံဂါယနာတင်လျက် ထိန်းသိမ်းစောင့်ရှောက်ထားအပ် သောဘုရားစကား ပါဠိတော်အတိုင်း ကျင့်ကြံနေထိုင်သော အယူဝါဒကို ''ထေရ၀ါဒ''ဟု ခေါ်သည်ဟူ၍ (၀ိ၊ဋ္ဌ၊၁၊၁၇ )ဖွင့်ဆိုထားသည်။
ထေရ၀ါဒရဟန်းတော် များသည် မြတ်ဗုဒ္ဓ၏ ဓမ္မဒေသနာတော်တို့ကို ပြင်ဆင်ခြင်း ၊ဖြည့်စွက် ခြင်း၊ နှုတ် ပယ်ခြင်း မပြုဘဲ မူရင်းအတိုင်း ထိန်းသိမ်းခဲ့သော ပင်မ ဗုဒ္ဓဘာသာ ဖြစ်၏။
ထေရ၀ါဒ ရဟန်းတော်တို့သည် မြတ်ဗုဒ္ဓ၏ ဓမ္မက္ခန္ဓာဒေသနာတော်များကို ပါဠိဘာသာဖြင့် မူရင်းအတိုင်း နှုတ်ဆင့်ကမ်း၍လည်းကောင်း၊ စာမှတ်တမ်းဖြင့်လည်းကောင်း ထိန်းသိမ်းလာခဲ့ကြ၏။ ဘုရား ရှင်၏ သာသနာတော်ငြိုးမှိန် ပျက်စီးဖွယ် ရာ ဤအကြောင်း ပေါ်ပေါက်လာသည့်အခါ မြတ်စွာဘုရား ဟော ဖော် တရားတော်များကို နှုတ်တက်ဆောင်ခြင်း၊ ပေထက်အက္ခရာ၊ကျောက်ထက်အက္ခရာ ပုံနှိပ်အက္ခရာတို့ ဖြင့် ရေးသား၍ သံဂါယနာတင်ခဲ့ကြရာ (၆)ကြိမ်တိုင်တိုင်ပင် ရှိခဲ့၏။ ထိုမြတ်ဗုဒ္ဓ၏ ဓမ္မက္ခန္ဓာ ဒေသနာ အရပ် ရပ်ကို စုပေါင်း၍ '' ပိဋကတ်တော်''ဟုခေါ်ဆိုခဲ့ကြ၏။
(ထေရ၀ါဒ ပိဋကတ်တော်အကြောင်းကိုနောက်ဆက်လက်တင်ပြပါမည်။)
မျက်မှောက်ခေတ် (မြန်မာနိုင်ငံရှိ) ထေရ၀ါဒဂိုဏ်းကွဲများ
ကနိသျှကမင်းလက်ထက် မဟာယနနှင့် ဟီနယာနဂိုဏ်းကွဲပုံ အကြောင်းကို ရှေး၌ ပြဆိုခဲ့ပြီး ဖြစ်၏။ ထိုအချိန်က အိန္ဒိယနိုင်ငံ၌ ပျောက်ကွယ်သော ထေရ၀ါဒဗုဒ္ဓဘာသာသည် မြန်မာစသော နိုင်ငံအသီးသီးသို့ ရောက်ရှိပြန့်ပွားရာ၌ မူလထေရ၀ါဒ ဂိုဏ်းမှာပင် ဂိုဏ်းကွဲများပေါ်ပေါက်ခဲ့သည်။ ယနေ့မျက်မှောက်ခေတ် တွင် မြန်မာနိုင်ငံ၌ အသိအမှတ်ပြုထားသော ထေရ၀ါဒဂိုဏ်းကြီး ၉-ဂိုဏ်း အထိရှိ၏။ ယင်းတို့မှာ-
(၁) သုဓမ္မာဂိုဏ်း
(၂) ရွှေကျင်ဂိုဏ်း
(၃) မဟာဒွါရဂိုဏ်း
(၄) မူလဒွါရဂိုဏ်း
(၅) အနောက်ချောင်းဒွါရဂိုဏ်း
(၆) ဝေဠုဝန်ဂိုဏ်း
(ရ) ငှက်တွင်းဂိုဏ်း
(ဂ) ဂဏ၀ိမုတ်ဂိုဏ်း
(၉) မဟာရင်ဂိုဏ်း တို့ဖြစ်သည်။
ထို ၉-ဂိုဏ်းအနက် သုဓမ္မာဂိုဏ်းမှာ ရှေးအကျဆုံးသောဂိုဏ်းဖြစ်ပြီး အင်အားအကြီးမားဆုံး သော ဂိုဏ်း လည်း ဖြစ်၏။ ထိုဂိုဏ်း ၉-ဂိုဏ်းလုံးမှာ ထေရ၀ါဒဘောင်အတွင်းမှပင် ကွဲပြားနေသော ဂိုဏ်း များဖြစ်၏။
မဟာယာနဂိုဏ်းကဲ့သို့ မြတ်ဗုဒ္ဓ၏ စစ်မှန်သောဓမ္မဒေသနာတော်တို့ကိုသို့မဟုတ် ပိဋကတ် တော်တို့ကိုခြေကန်၍တော်လှန်သောဂိုဏ်းများမဟုတ်ကြပေ။အလေးမထား၊မပြောပလောက်သော အသေးအမွှား အယူ အဆ အချို့ ကို အခြေခံထား၍ ကွဲပြားနေခြင်းမျှသာ ဖြစ်၏။
ထိုသို့ ကွဲပြားနေသော ဂိုဏ်းကြီးများကို ပေါင်းစည်းလိုသည့်ဆန္ဒဖြင့် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်း အဝေးကြီးကို ကမ္ဘာအေးကုန်မြေရှိ ဆဋ္ဌသင်္ဂါယနာတင်တော်မူရာ မဟာပါသာဏ လိုဏ်ဂူ တော်ကြီး ၌ ခရစ်နှစ်(၁၉၈၀)ပြည့်နှစ် ကောဇာသက္ကရာဇ်(၁၃၂၄)ခုနှစ် နယုန်လ တွင် ကျင်းပပြုလုပ် နိုင်ခဲ့သည်။ ထို ဂိုဏ်း ပေါင်းစုံ သံဃာ့အစည်းအဝေးကြီးမှပင် ဂိုဏ်းပေါင်းစုံ သံဃာတော်များပါဝင်သော သံဃနာယ ကအဖွဲ့အ ဆင့် ဆင့်ကို ဖွဲ့စည်း၍ သာသနာရေးတာဝန်များကို ဆောင်ရွက်စေခဲ့ပါသည်။
* ထေရ၀ါဒ ပိဋကတ်တော် ....

ပိဋကတ် ၏ အဓိပ္ပါယ်ကို '' သင်အပ်သော ပါဠိဟူသော အနက် တည်ရာဖြစ်သောအနက်''ဟု(၀ိ၊ ဋ္ဌ၊ ၁၊ ၁၇။)တွင် ဖွင့်ဆိုသည်။ ထိုဖွင့်ဆိုချက်တွင် တည်ရာဟူသော အနက်ကို '' ခြင်းတောင်း''ဟုလည်း ဖွင့်ဆို၏၊ လူတို့သည် သယ်ယူစရာ ပစ္စည်းများကို ခြင်းတောင်းတို့ဖြင့် သယ်ယူရ၏။ ထို့အတူဗုဒ္ဓ၏ တရား တော်တို့ကို လည်းဘုရားရှင်လက်ထက်တော်မှစ၍ ခေတ်အဆက်ဆက် မထေရ်မြတ်တို့က လက် ဆင့် ကမ်း၍ သယ်ယူခဲ့ ကြ သဖြင့် ခြင်းတောင်းနှင့် တင်စားကာ ပိဋကတ် ဟူ၍ ခေါ်ဆိုလာခဲ့ကြခြင်း ဖြစ်၏။
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ ထိန်းသိမ်းသယ်ဆောင်လာခဲ့သော ပိဋကများမှာ-
(က) ၀ိနယ ပိဋက
(ခ) သုတ္တန္တပိဋက
(ဂ) အဘိဓမ္မ ပိဋက ဟူ၍ သုံးမျိုးရှိပါသည်။
ထိုသုံးမျိုးလုံးကို ပေါင်း၍ '' ပိဋကတ် '' ဟူ၍ ခေါ်ဆိုသည်။
( “ပိဋက”ဟု ခေါ်ပါက ပိဋက တစ်ပုံ ချင်းကို ခေါ်ဆိုခြင်းဖြစ်ပြီး '' ပိဋကတ် '' ဟု ခေါ်ပါ က ပိဋကတ်သုံးပုံ လုံးကိုခေါ်သည် ဟုသတိပြုပါ ။)

* ၀ိနယပိဋက ....
(က) ၀ိနယပိဋက ဟူသည် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများနှင့် ရဟန်းမိန်းမများ အတွက် သတ်မှတ် ပညတ်ထားသော ကျင့်ဝတ်စည်းကမ်း၊ ဥပဒေများ ဖြစ်သည်။
ထို ၀ိနယပိဋကကို (၅)ကျမ်းခွဲထားသည်။
ယင်းတို့မှာ-
(၁) ပါရာရာဇိကဏ် ပါဠိတော် = ရဟန်းတော်များအတွက် ရည်ညွှန်းထားသော သိက္ခာပုဒ်
(၄၉)ပါးပညတ်ရခြင်း၏ အကြောင်း ၀တ္ထုနှင့် ပါရှိ၏။
(၂) ပါစိတ် ပါဠိတော် = ရဟန်းတော်များအတွက် သိက္ခာပုဒ် (၁၇၈)ပါး၊ ဘိက္ခုနီတို့အတွက်
သိက္ခာပုဒ်(၃၃၁)ပါး ပါရှိ၏။
(၃) မဟာဝါပါဠိတော် = သံဃာတော်များ လိုက်နာရမည့် ကျင့်ဝတ်များ၊ လုပ်နည်း လုပ်ဟန်များကို
အခန်း(၁၀၃) တို့ဖြင့် ဖော်ပြထားသည်။
(၄) စူဠ၀ါ ပါဠိတော် = သံဃာအဖွဲ့စည်းနှင့် ပတ်သက်သော စည်းမျဉ်း ဥပဒေတို့ကို အခန်းပေါင်း
(၁၂)ခုတို့ဖြင့်ဖော်ပြထားသည်။
(၅) ပရိဝါ ပါဠိတော် = ၀ိနည်း သိက္ခာပုဒ်တို့ကို ကျက်မှတ်လိုသူတို့အတွက် ကျဉ်း ချုပ်ပြူ စု
ထားသော ကျမ်းဖြစ်၏။

* သုတ္တန္တ ပိဋက ......
(ခ) သုတ္တန္တ ပိဋက ဟူသည် မြတ်ဗုဒ္ဓ ရှေးဦးစွာ ဟောကြားတော်မူအပ်သော ဓမ္မစင်္ကြာတရား တော်မှ စ၍ နောက်ဆုံး ပရိနိဗ္ဗာန်ပြုတော်မူခါနီး ဟောကြားတော်မူအပ်သော သြ၀ါဒဒေသနာတော် အထိ (၄၅) နှစ်တို့ ပတ်လုံး ဟောကြားတော်မူခဲ့သည့် ဒေသနာတော် အမျိုးအစားများ ဖြစ်သည်။ဤသုတ္တန္တ ပိဋကကို နိကာယ် ၅-ရပ်ဖြင့် ဖွှဲ့စည်းထာပါသည်။ ယင်းတို့မှာ-
( ၁ )ဒီဃနိကာယ် = ရှည်လျားသော သုတ်တို့ကိုပေါင်းစည်းထားသောကြောင့်''ဒီဃနိကာယ်''
ဟုခေါ်၏။
ဒီဃနိကာယ် တွင်-
(၁) သီလက္ခန္ဓ၀ဂ္ဂ - ၁၃ သုတ်
(၂) မဟာဝဂ္ဂ - ၁၀ သုတ်
(၃) ပါထိက၀ဂ္ဂ - ၁၁ သုတ်
( ၂ ) မဇ္ဈိမနိကာယ် = အလယ်အလတ်ဖြစ်သော သုတ်တို့ကို ပေါင်းစည်းထားသောကြောင့်
''မဇ္ဈိနိကာယ်'' ဟုခေါ်၏။
ထိုမဇ္ဈိမနိကယ်တွင် -
(၁) မူလပဏ္ဏာသ ၅၀-သုတ် ၊
(၂) မဇ္ဈိမပဏ္ဏာယ ၅၀-သုတ် ၊
(၃) ဥပရိပဏ္ဏာသ ၅၂-သုတ် ပါဝင်သည်။


(၃)သံယုတ္တနိကယ် =ဒေသနာတော်နှင့်တူညီသောအချက်တစ်ခုကို မူထားစုစည်း ပေါင်းစပ်
ထား သော သုတ်များ ကို ''သံယုတ္တနိကာယ်'' ဟုခေါ်၏။
ထို သံယုတ္တနိကာယ်၌-
(၁) သဂါထာဝဂ် သံယုတ်ပေါင်း ၁၁ ၊
(၂) နိဒါန၀ဂ် သံယုတ်ပေါင်း ၁၀ ၊
(၃) ခန္ဓ၀ဂ် သံယုတ်ပေါင်း ၁၃ ၊
(၄) သဠာယတန၀ဂ် သံယုတ်ပေါင်း ၁၂ ၊
(၅) မဟာဝဂ် သံယုတ်ပေါင်း ၁၂- ပါဝင်သည်။
( ၄ )အင်္ဂုတ္တရနိကာယ် =ဧကနိပါတ်မှ ဧကဒသကနိပါတ်အောင်သော အပိုင်းငယ်နိပါတ် (၁၁)ခု၊
သုတ်ပေါင်း (၉၅၇)သုတ် ပါဝင်သည်။
( ၅ )ခုဒ္ဒကနိကာယ် =ရှေးနိကာယ်လေးရပ်တို့မှ နောက်ထပ်ဖြစ်သော ခုဒ္ဒကပါဌစသည် ကျမ်းအစု
ကို ခုဒ္ဒကနိကာယ် ဟုခေါ်၏။
ထို ခုဒ္ဒကနိကာယ်၌ အောက်ပါကျမ်းများ ပါဝင်သည်။
(၁) ခုဒ္ဒကပါဌ - တိုတောင်းသည့် အစု ၉-မျိုး ပါဝင်သည်။
(၂) ဓမ္မပဒ - ၀ဂ်ပေါင်း ၂၆၊ ဂါထာပေါင်း ၄၂၃-ပါဝင်သည်။
(၃) ဥဒါန - ဗုဒ္ဓဘုရားရှင် ကျူးရင့်သော စကားများ ဖြစ်သည်။ဝဂ်ပေါင်း ၈-ခုနှင့်ဥ
ဒါန်းပေါင်း ၈၂-ပုဒ် ပါဝင်သည်။
(၄) ဣတိဝုတ္တက - နိပါတ် ၄-ခု၊ သုတ်ပေါင်း ၁၂၀-ပါဝင်သည်။
(၅) သုတ္တနိပါတ - သုတ်ငယ်များ စုပေါင်းထားသည်။ ၀ဂ် ၅-ခု၊ သုတ် ၅၄-နှင့် ပုစ္ဆာ
၆၁-ခုပါဝင်သည်။
(၆) ၀ိမာန၀တ္ထု - ဘုံနန်းဗိမာန်ဆိုင်ရာ အဖြစ်အပျက်တို့ကို ဖော်ပြထား၏။ ၀ဂ် ၇- ခု၊
ဇာတ် ၈၃-ပုဒ် ပါဝင်သည်။
(၇) ပေတ၀တ္ထု - ငရဲလောက၏ ဆင်းရဲတို့ကို ဖော်ပြထား၏။ ၀ဂ်၎-ခု၊ ၀တ္ထုပုဒ်ပေါင်း
၅၀- ပါဝင်သည်။
(၈) ထေရဂါထာ - မထေရ်ကြီး ၁၀၇-ပါး၏ အဆိုအမိန့်များကို နိပါတ် ၂၁-ခုဖြင့် ခွဲ
ခြားဖော်ပြထားသည်။
(၉) ထေရီဂါထာ - ထေရီမယ် ၇၃-ပါးတို့၏ တင်ပြချက်များကို နိပါတ် ၁၆-ခု ဖြင့်ဖွဲ့
စည်း ထားသည်။
(၁၀) ဇာတက - ဗုဒ္ဓဘုရားရှင်၏ ရှေးဖြစ်စဉ်တို့ကို ဖော်ပြထား၏။ အပိုင်းငယ် နိပါတ်
၂၂-ခု၊ဇာတ်ဝတ္ထုပေါင်း ၅၄၇-ဇာတ် ပါဝင်သည်။
(၁၁) မဟာနိဒ္ဒေသ - သုတ္တနိပါတ်ကျမ်းလာ အဋ္ဌက၀ဂ်၏ ဝေါဟာရအဓိပ္ပာယ်တို့ကို
ထပ်မံဖွင့်ဆိုထားသည်။
(၁၂) စူဠနိဒ္ဒေသ - သုတ္တနိပါတ်ကျမ်းလာ နောက်ဝဂ် ၃-ခုကို ထပ်မံ ချဲ့ဖွင့်ထားသည်။
(၁၃) ပဋိသမ္ဘိဒါမဂ္ဂ - ဓမ္မ၏ အခြေခံ အချက်တို့ကို သရုပ်ခွဲ၍ ဝေဖန်ပြသည်။ ကဏ္ဍကြီး
၃-ခုနှင့် ကဏ္ဍငယ် များစွာ ပါဝင်သည်။
(၁၄) အပဒါန -မွန်မြတ်သော ကျင့်ထုံးတို့ကို ကျင့်သုံးခဲ့သော ပုဂ္ဂိုလ်တို့ အကြောင်းကို
ဖော်ပြထားသည်။ ကဏ္ဍ ၅၅-ခုဖြင့် မထေရ် ၅၅၀-တို့ ဘ၀ကို ဖော်ပြထား၏။
ထို့ပြင် ကဏ္ဍ ၄-ခုတို့ဖြင့် ထေရီ ၄၀-တို့၏ ဘ၀ကိုလည်းကောင်း၊
နောက်ဆက်တွဲအဖြစ်ဗုဒ္ဓပဒါနနှင့် ပစ္စေကဗုဒ္ဓပဒါနတို့ကိုဆက်လက် ဖော်ပြထား
သည်။
(၁၅) ဗုဒ္ဓ၀ံသ -ဘုရားရှင်တို့၏ ဘ၀ဖြစ်စဉ်ကို အစီအစဉ်ဖြင့် ဖော်ပြထား၏။ ထို့ပြင်
ဗုဒ္ဓပကိဏ္ဏက ကဏ္ဍနှင့် ဓာတုဘာဇနိယ ကထာတို့ကိုလည်း ထည့်သွင်း
ဖော်ပြထားသည်။
(၁၆) စရိယာပိဋက - ဘုရားအလောင်းတော် ပါရမီ ဖြည့်ဆည်းခဲ့သည့် ဘ၀တို့ကိုဖော်
ပြသည်။ ဗုဒ္ဓ၏ ရှေးဘ၀ပေါင်း ၃၅-ခုသာ ပါဝင်သည်။

* အဘိဓမ္မာ ပိဋက ....
(ဂ) အဘိဓမ္မာ ပိဋက ဟူသည် ၀ိနည်း၊ သုတ္တန်တို့ထက် လွန်ကဲ့သော သဘောတရားများ နက်နဲ သော သဘာဝဓမ္မများကို စုစည်းဖော်ပြထားသောကြောင့် ''အဘိဓမ္မာ ပိဋက''ဟု ခေါ်၏။ဤ အဘိဓမ္မာပိဋ က သည် ကျမ်းအားဖြင့် (ရ)ကျမ်းရှိ၏။ ယင်းတို့မှာ-
(၁) ဓမ္မသင်္ဂဏီ = အပိုင်းကြီးလေးပိုင်းခွဲလျက် သက်ရှိသက်မဲ့ အားလုံးတို့၏ ရုပ်နာမ်သဘောကို ရေ
တွက်ပြသည့်ကျမ်း။
(၂) ၀ိဘင်္ဂ=ဓမ္မသဘောကို အဓိပ္ပါယ်ခွဲခြမ်းပြထားသော ၀ိဘင်္ဂခေါ် အဖွင့်ပေါင်း (၁၈) ခု ပါဝင်သည်။
(၃) ဓာတုကထာ= ပရမတ္ထတရားတို့ကို ကဏ္ဍ ၁၄-ခုခွဲကာ နည်း ၄-ပါးတို့ဖြင့် အကျယ်တ၀င့်ရှင်း
လင်းဖော်ပြထားသည်။
(၄) ပုဂ္ဂလပညတ္တိ = ကဏ္ဍကြီး ၁၀-ခုတို့၌ ၁-မှ၁၀-အထိ ပုဂ္ဂိုလ်အမျိုးအစားတို့ကို နိဒ္ဒေသ အလိုက်
ထည့်သွင်းဖော်ပြထားသည်။
(၅) ကထာဝတ္ထု =ဗုဒ္ဓ၀ါဒဂိုဏ်းကွဲများ၏ အယူဝါဒများကို စုပေါင်းတင်ပြထားသည်။
ဝဂ်ပေါင်း (၂၃)ခုဖြင့် ထေရ၀ါဒမှသုတ်ပေါင်း (၅၀၀)နှင့်ပရ၀ါဒမှသုတ်ပေါင်း(၅၀၀)
တို့ကို နိုင်းယှဉ်ပြထားသည်။
(၆) ယမက =အဘိဓမ္မာတရားသဘောများ ဖြစ်တည်နေပုံကို မူလ, ခန္ဓ,အာယတန,ဓာတု
,သစ္စ , သင်္ခါရ, အနုသယ, စိတ္တ, ဓမ္မ, ဣန္ဒြိယ ဟူသော ယမက ၁၀-ပါး တို့ဖြင့် ဖော်
ပြထားသည်။
(ရ) ပဋ္ဌာန =ဓမ္မအနုလောမစသည်တို့၌ တိကပဋ္ဌာနစသော ပဋ္ဌာန်း၆-ပါးတို့ ဖြင့်ပွား အပ်
သည် ဖြစ်၍ ၂၄ -ပါးသော ပဋ္ဌာန်းတို့ကိုရသည်။ ပဋ္ဌာန်းတစ်ပါးစီ၌ ပဋိစ္စ၀ါရ
စသော ၀ါရ(၇) ပါးတို့ဖြင့် တန်ဆာဆင် ထားသည်။
အထက်တွင်ဖော်ပြခဲ့သော ပိဋကတ်တော်မှတစ်ပါး အခြားသော ပါဠိကျမ်းဂန်းများလည်း ရှိသေး၏။ ထိုကျမ်းဂန်များသည် ပိဋကတ်တော်မှတစ်ပါး နောက်ဆက်တွဲ ကျမ်းများဖြစ်ပြီး အဋ္ဌကထာ ကျမ်းတို့၏ ရှေး ပြေး ဖြစ်သော ပါဠိစာများလည်းဖြစ်၏။ ယင်းတို့မှာ-
(၁) နေတ္တိပကရက = ဓမ္မရေးရာနှင့် ပတ်သက်သော ဝေါဟာရနှင့် အဓိပ္ပါယ်တို့ကို ရှင်းလင်းဖေါ်
ပြထားသည်။
(၂) ပေဋကောပဒေသ= ပိဋက ၃- ပုံမှ ကောင်းနိုးရာရာ အချက်တို့ကို စုပေါင်းဖော်ပြထားသည်။
(၃) မိလိန္ဒပဥှာ = ပိဋကတ်တော်တွင် အကျယ်တ၀င်းပါရှိသော သတိ, သမာဓိ, ပညာစသည့်
အကျင့်တရားများ၊ ဖဿ၊ ဝေဒနာစသော အဖြစ်တရားများကိုစေစပ်စွာ
ဆွေးနွေးတင်ပြထားသည်။

* ထေရ၀ါဒ မှတ်တမ်းတင် ပိဋကတ်တော်တို့ကို စိစစ်ခြင်း .....
ထေရ၀ါဒ ဗုဒ္ဓသာသနာသည် တရားစစ်တရားမှန်များ သန့်ရှင်းစွာတည်ရှိစေရန် (၆)ကြိမ်တိုင်တိုင် သင်္ဂါယနာတင်ခဲ့ပြီး ဖြစ်၏။ ထိုတွင် ရှေ့သုံးကြိမ်မှာ အက္ခရာဖြင့် ရေးသား၍ မှတ်တမ်းတင်မှု မပြုကြဘဲ နှုတ် ဖြင့်သာ အာဂုံဆောင်၍ သင်္ဂါယနာ တင်ခဲ့ကြသည်။ စတုတ္ထ သံဂါယနာပွဲကြီး၌ ရှေးကဲ့သို့မဟုတ်တော့ဘဲ ပေ ရွက် ပေါ်တွင် အက္ခရာရေးသား၍ တင်ခဲ့ကြသည်။ ပဉ္စမသင်္ဂါယနာပွဲကြီး၌ အလွန်တရာခိုင်ခန့်သောကျောက် ပြား ပေါ်တွင် ကျောက်စာဖြင့် အက္ခရာတင်၍ မှတ်တမ်း ပြုခဲ့ကြသည်။
ထို စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌ သင်္ဂါယနာတင်ပွဲတို့၌ ပေစာ၊ ကျောက်စာ၊ စက္ကူစာတို့ဖြင့် ရေးထိုးမှတ် တမ်း တင်ခဲ့ကြရာတွင် အရေအတွက်တို့ကို အောက်ပါအတိုင်း တွေ့ ရှိရသည်။
စတုတ္ထ သင်္ဂါယနာ ပေရွက်ရေ = ၆၃၄၅ - ရွက်
ပဉ္စ သင်္ဂါယနာ ကျောက်စာရေ = ၇၂၉ - ချပ်
ဆဋ္ဌ သင်္ဂါယနာ စာအုပ်ရေ = ၄၀ - အုပ်
စာရွက်ရေ = ၆၅၄၇ - ရွက်
စာမျက်နှာ = ၁၃၀၉၄ - မျက်နှာ
စာကြောင်းရေ = ၄၀၄၀၇၀ - ကြောင်း ရှိပေသည်။
ထိုတွင် ဆဋ္ဌသင်္ဂါယနာမှ မှတ်တမ်းပြုရာ၌ ''ဆဋ္ဌမူ'' ခေါ်စာအုပ်များဖြင့် အောက်ပါအတိုင်း ခွဲခြား၍
ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။

ကျမ်းအမည် - ကျမ်းရေ စာအုပ်ရေ
ဝိနည်း - ၅ ၅
ဒီဃနိကာယ် - ၃ ၃
မဇ္ဈိမနိကာယ် - ၃ ၃
သံယုတ္တနိကာယ် - ၅ ၃
အင်္ဂုတ္တရနိကာယ် - ၁၁ ၃
ခုဒ္ဒကနိကာယ် - ၁၉ ၁၁
အဘိဓမ္မာ - ၇ ၁၂
စုစုပေါင်း ၅၃ ၄၀
ပိဋကသုံးပုံလုံး၌ ပါဝင်သော အက္ခရာလုံးရေးမှာ - ၁၁၀၂၁၇၅၀(တစ်ကုဋေ တစ်သန်း နှစ်သောင်း တစ်ထောင် ခုနစ်ရာ ငါးဆယ်) ရှိ၏။
ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ။


ရုပ်လှစေကြောင်း တရားကောင်း..
○○○○○○○○○○○○○○○○○○○○○○○○○○○○
.

သတ္တာ ဟိ စတူဟိကာရဏေဟိ ပါသာဒိကာဟောန္တိ၊
အာမိသာဒါနေန ဝါ ဝတ္ထဒါနေန ဝါ သမ္မဇ္ဇနေန ဝါ
အကောဓနတာယ ဝါ ။ (သုတ်ပါထေယျ အဋ္ဌကထာ၊ ဆဋ္ဌ၊ ၁၁၆)

သတ္တာ- သတ္တဝါတို့သည်၊ အာမိသဒါနေန ဝါ- ဆွမ်းဘောဇဉ်ကို လှူဒါန်းခြင်းကြောင့် လည်းကောင်း၊ ဝတ္ထနေန ဝါ၊ အဝတ်သင်္ကန်းကို လှူဒါန်းခြင်းကြောင့် လည်းကောင်း၊ သမ္မဇ္ဇနေန ဝါ- တံမြတ်လှည်းခြင်းကြောင့် လည်းကောင်း၊ အကောဓနတာယ ဝါ- အမျက်ဒေါသမထွက်ခြင်းကြောင့် လည်းကောင်း၊ ဣတိ- ဤသို့၊ စတူဟိ- လေးပါးကုန်သော၊ ကာရဏေဟိ- အကြောင်းတို့ကြောင့်၊ ပါသာဒိကာ- မြတ်နိုးဖွယ်ရာ ရုပ်ဆင်းလက္ခဏာ ရှိကြကုန်သည်၊ ဟောန္တိ- ဖြစ်ကုန်၏။
ဆွမ်းလှူဒါန်းခြင်း၊ အဝတ်သင်္ကန်းလှူဒါန်းခြင်း၊ တံမြတ်လှည်းခြင်း၊ အမျက်ဒေါသ မထွက်ခြင်းတို့သည် ယခုဘဝသာမက ဘဝက်ဆက်တိုင်း
ရုပ်ရည်လှပခြင်း၏ အကြောင်းများ ဖြစ်ကြသောကြောင့် တစ်ဘဝအလှထက် ထာဝရအလှကို ပြင်ဆင်နိုင်ကြပါစေ…


* မေးမြန်းခြင်းရာ၊ ကြောင်း ၅-ဖြာ၊ ပုစ္ဆာ ၅-ပါး မှတ် ...
* အမေးပုစ္ဆာပြုခြင်း အကြောင်း ၅-မျိုး။
၁။ မန္ဒမောမူဟတ္တာ - ထုံထိုင်း တွေဝေခြင်းကြောင့် မေးခြင်း၊
၂။ ပါပိစ္ဆဣစ္ဆာပကတ - လူတဖက်သားအား
နှိမ်နင်းနှိပ်စက်လိုသော အလိုဆိုး ယုတ်မာ
စိတ်ကြောင့် မေးခြင်း၊
၃။ ပရိဘ၀ - မာနတရားဖြင့် သူတပါးအား
မထေလေးစား ပြုလိုသောကြောင့် မေးခြင်း၊
၎။ အညာတုကာမ - မိမိ ကိုယ်တိုင် အဟုတ်အမှန်
သိလိုသောကြောင့် မေးခြင်း၊
၅။ ဇာနေတု ကာမ - သူတပါး မသိသောအရာကို
မှန်ကန်ကျနစွာ သိစေရန် ဖြေကြားလို
သောကြောင့် မေးခြင်း။


* ဝီရိယ ...
* တခါက လူငယ်လေးတဦးဟာ ဗုဒ္ဓထံရောက်ရှိလာပြီးဗုဒ္ဓကို မေးလျှောက်ဘူးတယ်။
* “အကျိုးစီးပွား အလုံးစုံရရေအတွက် ပဓာနအကျဆုံး၊ အရေးအကြီးဆုံး အကြောင်းတစ်ခု ကိုအတိုဆုံး ပုဒ်နဲ့ပြောနိုင်ပါသလား။ ပြောနိုင်ရင်အဲဒီတစ်ခုတည်းသောပုဒ်ဟာ ဘာပါလဲ”တဲ့။
* အဲဒီအခါဗုဒ္ဓက “အကျိုးစီးပွား အလုံးစုံကို သိမ်းကျုံမိတဲ့ အကျိုးစီးပွားဖြစ်ကြောင်း ပုဒ်ကတော့ ၀ီရိယဖြစ်တယ်” လို့ ဖြေခဲ့ဖူးပါတယ်။

* နဂါးတို့၏ ပင်ကိုယ်အသွင် မစွန့်နိုင်ခြင်း ဒုက္ခမျိုး၅-ပါး ....
* ဓမ္မပဒ ဒုအုပ်။ ၁၅၂၊ ၁၅၃။ ၀ိနည်းမဟာဝါ ။ပါ။ ၁၂၁ ။ဋ္ဌ။ ၃၀၄။ သုတ္တနိပါတ်။ပါ။ ၂၇၉ ။ဋ္ဌ။ ပ-အုပ်၊ ၁၂-၁၃။
၁။ နဂါးအချင်းချင်း မေထုန်မှုပြုသောအခါ၊
၂။ လုံးဝ အိပ်ပျော်သွားသောအခါ၊
၃။ ပဋိသန္ဓေယူစဉ်အခါ၊
၎။ အရေဟောင်းစွန့်သောအခါ၊
၅။ သေလွန်သောအခါတို့၌ မူလနဂါး၏
ကိုယ်ခန္ဓာပင် ဖြစ်၏။


* နတ်တို့စုတေခြင်းမျိုး ၄-ပါး .....
* နတ်တို့သေရခြင်း အကြောင်း ၄-ပါး။
၁။ အာယုက္ခယ - သက်တမ်းစေ့၍ သေရခြင်း၊
၂။ ကမ္မက္ခယ - သက်တမ်းမစေ့မီ ကံကုန်၍ သေရခြင်း၊
၃။ အာဟာရက္ခယ - စားချိန် မစားမိ၍ အာဟာရ
ကုန်ပြတ်ပြီး သေရခြင်း၊
၎။ ကောပ - အမျက်ဒေါသထွက်လွန်းအားကြီး၍ သေရခြင်း။


* နတ်ဖြစ်ခြင်း အကြောင်း ၃-ပါး ......
* နတ်ပြည်ရောက်လိုသူများ ကျင့်ကြံရန် တရားသုံးပါး။
၁။ သစ္စံ ဘဏေ - အမှန်ကိုသာ ဆိုပြောရာ၏၊
၂။ န ကုဇ္ဈေယျ - အမျက်မထွက် စိတ်မဆိုးရ၊
၃။ အပ္ပမ္ပိ ဒဇ္ဇာ - တောင်းခံလာက နည်းနည်းဖြစ်ဖြစ်
ပေးလှူရာ၏။


``သားမယားပင်၊
သိမြင်ကင်းကွာ၊
မလိမ္မာလည်း၊
စာပေစကား၊
နေ့တိုင်းကြားက၊
ထူခြားလိမ္မာ ရှိသည်သာတည့်´´


* နတ် ၃-ပါး ....
* အဘိဓမ္ဓာဝိဘင်း ။ပါ။ ၄၃၇။၎င်းင်း။ဋ္ဌ။ ၅၀၀-၌ အကျယ်ရှု။ ကမ္ဘာသားတို့ ကိုးကွယ်အားထားရာ နတ်မျိုးအပြား ၃-ပါးဟူလို။
၁။ ၀ိသုဒ္ဓိနတ်- ကိလေသာတို့မှ စင်ကြယ်ပြီးသော
ဘုရား ရဟန္တာနှင့် သံဃာတို့ကို ခေါ်သည်။

၂။ ဥပပတ္တိနတ် - နတ်ပြည် ဗြဟ္မာပြည်တို့၌
ကိုယ်ထင်ရှားဖြစ်သော နတ်ဗြဟ္မာတို့ကို
ခေါ်သည်။

၃။ သမ္မုတိနတ် - လူအပေါင်းတို့အပေါ်၌
အုပ်ချုပ်၍ မင်းလုပ်နေသော ဘုရင်
ဧကရာဇ်တို့ကို ခေါ်သည်၊

* အကျယ်လိုမူ ဒီဃနိကာယ် သက္ကပဥှာသုတ် အဋ္ဌကထာ။ ဣတိဝုတ် အဋ္ဌကထာ ကျမ်းတို့၌ ရှုကြကုန်။

* နတ်တို့ စုတေကြောင်း နိမိတ် ၅-ပါး ......
* သုတ်မဟာဝါ ။ဋ္ဌ။ ၂၀။ အဋ္ဌသာလိနီ အဋ္ဌကထာ ၇၅-တို့၌ ရှုပါ။ နတ်များ စုတေခါနီး၌ ၎င်းင်းနိမိတ် ၅-ပါးထင်လာတတ်သည်။
၁။ နတ်ပန်း ညှိုးနွမ်းခြင်း၊
၂။ နတ်ဝတ်တန်ဆာ ညှိုးနွမ်းခြင်း၊
ကိုယ်အဆင်းမလှခြင်း၊
၃။ လက်ကတီးကြားမှ ချွေးထွက်ခြင်း၊
၎။ နေရာ ဘုံဗိမာန်၌ မပျော်မွေ့ခြင်း၊
၅။ မျက်တောင်ခတ်ခြင်း။


* ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ်
_____________________

* လူတချို့က ပြည့်စုံတဲ့ဘဝမှာ နေရတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ်က အမြဲနာကျင်မွန်းကျပ်နေတယ်။
ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။
အဘိုးအိုတစ်ဦးဟာ မသေဆုံးခင် သားကိုခေါ်ပြီး "သား… အဖေ သိပ်မနေရတော့ဘူး။ သားဘဝ ရှေ့လျှောက် ပျော်ရွှင်ချမ်းမြေ့စေဖို့ အဖေမျှော်လင့်ပါတယ်"
"အဖေ… ဘဝမှာဘယ်လိုနေထိုင်မှ ပျော်ရွှင်ခြင်းကိုရမလဲ သားကိုပြောပြပါ"
"ပြင်ပလောကထဲ ဝင်လျှောက်ကြည့်ပါ… ပျော်ရွှင်တဲ့နည်းတွေကို လူတွေက သားကို ပြောပြပါလိမ့်မယ်"
အဘိုးအိုသေဆုံးပြီးနောက် ပျော်ရွှင်ခြင်းကိုရှာဖို့ သားဖြစ်သူခရီးထွက်ခဲ့တယ်။ လမ်းခရီး မြစ်ချောင်းဘေးတစ်နေရာရောက်တော့ ကမ်းစပ်ဘေးမှာ မြင်းတစ်ကောင်တွေ့လိုက်တယ်။ မြင်းက ပိန်လှီအိုမင်းနေတယ်။ မြင်းက လူငယ်ကို "လူလေး.. လူလေး.. ဘယ်ကိုသွားမလိုပါလိမ့်" လို့မေးတယ်
"ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား"
"လူလေး.. ကျုပ်ပြောမယ်။ ကျုပ်ဟာ ငယ်ရွယ်တုန်းက မြက်နုလေးစား၊
ရေကြည်လေးသောက်ဖို့ပဲသိခဲ့တယ်။ အစာခွက်ထဲ ကျုပ်ခေါင်းကို ထိုးထည့်လိုက်တာနဲ့ အစာကကျုပ်ပါးစပ်ရှေ့ အဆင်သင့်ရောက်လာတတ်တယ်။ အိပ်ဖို့၊ စားဖို့ကလွဲပြီး တခြား ဘာကိုမှ ကျုပ်စိတ်မဝင်စားခဲ့ဘူး။ အဲဒီတုန်းက ကျုပ်ဟာကမ္ဘာပေါ်မှာ အပျော်ဆုံးလို့ထင်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ကျုပ်အသက်ကြီးလာတော့ လူတွေကကျုပ်ကိုစွန့်ပစ်လိုက်တယ်။ ဒါကြောင့် လူလေးကို ကျုပ်မှာချင်တာက ငယ်ရွယ်ချိန်မှာ ကိုယ့်ရဲ့နုပျိုမှုကို တန်ဖိုးထားပါ။ ကျုပ်လိုကိုယ့်ရဲ့နုပျိုမှုကို အလာဟဿ မသုံးဖြုန်းလိုက်နဲ့။ ကိုယ့်အတွက် တစ်ပါးသူ အဆင်သင့်စီစဉ်ထားပေးတဲ့ ဥစ္စာပစ္စည်းပေါ်မှာလည်း မသာယာနဲ့။ အရာအားလုံးကို ခွန်အား၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားရမယ်။ တခြားလူအတွက်ပေးဆပ်မယ့် ကိုယ့်ပျော်ရွှင်ခြင်းကို
ကျေနပ်ဝမ်းမြောက်ခံယူတတ်ရမယ်။ ရှုပ်ထွေးမှာကို မကြောက်နဲ့။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးတစ်သက်လုံး ခံစားနိုင်လိမ့်မယ်"

လူငယ်ဟာ မြင်းနဲ့လမ်းခွဲပြီးနောက် ခရီးဆက်ခဲ့ပြန်တယ်။ လမ်းမှာမြွေတစ်ကောင်နဲ့တွေ့တော့ မြွေက "ဘယ်သွားမလဲ" လို့ သူ့ကိုမေးခဲ့တယ်။
"ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ
ပြောပြနိုင်မလား"

"ကျုပ်ပြောပြမယ်… ကျုပ်က ကျုပ်မှာရှိတဲ့အဆိပ်နဲ့ အမြဲဂုဏ်ယူဝင့်ကြွားခဲ့တယ်။ လူတိုင်း ကျုပ်ကိုကြောက်ကြလို့ ဘယ်သူ့မှကျုပ်လောက်မတော်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် ကျုပ်ထင်တာတွေမှားခဲ့တယ်။ တကယ်တော့ လူတွေက ကျုပ်ကို သတ်ပစ်ချင်လောက်အောင် မုန်းကြတယ်။ ဒါကြောင့် လူတွေကို ကျုပ်ရှောင်ခဲ့ရတယ်၊ ကြောက်ခဲ့ရတယ်။ လူလေးရဲ့ပါးစပ်မှာလည်း အဆိပ်ရှိတယ်။ စကားလုံးတွေနဲ့ လူတွေကိုထိခိုက်နာကျင်အောင် မပြောဆိုမိဖို့ လူလေးသတိထားရမယ်။ ဒါမှ လူလေးတစ်သက်မှာ အကြောက်အရွံ့ဆိုတာ မရှိတော့ဘူး။ လူတွေကို ပုန်းရှောင်စရာမလိုဘူး။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးရမှာဖြစ်တယ်"
မြွေပြောတာကို နားထောင်ပြီး လူငယ်ခရီးဆက်ခဲ့ပြန်တယ်။
လျှောက်ရင်း… လျှောက်ရင်း သစ်ပင်တစ်ပင်ထက်မှာ အပြာနုရောင်အမွှေးအတောင်နဲ့ တောက်ပြောင်လှပတဲ့ ငှက်တစ်ကောင်ကို တွေ့လိုက်တယ်။

"ဘယ်သွားမလို့လဲ.. ကောင်လေး"
"ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ
ပြောပြနိုင်မလား"

"ကောင်လေး.. မင်းကြည့်ရတာ ခရီးတော်တော်ပန်းခဲ့တယ်ထင်တယ်။ မင်းမျက်နှာပေါ်မှာ ဖုန်တွေပြည့်လို့၊ အင်္ကျီတွေလည်း ပြဲရိလို့၊ စိတ်လည်းနွမ်းခဲ့ပုံရတယ်။ ဒီလိုပုံစံနဲ့ဆိုရင် လမ်းသွားလမ်းလာတွေက မင်းကိုရှောင်လိုက်ကြမယ်။ ဒီလိုဆိုရင် ပျော်ရွှင်ခြင်းက မင်းနဲ့ရေစက်ဆုံလိမ့်မယ် မထင်ဘူး။ ကျုပ်ပြောမယ်.. စိတ်အပါအဝင်၊ မင်းကိုယ်ပေါ်က ဖုန်တွေကိုရှင်းပြီး သပ်သပ်ရပ်ရပ်လေးလုပ်လိုက် ဒါမှ မင်းပတ်ဝန်းကျင်ကအရာတွေ သပ်ရပ်လှပလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ပျော်ရွှင်ခြင်းက မင်းဆီကိုလာလိမ့်မယ်"
လူငယ်က သဘောပေါက်နားလည်စွာနဲ့ အိမ်ကိုပြန်ခဲ့တော့တယ်။
ပျော်ရွှင်ခြင်းကို နေရာတကာ လိုက်ရှာနေစရာမလိုပါဘူး။ ပျော်ရွှင်ခြင်းက ကိုယ့်ရင်မှာ ကိန်းအောင်းနေတယ်ဆိုတာကို သူနားလည်လိုက်တယ်။
ပျော်ရွှင်ခြင်းကိုတောင့်တရင် အရင်ဦးဆုံး ကိုယ့်စိတ်ဝိညာဉ်ထဲကနေ ရှာယူပါလို့….

မူရင်း--He Yue-Qing (何躍青) ပြုစုတဲ့ စိတ်အာဟာရကြက်ပေါင်းရည် စာအုပ်မှ

* ခုန်မချနဲ့ ချောက်ကအမြင့်ကြီး ......
* ရုတ်တရက် ဖြတ်ပြေးလာတဲ့ အတွေးကို
မင်းက ဆီးဖမ်းတတ်တုန်းပဲ
လွှဲချလို့ကောင်းတာ ကံတရားဆိုရင်
ငါတို့ လွဲရဦးမှာလား
မြင်အောင်ကြည့် ဟိုးအဝေးကြီးထိ မလိုဘူး
ငိုနေမယ့် မျက်ရည်တွေ ငါ့ကို ခဏပေးထား
မင်းမသိအောင် မီးရှို့ပစ်ချင်လို့ .....

* ဒီနေ့ထုတ် သတင်းစာတွေ ဖတ်ကြည့်
အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့စည်းတွေတောင်
အားညှိနေကြဆဲ
ငါတို့ကြားမှာ ရံဖန်ရံခါ ဖြတ်ဝင်လာတဲ့ လေစိမ်းက
ခပ်ပါးပါးပဲ ရှိပါသေးတယ် ......

* မင်း မမြင်နိုင်သေးတဲ့ အကွေ့တွေထဲ
ငါလည်း ခဏခဏ မှောက်လဲဘူးတာပဲ့ 
ဒီတစ်ခါ တူတူ ဖြတ်ကျော်ရင်တော့
တစ်ယောက်တစ်လှည့်စီ ဆွဲထူကြတာပေါ့
ခုလို မနေပါနဲ့
ကြိုသိခဲ့ရင် ငါလည်း မင်းဘေးရောက်နေမိမှာ......။ ။

စစ်မင်းနေ
ကြိုက်လို့ ကူးတင်တယ်။ ဒါပဲ ....

* လောကကြီးပွားကြောင်း ....
* (၁)ဥဋ္ဌာန သမ္ပဒါ-ထကြွလုံ့လနဲ့ပြည့်စုံခြင်း
ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေက စေတနာကောင်းရင်၊ ဘုရားရှိခိုးနေရင်၊ ပရိတ်ပဋ္ဌာန်းစ တဲ့တရား စာတွေ ဂါထာတွေ ရွက်နေရင်၊ ပုတီးစိပ်ရင် အလိုလိုပစ္စည်းဥစ္စာတွေ ၀င်လာတယ်လို့ထင်ကြ တယ်။ တချို့ နလဘိန်းတုန်းတွေကတော့ နတ်တို့၊ ဓာတ်တို့ကိုးကွယ်နေရင်သူတို့က မစမယ်လို့တောင် ယုံကြည်နေကြသေးတယ်။ဒီနေရာမှာ ကြားဖြတ်ပြီးပြောချင်တာက ဗုဒ္ဓဘာသာဆိုတာ
၁။creator
၂။saviour
၃။destroyer ဆိုတဲ့ပုဂ္ဂိုလ်သုံးမျိုး သို့မဟုတ် အရာသုံးမျိုးကိုပယ်ပြီး မိမိမှာရှိတဲ့ စွမ်းရည်သတ္တိကိုအသုံးချတဲ့သူကို ဆိုလိုတာပါ။
တနည်းအားဖြင့် အဲဒီသုံးကို ပယ်ခြင်းပါပဲ။စွမ်းရည်သတ္တိဆိုတာ အပြင်ဘက်စွမ်းရည်သတ္တိနဲ့ အတွင်းဘက်စွမ်းရည်ဆိုပြီးနှစ်မျိုးရှိပါတယ်။ဗုဒ္ဓဘာသာဟာ External powerကို အားမကိုးပဲ မိမိနှလုံးသားထဲက Internal powerဆိုတဲ့ စိတ်စွမ်းရည်သတ္တိကိုသာလျှင် အားကိုးပါတယ်။ မိမိသည်သာလျှင်မိမိရှိ အားကိုးရာပဲမဟုတ်လား။
တော်ကြာ ဗုဒ္ဓဘာသာလို့ အမည်ခံပြီး ဗုဒ္ဓဘာသာမဖြစ်ပဲ ဖြစ်နေအုန်းမယ်။
ကဲဟုတ်ပြီ။ဝီရိယရဲ့ ဘယ်လောက်အရေးကြီးသလဲ ဆိုတာပြောရအောင်။မြတ်စွာဘုရား ဟောကြားတော်မှုတဲ့ ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ ကိုအကျဉ်းချုံ့ရင် ဗောဓိပက္ခိယတရား ၃၇ပါး ရပါတယ်။အဲဒါကိုအကျဉ်းပြန်ချုံ့ရင် မဂ္ဂင် ၈ပါးရတယ်။ ထပ်ချုံ့ရင်သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးပါးရပြန်ပါတယ်။ဒီထဲမှာပြောချင်တာက ဗောဓိပက္ခိယတရား ၃၇ပါးအကြောင်းပါ။ ဗောဓိပက္ခိယတရား ၃၇ပါး ဆိုတာက နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ တရား၃၇ပါးလို့ အဓိပ္ပါယ်ရပါတယ်။ ဒါတွေကိုတရားကိုယ်ကောက်လိုက်ရင် တရားကိုယ် အများဆုံး တရားကိုယ်ဟာ ၀ီရိယပါ။ဝီရိယရဲ့ ဋ္ဌာနဟာ ၉ဋ္ဌာနရှိပါတယ်။ဝီရိယ လုပ်ဆောင်ရတဲ့နေရာ၉ နေရာရှိ ပါတယ်။ဆိုလိုတာက ၀ီရိယလုပ်မှဖြစ်နိုင်တဲ့နေရာ အားစိုက်ပြီးလုပ်မှ ပြီးနိုင်တဲ့အရာ၉ခု ရှိပါတယ်။ဒါဟာဘာကိုပြသလဲဆိုရင်ဗုဒ္ဓ၀ါဒဟာ ၀ီရိယဟာအရမ်း အရေးကြီးတယ်ဆိုတာကို ပြတာပဲ။ဝီရိယရှိမှသာလျှင်အရာရာပြီးစီးအောင်မြင်မှာပါ။ဝီရိယမပါဘဲဘယ်အရာမှ အောင်မြင် ပြီးမြောက်သွားဆိုတာမရှိပါဘူး။
ဗုဒ္ဓ၀ါဒဟာ သူတပါးအားကိုးနေတဲ့ဝါဒမဟုတ်ပါဘူး။ကိုယ်တိုင်ဖန်တီးယူရမယ်ဆိုတဲ့ theory ကိုပြောပြတဲ့ဝါဒပါ။တခါက လူငယ်လေးတဦးဟာ ဗုဒ္ဓထံရောက်ရှိလာပြီးဗုဒ္ဓကိုမေးလျှောက်ဘူး တယ်။ “အကျိုးစီးပွား အလုံးစုံရရေအတွက် ပဓာနအကျဆုံး၊ အရေးအကြီးဆုံး အကြောင်းတစ်ခု ကိုအတိုဆုံး ပုဒ်နဲ့ပြောနိုင်ပါသလား။ပြောနိုင်ရင်အဲဒီတစ်ခုတည်းသောပုဒ်ဟာ ဘာပါလဲ”တဲ့။ အဲဒီအခါဗုဒ္ဓက “အကျိုးစီးပွား အလုံးစုံကို သိမ်းကျုံမိတဲ့ အကျိုးစီးပွားဖြစ်ကြောင်း ပုဒ်ကတော့ ၀ီရိယဖြစ်တယ်” လို့ ဖြေခဲ့ဖူးပါတယ်။
ဝီရိယဆိုတဲ့နေရာမှာ
၁။ လုပ်ငန်းကျွမ်းကျင်မှု (skill)
၂။ ဇွဲ(perseverance)
၃။ နည်းစနည်း(method or technology) ဒီသုံးခုပါဝင်နေပါတယ်။ဒီသုံးခုပါဝင်ပေါင်းစပ်ပြီးလုပ်ဆောင်တာကိုသာ ၀ီရိယလို့ခေါ်ပါတယ်။ လူဆိုတာ ၀ီရိယအားကိုးရတဲ့ပုဂ္ဂိုလ်ပါ။ဝီရိယမရှိရင် ဘယ်အရာမှ မပြီးစီးနိုင်ပါဘူး။ဒါကြောင့်
ထကြွနိုးကြားခြင်းဟာ အောင်မြင်ကြီးပွားခြင်းရဲ့အကြောင်းတရပ်ပါပဲ။

၂။အာရက္ခ သမ္ပဒါ - ကာကွယ်စောင့်ရှောက်မှုနဲ့ ပြည့်စုံခြင်း
ဝီရိယရှိလို့ ရရှိလာပြီဆိုရင် ရရှိလာတဲ့ ဥစ္စာကို စောင့်ရှောက်တတ်ဖို့ အရေးကြီး ပါတယ်။မီး၊ရေခိုးသူဘေးစသည့်ဘေးအန္တရာယ်ကနေမပျက်စီးအောင်စောင့် ရှောက် ရသလိုပဲ
(၁)ကာမဂုဏ်လွန်ကြူးခြင်း၊
(၂)အရက်သေစာသောက်စားခြင်း၊
(၃)လောင်းကစားကြူးလွန်ခြင်းဆိုတဲ့ ယိုပေါက်၃
ပေါက်ကနေထွက်မကျအောင်လဲ သတိထားရမှာပါ။
ဒါကိုလည်း မြတ်ဗုဒ္ဓက ကြီးပွားတိုးတက်ခြင်းတပါးလို့ဟောကြားတော်မူပြန်ပါတယ်။
၃။ကလျာဏမိတ္တတာ - မိတ်ကောင်းဆွေကောင်းရှိခြင်း၊
မိတ်ကောင်းဆွေကောင်းရှိခြင်းဟာ မိမိရဲ့အကျိုးစီးပွား အားလုံးကို ပြီးစေနိုင်တယ်လို့ဗုဒ္ဓဟောကြားခဲ့ဘူးပါတယ်။လောကမှာ မိတ်ဆွေကောင်းဆိုတာ အလွန်အရေးကြီးလှပါတယ်။ ကဲဟုတ်ပြီ။ဒါဆို မိတ်ဆွေကောင်းဆိုတာဘာလဲ။ လောကရေး၊ ဓမ္မရေးတို့မှာ တိုးတက်ကြီးပွားကြောင်း နည်းလမ်း ကောင်းများညွှန်ပြနိုင်သူကိုခေါ်ပါတယ်။တခါတရံမှာ တချို့လူတွေက မိတ်ဆွေကောင်း ဟန်ဆောင် ပြီး မိမိကိုအတွင်းပူးသတ်သွားတာမျိုးရှိနိုင်တာမို့ ကလျာဏမိတ္တ ဖြစ်မဖြစ်ဆိုတာကိုတော့ သေချာစိစစ်ရမှာပါ။
၎။သမဇီဝိတာ - မျှမျှတတသုံးစွဲခြင်း
ဝင်ငွေကတော့အရမ်းကောင်းပါတယ်။ဒါပေမဲ့ထွက်ငွေတွေအရမ်းများနေမယ်ဆိုရင်တော့ကြီးပွားတိုးတက်လာမှာမဟုတ်ပါဘူး။ဒါကြောင့်မြတ်စွာဘုရားကငွေကြေးအ၀င်များပြီးအထွက်နည်းအောင် မျှတစွာခြွေတာသုံးစွဲရမယ်လို့ဆိုထားတာပါ။ ဗုဒ္ဓဘာသာဟာ စီးပွားရေး၊ အိမ်ထောင်ရေးစတာတွေကို ဖျက်ဆီးတဲ့ဝါဒမဟုတ်ဘူးဆိုတာ ဒီမှာသိနိုင်မှာပါ။ ဗုဒ္ဓကမျှမျှသုံးဆိုတဲ့နေရာမှာ ရရှိလာတဲ့ဥစ္စာကို လေးဖို့ခွဲဝေပြီး
(၁) နှစ်ဖို့ကို ပြန်လည်အရင်းအနှီးလုပ်၊
(၂) တစ်ဖို့ကို ဝေမျှစားသုံးပြီး၊
(၃) ကျန်တစ်ဖို့ကိုတော့ စုဆောင်းကာအရေးကြုံရင်လဲသုံးလို့
မှာကြားထားပါတယ်။တကယ်လို့ အလှူဒါနပြုမယ်ဆိုရင် မိမိစားသုံးတဲ့အထဲက ခွဲလှူရမည်လို့ဆိုပါတယ်။
ဒီလေးချက်နဲ့အညီ ကျင့်ကြံမယ်ဆိုရင် ပစ္စုပ္ပန်မှာတင် ကြီးပွားနိုင်ပါတယ်..။


* ဘဝမှာ လွတ်လပ်ခြင်း၊ ပျော်မွေ့ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း နဲ့ ပြည့်စုံချင်ရင် ဘာကိုမှ သွားပြီး မငြိတွယ်နဲ့။ အားလုံးရဲ့ အနှောင်အဖွဲ့က လွတ်အောင်နေ။

* ခင်ပွန်းကောင်းအင်္ဂါ ၇-ပါး ....
* သတ္တင်္ဂုတ္တရ။ ပါ။ ၄၂၁- ၄၂၂။ ဋ္ဌ။ ၁၆၂-၌ အကျယ်ရှု။ မိတ်ဆွေကောင်းတို့၌ ရှိထားရမည့် ကိုယ်ကျင့်တရား ၇-ပါး။
၁။ ဒုဒ္ဒတံ ဒဒါတိ- ပေးနိုင်ခက်သော ၀တ္ထုပစ္စည်းကို ပေး၏၊
၂။ ဒုက္ကရံ ကရောတိ- ပြုနိုင်ခက်သော ၀တ္တရားကိုပြု၏၊
၃။ ဒုက္ခမံ ခမတိ- အလွန်အမင်း သည်းခံ၏၊
၎။ ဂုယှမဿ ပရိဂုယှတိ- လျှို့ဝှက်ထိုက်သောအမှုကို မပေါ်အောင် လျှို့ဝှက်ထားတတ်၏၊
၅။ ဂုယှမဿ အာဝီ ကရောတိ- လျှို့ဝှက်အပ်သောအမှုကို သူ့အား လျှို့ဝှက်ရန် ပြောကြားပေး၏၊
၆။ အာပဒါသု န ၀ိဇဟတိ- ဘေးရန်ကြုံသောအခါတို့၌ မစွန့် မပစ်ထားခဲ့၊
၇။ ဓန ခိဏေန နာတိ မညတိ- ပစ္စည်းမွဲတေ ဆင်းရဲနေသော်လည်း မထီမဲ့မြင်မပြု။

* တရားသူကြီး၊ ကျင့်သုံးမှီး၊ ထုံးနည်း အင် ၉-ဖြာ .....
* တရားသူကြီး ခုံသမတ်ပြုလုပ်သူတို့ လိုက်နာတတ်သိ ပြည့်စုံထားရမည့် အင်္ဂါရပ်ကိုးပါးဟူ၏၊ မာနုဿိက ဓမ္မသတ်ကျမ်းရင်းနှင့် ၎င်းင်းဋီကာတို့၌လာသည်။
၁။ များသောသုတကြားနာမှုရှိခြင်း၊
၂။ ဆန်းကြယ်များပြားစွာ မေးစစ်တတ်ခြင်း၊
၃။ နူးညံ့သာယာ သူကြည်ဖြူစွာဆိုတတ်ခြင်း၊
၎။ တည်ကြည်ဖြောင့်မတ်၍ သီလရှိခြင်း၊
၅။ အမှုမှန်ကို ရဲဝံ့စွာစီရင်ဝံ့ခြင်း၊
၆။ ပိဋက ဗေဒင် ဓမ္မသတ်တတ်ခြင်း၊
၇။ စီရင်ထုံးနည်းများစွာတို့ကို မှတ်သားတတ်ခြင်း၊
၈။ သဘင်လယ်၌ တိကျမှန်ကန်စွာ ဆိုဝံ့ မိန့်ဝံ့ရှိခြင်း၊
၉။ လူမျိုးခြားတို့၏စာပေစကားကို တတ်သိနားလည်းခြင်း။

* မှတ်ချက်။ ။ ဤ၌ တရားသူကြီး အင်္ဂါ ၃-ပါး၊ ၅-ပါး၊ ၇-ပါး၊ ၈-ပါး စသည်ဖြင့်လည်း ထိုထိုနီတိ ဓမ္မသတ်၌ လာရှိသေး၏။ သို့သော် ဤအင်္ဂါ ၉-ပါး၌ အကျုံးဝင်သည်သာ။
မြတောင်ဆရာတော် စုစည်းတင်ပြသည်။

* တမန်တော် အင်္ဂါ ၈-ပါး .......
* အင်္ဂုတ္တရ။ ပါ။ ၃၇။ ဋ္ဌ။ ၂၁၆။ ၀ိနည်းစူဠ၀ါ။ ၃၆၄-တို့၌လာရှိသည့် တမန်တော်များ၌ အသင့်ရှိထားရမည့် အရည်အချင်းအင်္ဂါရပ် ရှစ်ပါး၊ တိုင်းတစ်ပါးသွားသံတမန်များလည်း လိုက်နာရမည်။
၁။ သောတာ စ - သူပြောကြားသော သတင်းစကားကို အကင်းပါးစွာဖြင့် သိကြားလွယ်ရခြင်း၊
၂။ သာဝေတာ စ - အရှင်ပြောကြားသော သတင်းစကားကို လုံးစေ့ပတ်စေ့ ပြန်ဆိုတင်ပြနိုင်ရခြင်း၊
၃။ ဥဂ္ဂဟေတာ စ - အားထုတ်၍မှတ်သား လေ့လာရခြင်း၊
၎။ ဓာရေတာ စ - ဆိုတိုင်း မှန်ကန်ခိုင်မြဲစွာ ဆောင်နိုင်ရခြင်း၊
၅။ ၀ိညာတာ စ - အနက်အဓိပ္ပာယ် အရိပ်အခြည် လူရည်လူကဲကို ပါးနပ်စွာသိတတ်ရခြင်း၊
၆။ ၀ိညာပေတာ စ -သူတစ်ပါးအား ကြားသိလွယ်စေအောင် ပြောဆိုတတ်ရခြင်း၊
၇။ သဟိတာ သဟိတ ကုသလ - အကျိုးရှိမဲ့ကို ဝေဖန်နှိုင်းညှိ တတ်သိလိမ္မာရခြင်း၊
၈။ န ကလဟ ကာရက - ငြင်းခုံ ခိုက်ရန် ဆန့်ကျင်မှုများ မပြုလုပ် မပြောဆိုရခြင်း။
21.122015 မြတောင်ဆရာတော်

* တပ်မတော်ဖွဲ့နည်း ၉-ရပ် ......
* ရှေးခေတ် စစ်တပ်ဖွဲ့စည်းနည်း ၉-ရပ်၊ ပိုမိုထင်ရှားအောင် မဃဒေ၀လင်္ကာသစ် စကားဖြင့် ပြလိုက်သည်။
၁။ ပတ္တိတပ် - ရထားတစ်ဆောင်၊ ဆင်ပြောင်တစ်စီး၊ မြင်းသုံးစီးနှင့်၊ ရဲကြီး ငါးယောက်၊ နည်းစဉ် လျှောက်ဖြင့်၊ ထိုလောက်စစ်သည်၊ ပတ္တိမည်၏၊
၂။ သေနာမုခတပ် - ထိုသည်ပတ္တိ၊ သုံးပြန်ရှိက၊ ခေါ်ဘိသညာ၊ သေနာမုခ၊
၃။ဂုမ္ဗတပ် - ထိုမုခအား၊ သုံးခုပွားသော်၊ မည်ငြား ဂုမ္ဗ၊
၎။ဂဏတပ် - ဂုမ္ဗမြှောက်သုံး၊ ခေါ်ထုံး ဂဏ၊
၅။ ၀ါဟိနီတပ် - ဂဏသုံးလီ ၀ါဟိနီတည့်၊
၆။ ပုတနာတပ် - ၀ိဟိနီစစ်၊ သုံးပြန်ဖြစ်က၊ တွင်လစ် ပုတနာ၊
၇။ စမူတပ် - ပုတနာဟူ၊ သုံးဆယူသော်၊ စမူမည်ငြား၊
၈။ အဏိကိနီတပ် - စမူအားလျှင်၊ မြှောက်ပွားတြိ၊ အဏိကိနီ၊
၉။ ခေါဘဏီတပ် - ယင်းဆယ်လီဖြင့်၊ ခေါဘဏီစစ်၊ ကိုးဆင့်ဖြစ်၏။
မြတောင်ဆရာတော် စုစည်းတင်ပြသည်။

* တစ်ဆယ့်လေးချက်၊ ဓမ္မစက်၊ ရေတွက်အဘယ်နည်း?
* မဂ်ကလေးတန်၊ ဖိုလ်လေးတန်နှင့်၊ ခြောက်တန်ဓမ္မ၊ စုဒ္ဒသ ....

* စက်ကြီး ၁၃-ပါးမှလာသော စကားဖြစ်သည်။
မဂ်တရား ၄-ပါး၊ ဖိုလ်တရား ၄-ပါးနှင့် တရားဂုဏ်တော် ၆-ပါး၊ ပေါင်း ၁၄-ပါးကိုခေါ်သည်မှတ်။


* တစ်ဆယ့်ရှစ်ချက်၊ သံဃစက်၊ ရေတွက်အဘယ်နည်း?
* ပုဂ္ဂိလ်ကကိုး၊ ဂုဏ်ကကိုး၊ ပေါင်းရိုး တစ်ဆယ်ရှစ်။

* စက်ကြီး ၁၃-ပါး၌လာသော စကားရပ်ဖြစ်သည်။ ၎င်း၏သရုပ်အဓိပ္ပါယ်ကား -
အရိယာသံဃာတော်ရှစ်ပါးနှင့် သမ္မုတိသံဃာတော်တစ်ပါးဟူ၍ ပုဂ္ဂိုလ်အားဖြင့် ကိုးပါး၊ သုပ္ပဋိပန္နတာစသော ဂုဏ်အားဖြင့် ကိုးပါး၊ ဤသို့ ပုဂ္ဂိုလ်နှင့် ဂုဏ် ၂-ရပ်ပေါင်း ၁၈-ပါးကိုပင် "သံဃစက်"ဟု ခေါ်သည်။

မြတောင်ဆရာတော် စုစည်းတင်ပြသည်။

* တင့်တယ်စေသောအရာမျိုး ၄-ပါး .....
၁။ ရထား၌ အလံ၊
၂။ မီး၌ အခိုး၊
၃။ တိုင်းပြည်၌ မင်း၊
၎။ မိန်းမ၌ လင်ရှိမှ တင့်တယ်သည်ဟူ၏။

* သဂါထာဝဂ္ဂသံယုတ်။ ပါ။ ၃၉။ ဋ္ဌ။ ၉၁။
စူဠနိဒ္ဒေသ ပါဠိတော် ၂၁၃-တို့၌ အကျယ်ရှုပါ။


* ပေါင်းသင်းတတ်မှ ပညာရ ....
* ယုတ်ညံ့သူနှင့် ပေါင်းသင်းလျှင် မိမိပညာ ဆုတ်ယုတ်မည်သာ။
* တန်းတူသူနှင့် ပေါင်းသင်းလျှင် မိမိပညာ တန်းတူ အလယ်အလတ်ဖြစ်မည်သာ၊ တိုးတက်ကြီးပွားခြင်း မရှိပေ။
* ပညာအရာ သာသူနှင့် ပေါင်းသင်းလျှင်မူ မိမိပညာ ကြီးပွားတိုးတက်မည်မှာ အမှန်ပါ ...


* သံသဂ္ဂငါးမျိုး ....
၁။ ကာယ သံသဂ္ဂ- ကာယပသာဒချင်း ထိတွေ့မှု၊
၂။ သ၀နသံသဂ္ဂ- သာယာသော အသံကိုကြားမှု၊
၃။ ဒဿနသံသဂ္ဂ - တွေ့မြင်ကြည့်ရှုရမှု၊
၎။ သမုလ္လပန သံသဂ္ဂ - မျက်နှာချင်းပြိုင်
ရင်ချင်းဆိုင်၍ မြိုင်မြိုင်ကြီး ပြောဆိုရမှု၊
၅။ ပရိဘောဂသံသဂ္ဂ- သူ၏ အသုံးအဆောင်
ပစ္စည်းကို ကိုင်တွယ်သုံးဆောင်ရမှု၊

* ၎င်းတို့ကို စွဲလမ်း၍ သီလ ညစ်နွမ်းခြင်းများ ဖြစ်တတ်သည်။
သံသဂ္ဂမျိုး ၅-ပါး။
။ မူလပဏ္ဏာသ ။ပါ။ ၁၁၉ ။ဋ္ဌ။ ဒု-အုပ်၊ ၅၀-၌အကျယ်ရှုပါ။


* အကြောင်းပြချက် ဘယ်လောက်ကောင်းကောင်း လမ်းချော်နေရင်တော့ ဘဝပျက်ပြီပေါ့ကွာ .....
17.12.2015 ညနေ


* ဗြဟ္မဏအစစ်ဖြစ်ကြောင်း အင်္ဂါ ၇-ပါး။ ။
(အဇပါလ-သတ္တာဟ ဟုံဟုင်္ကပုဏ္ဏားမေးလျှောက်ခန်း၌ ရှုပါ။)
၁။ ဗာဟိတ ပါပဓမ္မော -
မကောင်းမှုကို အပပြုပြီး ဖြစ်ခြင်း၊
၂။ နိဟုံဟုင်္ကော -
တဟုန်းဟုန်း မာန်မူမှုမှ ကင်းစင်ခြင်း၊
၃။ နိက္ကသာဝေါ -
ကိလေသာ အစွန်းအငြိမှ ကင်းစင်ခြင်း၊
၎။ ယတတ္တော - သီလစောင့်ထိန်း၍ သမထ
ဝိပဿနာ နှစ်ဖြာသောအကျင့်ရှိခြင်း၊
၅။ ဝေဒန္တဂူ - အရဟတ္တဖိုလ် (နိဗ္ဗာန်)သို့
ရရောက်ပြီးခြင်း၊
၆။ ၀ုသိတ ဗြဟ္မစရိယ - မှန်ကန်သော
မဂ်အကျင့်ကို ကျင့်သုံးပြီးပြီ၊
၇။ ဥဿဒါ နတ္ထိ - ရာဂ ဒေါသ မောဟ မာန ဒိဋ္ဌိ-
ဟူသော ဥဿဒတရား ငါးပါးမရှိခြင်း၊
ဤတရားခုနစ်ပါးနှင့် ပြည့်စုံသူကို ``ဗြဟ္မဏ´´ဟု ခေါ်သည် ဟူ၏။


လွတ်မြောက်တဲ့ စိတ်
=============
* ဗုဒ္ဓဟောသည့် လွတ်မြောက်တဲ့ စိတ် (အရဟတ္တဖိုလ်စိတ်) အနှောင်အဖွဲ့ မရှိ၊ အနှောင့်အယှက်မရှိ၊ အညစ်အကြေးလုံးဝ ကင်းစင်သည့် လုံးဝလွတ်မြောက်မှုရှိသည့်စိတ်။

* ဗုဒ္ဓရည်ညွှန်းသည့် စကား (၁၀) မျိုး
(၀ါ) ကထာ (၁၀) မျိုး၊

၁။ အပ္ပိစ္ဆကထာ = လောဘမရှိသင့်၊
မထားသင့်ဆိုသည်နှင့် ပတ်သက်သော
စကားမျိုး၊
၂။ သန္တုဌီကထာ = ရှိတာလေးနှင့် ရောင့်ရဲရမည်
ဆိုသောစကားမျိုး၊
၃။ အသံသဌကထာ = ကိလေသာတွေနဲ့  စိတ်နဲ့
ရောနှောရ ၊ ကင်းကွာလွတ်လပ်အောင်
နေရမည် ဆိုတဲ့  နေနည်းတွေပြောပြသည့်
စကားမျိုး၊
၎။ ပ၀ိဝေက ကထာ = လွတ်လွတ်လပ်လပ်
ကိုယ်လွတ်စိတ်လွတ် တရားပေါ်မှာသာ
စိတ်ညွတ်ပြီးတော့ နေတဲ့အနေအထားမျိုးကို
ရှင်းလင်းပြောကြားသည့် စကားမျိုး၊
၅။ သလ္လေခကထာ = ကိလေသာဆိုသည်ကို
ဖယ်ထုတ်ပစ်ရမည်။ မကောင်းသည့်ဘက်နှင့်
ကောင်းသည့်ဘက် နှိုင်းယှဉ်၍ ကောင်းသည့်
ဘက်ကို ကျင့်ကြံပွားများဖို့ ဆိုသည့် စိတ်ကို
မွေးဖို့  တိုက်တွန်းသည့်စကား၊
၆။ သီလကထာ = ကိုယ်ကျင့်တရားနှင့်
ပတ်သက်သည့်စကား၊
၇။ သမာဓိကထာ = စိတ်ဓာတ်တည်ငြိမ်မှုနှင့်
ပတ်သက်သည့်စကား၊
၈။ ပညာကထာ =
ပညာနှင့် ပတ်သက်သည့်စကား၊
၉။ ၀ိမုတ္တိကထာ = စိတ်၏လွတ်မြောက်မှုနှင့်
ပတ်သက်သည့်စကား
၁၀။ ၀ိမုတ္တိဥာဏဒဿနကထာ =
လွတ်မြောက်ပြီးရသည့် အသိဥာဏ်မျိုးနှင့်
ပတ်သက်သည့် လွတ်မြောက်မှန်းသိသည့်
အသိဥာဏ်ကို ရရှိစေတတ်သည့် စကားမျိုးနှင့်
ပတ်သက်သည့်စကား ။

* လွတ်မြောက်စိတ်ရဖို့ ရန်ရှိရမည့်
အခြေအနေ ( ၅) မျိုး

၁။ မိတ်ကောင်းဆွေကောင်း၊
ဆရာကောင်း ၊ သမားကောင်း ရှိရမည်၊
၂။ မိတ်ကောင်းဆွေကောင်း၊
ဆရာကောင်း ၊ သမားကောင်း
အကြောင်းပြု၍ ကိုယ်ကျင့်သီလမြဲရမည်၊
၃။ တရားဓမ္မ နာယူရမည်၊
ကထာ (၁၀) မျိုး မကြာခဏနာရမည်၊
၎။ လုံ့ လ၀ီရိယရှိရမည်၊
၅။ ပညာရှိရမည် ။

* လွတ်မြောက်စိတ်အတွက် ပွားများရန်
အချက် (၄) ချက် ။

* အထက်ပါအခြေအနေကောင်း
(၅)မျိုးရှိပြီဆိုလျှင် -
၁။ လောဘကလွတ်မြောက်ရန် -
အသုဘကိုပွားများပါ

၂။ ဒေါသကလွတ်မြောက်ရန် -
မေတ္တာကိုပွားများပါ

၃။ အတွေးများမှလွတ်မြောက်ရန် -
အာနာပါနဿတိ ကို ပွားများပါ၊

၎။ ငါဆိုသည့်မာန်မာန ဖယ်ရှားပစ်ရန် -
အနိစ္စသညာကိုပွားများပါ ။

(အနိစ္စသညာကို ပွားလိုက်ရင် အနတ္တ
ဝင်လာပြီး မာနကင်းသွားပါလိမ့်မည် )

အထက်ပါအတိုင်း ပွားများပြီးချိန်မှာ လုံးဝလွတ်လပ်တဲ့  ၊ လွတ်မြောက်တဲ့ စိတ်ရဲ့  အခြေအနေတစ်ခု ကို ရရှိပိုင်ဆိုင်မည် ဖြစ်ပေသည် ။
(အရှင်နန္ဒမာလာဘိဝံသ၏ လွတ်မြောက်တဲ့ စိတ် တရားတော်မှ ကောက်နုတ်ဖော်ပြပါသည် )

* စစ်ဘုရင်များချီးမြှောက်သော သူရဲကောင်းများ ....
* မင်း အစိုးရတို့သည် အောက်ပါ
ရည်သွားသတ္တိရှိသော သူရဲသူခက်တို့ကို စည်းစိမ်ဂုဏ်ထူးအမျိုးမျိုးတို့ဖြင့် မြှောက်စား ချီးကျူးရာသည် ဟူ၏၊ ဤ၌ ၁၃-ယောက်ကို သီလက္ခန် သာမညဖလသုတ် အဋ္ဌကထာနှင့်၊ ၎င်းင်း ဋီကာ ကျမ်းတို့မှယူပြသည်။

၁။ ဟတ္ထာရောဟ - ဆင်စီး စစ်တိုက်သူရဲကောင်း၊ ၂။ အဿာရောဟ- မြင်းစီးစစ်တိုက် သူရဲကောင်း၊ ၃။။ရထိက - ယာဉ်, ရထားစီးစစ်တိုက်သူရဲကောင်း၊
၎။ ဓနုဂ္ဂဟ - သေနတ်, အမြောက်, စိန်ပြောင်း, လေးပစ် တည့်မတ်သော စစ်တိုက်သူရဲကောင်း၊
၅။ စေလက - အောင်လံကိုင်ရှေ့သွားသူရဲကောင်း၊
၆။ စလက - တပ်ရင်း, တပ်မ, တပ်ခွဲ, တပ်စိပ်တို့ကို အနေအထားကျအောင်
အဌာကျကျ စီရင်တိုက်ခိုက်စေတတ်သော သူရဲကောင်း၊
၆။ ပိဏ္ဍဒါထိက - ထန်းသီးခိုင် ချိုင်သကဲ့သို့ တဖက်ရန်သူ၏ဦးကောင်းကို ဖြတ်ယူစွမ်းနိုင်သော သူရဲကောင်း၊
၇။ ဥဂ္ဂရာဇပုတ္တ - တိုက်ပွဲအောင်ဖန်များ၍ ကျော်ကြား ထင်ရှားသော မင်းညီ မင်းသား သူရဲကောင်းများ၊
၈။ ပက္ခန္ဒိန - ရန်သူ့တပ်တွင်းသို့ ခုန်ပျံ ထိုးဝင်လျက် သူရှင်ဦးခေါင်းကို ဖြတ်ယူကာ လျင်စွာ ပြန်လာနိုင်သော "ပျံချီ"သူရဲကောင်းများ၊
၉။ မဟာနာဂ- အမုန်ယစ် ဆင်ပြောင်းကြီးနှင့် ရင်ဆိုင်တွေ့စေကာ မဆုတ်မနစ် ထိုးပစ် တွန်းလှန်၍ အနိုင်ယူတတ်သော သူရဲကောင်း၊
၁၁။ သူရာ - မဟာသမုဒ္ဒရာကြီးကိုပင် လက်ပစ်ကူးရမည်ဟု အရှင်က စေခိုင်းလျှင်
မဆုတ်မပြန် ကူးအံ့ဟု ကိုယ်စွမ်းကိုး သူရဲကောင်း၊
၁၂။ စမ္မရောစိန - သားရေçသံချပ်ဝတ်အင်္ကျီကို ၀တ်ဆင်၍ တဖက်စစ်သည်ကို အတင်းဝင်ရောက် နှိမ်နင်းနိုင်သော သူရဲကောင်း၊
၁၃။ ဒါသပုတ္တ - မကြောက်မရွံ့ နောက်မတွန့်ဘဲ ရန်သူ့အတွင်းသို့ဝင်နိုင်သော အိမ်တော်ပါသူရဲကောင်း။


* သူတပါးအား မပြောကြားအပ်သော အရာကိုးပါး
* ထိုအကြောင်းတရား ကိုးပါးကို ထင်ရှားစွာ ထုတ်ဖေါ် မဆိုရာဟု ဟိတောပဒေသ၌ လာရှိ၏၊ မလုံခြုံက ပျက်စီးကျိုးမဲ့ ဖြစ်တတ်သည်။
၁။ အာယု -
မိမိနေရအံ့သော အသက်အပိုင်းအခြား၊
၂။ ၀ိတ္တ- မိမိပိုင် စည်းစိမ်ဥစ္စာ ရတနာဟူသမျှ၊
၃။ ဂေဟဆိဒ္ဒ - မိမိ၏ အိမ်၌ မလုံခြုံသော
နေရာနှင့် အပြစ်အဆာ ဟူသမျှ၊
၎။ မန္တ - လျှို့ဝှက်အပ်သော တိုင်ပင်ဆွေးနွေးမှုများ၊
၅။ မေထုန - ကိုယ့်မယားအား သံဝါသမှု
စပ်ရှက်ဉပပုံနည်းနှင့် ပြုသောနေရာဌာန၊
၆။ ဘေသဇ္ဇနယ - ခဲခက်စွာ ဖေါ်စပ်အပ်သော
ဆေးစွမ်းကောင်းများ၊
၇။ တပ - မိမိ၏ ချိုးခြံစွာသော အကျင့်၊
၈။ ဒါန - လှူဒါန်း ပေးကမ်းခြင်း၊
၉။ အပမာဏ - မိမိအား သူတပါးတို့က
ပမာမထား မလေးစားပုံ အခြင်းအရာ။

* မှတ်ချက် = တပနှင့် ဒါနတို့အတွက်ကိုမူ မိမိအား သူတပါးတို့က အထင်အမြင်ကြီးလာအောင် ဖြစ်စေ၊ ဂုဏ်ပကာသနကို ဖေါ်လို၍ ဖြစ်စေ၊ မပြောဆိုအပ်၊ အထင်သေး အမြင်သေး ဖြစ်တတ်သည် ဟူ၏၊
"ပတ္တိဒါန"အမျှပေးဝေရေး အတွက်ကိုမူကား ထင်ရှားစွာပြောဆိုအပ်၏ဟု မှတ်လေ။

မြတောင်ဆရာတော် စုစည်းတင်ပြသည်

* သူတပါးအိမ်၌ အပ်မထားရသော အရာလေးမျိုး
၁။ ခိုင်းနွား, ဆင်, မြင်း စသည်၊
၂။ နို့စားနွားမ၊
၃။ လှည်း, ရထား, စသည်၊
၎။ ဇနီး- မယား။

ဇာတက၊ ဒု၊ ၁၂၀။ ဋ္ဌ၊ ပဉ္စမ ၄၆၆

ဘ၀ ဧည့်သည်
********@@@@@@@@********

* လာတုန်းကလည်း တစ်ယောက်ထဲနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး၊
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း...။

* ပြန်သွားတော့လည်း တစ်ယောက်ထဲနော် လက်တွဲခေါ်ကာ ဖော်မပါဘူး၊
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။

* လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်မှ ၀န်းကျင်ယှက်နွယ် နှောင်းကြိုးတွယ်ကြ။
ပြုံး, ရယ်, မဲ့, ငို၊ ချစ်, မုန်းပိုကြ။
မလိုဒေါသ လိုလောဘနှင့်၊
ဘ၀ရိပ်မြုံ ကကြိုးစုံခဲ့။
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ၊ သုတ်သုတ်ဆောလျှင် ခရီးနှင်သည်၊
ဒို့လျှင် ဧည့်သည်ပါတကား.....။

(နန်းဟူးလယ်ခြေကျောင်း ဆရာတော် ဦးခေမိန္ဒ၊ အင်းလေး )

* အထီးကျန်ဝေဒနာ .....
* ဆေးလိပ်တိုကို ကောက်ဖွာလိုက်ရင်း တက်သွားသောမီးခိုးငွေ့တန်းကို ကြည့်ရင်း သွားလေသူဇနီးသည်ကို သတိရမိသည်။
* သူဆေးလိပ်မသောက်တတ်ပါ
အိမ်သူအမယ်အိုကြီး ဆုံးခါစက မနေတတ် မထိုင်တတ် သဖြင့် အနားမှာတွေ့ရသော ဆေးလိပ်တိုကို ကောက်ဖွာမိသဖြင့် သမီးတွေက ရယ်ကြသည်။
ချွေးမက ပြုံးစိစိ။
အင်းလေ သက်ကျားအိုရဲ့ အဖော်မဲ့ခြင်းဝေဒနာကို သူတို့က ဘယ်သိမလဲလေ....

* ခုတော့ ဒီအိမ်ကြီးတစ်ခုလုံးမှာ သက်ရှိလူသားဆို၍ သူတစ်ယောက်ထဲသာ ရှိတော့သည်။
မြေးလေးကို ညညလာအိပ်ပေးဖို့ ခေါ်သော်လည်း မအိပ်ချင်။
သားသမီးတွေက သူ့အိုးသူ့အိမ်နှင့်မို့ အမယ်ကြီးရှိတုန်းကလိုပင် မလာတော့။
သူ့အဝတ်အစား သူလျှော်ဝတ်ရသည်။
သားကြီးနှင့် သမီးတွေက မနက်ညကို အလှည့်ကြ ပို့ကျသည်။

* ယခင်ကတော့ သူ့သားကြီးအိမ်မှာ သွားသွားစားရသည်။
ကြာလာတော့ ချွေမးလုပ်သူက သမီးတွေကို မျက်စောင်းထိုးသည်။
" နင်တို့လည်း အဖေအရင်း ညနေစာလေးဖြစ်ဖြစ် ပို့ပေးကြဦး " ဆိုသည်။
သူ့ရင်၌နာကျင်မိသော်လည်း အပြစ်တင်စကားမဆိုရက်
အဖေတစ်ယောက်ကို ထမင်းကျေးဖို့အတွက် ခွဲတမ်းချနေရသည့်အဖြစ်။
သူတို့လေးတွေငယ်ငယ်ကတော့ သူ့မှာ မငြိုင်ြင်အား သားသမီးဘာပဲစားချင်ချင် ဘာပဲပူဆာပူဆာ သူနိုင်သလောက် ပေးခဲ့ကျွေးခဲ့သည်။

* ယခုမတော့ ....
အရာရာသည် ဆို့နင့်နာကျင်ရသော်လည်း အပြစ်မတင်ရက်ပါ။
ဘဝ၌ ဇနီးသည်ဆုံးချိန်မှစ၍ ပို၍ အထီးကျန်သလိုခံစားလာရသည်။
တခါတလေ ချိုချိုချဉ်ချဉ်စားချင်သော်လည်း ပြောမထွက်ခဲ့
သားသမီးတွေ ဝယ်ကျွေးတာပဲ စားခဲ့သည်။

* ခုရက်ပိုင်း လူကသိပ်နေမကောင်းချင်
အသက်က၈၀နားနီး၍ထင် အိမ်ပေါ်တက်တာတောင် ကတုန်ကရီ
စိတ်အပမ်းပြေလိုပြေငြား လမ်းထိပ်ထွက် စကားပြောသော်လည်း သားသမီးတွေက " အဖေအသက်ကြီးလှပြီ သူများအကြောင်းတွေ မပါစေနဲ့ ကိုယ့်အလုပ် ကိုယ်လုပ် ဘုရားတရားသာလုပ်" လို့ မကြာခဏ မြည်တွန်ခြင်း ခံရပြန်။

* အဖော်မဲ့ အထီးကျန်ခြင်းကို ဆေးလိပ်သောက်မိသဖြင့် ဆူပူလာကြပြန်သည်။
သူလိုသက်ကြီးရွယ်အိုအတွက် အဖော်ဆိုတာ ဘာဘာညာညာမဟုတ်တော့
ဘဝ၌ဆိုးတိုင် ကောင်းတိုင်ပင် တစ်ဦးကိုတစ်ဦးအဖော်ပြု အမှီသဟဲပြုလိုခြင်းသာ။
ဒါကိုသမီးတွေ မသိ။
ပိုက်ဆံပေးမယ် ထမင်းပို့မယ်
အဖေနေကောင်းလား တစ်ခွန်းမမေး။

* တခါတရံ မကြားမိ၍ ပြန်မေးမိသည့်အခါ အမေးအမြန်းထူလိုက်တာ ဟု ပြောချင်လာကြပြန်သည်။
* အသက်ကြီးလေ နေတတ်ထိုင်တတ်လေ ဖြစ်ရအောင်ကလည်း သူနဲ့သိပ်အဆင်မပြေ။
လက်ထဲ သမီးတွေပေးလာသည့် မုန့်ဖိုးကို ကျစ်ကျစ်ပါအောင်စုပြီး လက်တိုလက်တောင်းခိုင်းရသည့်သူကို ပေးမိတတ်သလို အရေးဟဲ့အကြောင်းဟဲ့ဆရာဝန်ပင့်ရရင်ပင် ဆရာကြွခပေးစရာမရှိရင် ပတ်ဝန်းကျင်က သူ့သမီးတွေကို အပြစ်တင်စကားဆိုလာကြမှာ စိုးမိသည်။

* ဒါကို သမီးတွေက နားမလည်
အဖေက အတော်ကပ်စေးနှဲတယ် သေရင်ကိုယ့်နောက်ပါမှာလည်း မဟုတ်ဟု ပြောကြပြန်။
လုပ်နိုင်ကိုင်န်ူင်စွမ်း မရှိတော့သော အိုကြီးအိုမတွေအတွက်
လက်ထဲရှိနေသောငွေသည်သာ အားထိုးရာ။

* သေရမည့်ရက်ကို ထိုင်စောင့်နေရသော သူ့အဖို့
ကိုယ်လုပ်နိုင်တာလေးသာ လုပ်သွားရပေတော့မည်။

* မြတ်စွာဘုရားကတော့ သူစိမ်းထဲမှာ ဇနီးခင်ပွန်းကို အားကိုးပါတဲ့
သူ့အားကိုးစရာ မရှိတော့
ဆွေမျိုးထဲ၌ သားသမီးကို အားကိုးပါတဲ့
တော်သေး အားကိုးစရာရှိနေသေးတာကိုက...

* သို့သော်
သို့သော်....

* လင်ယောက်ျား သေဆုံးသွားသောမုဆိုးမများ အထီးကျန်ခြင်းထက်
ဇနီးမယား သေဆုံးသွားသော မုဆိုးဖိုများက ပို၍ အထီးကျန်တတ်ကြပေသည်။

* မုဆိုးမတွေကတော့ ပန်းပန်နိုင်ပေမဲ့
သူတို့မုဆိုးဖိုများကတော့ ဆေးလိပ်ကြီး တဖွာဖွာနဲ့ ပေါ့လေ....။

(မအေးအေးစိုး Fb မှ ကူးယူပါသည်)

* ဧတဒဂ်ဘွဲ့တံဆိပ်တော်ရ ဘိက္ခု (ရဟန်းယောက်ျား) ၄၁ပါး ......
၁။ အဂ္ဂရတ္တညူဘွဲ့တံဆိပ်ရသူ အရှင်ကောဏ္ဍည
၂။ ပညာအရာ၌ ထူးချွန်မှု အဂ္ဂမဟာပညာ ဘွဲ့တံဆိပ်ရသူ အရှင်သာရိပုတ္တရာ
၃။ တန်ခိုးအရ၌ အဂ္ဂဣဒ္ဓိမန္တ ဘွဲ့တံဆိပ်ရသူ အရှင်မဟာမောဂ္ဂလာန်
၎။ ဓူတင်ဆောင် အဂ္ဂဓုတင်္ဂဓရ ဘွဲ့တံဆိပ်ရသူ အရှင်မဟာကဿပ
၅။ ဒိဗ္ဗစက္ခုဉာဏ်ဘွဲ့တံဆိပ်ရသူ အရှင်အနုရုဒ္ဓါ
၆။ အမျိုးမြတ် အဂ္ဂဥစ္စကုလိက ဘွဲ့တံဆိပ်ရသူ အရှင်ဘဒ္ဒိယ
(ဤအရှင်သည် ဘ၀မခြားဘဲ ဘ၀ပေါင်း ငါးရာတိုင်တိုင်ဆက်၌ မင်းဖြစ်ဖူးသောကြောင့် အမျိုးမြတ်ဘွဲ့တံဆိပ်ရသည် ဟူ၏။)

၇။ အသံကောင်း အဂ္ဂမဉ္ဖူသရ ဘွဲ့တံဆိပ်ရသူ အရှင်လကုဏ္ဍကဘဒ္ဒိယ
၈။ ခြင်္သေ့သံဖြင့်ကြုံးဝါးသည့် အဂ္ဂသီဟနာဒိက ဘွဲ့တံဆိပ်ရသူ အရှင်ပိဏ္ဍောလဘာရဒွါဇ
(ဤအရှင်သည် အရဟတ္တဖိုလ်ရသည့်နေ့မှာပင် မဂ်ဖိုလ်၌သံသယရှိသောသူသည် ငါ့ကိုမေးကြဟု မကြောက်မရွံ့ ခြင်္သေ့သံဆို၍ ဘုရားရှင်ရှေ့တော်၌လည်း အရှင်ဘုရားသာသနာတော်၌ ပြုဖွယ်ကိစ္စသည် အကျွန်ုပ်အား အပြီးတိုင်ရောက်ပါပြီ ဟု ခြင်္သေ့သံကို ဆိုလေသည်။ ထို့ကြောင့် ဤဧတဒဂ်ဘွဲ့ရသည်ဟူ၏။)
၉။ တရားဟောကောင်း အဂ္ဂဓမ္မကထိက ဘွဲ့တံဆိပ်တော်ရသူ အရှင်ပုဏ္ဏ
၁၀။ အကျဉ်းအကျယ်ကိုဖွဲ့တတ်ရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်မဟာကစ္စည်း
၁၁။ စိတ်နှလုံးဖြင့်ပြီးသော ကိုယ်ကိုဖန်ဆင်းရာ၌ အဂ္ဂစေတာဝိ၀ဋ္ဋ ဘွဲ့တံဆိပ်ရသူ အရှင်စူဠပန်
၁၂။ အဂ္ဂသညာဝိ၀ဋ္ဋကုသလ အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်မဟာပန်
၁၃။ ကိလေသာကင်း၍နေသောအရာ၊ မြတ်သောအလှူခံပုဂ္ဂိုလ်အရာ၌ ဘွဲ့တံဆိပ်နှစ်ထပ်ရသူ အရှင်သုဘူတိ
၁၄။ အရညကင်တောရ ဘွဲ့တံဆိပ်ရသူ ရှားတောနေ အရှင်ရေ၀တ
၁၅။ ဈာန်ဝင်စားသောအရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်ကင်္ခါရေ၀တ
၁၆။ လုံ့လ၀ီရိယအရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်ကောဋိဝိသောဏ
၁၇။ သာယာနာပျော်ဖွယ်ရှိအောင် ရွတ်ဖတ်တတ်သောအရာ၌ အဂ္ဂကလျာဏ ၀ါက္ကရ ဘွဲ့တံဆိပ်ရသူ အရှင်ကုဋိကဏ္ဏသောဏ
၁၈။ လာလ်လာဘပေါများသောအရာ၌ အဂ္ဂလာဘီ ဘွဲ့တံဆိပ်တော်ရ အရှင်သီဝလိ
၁၉။ သဒ္ဓါအားကြီးသောအရာ၌ အဂ္ဂသဒ္ဓါဓိမုတ္တ ဘွဲ့တံဆိပ်တော်ရ အရှင်ဝက္ကလိ
၂၀။ သိက္ခာသုံးပါးကို လိုလားလိုက်နာရာ၌ အဂ္ဂသိက္ခာကာမ ဘွဲ့တံဆိပ်တော်ရ သားတော် အရှင်ရာဟုလာ
၂၁။ အဂ္ဂသဒ္ဓါပဗ္ဗဇ္ဖိတအရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်ရဋ္ဌပါလ
၂၂။ စာရေးတံခေါ် မဲလိပ်ချအလှူကို အမြဲနံပါတ်တစ်ရသူအဖြစ် အဂ္ဂ ပဌမသလာက ဂဏှန္တ ဘွဲ့တံဆိပ်တော်ရ အရှင်ကောဏ္ဍဒါန
၂၃။ ကဗျာဂါထာ သီးကုံးဖွဲ့ဆိုရာ၌ လျင်မြန်ခြင်း အဂ္ဂပဋိဘာဝန၀န္တ ဘွဲ့တံဆိပ်တော်ရ အရှင်ဝင်္ဂီသ
၂၄။ ထက်ဝန်းကျင်ကြည်ညိုဖွယ်ကို ဆောင်ရာ၌ အဂ္ဂသမန္တပါသာဒိက ဘွဲ့တံဆိပ်တော်ရသူ အရှင်ဥပသေန
၂၅။ ကျောင်းအိပ်ယာနေရာ ခင်းတတ်ရာ၌ အဂ္ဂသေနာသန ပညာပက ဘွဲ့တံဆိပ်ရသူ အရှင်ဒဗ္ဗ
၂၆။ နတ်တို့ချစ်မြတ်နိုးအပ်သည့်အရာ၌ အဂ္ဂဒေ၀ါနံ ၀ိယမနာပ ဘွဲ့တံဆိပ်တော်ရ အရှင်ပိလိန္ဒ၀စ္ဆ
၂၇။ တရားကို လျင်စွာသိသောအရာ၌ အဂ္ဂခိပ္ပဘိည ဘွဲ့တံဆိပ်ရသူ အရှင်ဒါရုစိ
၂၈။ ဆန်းဆန်းကြယ်ကြယ် စကားကိုပြောဆိုတတ်ရာ၌ အဂ္ဂစိတ္တ ကထိက ဘွဲ့တံဆိပ်ရသူ အရှင်ကုမာရကဿပ
၂၉။ အဂ္ဂပဋိသမ္ဘိဒါပတ္တဉာဏ်ရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်မဟာကောဋ္ဌိတ
၃၀။ ဗဟုသုတအရာ၊ သတိမမေ့သည့်အရာ၊ ပညာလျင်သည့်အရာ၊ လုံ့လရှိသည့်အရာ၊ အလုပ်အကျွေးကောင်းအရာ ပေါင်းဘွဲ့တံဆိပ်ငါးခုရသူ အရှင်အာနန္ဒာ
၃၁။ အခြံအရံများခြင်းအရာ၌ အဂ္ဂမဟာပရိသ ဘွဲ့တံဆိပ်ရသူ အရှင်ဥရုဝေဠကဿပ
၃၂။ အမျိုးကို ကြည်ညိုအောင်ပြုလုပ်တတ်ရာ၌ အဂ္ဂကုလပသာဒက ဘွဲ့တံဆိပ်ရသူ အရှင်ကာဠုဒါယီ
၃၃။ အနာရောဂါကင်းရာ၌ အဂ္ဂအပ္ပါဗျာဓိက ဘွဲ့တံဆိပ်တော်ရသူ အရှင်ဗာကုလ
၃၄။ ပုဗ္ဗေနိဝါသဉာဏ်၌ အဂ္ဂပုဗ္ဗေနိဝါသ အနုဿရန္တ ဘွဲ့တံဆိပ်ရသူ အရှင်သောဘိတ
၃၅။ ၀ိနည်းဓိုရ်ရာထူး၌ အဂ္ဂ၀ိနယဓရ ဘွဲ့တံဆိပ်ရသူ အရှင်ဥပါလိ
၃၆။ ဘိက္ခုနီမတို့ကို ဆုံးမရာ၌ အကောင်းဆုံး အဂ္ဂဘိက္ခုနောဝါဒက ဘွဲ့တံဆိပ်ရသူ အရှင်နန္ဒက
၃၇။ ဣနြေ္ဒကောင်းရာ၌ အဂ္ဂဣနြ္ဒိယဂုတ္တဒွါရ ဘွဲ့တံဆိပ်ရသူ ညီတော်မင်းနန်ခေါ် အရှင်နန္ဒ
၃၈။ ရဟန်းတော်တို့ကို ဆုံးမရာ၌ အကောင်းဆုံး အဂ္ဂဘိက္ခုသြ၀ါဒက ဘွဲ့တံဆိပ်ရသူ အရှင်မဟာကပ္ပိန္န
၃၉။ တေဇောကသိုဏ်းရာထူး၌ အဂ္ဂတေဇောဓာတု ကုသလ ဘွဲ့တံဆိပ်ရသူ အရှင်သာဂတ
၄၀။ ဒေသနာတော် အသစ်အသစ် တင်ရာ၌ အဂ္ဂပဋိဘာနေယျက ဘွဲ့တံဆိပ်ရသူ အရှင်ရာဓ
၄၁။ ညစ်နွမ်းခေါင်းပါးသော ပံ့သကူသင်္ကန်းကို ဆောင်ရာ၌ အဂ္ဂလုခစီဝရဓရ ဘွဲ့တံဆိပ်ရသူ အရှင်မောဃရာဇ ....

* ဧတဒဂ်ရ ထေရီ (၁၃)ပါး ......
* ဧတဒဂ္ဂကို ပါဠိသက် ဝေါဟာရအဖြစ် “ဧတဒဂ်”ဟု ခေါ်တွင်ကြပေ၏။ “ဧတ” နှင့် “အဂ္ဂ” နှစ်ပုဒ်တွဲစပ်နေ၍ “ဧတံ အဂ္ဂံ”ဟု ပုဒ်ဖြတ်လိုက်သောအခါ “ ဤပုဂ္ဂိုလ်သည် မြတ်၏” ဟူ၍ အဓိပ္ပါယ် ရပါသည်။ ဤပုဂ္ဂိုလ်သည် ဤအရာ ဤနေရာဌာနတွင် အထွတ်အမြတ် ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။
၁။ မဟာ ပဇာပတိ ဂေါတမီ။
* “အဂ္ဂရတ္တညူ ဧတဒဂ်” ရတော်မူ၏။

၂။ ခေမာထေရီ။
* “ကြီးမြတ်သော ပညာနှင့် ပြည့်စုံကုန်သော ဘိက္ခုနီတို့တွင် ခေမာထေရီသည် အမြတ်ဆုံးဖြစ်၏” ဟူ၍ “အဂ္ဂမဟာပညာ” ဧတဒဂ်ရတော်မူ၏။

၃။ ဥပ္ပလ၀ဏ်ထေရီ။
* “တန်ခိုးဖြင့် ပြည့်စုံကုန်သော ဘိက္ခုနီတို့တွင် ဥပ္ပလ၀ဏ် ထေရီသည် အမြတ်ဆုံးဖြစ်၏” ဟူ၍ “ဣဒ္ဓိမန္တီ” ဧတဒဂ် ရတော်မူ၏။

၎။ ပဋာစာရီထေရီ။
* “၀ိနည်းကို ဆောင်ကုန်သော ဘိက္ခုနီတို့တွင် ပဋာစာရီ ထေရီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “အဂ္ဂ၀ိနယစာရီ” ဧတဒဂ် ရတော်မူ၏။

၅။ ဓမ္မဒိန္နာထေရီ။
* “တရားဟောတတ်ကုန်သော ဘိက္ခုနီတို့တွင် ဓမ္မဒိန္နာထေရီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “အဂ္ဂဓမ္မကထိက” ဧတဒဂ် ရတော်မူ၏။

၆။ နန္ဒာထေရီ။
* “ဈာန်ဝင်စားခြင်း၌ မွေ့လျော်ကုန်သော ဘိက္ခုနီတို့တွင် နန္ဒာထေရီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “အဂ္ဂဈာယိနီ” ဧတဒဂ် ရတော်မူ၏။

၇။ သောဏာထေရီ။
* “လုံ့လ ၀ီရိယ ထက်သန်သော ဘိက္ခုနီတို့တွင် သောဏာထေရီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “အဂ္ဂအာရဒ္ဓ၀ီရိယ” ဧတဒဂ် ရတော်မူ၏။

၈။ ဗာကုလာထေရီ။
* “ဒိဗ္ဗစက္ခု အဘိညာဉ်ရကုန်သော ဘိက္ခုနီတို့တွင် ဗာကုလာထေရီသည် အမြတ်ဆုံး ဖြစ်၏။” ဟူ၍ “ဒိဗ္ဗစက္ခု အဘိညာဉ်” ဧတဒဂ် ရတော်မူ၏။

၉။ ကုဏ္ဍလကေသာထေရီ။
* “အဘိညာဉ်အရာ၌ လျင်မြန်ကုန်သော ဘိက္ခုနီတို့တွင် ဘဒ္ဒါမည်သော ကုဏ္ဍလကေသာ ထေရီသည် အမြတ်ဆုံး ဖြစ်၏။” ဟူ၍ “အဂ္ဂခိပ္ပါဘိည” ဧတဒဂ် ရတော်မူ၏။

၁၀။ ဘဒ္ဒကာပိလာနီထေရီ။
* “ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ကုန်သော ဘိက္ခုနီတို့တွင် ဘဒ္ဒကာပိလာနီ ထေရီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “ပုဗ္ဗေနိဝါသာနုဿတိ” ဧတဒဂ် ရတော်မူ၏။

၁၁။ ဘဒ္ဒါကစ္စနာယသော်ဓရာထေရီ။
* “မြတ်သော အဘိညာဉ်သို့ရောက်ကုန်သော ဘိက္ခုနီတို့တွင် ရာဟုလာမယ်တော် ဘဒ္ဒါကစ္စနာယသော်ဓရာထေရီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “မဟာဘိညာပတ္တ”ဧတဒဂ် ရတော်မူ၏။

၁၂။ ကိသာဂေါတမီထေရီ။
* “ခေါင်းပါးသော သင်္ကန်းကိုဆောင်ကုန်သော ဘိက္ခုနီတို့တွင် ကိသာဂေါတမီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “အဂ္ဂလူခစီဝရထေရီ” ဧတဒဂ် ရတော်မူ၏။

၁၃။ သိင်္ဂါလမာတာထေရီ။
* သဒ္ဓါတရား အားကြီးကုန်သော ဘိက္ခုနီတို့တွင် သိင်္ဂါလမာတာထေရီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “သဒ္ဓါဓိမုတ္တ” ဧတဒဂ် ရတော်မူ၏။

* ကူးယူဖော်ပြပါသည်။

* ဧတဒဂ်ရ
လူယောင်္ကျား(၁၀)ယောက် ...

၁။ တပုဿနှင့်ဘလ္လိကာ။
* ညီနောင်နှစ်ဦးသည် ရှေ့ဦးစွာသရဏဂုံ
ဆောက်တည်သော အရာတွင် ဧတဒဂ်ရသည်။

၂။ အနာထပိဏ်သူဌေး
* ပေးလှူတတ်သောအရာတွင် ဧတဒဂ်ရသည်။

၃။ စိတ္တသူကြွယ်
* တရားဟောသောအရာတွင် ဧတဒဂ်ရသည်။

၎။ ဟတ္တကာဠဝက
* သင်္ဂဟဝတ္ထုလေးပါးတို့နှင့်သင်္ဂြိလ်တတ်သော
အရာတွင် ဧတဒဂ်ရသည်။

၎။ မဟာနာမ်သာကီဝင်
* အခါမပြတ်၊ အမြတ်အကောင်း
ပေးလှူတတ်သော အရာတွင် ဧတဒဂ်ရသည်။

၆။ ဝေသာလီမြို့နေဥဂ္ဂသူကြွယ်။
* နှစ်သက်ရာအမြတ်ကိုပေးလှူတတ်သော
အရာတွင် ဧတဒဂ်ရသည်။

၇။ ပတ္ထိဂါမရွာနေဥဂ္ဂတသူကြွယ်
* သံဃာကိုလုပ်ကျွေးတတ်သောအရာတွင်
ဧတဒဂ်ရသည်။

၈။ သူရဗန်
* မတုန်မလှုပ်ကြည်ညိုသောအရာတွင်
ဧတဒဂ်ရသည်။

၉။ ဇီဝက
* ပုဂ္ဂိုလ်ကိုကြည်ညိုတတ်သောအရာတွင
်ဧတဒဂ်ရသည်။

၁၀။ နကုလပိတာ
* အကျွမ်းဝင်သောအရာတွင်ဧတဒဂ်ရသည်။
.....................................................................


““ဧတဒဂ်””ရ လူမိန်းမ(၁၀)ယောက်””
၁။ သေနိယသူဌေးသမီးသုဇာတာ .....
* ရှေ့ဦးစွာ သရဏဂုံ ဆောက်တည်သောအရာတွင် ဧတဒဂ်ရသည်။

၂။ ဝိသာခါ .....
* ပေးလှူတတ်သောအရာတွင် ဧတဒဂ်ရသည်။

၃။ ခုဇ္ဇုတ္တရာ .....
* အကြားအမြင်များသောအရာတွင် ဧတဒဂ်ရသည်။

၎။ သာမာဝတီ .....
* မေတ္တာဖြင့်နေသောအရာတွင် ဧတဒဂ်ရသည်။

၅။ နန္ဒမာတာဥတ္တရာ .....
* ဈာန်ဝင်စားသောအရာတွင် ဧတဒဂ်ရသည်။

၆။ ကောလိယမင်းသမီးသုပ္ပဝါသာ .....
* အကောင်း၊ အမြတ်ပေးလှူတတ်သော အရာတွင် ဧတဒဂ်ရသည်။

၇။ သုပ္ပိယာ .....
* သူနာကိုလုပ်ကျွေးတတ်သောအရာတွင် ဧတဒဂ်ရသည်။

၈။ ကာတိယာနီ .....
* မတုန်မလှုပ်ကြည်ညိုသောအရာတွင် ဧတဒဂ်ရသည်။

၉။ နကုလမာတာ .....
* အကျွမ်းဝင်သောအရာတွင် ဧတဒဂ်ရသည်။

၁၀။ ကာဠိဒါယိကာမ .....
* တစ်ဆင့်ကြား၍ ကြည်ညိုသော အကျွမ်းဝင်သောအရာတွင် ဧတဒဂ်ရသည်။
မှတ်ချက် = ရွှေမင်းဝန်ဦးဘုန်းမြင့်ရေးသော (တောင်တွင်းဆရာတော်ခင်ကြီးပျော်၏ လောကီ၊ လောကုတ္တရာ) အမေးအဖြေကျမ်းမှ ကိုးကားသည်။

* ကူးယူဖော်ပြပါသည်
* လုပ်ငန်းအောင်မြင်ကြောင်း နည်းလမ်းငါးသွယ်
(သို့) သာထက်သာနည်းလမ်းငါးသွယ် ....

၁။ စိရကာလဘာဝနာ -
* လုပ်ငန်းတစ်ခုကို အချိန်ဘယ်လောက်ပဲကြာကြာ ဒီလုပ်ငန်းကို ပြီးဆုံးအောင်လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ ကြာချင်သလောက်ကြာပါစေ လုပ်ရမယ်ပေါ့။

၂။ နိရန္တရဘာဝနာ -
* လုပ်ငန်းတစ်ခုကို လုပ်ပြီဆို ရပ်မပြစ်လိုက်ပါနဲ့။ အဆက်မပြတ်လုပ်ပါ။ အဆက်မပြတ်လုပ်ရင် အောင်မြင်တယ်။

၃။ နိရဝသေသဘာဝနာ -
* ဒါတွေသိပ်အရေးမကြီးဘူးဆိုပြီး စိတ်ထဲခပ်ပေါ့ပေါ့ မထားပါနဲ့။ လုပ်စရာရှိတဲ့လုပ်ငန်းမှန်သမျှ အကုန်လုံးအသေးအမွှားပါမကျန်လုပ်ပါ။ အကြွင်းအကျန်ဆိုတာ မထားပါနဲ့။

၎ ။ သက္ကစ္စဘာဝနာ -
* ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ သိပ်ပေါ့ပေါ့လျော့လျော့ မထားပါနဲ့။ လေးလေးစားစားလုပ်ပါ။

၅။ အဘိရတိဘာဝနာ -
* အလုပ်ကို ပေါ့ပေါ့ပါးပါးလုပ်ပါ။ မလုပ်ချင်ဘဲလုပ်ရတာ မဖြစ်ပါစေနဲ့။ တကယ့်ကို စိတ်ပါလက်ပါ ပျော်ပျော်ပါးပါး လုပ်ပါ။

* မြတ်ဗုဒ္ဓ

* ဒုက္ခဖြေနည်း ရှာဖွေကြပါစို့ ….
* အကျွန်ုပ်တို့သည်ကား ပုထုဇဉ်လူသားများဖြစ်ကြ၏။
* ပုထုဇဉ်ဟူသည် “ပုထုကိလေသေ ဇနေတီတိ ပုထုဇ္ဇနော”တဲ့။ “ကိလေသာထူပြောသူ”ဟု အဓိပ္ပာယ်ရ တယ်။ ထို့ကြောင့် ဒုက္ခပေါင်းစုံနှင့် ကြုံတွေ့ကြရ၏။ ထိုသို့ဒုက္ခပေါင်းစုံရှိကြသော်လည်း အချုပ်အားဖြင့် သမုတိဒုက္ခ - မျက်မြင်ဆင်းရဲနှင့် ပရမတ္ထဒုက္ခ - မြင်နိုင်ခဲ့သောဆင်းရဟူ၍ နှစ်မျိုးသာရှိ၏။ ထိုသို့သော ဒုက္ခများကို ဘယ်လူသား ဘယ်သတ္တ၀ါမှ မခံစားချင်ကြ။ ထို့ကြောင့် ကြုံလာသမျှကို ဒုက္ခများကို မိမိတို့ ကိုးကွယ်ရာ ယုံကြည်ရာ ဘာသာတရားအလျောက် အတွေ့အကြုံအလျောက် ဖြေရှင်းကြ၏။ ပြေပျောက်သည်လည်းရှိ၏။ မပြေပျောက်သည်က များ၏။

* အဘယ်ကြောင့်နည်း …..
* ဖြေရှင်းနည်း မမှန်သောကြောင့် ဖြစ်၏။ နည်းစနစ်မှန်လျှင် အဘယ်မှာ မပြေပျောက်ဘဲရှိအံ့နည်း။ သို့ဆိုသော် စစ်မှန်သောနည်းစနစ်ကို အဘယ်မှာ ရှာရမည်နည်း။ မိမိတို့ ကိုးကွယ်ရာ ဘာသာ တရားနှင့် ထိုထိုသော ပညာရှိများထံမှ ဖြစ်၏။ ဘာသာတရားနှင့် ပညာရှင်များသည် အသိပညာကို မွေးဖွားပေး၏။ ထိုအသိပညာသည် သမုတိဒုက္ခ - မျက်မြင်ဆင်းရဲကိုလည်း ဖြေရှင်းပေး၏။ ပရမတ္ထဒုက္ခ - မြင်နိုင်ခဲသော ရုပ်နာမ်ဆင်းရဲကိုလည်း ဖြေရှင်းပေး၏။

* ဥပမာ - ပစ္စည်းဥစ္စာ အသုံးအဆောင်ဆင်းရဲမှုကို -
၁။ ဥဋ္ဌာနသမ္ပဒါ - တရားနှင့်ယှဉ်သော ကြိုးစားရှာဖွေမှု၊
၂။ အာရက္ခသမ္ပဒါ - ရှာဖွေရရှိထားသည့် ချွေးနည်းစာများကို မပျောက်ပျက်အောင် ထိမ်းသိမ်းနိုင်မှု၊
၃။ သမဇီဝိတာ - ၀င်ငွေထွက်ငွေ မျှတအောင် သုံးစွဲတတ်မှု၊
၎။ ကလျာဏမိတ္တတာ - မိတ်ကောင်းဆွေကောင်းရှိမှု - ဟူသော အင်္ဂါလေးချက်နှင့် ဖြေရှင်းပေးနိုင်၏။

* မြင်နိုင်ခဲသော ရုပ်နာမ်ဆင်းရဲကို အာနာပါနဿတိဘာဝနာကို အခြေခံ၍ ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို မြင်သော ၀ိပဿနာဘာဝနာနည်းဖြင့် ဖြေရှင်းနိုင်၏။
* ထို့ကြောင့် အကျွန်ုပ်တို့သည် အကျွန်ုပ်တို့ ကြုံတွေ့နေရသောဒုက္ခများကို ဖြေရှင်းပေးနိုင်သော အသိပညာ (နည်းစနစ်) ကို မဖြစ်မနေ ရှာဖွေကြရမည်ဖြစ်၏။ ထိုအသိပညာ နည်းစနစ်သည် မိမိတို့ ကိုးကွယ်ရာ ဘာသာတရားနှင့် ပညာရှိများထံမှ ရရှိနိုင်မည်ဖြစ်၏။
* သို့ဖြစ်၍ ဒုက္ခဖြေရှင်းနည်း အသိပညာနှင့် နည်းစနစ်များကို မိမိတို့ ကိုးကွယ်ရာ ဘာသာတရားနှင့် ပညာရှိများထံမှ ဘာသာဝင်ကောင်းတစ်ယောက် ပီသစွာဖြင့် ကြိုးစားရှာဖွေကြပါစို့ဟု တိုက်တွန်းရင်း -
* ဘာသာတရားကို လေးစားမြတ်နိုးစွာဖြင့် ….
ရေနံ့သာ-မောင်သီ
သုခီ အတ္တာနံ ပရိဟရန္တု



* အိမ်မြှောင် .....
* နေ့အခါ အမြဲတမ်း အိပ်နေသူ၊
* ညအခါ အမြဲတမ်း မူးနေသူ၊
* သောက်စားအာရုံ ကာမဂုဏ် လွန်ကျူးနေသူ
ဖျင်းညံ့သော ဤသူဦးသည် အိမ်ထောင်ဦးစီး မဖြစ်နိုင်။ အိမ်မြှောင်သာ ဖြစ်သည်။

* န ဒိဝါ သောပ္ပသီသေန၊ ရတ္တိမုဋ္ဌာန ဒေသိနာ။
နိစ္စံ မတ္တေန သောဏ္ဍန၊ သက္ကာ အာဝသိတုံ ဃရံ။ ။


* ''ရင်ခုန်မိတာ အပြစ်လား''
* ဒီနေ့က တိတ်ဆိတ်တဲ့ ညလေးတစ်ညပေါ့။ လေပြေက ခပ်သွေးသွေး၊ လရောင်က ညအမှောင်ကို ဖြတ်ပြေးနေတော့ ကျွန်မဘ၀အတွက် 'အမှတ်တရ ည'လို့ ဆိုရမှာပေါ့…ရှင်။ အဲဒီထက် ပိုလွမ်းစရာ ကောင်းတာက ကျွန်မကို ပေးခဲ့တဲ့ တစ်သိန်းတန် ပုလဲသွယ် လည်ဆွဲလေးလေ။ မောင်တော်က ချစ်သက်လက်ဆောင်အဖြစ် ပေးခဲ့တာ။ အဲ..လေ.. ကျွန်မ 'ရင်ခုန်သံ မှားခဲ့တာလား' ဆိုတာကိုတော့ ကျွန်မကိုယ်တိုင် မသိခဲ့တာ အမှန်ပါ။ ကျွန်မက တိတ်တခိုး ချစ်နေမိလို့လေ။
(၁)
* ကျွန်မက ကိသာဂေါတမီပါ။ သိဒ္ဓတ်မင်းသားရဲ့ ဘထွေးတော် သမီးပေါ့။ မောင်တော်သိဒ္ဓတ်နှင့် မောင်နှမ တစ်ဝမ်းကွဲ တော်တယ်လေ။ အင်း… ပြောသာ ပြောရတာ ကျွန်မကို လူတွေက သိပ် သိကြမှာ မဟုတ်ပါဘူး။ အများက အမတော် ယသော်ကိုပဲ အာရုံထားနေကြမှာပါ။ အမက သိပ်ချော သိပ်လှ၊ မောင်တော်သိဒ္ဓတ်ရဲ့ ဘ၀ကြင်ဖော်လည်း ဖြစ်နေတာကိုး။

* ကျွန်မကလည်း ခေသူတော့ မဟုတ်ပါဘူး။ ကဗျာ လင်္ကာတွေ အလွတ်တမ်း စပ်ဆိုနိုင်တဲ့သူပါ။ ရုပ်ရည်အနေနဲ့လည်း အမတော် ယသော်ကို မယှဉ်နိုင်ပေမဲ့ မျိုးရိုးအလှ ရှိပြီးသားပါ..ရှင်။ နန်းတွင်း အဆိုရှင်တစ်ဦးရဲ့ ဘ၀ဟာ မောင်တော်သိဒ္ဓတ်နဲ့ ဝေးနေပြီးသားပါ။
* ဒါပေမဲ့ မိန်းမသားတို့ ဘာဝ တိတ်တခိုးနဲ့ ချစ်မိုးဆွေခဲ့ရတာ မောင်တော်သိဒ္ဓတ် နန်းတက်ပြီးတာတောင်မှ မစဲသေးပါဘူး။ မောင်တော်ကို မြင်တိုင်း ရင်ခုန်လှိုင်တွေ အတိုင်းသား ကြားနေရဆဲပါ။
(၂)
* တစ်နေ့ မောင်တော်သိဒ္ဓတ် ဥယျာဉ်က ပြန်လာတာကို ကျွန်မ တစ်ပင်တိုင် နန်းပြာသာဒ်ပေါ်ကနေ လှမ်းမြင်နေရတယ်။ အို….ဒီနေ့ မောင်တော်ကို ကြည့်ရတာ သိပ် ကျက်သရေ ရှိတာပဲ။ အရင်နေ့တွေနဲ့ လားလားမှ မတူတာ။ ဒီတစ်ခါ နှလုံးခုန်မှားတာ မဟုတ်လောက်ဘူး။ ရင်ထဲကို တကယ် ငြိမ်းအေးစေ တဲ့ ချစ်ခြင်းရယ်ပါ။ အဖြူပေါ် အမည်းတစ်စက်တော့ ကွက်မိလိုက်ပြီ….ရှင် ။ စိတ်ထဲမှာ ဘယ်လိုမှ ထိန်းမရတော့ဘူး။ အလိုလို လျှံထွက်လာမိတာပါ။

* အို….မောင်တော်ရယ်……..မောင်တော့်ကို မြင်ရတာ ငြိမ်းချမ်းလိုက်တာလေ… တကယ်ပါပဲ။ ကျွန်မက အဆိုကောင်း အသံကောင်း ဆိုတဲ့အတိုင်းပဲ နှုတ်ကနေ လွှတ်ခနဲ ထွက်သွားမိတယ်….။
* ''အို…သယ်ချင်းမတို့…
ဒီလို အတုမရှိတဲ့သားရဲ့ သားကောင်းမိခင်ဟာ ငြိမ်းအေးလိုက်မည့်ဖြစ်ခြင်း၊
ဒီလို အတုမရှိတဲ့သားရဲ့ သားကောင်းဖခင်ဟာ ငြိမ်းအေးလိုက်မည့်ဖြစ်ခြင်း၊
ဒီလို အတုမရှိတဲ့လင်ယောက်ျားရဲ့ လင်ကောင်းဇနီးဟာ ငြိမ်းအေးလိုက်မည့်ဖြစ်ခြင်း (ငြိမ်းအေးလေစွ)"
ဒီလိုစကားတွေ ကျွန်မနှလုံးသားထဲက မတောင်းဆိုဘဲ ဖြစ်ပေါ်သွားမိတာ ကျွန်မကိုယ် ကျွန်မ အံ့သြမိတယ်….ရှင်။ တကယ်ပါပဲ။

(၃)
* ဒီစကားကို ဥယျာဉ်ကနေ နန်းတော်ကို ပြန်လာတဲ့ မောင်တော်သိဒ္ဓတ်
မြင်းပေါ်ကနေ ကြားမိသွားတယ် ထင်ပါရဲ့။ ကျွန်မ ရွက်ပုံးအပျော်လေး
ပျော်ဝင်ခဲ့မိတယ်။ သိပ်…မကြာလိုက်ပါဘူး။ ကျွန်မ ထင်တဲ့အတိုင်းပဲ။ ကိုယ်လုပ်တော် တစ်ယောက် ကျွန်မထံ အပြေးအလွှား ခစားဝင်လာပြီး သိပ်လှတဲ့ တစ်သိန်းတန် ပုလဲသွယ် လည်ဆွဲလေး လာပေးတယ်။

* ကျွန်မ နှုတ်ကနေ လွှတ်ခနဲ ''အို..ဒါ မောင်တော်သိဒ္ဓတ် အမြဲ စွဲထားတဲ့ လည်ဆွဲလေးပါ. .လား''ဆိုပြီး ချစ်ရှက်ကလေး တစ်ချက် ဖြတ်သန်းသွား
မိတယ်။ နောက်မှ သတိထားမိပြီး ကိုယ့်နှုတ်ခမ်းလွှာကို ကဗျာဆန်ဆန် လက်ကနေနဲ့ ခပ်ဖွဖွလေး အုပ်လိုက်မိတယ်။

* ''အင်းပေါ့လေ…။ ဖြစ်နိုင်တာပေါ့.. သေချာပါတယ်လေ။ အမတော် ယသော်က ဒီနေ့ပဲ သားတော်လေး ဖွားမြင်ခဲ့တာ။ သားတစ်ယောက်မိခင် ဖြစ်နေပြီလေ။ ငါက အပျိုစင်လေး ဆိုတော့…အဟိ…။ မောင်တော်က သိပ် ခန့်ငြားသလို ဟန်ဆောင်လည်း အရမ်းကောင်းတာပဲ။
ကြည့်ပါလား…နှစ်သက်တယ်ဆို ဒီလောက် ဖြစ်ပြစရာ မလိုပါဘူး။ ကျွန်မက မဆွတ်ခင်က ညွတ်ပြီးသားပါ၊ မချွေခင်က ကြွေပြီးသားပါ…ရှင်။ မောင်တော် သိဒ္ဓတ် ငါ့ကို နှစ်သက်မြတ်နိုးလို့ ခုလို သူ့ရဲ့လည်ဆွဲလေး ပေးခိုင်းတာ။ ချစ်သက် လက်ဆောင်လေး ပေါ့..နော်။''

(၄)
* အဲဒီလိုမျိုး ကျွန်မတစ်ယောက် ညတစ္ဆေ ချောက်ခံနေရသလို လည်ဆွဲလေးကို ပွတ်လိုက်၊ ရင်ထဲက စကားသံတွေ ချွေလိုက်နဲ့ မိုးလင်းသွားတာတောင် မသိလိုက်ဘူး။ အိပ်ယာက နိုးတော့ နန်းတော်တစ်ခွင်လုံး ဆူညံနေလိုက်တာ ရှင်။

* ဒါနဲ့ ကျွန်မလည်း အပြေအလွှား နားစွင့်လိုက်တယ်။ ''အို…မောင်တော်က လူ့ဘောင်စွန့်ပြီး တောထွက်သွားတယ် ဆိုပါလား…။'' ကိုယ့်နားကိုတောင် မယုံချင်ဘူး။ ညက အဖြစ်က အိပ်မက်လေလား…၊ တစ္ဆေလား…ပေါ့။ ကျွန်မ မသိချင်တော့ဘူး၊ မခံစားနိုင်တော့ဘူး..ရူးချင်လိုက်တာ…ရှင်။ ကျွန်မ ပေါင်းဖက်ဖို့ မမျှော်လင့်ပါဘူး။ နီးစပ်ဖို့လည်း မတောင်းဆိုရဲပါဘူး။ အရင်ကလို အဝေးကနေ ဆွေးခွင့်ရရုံလေးပါ။ အနားမှာ ခစားရရုံ သက်သက်လေးပဲ ရချင်တာပါ။ မောင်တော်ရယ်…နန်းတော်မှာ အပျော်တွေ ပါးသွားလို့လား…။ ကျွန်မ အသံတွေ ကျီအာသံလို ဟန်မကျ ဖြစ်နေလို့လား… ရှင်။
* နန်တော်မှာ မောင်တော် မရှိတော့ဘူးဆိုတဲ့ အသိက ကျွန်မတင် မကပါ ဘူး။ နန်းတွင် နန်းပြင် မိုးမြေတစ်ခွင်လုံး အထီးကျန်သွားခဲ့တာ မောင်တော် မသိ ကျိုးကျွန် ပြုလိုက်တာလား…။ ရက်စက်လိုက်တာ မောင်တော်..ရယ် လို့
ပြောမထွက်သလို အမှန်တရားအတွက် ကြင်နာတဲ့ အဖြစ်အပျက်တွေ
ပေးသွားတယ်ရယ်လို့လည်း မှတ်ချက် မပေးရက်ပါဘူး..ရှင်။ မောင်တော်ကို အမြဲ နားလည် ပေးနေသူပါ။

(၅)
* နောက်မှ ကြားသိရတာက မောင်တော်သိဒ္ဓတ် ကျွန်မကို ပေးတဲ့လက်ဆောင်က သူ့ကို တောထွက်ဖြစ်အောင် လမ်းညွှန်ပေးလို့ "ဆရာခ''အဖြစ်တဲ့…လေ။
ကောင်းကြသေးရဲ့လား..။ ခုတော့ ''မုဆိုးမ သွားရာ မိုးလိုက်လို့ ရွာ" မဟုတ်
တော့ဘူး။ တစ်ဖက်သတ် အဖြစ်ဟာ ဆိုးလိုက်တာ…နော် လို့ အော်ဟစ်လိုက် ချင်တယ်…ရှင်။

* ကြည့်စမ်း..ကျွန်မ သီဆိုကျူးရင့်တဲ့ စကားကို မောင်တော် စဉ်းစားသွားပုံက အံ့သြဖွယ်ပါ။ ကျွန်မ ရင်ကို တုန်လှုပ်သွားစေတယ်လေ။ ဘာတဲ့…."ဒီလို ခန္ဓာကိုယ်အတ္တဘောကို မြင်ရသူ မိခင်၊ ဖခင်၊ ဇနီးတို့ဟာ ဘယ်လိုများ ငြိမ်းအေးတာလဲ..တဲ့။ အော် ငါ သိပြီ၊ ညီမလေး ကိသာ သိစေချင်တာက 'ရာဂမီး ငြိမ်းမှ၊ ဒေါသမီး ငြိမ်းမှ၊ မောဟမီး ငြိမ်းမှ၊ မာန ဒိဋ္ဌိစတဲ့ ကိလေသာပူ အားလုံး ငြိမ်းမှ ငြိမ်အေးတယ်'လို့ ဆိုလိုတာ ဖြစ်မယ်"..တဲ့။
* သြော် ကြီးကျယ်မြင့်မြတ်တဲ့ မောင်တော်ရယ်….အကြီးကြီး စဉ်းစားလိုက်ပုံများ။ ကျွန်မ ရင်ခုန်သံတွေ အလွဲလွဲ အမှားမှား ဖြစ်ခဲ့ရ၊ တစ်ထောင့်တစ်ည ထင်ခဲ့ရ ပါဘိ..နော်။ ရင်ခုန်မိတာ အချစ်လား…ရှင်၊
ကျွန်မ ရင်ခုန်မိတာ အပြစ်များ ဖြစ်သွားပြီလား..ရှင်။

"ရင်ခုန်မိတာ အပြစ်လား"
အချစ်မှာ မျက်စိ မရှိ
တကယ် သိပေမဲ့
ခုန်ခဲ့မိတယ် ဒီရင်ထဲ
အကြင်နာ ရက်က နှစ်ဆ ပိုကဲ။

နဂိုရ်ကတည်းက ညွတ်ချင်
မဆွတ်ခင်က ကြွေလုလု
ငါ အခု ဖြစ်လိုက်ပုံများ
ပျော်ရမှာ…လား
ငိုရမှာ..လား၊
သြော်….ငါ့ဘ၀နှယ်
ကံဇာတ် ငယ်လိုက်ပုံများ
အဝေးက ဆွေးခွင့်လေးတောင်
ရက်ချိန် မပေးလိုက်ရဘူး
အနီးကပ် ဖူးခွင့်တောင်
အသိတစ်ချက် မထပ်လိုက်ရဘူး။

မိကိသာ….ရေ
နင့် ရင်ခုန်သံက
ကမ္ဘာတစ်ခြမ်း လှမ်းနေပြီ
နင့် အသည်းတစ်ခြမ်းက
အမြဲ နွမ်းနေပြီ၊
အဖြူတစ်သက်မှာ
အမည်းတစ်စက် ဖက်လိုက်သလို
နောက်ဆုံးတော့…..
တစ်လောကလုံးကို အော် မေးလိုက်ပါရစေ…ရှင်
ရင်ခုန်မိတာ အချစ်…လား
ကျွန်မ ရင်ခုန်မိတာ အပြစ်လား…။ ။

မှီးငြမ်း။ ။ ဇာတက၊ဋ္ဌ၊၁၊၇၁။ ဓမ္မပဒ၊ဋ္ဌ၊၁၊၅၄။ အဋ္ဌသာလိနီ၊ဋ္ဌ၊၇၆။ ဗုဒ္ဓ၀ံသ၊ဋ္ဌ၊ ၃၂၈။ မှာ ပါရှိတဲ့ ကိသာဂေါတမီရဲ့ ရင်ခုန်သံကို ပြန်လည်ခံစား ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။
(မှတ်ချက်) ကိသာဂေါတမီ (၃)ယောက် ရှိပါတယ်။
၁။ အထည်ကြီးပျက် သူဆင်းရဲမျိုးမှ မွေးဖွားလာတဲ့ ပိန်လှီတဲ့ဂေါတမီ (ကိသာဂေါတမီ)။ အများသိနေတဲ့သူပါ။ (အပဒါန၊ဋ္ဌ၊၂၂၄။)

၂။ ဘုရားရှင်၏ ဘထွေးတော် သမီး၊ မောင်နှမ တစ်ဝမ်းကွဲ၊ မင်းမျိုး ကိသာဂေါတမီ။ ယခု တင်ပြတဲ့သူပါ။ (ဇာတက၊ဋ္ဌ၊၁၊၇၁။ ဓမ္မပဒ၊ဋ္ဌ၊၁၊၅၄။ အဋ္ဌသာလိနီ၊ဋ္ဌ၊၇၆။ ဗုဒ္ဓ၀ံသ၊ဋ္ဌ၊၃၂၈။)
၃။ တိဿဘုရားရှင်၏ မြတ်သောအလုပ်အကျွေးမ (အဂ္ဂုပဋ္ဌိကာ) ကိသာဂေါတမီ။ (ဗုဒ္ဓ၀ံသ၊၃၆၁။)


* ကျွမ်းကျင်မှု ....
* ``ကျွမ်းကျင်မှု´´ဆိုတာ သိသင့်သိထိုက်တာကို သိခြင်းနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တတ်ခြင်းပါပဲ .....


* လောကပြဿနာ အဖြေရှာ ...
* ဘဝပြဿနာ အဖြာဖြာနှင့် ကြုံတွေ့ရသောအခါ -
၁။ ကျွမ်းကျင်မှု
၂။ ရဲ့ရင့်မှု
၃။ ဥပါတမျဉ်း၌ လိမ္မာမှု
ဤသုံးခုနဲ့ဖြေရှင်းပြ အောင်မြင်နိုင်ကြောင်း ဇာတကအဋ္ဌကထာ၊ တယောဓမ္မဇာတ်တော်မှာ လေ့လာတွေ့ရှိရပါသည်။


* မိမိ၏ ဂုဏ်ကျေးဇူးကို ပြောဆိုသည်ရှိသော် မနှစ်သက်သော သတ္တဝါမည်သည် မရှိ။
* အတ္တနော ဝဏ္ဏံ ဘညမာနေ အတုဿနကသတ္တော နာမ နတ္ထိ။ (သီ ဋ္ဌ၊ ၂၅၀)


* ယုံကြည်ချက် ပြောင်းလိုက်ပြီဆိုတာနဲ့ အပြုအမူ အနေအထိုင်ပါ ပြောင်းလဲသွားတတ်တယ် .....

ပညာရှိထံ၊ ရိုကျိုးနွံ၍၊ နည်းခံသင်မှ၊ပညာရ၏။
ထကြွဝီရိယ၊ ဥဌာနဖြင့်၊ လုံ့လရှိမှ၊ ဥစ္စာရ၏။
မခွနှုတ်လျှာ၊ မှန်ကန်စွာလျှင်၊ သစ္စာတည်မှ၊
ကျော်စောရ၏။
ကိုယ်ကဥစ္စာ၊ စွန့်လွှတ်ကာလျှင်၊
မေတ္တာရှေး၍၊ ပေးကမ်းတတ်မှ၊ မိတ်ဆွေရ၏။
[ မဃဒေဝ ]


* ပါပမိတ္တ ပေါင်းမိက ....
* ပါပမိတ္တဟုဆိုပ်သော မကောင်းသောမိတ်ဆွေကို ပေါင်းမိသည်ရှိသော် မဖြစ်သေးသော အကုသိုလ်ဖြစ်တတ်သလို ဖြစ်ပြီးသော ကုသိုလ်တရားများလည်း ဆုတ်ယုတ်ပျက်ဆီးတတ်၏။
(အင်၊ ပ၊ ၁၂)
မြတောင်ဆရာတော်


* ဥစ္စာယိုပေါက် ......
၁။ သေရည်သေရက် သောက်စားမှု
၂။ အချိန်အခါမဲ့ လမ်းသလားမှု
၃။ ပွဲလမ်းသဘင်၌ ပျော်မွေ့မှု
၎။ အလောင်းအစားလွန်ကျူးမှု
၅။ ပါပမိတ္တပေါင်းသင်းမှု
၆။ ပျင်းရိမှု
ဤခြောက်ခုထဲမှ တပါးပါးနှင့် ငြိလျှင်ပင် စည်းစိမ်ဥစ္စာ ပျက်ဆီးရ၏။ ခြောက်ပါးလုံး ပြည့်စုံလျှင်ကာ ဆိုဖွယ်ရာ မရှိပေ .....
သိင်္ဂါလသုတ်


* ထွက်ပေါက်မလွဲစေနဲ့ ....
၁။ အမုန်းစိတ်၏ထွက်ပေါက်က မေတ္တာ
၂။ ရက်စက်လိုစိတ်၏ထွက်ပေါက်က ကရုဏာ
၃။ မနာလိုစိတ်၏ထွက်ပေါက်က မုဒိတာ
၎။ ချစ်စိတ် မုန်းစိတ်၏ထွက်ပေါက်က ဥပေက္ခာ
၅။ မြဲတယ်လို့ထင်မြင်စိတ်၏ထွက်ပေါက်က ဝိပဿနာ
၆။ မာန၏ထွက်ပေါက်က အရဟတ္တမဂ်,ဖိုလ် ဉာဏ်။


* နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ....
* အထက်ပါ ဂါထာဖြင့် ရှိသူကြသူများမှာ -
၁။ သဟမ္ပတိဗြဟ္မာကြီး
၂။ သကြာမင်း
၃။ ပသေနဒီကောသလမင်း
၎။ ဗိမ္ဗိသာရမင်း
၅။ ဗြဟ္မာယုပုဏ္ဏား
၆။ ပေါက္ခရသာတိပုဏ္ဏား
၇။ ဇာဏုသောဏိပုဏ္ဏား
၈။ ဓနဉ္ဇာနီပုဏ္ဏေးမ
၉။ အာရာမဓဏ်ဒပုဏ္ဏား
၁၀။ ကာရဏပုဏ္ဏား
၁၁။ မဟိန္ဒမင်းကြီးတို့ဖြစ်ပါသည်။

* ကျမ်းညွှန်း - ပဏ္ဏာသပါဠိတော်၊ သံယုတ်ပါဠိတော်၊ အင်္ဂုတ္တိုရ်ပါဠိတော်နှင့် ဓမ္မပဒအဋ္ဌကထာတို့ ဖြစ်ပါသည်။
(ပြန်တိုက်တော့ မကြည့်ရသေးပါ)



* သူများအပြစ်ကိုပဲ ရှာကြံမြင်နေရင် ငြိမ်းနေတဲ့မီး ပြန်တောက်တယ်။ ကိုယ့်အပြစ်လို့ ဆင်ခြင်ရင် တောက်နေတဲ့မီး ငြိမ်းတယ် ....
မြတောင်


* စိမ်းစော်နံသော တရား ....
စွယ်စုံကျော်ထင်ကျမ်း၌-
အပြစ်ခပ်သိမ်း၊ လောင်ရှိန်းရှိန်း၊ စိမ်းစော်နံတရား ဘယ်မျှနည်း-ဟူ၍ ကျည်းကန်ရှင်ကြီးက မေးသည်ကို ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးက သုတ္တနိပါတ် ပါဠိတော်လာ အာမဂန္ဓသုတ်ကို ထုတ်ဆောင်၍
ဖြေတော်မူသည်။

အာမဂန္ဓသုတ်ကား ဤသို့တည်း-
ဘုရားပွင့်တော်မမူသေးသော ကာလ၌ကပင်လျှင် အာမဂန္ဓအမည်ရှိသော ပုဏ္ဏားသည် ရွယ်တူ ပုဏ္ဏားလုလင် ငါးရာတို့နှင့်အတူ ရသေ့ရဟန်းပြု၍ တခုသောတောအုပ် တောင်ခြေ၌ ကျောင်းသင်္ခမ်းနှင့်နေ၏။ ထိုရသေ့သည် အမဲသားငါးစားခြင်းကို အပြစ်ရှိသည်ဟု အယူရှိပြီး သစ်ရွက် သစ်သီးကိုသာ စားသောက်နေထိုင်သည်။ လူတို့စားသော ချဉ်ဆားကိုသော်မှ မသုံးဆောင်၊ ထို့ကြောင့် ကာလကြာသော် ဖျော့တော့ ပန်းဟိုက် အနာရောဂါတို့ဆိုက်သဖြင့် ချဉ်ဆားအလို့ငှါ ပစ္စန္တရွာသို့ ရောက်လာသည်။

ရွာသားတို့လည်း ကြည်ညိုလှ၍ ရွာအနီး၌ ကျောင်းဆောက်လှူဒါန်းကာ ပစ္စည်းလေးပါးဖြင့် ပူဇော်ကြသည်။ သို့ရာတွင် ရသေ့တို့သည် မိုးလေးလလွန်သော် တောသို့ဝင်အံ့-ဟု ရွာသားတို့အား တောင်းပန်ကာ ယခင်နေမြဲကျောင်းသို့ ပြန်သွားသည်။ မိုကျပြန်သော် ရွာအနီးသို့ ပြန်ကပ်သည်။ ရွာသားတို့ကလည်း မြတ်နိုးတနာ ချီးမြှောက်ပူဇော်ကြသည်။
ဤသို့နေရင်း ရှစ်နှစ်ခန့်ကြာသော် ဘုရားပွင့်တော်မူသည်။ ဘုရားရှင်သည် ဇေတဝန်ကျောင်း၌ သီတင်းသုံးစဉ် ရသေ့တို့၏ ကျွတ်အံ့သောအကြောင်းကို မြင်၍ သံဃာများနဲ့အတူ ထိုပစ္စန္တရွာသို့ ကြွတော်မူသည်။ ရွာသားတို့လည်း ဘုရားအမှူးရှိသော သံဃာတော်တို့ကို အလှူပေး၍ တရားတော်ကို နာယူကြသည်။ ဘုရားက ရွာသားတို့၏ အဇ္ဈာသယအလျောက် တရားပြတော်မူရာ သောတာပန်တည်သူတည်၊ သကဒါဂါမ် တည်သူတည်၊ အနာဂါမ် တည်သူတည်ကြသည်၊ အချို့ရဟန်းပြု၍ ဘုရားနောက်တော်က လိုက်သည်။
ရသေ့တို့လည်း မိုးကျသော် မိုးလေးလခိုရန် ရွာသို့ကပ်လာပြန်သည်။ သို့ရာတွင် ရွာသားတို့သည် ရှေးကကဲ့သို့ အုတ်အုတ်ကျက်ကျက် မပူဇော်ကြတော့ကုန်။
ရသေ့တို့က ဤသို့ ရှေးကနှင့်မတူခြင်းအတွက် ရွာသားတို့အား
အချင်းတို့-မင်း, ခိုးသူနှိပ်စက်၍လော၊ ငါတို့ထက် သီလ သမာဓိ ပညာ သာသောပုဂ္ဂိုလ် ရောက်လာသဖြင့် ဆရာသစ်ရ၍လော-ဟု မေးသည်။
ထိုအခါ ရွာသားတို့က အပ္ပဋိပုဂ္ဂလ ဖြစ်တော်မူသော ဘုရားရှင် ကျွန်ုပ်တို့ထံ ကြွရောက်တော်မူသဖြင့် တရားတော်ကို နာယူရသည်။ ယင်းသို့သော ဆရာမြတ်ကို ဆည်းကပ်ရ၍ အရှင်တို့အား သင့်ရုံသာ ပူဇော်ခြင်းဖြစ်ကြောင်း ရှင်းပြကြသည်။

ထိုအခါ အာမဂန္ဓရသေ့တို့လည်း လွန်စွာဝမ်းမြောက်လှ၍ ဒါယကာတို့-ဘုရားဟူသောစကားကို ကြားရရုံမျှပင် အတိဒုလ္လဘ ဖြစ်သေးသည်။ ဖူးတွေ့ရသော်ကား အဆမတန်သော ကုသိုလ်မင်္ဂလာတည်း။ သို့ရာတွင် ဘုရားရှင်သည် အမဲသားငါးတို့ကို စားပါသလော-ဟု မေးလေသည်။ ရွာသားများက စားကြောင်း-ဖြေသည့်အခါ ရသေ့တို့သည် စိတ်နှလုံးမရွှင် ဖြစ်သွားသည်။
သို့ရာတွင် ဘုရားဟူသည်ကား အလွန်ရခဲ၏။ အယူအကျင့် သင့်မသင့်ကို မေးလျှောက်၍ သိအောင်ပြုအံ့ဟု ကြံပြီး ဘုရားရှိရာ သာဝတ္ထိပြည်သို့ မိမိတို့၏ တပည့်ရသေ့ပရိသတ်နှင့်အတူ သွားရောက်ကာ ဘုရားရှင်
ရှေ့မှောက်သို့ ဝင်သည်။

အာမဂန္ဓရသေ့က ဘုရားရှင်အား ဘုန်းတော်ကြီးလှသော အရှင်ဘုရား၊ အရှင်မြတ်သည် စိမ်းစော်ညှီစော်နံသော အာမဂန္ဓများကို စားပါသလော-ဟု မေးလျှောက်လေသည်။
ဘုရားက အာမဂန္ဓ-ဟူသည် အဘယ်နည်းဟု မေးသော် ရသေ့က-အရှင်ဘုရား-သားငါးတို့၏ အသားအရသာတည်း-ဟု ဖြေသည်။

ထိုအခါ ဘုရားရှင်က သင်ရသေ့, သင်သာလျှင် အာမဂန္ဓကို မေးလျှောက်သည်မဟုတ်၊ ရှေးအခါ တိဿမည်သော ပုဏ္ဏားသည်လည်း ကဿပဘုရားရှင်အား မေးလျှောက်၍ ကဿပဘုရားရှင်သည် ဖြေတော်မူရဖူးလေပြီ-ဟူ၍ မိန့်ကြားကာ
ပါဏာတိပါတော ဝဓနဆေဒ ဗန္ဓနံ-အစချီသော ၁၂-ဂါထာတို့ဖြင့် တန်ဆာဆင်သည့် အာမဂန္ဓသုတ်ကို
ဟောကြားတော်မူသည်။
သူ့အသက်သတ်ခြင်း၊ သတ္တဝါတို့အား လှံကန်စသည်ဖြင့် ပုတ်ခတ်ခြင်း၊ လက်ခြေအင်္ဂါကို ဖြတ်ခြင်း အစရှိသော စိမ်းစော်နံသော တရား ၄၂-ပါးတို့ကို ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ၃၃-ပါး၊ ဓမ္မဓိဋ္ဌာန်အားဖြင့် ၉-ပါး ခွဲခြား၍ ဟောကြားတော်မူသည်။

ဘုရားက ဖော်ပြပါ သူ့အသက်သတ်ခြင်းစသော ၁၀-ပါးသော အယုတ်တရားတို့ကို ကျင့်ခြင်းသည် ညှီနံ့လှောင် လှောင်း မကောင်းသော ဆိပ်နံ့ စိမ်းနံ့ အပုပ်နံ့ မည်၏။ သားငါးတည်းဟူသော ဘောဇဉ်သည် ဆိပ်နံ့ စိမ်းနံ့ ပုပ်နံ့ မဟုတ်ဟု ဟောသည်။
အမိ,အရီး, အမကြီး အစရှိသော ကာမဂုဏ်တို့၌ မစောင့်စည်းခြင်း၊ ရသာရုံ၌ မက်မောခြင်း အစရှိသော ခြောက်ပါးသောအကျင့်တို့သည် ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့ မည်၏။ သားငါးတည်းဟူသော ဘောဇဉ်သည် ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့ မဟုတ်ဟု ဟောသည်။

ကိုယ်ပင်ပန်းအောင် အစားရှောင်၍ ကျင့်ခြင်းအစရှိသော ငါးပါးသော အကျင့်တို့သည် ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့မည်၏။ သားငါးတည်းဟူသော ဘောဇဉ်သည် ဆပ်နံ့, စိမ်းနံ့, ပုပ်နံ့ မဟုတ်ဟု ဟောသည်။
ဤသို့ဖြင့် ဘုရားက ၁၀-ပါး၊ ၆-ပါး၊ ၅-ပါး အားဖြင့် ၂၁-ပါး အရေအတွက်ရှိသော တရားတို့ကို ပုဂ္ဂလဓိဋ္ဌာန ဒေသနာနည်းဖြင့် ဟောကြားကာ ယင်းတို့သည်သာ ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့ရှိသော တရားများဖြစ်ကြောင်း ဟောသည်။

ထိုနောက် ဓမ္မဓိဋ္ဌာန်နည်းဖြင့် အမျက်ထွက်ခြင်း၊ မာန်ယစ်ခြင်း ခက်ထန်ခိုင်မာခြင်း အစရှိသော ၉-ပါးသော စိမ်းစော်နံတရားတို့ကို ဟောပြန်သည်။
တဖန် ပုဂ္ဂလဓိဋ္ဌာန်နည်းဖြင့် သတ္တဝါတို့အား အလိုရှိတိုင်း သတ်ခြင်း၊ သူတပါးဥစ္စာကိုယူပြီး ဥစ္စာရှင်ကို ညှဉ်းဆဲခြင်း အစရှိသော ၆-ပါးသော အကျင့်တို့သည် ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့ မည်၏။ သားငါးတည်းဟူသော ဘောဇဉ်သည် ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့ မဟုတ်ကြောင်း ဟောပြန်သည်။

မြတ်စွာဘုရားက ထိုသို့ ပုဂ္ဂလဓိဋ္ဌာနနည်းဖြင့် ဟောအပ်သော အကျင့် ၃၃-ပါး၊ ဓမ္မဓိဋ္ဌာန်နည်းဖြင့် ဟောအပ်သော အကျင့် ၉-ပါး၊ စုစုပေါင်း ၄၂-ပါးသော အကျင့်တို့သည်သာလျှင် ဆိပ်နံ့, စိမ်းနံ့,ပုပ်နံ့မည်၏။ သားငါးတည်းဟူသော ဘောဇဉ်သည် ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့ မဟုတ်သည်သာတည်း ဟူ၍၄င်း၊ အသင် ပုဏ္ဏား အမဲသားငါး မစားခြင်းသည် ယုံမှားခြင်းကို မကူးမြောက်နိုင် အစာမစားခြင်း၊ အဝတ်မဆည်းခြင်း၊ ဦးပြည်းရိတ်ခြင်း၊ ဆံကျစ်၌ မြူကပ်အောင်နေခြင်း တို့ဖြင့် သတ္တဝါကို မစင်စေနိုင်။ မသေသောအဖြစ်ကို တောင့်တသည့်အကျင့်၊ ဗေဒင်၊ မီးပူဇော်ခြင်း၊ ယစ်ပူဇော်ခြင်း စသည်ဖြင့်လည်း ယုံမှားခြင်းကို မကူးမြောက်နိုင်။ သတ္တဝါကို မစင်စေနိုင်။
အသင်ပုဏ္ဏား၊ အကြင် ဆိပ်နံ့, စိမ်းနံ့, ပုပ်နံ့ ရှိသော အကျင့်တရားတို့ကို လုံခြုံစွာ စောင့်စည်းသော အားဖြင့်သာလျှင် သစ္စာလေးပါးတရား၌ အရိယာမဂ်ဖြင့် တည်နိုင်သည်။ ခပ်သိမ်းသော ဝဋ်ဒက္ခမှ ကင်းနိုင်သည်ဟူ၍ ကဿပဘုရားရှင်က ဟောကြားတော်မူဖူးခဲ့ပြီးဖြစ်ကြောင်း ဘုရားရှင်က အာမဂန္ဓ ရသေ့ကို ဟောကြားတော်မူလေသည်။
သက်သတ်လွတ် စားရုံမျှနှင့် ဝဋ်ဇာတ်ကို မသိမ်းနိုင်၊ ဓီရော-အရဟတ္တဖိုလ် ပညာရှိသည်ဖြစ်၍၊ ဒိဋ္ဌသုတေသု-မြင်အပ် ကြားအပ်သော အာရုံတို့၌၊ နလိမ္ပတိ-မလိမ်းမကျံ, သောအခါမှာသာလျှင် ဝဋ်ဇာတ်ကို သိမ်းနိုင်မည်ဖြစ်ကြောင်း အာမဂန္ဓသုတ်တွင် ဆိုလေသည်။
ထို့ကြောင့် အပြစ်ခပ်သိမ်း၊ လောင်ရှိန်းရှိန်း၊ စိမ်းစော်နံတရား ဘယ်မျှနည်း-ဟူသော ကျည်းကန်ရှင်ကြီး၏အမေးကို ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးက ထိုအာမဂန္ဓသုတ်လာ ၄၂-ပါးသော တရားတို့သည် ပစ္စုပ္ပန်ဘေး တမလွန်ဘေးတည်းဟူသော မီးသည် ညီးညီးပြောင်ပြောင် ရှိန်ရှိန်လောင်သော စိမ်းစော်နံတရားမည်ကုန်၏ဟု စွယ်စုံကျော်ထင်ကျမ်း ပုစ္ဆာနံပါတ် (၃၃၈)ကို ဖြေကြားထားလေသည်။
(စိမ်းစော်နံတရား ၄၂-ပါးအကျယ်ကို ထိုကျမ်း၌ ကြည့်ပါလေ)

ဦးတင်ဦး(ကျူရှင်)
( လုံမလေး ၂၀၀၆-ခု နိုဝင်ဘာလ)


ပတ်ဝန်းကျင် အေးချမ်းစေချင်ရင် မိမိကိုယ့်ကို တဲ့အောင်နေ....။ (၁၂.၇.၂၀၀၈)

ပုထုဇဉ်လူသားတွေမို့ အတ္တမကင်းကြဘူး...ဆိုပေမဲ့ မိမိရဲ့ အတ္တဟာ ပတ်ဝန်းကျင်အတွက် အဆိပ်အတောက် မဖြစ်သင့်ဘူး.....။ (၆.၆.၂၀၀၈)

* မီး ...
ချစ်ကြရန်ကို
သူကဆို၍
မုန်းလိုပြန်လည်း
သူဖန်တီးသည်
ဒီမီးပူမှန်း သိပါစ .....


* မနာလိုစိတ်သည် မိမိဘဝကို နှိမ်ကျစေ၏။
* မခံချင်စိတ်သည် မိမိဘဝကို မြှင့်တင်ပေး၏။
ရေနံ့သာ-မောင်သီ


* သတိနဲ့ သတ္တိ
* သတိ = ထိမ်းကြောင်းနိုင်ရမယ်၊
* သတ္တိ = စွန့်လွှတ်ရဲရမယ်။
ရေနံ့သာ-မောင်သီ


* ကိုယ်ဟာ ကိုယ့်ရဲ့ရန်သူ မဖြစ်စေနဲ့ ....

* ရယူပိုင်ဆိုင်မှုဟာ ဘဝကို မွန်းကြပ်စေပါတယ်။
ရေနံ့သာ-မောင်သီ


* မိုးရွာထဲမှာ ချော်မလဲမိပါစေနဲ့ ....
* အင်အားကောင်းတိုင်း အနိုင်ရတာ မဟုတ်ပါဘူး။
ရေနံ့သာ-မောင်သီ


* သူတစ်ပါးရဲ့ ချို့ယွင်းချက်တွေကို ခွင့်လွှတ်တတ်ခြင်းဟာလဲ လူ့ဘဝရဲ့ ကြီးမြတ်တဲ့ ဂုဏ်သတ္တိတစ်မျိုးပါပဲ ....

* ဘဝ ဘဝ
နှုတ်ကဆိုတာ
မျက်ရည်သုတ်ရ
ရုပ်ကလွန်စွာ
ခွေယိုင်ပျော့လို့
အားလျော့နေတာ
ဘယ်သူလည်း
မှတ်စွဲ ကိလေသာ ....

Khing zin moe

* ဆယ်ခွေဆယ်ထပ်
* တင်းကြပ်ချီပြန်
* တုတ်ထား ချုပ်ထား
* လှုပ်အားမသန်
* သံယောဇဉ်တဲ့
* သိကွဲ့အမှန်
*ဘဝပေါင်း
* ကြာညောင်းလေအောင်ဖန်။
Shwe La Woon


* စုနိုင်မှ ချမ်းသာမည် ....
* ကုသိုလ်ကောင်းမှုကို မကြာခဏ ပြုရာ၏။
* ကုသိုလ်ကောင်းပြုခြင်း၌ လုံ့လပြုရာ၏။
* ကုသိုလ်ကောင်းမှု ပြုနေခြင်းဟာ ချမ်းသာခြင်းရဲ့ အကြောင်းပါပဲ ....
* ပုညဉ္စေ ပုရိသော ကယိရာ၊
ကယိရာ နံ ပုနပ္ပုနံ။
တမှိ ဆန္ဒံ ကယိရာထ၊
သုခေါ ပုညဿ ဥစ္စယော။
၁၁၈-ဓမ္မပဒပါဠိတော်


* ရည်ရွယ်ချက်မကင်းသော လူ့လောက ....
* လောကကြီးမှာ မိဘတွေဟာ သား သမီးတွေကို ရည်ရွယ်ရှိရှိနဲ့ မွေးဖွားခဲ့တာပါ။ ရည်ရွယ်ချက် ကင်းမဲ့
စွာနဲ့ ပြီးပြီးရော မွေးဖွားလာခြင်း မဟုတ်ပါ။ အဲဒီရည်ရွယ်ချက်တွေကို ဗုဒ္ဓက ဒီလို ထုတ်ပြသွားပါတယ်။

၁။ မိမိတို့ အိုမင်းရင့်ရော်လာတဲ့အခါ သား
သမီးတွေက ပြန်လည် ကျွေးမွေးစောင့်ရှောက်မှု၊

၂။ မိမိတို့ အိုမင်းရင်ရော်လာတဲ့အခါ မိမိတို့ရဲ့ လုပ်ငန်းကိစ္စ အ၀၀ကို ပုခုံးပြောင်း ထမ်းဆောင်ကြရန်-
၃။ မိမိတို့ရဲ့ အမျိုးအနွယ်ကို (မြန်မာ+မြန်မာ) မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မှု၊
၎။ မိမိတို့ရဲ့ ကောင်းမွေ ဆိုးမွေကို ဆက်လက် ထိန်းသိမ်းနိုင်မှု၊
၅။ မိမိတို့ မနေရလို့ သေကြတဲ့အခါ
မိမိတို့အတွက် မြင့်မြတ်သောအလှူ ရေစက်ကို အမျှပေးဝေပေးရန်-
ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သား သမီးတွေကို မွေးဖွားကြောင်း ဗုဒ္ဓက မိန့်တော်မူခဲ့ပါတယ်။


* ကိုယ့်အစွမ်းအစကို တကယ်ယုံကြည်တဲ့သူတွေက သူတပါးအပေါ် မနာလိုစိတ် မဖြစ်တော့ဘူး ....
2.12.2015 မြတောင်ဆရာတော်


* * ပန်းပု ပုံပြင်
* တခါတုန်းက ရွာတစ်ရွာမှာ ပန်းပုဆရာ တစ်ယောက်ရှိတယ်။ သူဟာ ဘယ်လို သစ်သားမျိုးနဲ့ မဆို ပန်းပုရုပ် ကို ပီပြင်အောင် ထုပေးနိုင်တယ်။ သူထွင်းလိုက်တဲ့ လက်ရာတွေက အသက်ဝင်လွန်းတော့ အနီးနားက ရွာတွေအထိပါ သူ့သတင်းက ကျော်ကြားတယ်။
ဒီတော့ တပည့်လက်သားအဖြစ်နဲ့ ပညာ သင်ချင်တဲ့ သူတွေ ကလည်း များတယ်။ ဒါပေမယ့် လာလိုက် သမျှ တပည့်တွေကလည်း ဆရာ့လက် ရာ ကို မမှီနိုင်ဘူး။
...

ဒါနဲ့ တနေ့ကျတော့ ဆရာ့ကို လူတစ်ယောက်ကမေးတယ်။ ဆရာထုတဲ့အရုပ်နဲ့ တခြားလူတွေရဲ့ အရုပ် က ဘာကြောင့် ကွာခြားရတာလဲ။ ဆရာ့လက်ရာတွေက ဘာကြောင့် ပိုပြီးတော့ ပီပြင်ရတာလဲလို့ မေး တယ်။ ဒီတော့ ပန်းပုဆရာက........
“ကျုပ်တို့မှာ အခြေခံအနေနဲ့ ကတော့ သုံးရတာချင်း အတူတူပဲ။ ဒါပေမယ့် မြင်အောင် ကြည့်တတ်တဲ့ အမြင် နေရာမှတော့ ကွာသွားပြီ။ ဥပမာဗျာ . . ဆင်ရုပ်ထွင်းမယ်ဆိုပါတော့။ ဒီသစ်ပိုင်းထဲကနေ ဘယ်နေရာက ဆင်ရဲ့ အစိတ် အပိုင်းဖြစ်သင့်တယ်၊ ဘယ်နေရာကိုတော့ မဖြစ်ထိုက် လို့ ဖယ်ထုတ် သင့်တယ် ဆိုတာကို သေသေချာချာ သိနေဖို့ပဲ။ မလိုတဲ့ အပိုင်းကို ဖယ်ထုတ် လိုက်နိုင်တော့ ထွင်းတဲ့ လက်ရာ ပီပြင်တာပေါ့ဗျာ၊ ဆင်ဆိုရင်လည်း ဆင်ရုပ်၊ မြင်းဆိုလည်း မြင်းရုပ်၊ အကုန်ပီပြင်တယ်ဗျာ။ အရေးကြီးတာက ဘယ်အပိုင်းကို ဖယ်ထုတ်ရမလဲ ဆိုတာပဲ”
ပုံပြင်က အဲ့ဒီနားပဲ လတ်စသတ်သွားတာ။ ကိုယ့်ကို တည့်တည့် လာပြောသလိုချည်းကို တည့်ကြီး ခံစားလိုက်ရတာက “ကိုယ် ဘာဖြစ်ချင်တာလဲ။ အရင်ဆုံး ကိုယ် ဘာဖြစ်ချင်တာလဲဆိုတာ ကို သေချာ အောင်လုပ်။ ဖြစ်ချင်တဲ့ အစိတ်အပိုင်းကလွဲရင် ကျန်တာတွေ၊ မလိုအပ်တဲ့ အရာတွေကို စိတ်ပြတ်ပြတ် သားသားနဲ့ပဲ ဖယ်ထုတ်ပစ်လိုက်ပေတော့” ဆိုတဲ့ အတွေး။
တခါ တလေကျတော့လည်း ကိုယ့်ဘ၀ထဲကနေ ဘယ်လိုအရာတွေကို ဖယ်ထုတ်ပစ်ရမလဲ ဆိုတာ ကိုတော့ သိပေမယ့် အထုတ်ရခက်၊ အထွင်ရ ခက်နေတတ်ပါသေးတယ် ။ အားနာစိတ်တွေလား၊ မခံချင် စိတ်တွေလား၊ သံယောဇဉ်တွေလား၊ တွေဝေ စိတ်တွေလား။ ဘာဆို ဘာမှန်းမသိတော့ အခု အချိန်မှာ ပီပီပြင်ပြင် မဖြစ် သေးတာက ဘယ်ဆန်းမလဲ။
ဒီအကြောင်း ကို သူငယ်ချင်းတစ်ယောက်နဲ့ ပြောဖြစ်တော့ သူက ပြန်ပြောတယ်။ “လူတစ်ယောက်ရဲ့ ဘ၀မှာ သူလိုချင်တဲ့အရာ ကို ရဖို့ မဖြစ်မနေ ဖယ်ထုတ်ရမယ့် အပိုင်းမှာ အချစ် ပါခဲ့ပြီဆိုရင် အဲ့ဒီ လူက ပျော်နိုင်ပါ့ မလား”တဲ့ ။ ကိုယ် ရေရေရာရာ မသိတဲ့ မေးခွန်းမို့ နှုတ်ဆိတ်နေလိုက်မိတယ်။
တစ်ကယ်ဆို ကိုယ့်အသွေးအသားကို ကိုယ်တိုင်ပြန်ပြီး ထွင်းထုရတဲ့ ပန်းပု ပညာက အခက်ဆုံးပဲ ။

သုဘလုလင်မေးသော မေးခွန်း(၁၄) ခုကို
မြတ်စွာဘုရားရှင်မှ ရှင်းလင်းစွာဖြေကြားပေးသော လူသားတိုင်း သိသင့်သိထိုက်သည့် အကြောင်းနှင့် အကျိုး အဖြေတရားတော်

****************************
သုဘလုလင်အမေး ၁။ လူချင်းတူပါလျက်အချို့ မှာ အသက်တိုပြီး ၂။ အချို့ မှာ အသက်ရှည်ရသနည်း။
မြတ်ဗုဒ္ဓ အဖြေ ၁။ အချို့မှာ အသက်တိုရခြင်း ဤလောက၌ အချို့သော ယောင်္ကျား မိန်းမတို့သည် သတ္တ၀ါတို့ကို သနားကြင်နာခြင်း ကင်းမဲ့လျက် သူတစ်ပါး အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်လေ့ရှိသည်။ ထိုသူတို့သည် သေသောအခါ ငရဲသို့ ကျရောက်ရသည်။ ရှေးကုသိုလ်ကံ တစ်ခုခု ထောက်မမှုကြောင့် လူ့ပြည်သို့ ရောက်ပြန်လျှင်လ ည်း ကြာရှည်စွာ နေခွင့်မရ၊ အသက်တိုလေ့ရှိသည်။
၂။ အချို့မှာ အသက်ရှည်ရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် သတ္တ၀ါတို့ကို သနားကြင်နာခြင်း ဂရုဏာထားလျှက် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကြသည်။ ထိုသူတို့သည် သေသောအခါ နတ်ပြည်သို့ ရောက်ကြသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း အသက်ရှည်စွာ နေရသည်။
......................................................................
သုဘလုလင်အမေး ၃။ လူချင်းတူပါလျက်အချို့ မှာ အနာရောဂါများပြီး ၄။ အချို့ မှာ အနာရောဂါကင်းရသနည်း။
မြတ်ဗုဒ္ဓအဖြေ ၃။ အချို့မှာ အနာရောဂါ များရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် တစ်စုံတစ်ယောက်သော သတ္တ၀ါကို လက်ဖြင့်သော်လည်းကောင်း၊ ခဲ, တုတ်, ဓား စသော လက်နက်များဖြင့် ညှင်းဆဲလေ့ရှိသည်။ ထိုသူတို့သေသောအခါ ငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျင်လည်း အနာရောဂါ ထူပြောလေ့ရှိသည်။
၎။ အချို့မှာ အနာရောဂါ ကင်းရှင်းရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် တစ်စုံတစ်ယောက်သော သတ္တ၀ါကို လက်ဖြင့်သော်လည်းကောင်း ၊ ခဲ, တုတ်,ဓား စသော လက်နက်များဖြင့် ညှင်းဆဲနှိပ်စက်လေ့မရှိ။ ထိုသူတို့သေသောအခါ နတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျင် လည်း အနာရောဂါ ကင်းရှင်းကြပေသည်။ .........................................................
သုဘလုလင်အမေး ၅။ လူချင်းတူပါလျက်အချို့ မှာ ရုပ်ဆိုးပြီး ၆။ အချို့ မှာ အဆင်းလှပါသနည်း။
မြတ်ဗုဒ္ဓအဖြေ ၅။ အချို့မှာ ရုပ်ဆိုးရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် အလွန်ဒေါသကြီး၏။အနည်းငယ်သော စကားကို ပြောလျှင်လည်း သူတစ်ပါးကို စော်ကားပုတ်ခတ်၍ ပြောလေ့ရှိသည်။ ထိုသူတို့သေသောအခါ ငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း မျက်နှာပုပ်သိုးနှင့် အရုပ်ဆိုးတတ်လေသည်။
၆။ အချို့မှာ အဆင်းလှရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် ဒေါသမထွက်၊ သူတစ်ပါးကို အပြစ်ပြောလေ့မရှိ၊ စိတ်ထားနူးညံ့ သိမ်မွေ့သူများ ဖြစ်သည်။ ထိုသူတို့ သေသောအခါ နတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း ကြည်လင်လှပသော ရုပ်အဆင်းအင်္ဂါနှင့် ချောမောလှပကြသည်။ .......................................... သုဘလုလင်အမေး
၇။ လူချင်းတူပါလျက်အချို့ မှာ အခြွေအရံတန်ခိုး အာဏာ နည်းပါးပြီး ၈။ အချို့ မှာ အခြွေအရံတန်ခိုးအာဏာ ကြီးမားရသနည်း။
မြတ်ဗုဒ္ဓ၏ အဖြေ
၇။ အချို့မှာ အခြွေအရံ တန်ခိုးအာဏာ နည်းပါးရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် ဣသာ (ငြူစူခြင်း) တရား အားကြီးကြသည်။ ထိုသူတို့သေသာအခါ ငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း အခြွေအရံ တန်ခိုးအာဏာ နည်းပါးရလေသည်။ ဣသာ၏အဓိပ္ပါယ် - သူတစ်ပါးတို့သည်ကံ, ဉာဏ်, ၀ိရိယ အားလျော်စွာ စည်းစိမ်၊ ဥစ္စာပေါများခြင်း၊ ရာထူးဂုဏ်သိမ် ကြီးမားခြင်း၊ ထင်ရှားကျော်စော ခြင်း၊ တတ်သိ လိမ္မာခြင်းတို့ကို မနာလိုမှု၊ မကြည်ဖြူနိုင်မှု၊ စောင်းမြောင်းမှု၊ ငြူစူမှု စသည်တို့ကို နှုတ်ခမ်းစူ၍ ပြောဆိုမှုများသည အတွင်းက ဣသာတရား၏ အစွမ်းပင်ဖြစ်သည်။
၈။ အချို့မှာ အခြွေအရံ တန်ခိုးအာဏာ ကြီးမားရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် ဣသာ (ငြူစူခြင်း) တရား မရှိ၏ကြပေ။ ထိုသူတို့သေသာအခါ နတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း အခြွေအရံတန်ခိုးအာဏာ များပြားရလေသည်။ .................................................. သုဘလုလင်အမေး ၉။ လူချင်းတူပါလျက်အချို့ မှာ ဥစ္စာမဲ့မွဲ ဆင်းရဲရပြီး ၁၀။ အချို့ မှာ ဥစ္စပစ္စည်းကုံလုံ ကြွယ်ဝရသနည်း။
မြတ်ဗုဒ္ဓ၏ အဖြေ
၉။ အချို့မှာ ဥစ္စာမဲ့မွဲ ဆင်းရဲရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိ၊ မစ္ဆေရ (၀န်တိုခြင်း) တရား အလွန်အားကြီးကြ ကုန်၏။ ထိုသူတို့သေသာအခါ ငရဲသို့ ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း ဥစ္စာမွဲလျှက် ဆင်းရဲကြကုန်၏ ။ မစ္ဆေရ၏ အဓိပ္ပါယ် - မိမိ၌ရှိသောပစ္စည်း၊ မိမိနှင့်ဆိုင်သော ပစ္စည်းများကို သူတစ်ပါးတို့နှင မပတ်သက် မပေးကမ်းလိုမှု၊ မလှူဒါန်းလိုမှု၊ မိမိ၏ စည်းစိမ်ဥစ္စာများကို သူတစ်ပါးရသွားမှာ စိုးရိမ်ခြင်းတို့ကို မစ္ဆေရ ဟုခေါ်သည်။
၁၀။ အချို့မှာ ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိခြင်း၊ မစ္ဆေရ (၀န်တိုခြင်း) တရား မရှိကြကုန်။ ထိုသူတို့ သေသာအခါ နတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝခြင်းနှင့် ပြည့်စုံကြကုန်၏။ ............................................................................
သုဘလုလင်အမေး ၁၁။ လူချင်းတူပါလျက်အချို့ မှာ အမျိုးယုတ်ရပြီး ၁၂။ အချို့ မှာ အမျိုးမြတ်ရသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ ၁၁။ အချို့မှာ အမျိုးယုတ်ရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် အလွန်မာနကြီးကြကုန်၏။ သူတစ်ပါးကိုအလွန် အထင်အမြင် သေးကြကုန်၏။ ကိုယ့်ကိုယ်ကိုသာ အထင်ကြီးကြကုန်၏။ ရိုသေ လေးစားထိုက်သော သူတို့ကို ရိုသေ လေးစားရမှန်း မသိပေ။ ထိုသူတို့ သေသာအခါ ငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း အောက်ကျနောက်ကျြ ပီး ယုတ်ညံ့သော အမျိုးတွင် ဖြစ်ရလေသည်။
၁၂။ အချို့မှာ အမျိုးမြတ်ရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် မာန်မာနမရှိကြကုန်။ သူတစ်ပါးကို အထင်အမြင်သေးခြင်း မရှိကြကုန်။ ရိုသေလေးစားထိုက်သော သူတို့ကို ရိုသေလေးစားကြကုန်၏။ ထိုသူတို့သေသာအခါ နတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ပြန် ရောက်လာလျှင်လည်း မြင့်မြတ်သောအမျိုးတွင် ဖြစ်ရလေသည်။ ....................................................................... သုဘလုလင်အမေး ၁၃။ လူချင်းတူပါလျက်အချို့ မှာ အသိဥာဏ်ပညာနည်းပါးပြီး ၁၄။ အချို့ မှာ အသိဥာဏ်ပညာကြီးရပါနည်း။
မြတ်ဗုဒ္ဓ၏ အဖြေ ၁၃။ အချို့မှာ အသိပညာဉာဏ် နည်းပါးရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် ပညာရှိထံ ချဉ်းကပ်၍ ကုသိုလ်၊ အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊ မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်သော အရာကိုလည်းကောင်း၊ နောင်သံသရာဝယ် အကျိုးပေး မပေးကို လည်းကောင်း မေးမြန်းလေ့ မရှိ။ မိမိထင်ရာမြင်ရာ ပြုလုပ်ပြီး ဒုစရိုက်များဖြင သေလွန်သည့်အခါ ငရဲ၌ ဖြစ်ရလေသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း အသိပညာ ကင်းမဲ့သော လူဖျင်း၊ လူညံ့၊ လူအ၊ လူမိုက်ဖြစ်ရလေသည်။
၁၄။ အချို့မှာ အသိပညာဉာဏ် ကြီးမားရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် ပညာရှိထံချဉ်းကပ်၍ ကုသိုလ်၊ အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊ မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်သော အရာကိုလည်းကောင်း ၊ နောင်သံသရာဝယ် အကျိုးပေးမပေးကိုလည်း ကောင်းမေးမြန်းလေ့ရှိသည်။ မိမိထင်ရာမြင်ရာ မပြုလုပ်ဘဲ သုစရိုက်များဖြင့် သေလွန်သည့်အခါ နတ်ပြည်၌ ဖြစ်ရလေသည်။ လူ့ပြည်သို့ပြန် ရောက်လာ လျှင်လည်း အသိပညာဉာဏ်ကြိးမားရလေသည်။
(ဥပရိပဏ္ဏာသပါဋ္ဌိတော်၊ ၀ိဘင်္ဂ၀ဂ်၊စူဋ္ဌကမ္မ ၀ိဘင်္ဂသုတ်)
phyominzaw blogs မှ
တဆင့် ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ


”” ပထမကြာကူလီသမား၏ သံဝေဂကို သုံးသပ်ကြည့်ခြင်း““
* “ဒု, သ, န, သော”ဟူသောစကားကို လူတိုင်းကြားဘူးကြပါလိမ့်မည်။ ထိုစကားမှာ ဗာရာဏသီသား ကြာကူလီများ၏ သံဝေဂသံတွေပါ။ အဲဒီအထဲက ပထမကြားကူလီသမား၏ စကားမှာ “ ငါတို့ဟာ လှူဖွယ်ဝတ္ထု, အလှူခံပုဂ္ဂိုလ်တို့ ထင်ရှားရှိပါလျက် မပေးလှူကြကုန်။ ယုတ်မာသော အသက်မွေးခြင်းဖြင့် အသက်မွေးမိကြကုန်၏။ စည်းစိမ်းဥစ္စာရှိကြပါလျက် မိမိ၏ မှီခိုရာကို မပြုမိခဲ့လေကုန်” ဟူသောစကားဖြစ်ပါသည်။
* “စွန့်လွှတ်မှု”တစ်ခုဖြစ်ဖို့ဆိုရာမှာ (၁) စေတနာသမ္ပတ္တိ - စေတနာနှင့်ပြည့်စုံမှု၊ (၂) ၀တ္ထုသမ္ပတ္တိ-လှူဖွယ်ဝတ္ထု၏ ပြည့်စုံမှု၊ (၃) ပုဂ္ဂလသမ္ပတ္တိ-အလှူခံပုဂ္ဂိုလ်၏ ပြည့်စုံမှု၊ ဒီသုံးခုနဲ့ ပြည့်စုံမှသာ ဖြစ်ရိုးထုံးစံရှိပါသည်။ စွန့်လွှတ်မှုရှိမှလည်း ဘ၀မှာ ပြည့်စုံမှုရှိလာမည်ဖြစ်၏။ ဘ၀ပြည့်စုံမှု ဘ၀သမ္ပတ္တိမဖြစ်ရင် ဘ၀၀ိပ္ပတ္တိ-ဘ၀ပျက်ဆီးမှုသာ ဖြစ်တော့ပေမည်။ ဒီသဘောတရားသည် ငြင်းမရသော အမှန်တရားဖြစ်၏။
* ပထမကြာကူလီသမားသည် ဒီသဘောတရားကို နားမလည်။ မခံစားတတ်။ မပြည့်စုံသည်ကား မဟုတ်။ ပြည့်စုံသည်သာ။ သူဋ္ဌေးသားဆိုတော့ လှူဖွယ်ဝတ္ထုလည်း မုချရှိမည်ဖြစ်၏။ အလှူခံပုဂ္ဂိုလ်လည်း ရှိမည်သာ။ သို့သော် “ ပြည့်စုံမှုကို ခံစားဘို့သက်သက်” ဟု နားလည်ထားဟန်တူ၏။ ထို့ကြောင့် စေတနာသမ္ပတ္တိ - စေတနာပြည့်စုံမှုမဖြစ်ဘဲ စေတနာဝိပ္ပတ္တိ - စေတနာပျက်ဆီးနေခြင်းဖြစ်၏။
* ၀ိပ္ပတ္တိ - ပျက်ဆီးမှုမှန်သမျှသည် ကောင်းကျိုးမပေးသည့်အပြင် ထိုပျက်ဆီးမှုနှင့် တန်ဘိုး တူသော အခြားအရာတစ်ခုကိုပါ စွဲနှစ်တတ်သော သဘောရှိ၏။ ဤသည်မှာ အမှန်တရားဖြစ်၏။ ထိုဝိပ္ပတ္တိကြောင့်ပင် ပထမကြာကူလီသမားသည် လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းခံစားနေရ၏။ ဟော ... လောကဆိုတာ စွန့်လွှတ်နိုင်သူကိုသာ စံစားခွင့်ပေး၏။ မစွန့်လွှတ်နိုင်သူကိုကား ခံစားခွင့်သာပေး၏။
* ပို၍ ဆိုးသည်ကား ပထမကြာကူလီသမားသည် မစွန့်လွှတ်နိုင်ရုံမျှမဟုတ်။ ယုတ်မာစွာဖြင့် ရယူသိမ်းပိုက်ထား၏။ ကိုယ်ဖြင့်လည်း ယုတ်မာစွာ ရယူသိမ်းပိုက်၏ နှုတ်ဖြင့်လည်း ယုတ်မာစွာ ရယူသိမ်းပိုက်၏။ စိတ်ဖြင့်လည်း ယုတ်မာစွာ ရယူသိမ်းပိုက်၏။ ဤသည်ကို “ယုတ်မာသော အသက်မွေးခြင်း”ဟု ဆိုရ၏။
* မစွန့်လွှတ်နိုင်မှုသည် အပါယ်စာချုပ်ရှိရုံမျှသာ ဖြစ်သေး၏။ မသေချာသေးပေ။ ယုတ်မာသော အသက်မွေးမှုဖြစ်လာပြီဆိုရင်တော့ လက်မှတ်ပါ ထိုးပြီးသားဖြစ်သွားတော့၏။ ဖျက်၍ ရတော့မည်မဟုတ်ပေ။
* ဘာပဲဖြစ်ဖြစ် လောက “လူ”ဆိုသည်မှာ သမ္ပတ္တိ ပြည့်စုံမှုကို ခံစား, စံစားချင်ကြမည်မှာ မုချဖြစ်၏။ ထိုကဲ့သို့ ပြည့်စုံမှုကို ခံစား, စံစားချင်ကြတယ်ဆိုရင် ထောက်ရာ တည်ရာတစ်ခု ရှိရမည်မှာလည်း အမှန်ပင်ဖြစ်ပါ၏။
* ထို့ကြောင့် ယနေ့မှစ၍ အကျွန်ုပ်တို့တစ်တွေ (၁) စေတနာသမ္ပတ္တိ - စေတနာနှင့်ပြည့်စုံမှု၊ (၂) ၀တ္ထုသမ္ပတ္တိ-လှူဖွယ်ဝတ္ထု၏ ပြည့်စုံမှု၊ (၃) ပုဂ္ဂလသမ္ပတ္တိ-အလှူခံပုဂ္ဂိုလ်၏ ပြည့်စုံမှု၊ ဒီပြည့်စုံမှု သုံးမျိုးဖြင့် မိမိတို့ဘ၀ရဲ့ ထောက်ရာတည်ရာကို ဖန်တီးကြပါစို့ .....ဖိတ်ခေါ်ရင်း...........
ရေနံ့သာ-မောင်သီ (မြတောင် ၂၅.၁၂.၁၂)



စကားတစ်ခွန်းက လူတစ်ယောက်ရဲ့ ဘဝကို ထိခိုက်စေနိုင်သလို ကောင်းမွန်သွားတာလဲ ရှိပါတယ်။ တစ်ခါက စာရေးရမှာ သဘောကျပေမဲ့ အလွန်ကြောက်တတ်တဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ တစ်နေ့ ဆရာမက 'စိတ်ကူးထဲမှာ ရှိတဲ့ ပုံပြင်ရေးကျ ကလေးတို့' ပြောတော့ သူလည်း ရေးရတာပေါ့။ ရေး ပြီးတဲ့အချိန် ဆရာမကို သွားပြတော့ ဆရာမက မှတ်ချက်တိုတိုလေးပဲ ရေးပေးလိုက်တယ်။ အဲဒီမှတ်ချက်က တိုတိုလေးပေမဲ့ အဲဒီမှတ်ချက်ကြောင့်ပဲ ကောင်လေးဟာ နောက်ပိုင်းမှာ အလွန်စာရေးကောင်းတဲ့ ကမ္ဘာကျော် စာရေးဆရာကြီး ဖြစ်သွားတယ်။ ဆရာမရဲ့မှတ်ချက်က တကယ့်ကို တိုတိုလေးပါ။
"အရေးအသား ကောင်းသည်" တဲ့
သူကိုယ်တိုင်ကလည်း ဆရာမရဲ့ မှတ်ချက်လေးကြောင့် စာရေးဆရာ ဖြစ်လာတာပါလို့ ပြောပြပြီး သူငယ်ငယ်ရေးခဲ့တဲ့ ပုံပြင်စာရွက် အဟောင်းလေးကို ထုတ်ပြပါတယ်။ ဒါဟာစာလေးတစ်ကြောင်းပဲရှိပါသေးတယ်။
စဉ်းစားကြည့်ပါ ...

တချို့ မိဘတွေ ၊ လူကြီးတွေ စိတ်တိုရင် ပြောကျပါတယ်။ "ဘာမှ အသုံးမကျတဲ့ အကောင်"
"လူလိုနားမလည်တဲ့ သမီး" စသည်ဖြင့်ပေါ့။

စိတ်တိုလို့ ပြောတာရှိသလို အကျင့်ပါနေလို့လည်း ပြောတာရှိပါတယ်။ ဒါပေမဲ့ ဒါဟာ မကောင်းပါဘူး ။ ကလေးတွေစိတ်ထဲမှာ ခံစားမှု တစ်ခုတော့ ရသွားပါလိမ့်မယ်။ လူရှေ့မှာပြောရင် ပိုဆိုးပါတယ်။ ရှက်ပြီး သိမ်ငယ်သွားပါလိမ့်မယ်။ သူတို့လေးတွေက မဆိုးကျပေမဲ့ စကားရဲ့ အရှိန်ကြောင့် ဆိုးတဲ့ကလေးတွေ ဖြစ်လာတတ်ပါတယ်။
ကိုယ် တော်တိုင်း၊ တတ်တိုင်း ၊ ပြည့်စုံတိုင်း၊ စိတ်တိုဒေါသထွက်တိုင်း ဘယ်တော့မှ စကားကို လူတစ်ယောက်ရဲ့ နှလုံးသားကို ထိခိုက်အောင်မပြောပါနဲ့။ ဒဏ်ရာဘယ်လောက်နာတယ်ဆိုတာ ဒဏ်ရာရတဲ့လူပဲ သိပါတယ်။
အပြောခံရတယ်ပဲထားပါ မခံစားပါနဲ့။ နှလုံးသားဟာ ကမ္ဘာပေါ်မှာ အနူးညံဆုံးဖြစ်ပေမဲ့ ခံနိုင်ရည်ရှိပြီး အမာကျောဆုံးဟာလည်း နှလုံးသားပါပဲ။ အမတစ်ယောက်ပြောတဲ့ စကားတစ်ခွန်းလိုပါပဲ(အမစကား ယူသုံးမယ်နော်)။
သူကပြောပါတယ် "မောင်လေး ဘဝမှာ ဘယ်အရာကိုမှ မခံစားပါနဲ့ ၊ ဘဝမှာ လုပ်စရာတွေအများကြီး ကျန်သေးတယ်" တဲ့
ဒါကြောင့် ကိုယ်ပြောတဲ့ စကားတစ်ခွန်းဟာ လူတစ်ဖက်သားရဲ့ နှလုံးသားကို နူးညံ့ပြီး နွေးထွေးမှု့ မပေးနိုင်ရင်တောင် မထိခိုက်အောင်ပြောရင် ပိုကောင်းပါတယ်။
တကယ်လို့ အပြောခံရရင်တောင် စိတ်ထဲမထားပါနဲ့။ သင့်ကို လိုအပ်တဲ့ လူတွေ ချစ်တဲ့လူတွေ အများကြီး ရှိပါသေးတယ်။ နောက်ပြီး .....
" ဘဝမှာ တကယ်ကို လုပ်စရာတွေ အများကြီးပါ "

သေခြင်းနောက်ဆုံး ရှိချေ၏
====================

(က) နုပျိုအဆင်း တင့်တယ်ခြင်းကား အိုခြင်းနောက်ဆုံး ရှိချေ၏ ။
(ခ) ရောဂါကင်းရှင်း ကျန်းမာခြင်းကား နာခြင်းနောက်ဆုံး ရှိချေ၏ ။
(ဂ) ဇီဝိန်တင်းလင်း သက်ရှင်ခြင်းကား သေခြင်းနောက်ဆုံး ရှိချေ၏ ။
(ဃ) ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား ကွေကွင်းနောက်ဆုံး ရှိချေ၏ ။
(င) ကောင်းဆိုးဘဝဟူသမျှကား ကံ၏ အမွေခံသာ ဖြစ်ချေ၏ ။

“အမှန်မမြင်ရင် အမြင်မမှန်နိုင်”
----------------------------------------------

ဒီတရားငါးပါးကို ဆင်ခြင်ဖို့ ဘုရားဟောခဲ့သလိုပဲ ဒီတရားငါးပါးကို ဆင်ခြင်ရခြင်းရဲ့ အကြောင်းနဲ့ ဒီတရားငါးပါးကို ဆင်ခြင်လို့ ရရှိတဲ့ အကျိုးတွေကိုလည်း ဘုရားဟောတော်မူခဲ့ပါတယ်။ ဒါကို မသိတဲ့ လူတွေက ဘုရားအပေါ် ကြံကြံဖန်ဖန် အပြစ်မြင်တာတို့၊ တရားကို ကြံကြံဖန်ဖန် ဝေဖန်ပုတ်ခတ်တာတို့ လုပ်နေတာ တွေ့ရပါတယ်။ သူတို့အလိုအတိုင်းပြောရရင် ဘုရားက မကောင်းမြင်လွန်းတယ်။ ဘုရားက အပြုသဘောမဆောင်ဘူး။ အပျက်ချည်း အမြဲပြောတယ်။ လူ့ဘဝလေးရခိုက် ပျော်ပျော်ရွှင်ရွှင်နေရမယ် မပြောဘူး၊ စိတ်ညစ်စရာတွေချည်း ကြိုတွေးခိုင်းနေတယ်။
မွေးမှ မွေးမယ် မကြံသေးဘူး - အိုခိုင်းနေပြီ။
သန်တုန်း မြန်တုန်း ရှိသေးတယ် - နာခိုင်းနေပြန်တယ်။
လူလားမှ မမြောက်သေးဘူး - သေခိုင်းနေပြီ။
ပေါင်းမှ ပေါင်းမယ် မကြံသေးဘူး - ခွဲခိုင်းနေပြီ။
ပျော်မယ် ပါးမယ်မှ မကြံသေးဘူး - ရှောင်ခိုင်းနေပြီ။

ဒီလိုမျိုးတွေ တွေးပြီး အပြစ်မြင် အပြစ်တင်နေကြတာပါ။ ဘုရားကို အဆိုးမြင်ဝါဒီလို သဘောထားပြီး စွပ်စွဲနေကြတာပါ။ ဘုရားကပဲ အကောင်းမမြင်တတ်သလိုလို၊ ဘုရားကပဲ အဆိုးမြင်ဝါဒတွေ ပို့ချနေသလိုလို “နိမိတ်မရှိ နမာမရှိတဲ့ အိုနာသေကွဲတွေ မကြားချင်ပေါင်၊ ကျက်သရေမင်္ဂလာ မရှိတဲ့ အနိဋ္ဌာရုံတွေ မကြားချင်ပေါင် မဆင်ခြင်နိုင်ပေါင်၊ ရွှံ့ဗွက်တွေကို မကြည့်ဘဲ ငွေစင်ကြယ်တွေကို ကြည့်ရမှာပေါ့” ဒီလို တုန့်ပြန်တာတွေလည်း တွေ့ရပါတယ်။ သူတို့ကိုလည်း ပြန်မေးချင်ပါရဲ့ ။
“မလိုချင်ပေမယ့် ယူကိုယူရမယ်”
----------------------------------------------

အိုခြင်းတရားကို အလိုမရှိရင် မအိုတော့ဘူးလား
နာခြင်းတရားကို အလိုမရှိရင် မနာတော့ဘူးလား
သေခြင်းတရားကို အလိုမရှိရင် မသေတော့ဘူးလား
ကွေကွင်းတရားကို အလိုမရှိရင် မကွေကွင်းတော့ဘူးလား
ဆင်းရဲခြင်းကို အလိုမရှိရင် မဆင်းရဲတော့ဘူးလား

“သည်တရားဆိုး မာန်နှိမ်ချိုး ကောင်းကျိုးအထွေထွေ”
----------------------------------------------------

အိုနာသေခြင်း ကွေကွင်းခြင်းတွေကို ဆင်ခြင်တယ်ဆိုတာ အိုနာသေခြင်း ကွေကွင်းခြင်းတို့နဲ့ မိတ်ဆွေဖွဲ့နေတာပါ။ အဲဒီလို မိတ်ဆွေဖွဲ့တဲ့အခါ အိုခြင်းတရား၊ နာခြင်းတရား၊ သေခြင်းတရားတွေနဲ့ ရင်းနှီးကျွမ်းဝင်သွားတဲ့အပြင် တရားဆိုးငါးမျိုးကိုလည်း အကြွင်းမဲ့ ပယ်သတ်နိုင်ပါတယ်။ အကြွင်းမဲ့ မပယ်သတ်နိုင်ရင်တောင်မှ ခေါင်းပါးအောင်တော့ ပြုနိုင်ပါတယ်။ အဲဒီတရားဆိုး ငါးမျိုးကတော့ -
ယောဗ္ဗနမာန် - အရွယ်မာန်
အာရောဂျမာန် - ကျန်းမာခြင်းမာန်
ဇီဝိတမာန် - အသက်ရှင်ခြင်းမာန်
ဆန္ဒရာဂ - လွန်လွန်ကဲကဲ စွဲလမ်းတပ်မက်မှု
ဒုစ္စရိတ - ဒုစရိုက်သုံးပါး

“ငယ်သေးတယ်ဆိုသူများ သတိထား”
----------------------------------------------------

အိုခြင်းတရားကို မဆင်ခြင်ဘူးဆိုရင် လူတွေမှာ နုပျိုခြင်းဂုဏ်မှာ ယဇ်မူးတတ်တဲ့ အရွယ်မာန် အားကြီးသွားတတ်ပါတယ်။ ဒီအရွယ်မာန် ယဇ်မူးမှုကြောင့် “ငယ်သေးတယ် ကြီးမှတရားလုပ်မယ် ငယ်ရွယ်နုပျိုတုန်း ပျော်ပါးထားမှ” ဆိုတဲ့ အတွေးတွေနဲ့ ကာယဒုစရိုက်ဆိုတာတွေ၊ ဝစီဒုစရိုက်ဆိုတာတွေ၊ မနောဒုစရိုက်ဆိုတာတွေကို ကျူးလွန်တတ်ကြပါတယ်။ အကုသိုလ်ဒုစရိုက်ရဲ့ တရားခံဟာ အရွယ်မာန်ပါ။ ဒီမာန်ကျိုးမှ အကုသိုလ်တွေကို ရှောင်ကြဉ်ကြမှာပါ။ အကုသိုလ်တွေကို ရှောင်ကြဉ်မှ အပါယ်လေးဘုံမှာ မနစ်မွန်းရမှာပါ။ မျက်မှောက်ဘဝမှာလည်း ချမ်းသာရာ ရမှာပါ။ ဒါကိုရည်ရွယ်ပြီး ဘုရားက အိုခြင်းတရားကို အမြဲမပြတ် ဆင်ခြင်ရမယ်လို့ ဟောတော်မူခြင်းဖြစ်ပါတယ်။
“မာသေးတယ်ဆိုသူများ သတိထား”
---------------------------------------------------

ဒီလိုပါပဲ နာခြင်းတရားကို မဆင်ခြင်ဘူးဆိုရင် ကျန်းမာခြင်းမာန်မှာ ယဇ်မူးပြီး “မာသေးတယ် ရှာလို့ရသေးတယ် ရှာရဦးမယ်၊ မာသေးတယ် လိုက်စားလို့ရသေးတယ် လိုက်စားဦးမယ်” ဆိုတဲ့ အတွေးတွေနဲ့ ဒုစရိုက်လုပ်ငန်းတွေနဲ့ စီးပွားရှာတာတို့ မူးယဇ်သောက်စား ပျော်ပါးတာတို့နဲ့ အချိန်ကုန်သွားတတ်ပါတယ်။ အကုသိုလ်ဒုစရိုက်ရဲ့ တရားခံဟာ ကျန်းမာခြင်းမာန်ပါ။ ဒီမာန်ကျိုးမှ အကုသိုလ်ဒုစရိုက်တွေကို ရှောင်ကြဉ်ကြမှာပါ။ အကုသိုလ်ဒုစရိုက်တွေကို ရှောင်ကြဉ်မှ အပါယ်လေးဘုံမှာ မနစ်မွန်းရမှာပါ။ မျက်မှောက်ဘဝမှာလည်း လုံခြုံနွေးထွေး အေးဆေးတည်ငြိမ်တဲ့ ချမ်းသာသုခကို ရရှိကြမှာပါ။ ဒါကိုရည်ရွယ်ပြီး မြတ်စွာဘုရားက နာခြင်းတရားကို အမြဲမပြတ် ဆင်ခြင်ရမယ်လို့ ဟောတော်မူခြင်းဖြစ်ပါတယ်။
“ရသေးတယ်ဆိုသူများ သတိထား”
--------------------------------------------------

ဒီလိုပါပဲ ဇီဝီတမာန် ယဇ်နေပြီဆိုရင် လူတွေဟာ မိမိကိုယ်ကို ဘယ်တော့မှ မသေတော့ဘူးလို့ ထင်မြင်ယူဆလာတတ်ပါတယ်။ အဲဒီမာန်ကြောင့် ဘုရားတရားအပေါ်မှာ မေ့လျော့သွားပြီး ဒုစရိုက် အကုသိုလ်တွေနဲ့ပဲ မွေ့လျော်နေကြလို့ သေဖို့ပြင်ဆင်ချိန် မရနိုင်တော့ပါဘူး။ သေခြင်းတရားနဲ့ တွေ့ရတဲ့အခါကျတော့ အဆင်သင့်မဖြစ်သေးလို့ ကြောက်ရွံ့ထိတ်လန့် တုန်လှုပ်သွားတတ်ကြပါတယ်။ ဒါဆိုရင် သူဟာ အသေမကောင်းလို့ မကောင်းတဲ့ ဘုံဌာနကို သေချာပေါက် ရောက်သွားရမှာပါ။
ဒါ့ကြောင့် မသေခင် ရှင်သန်နေတုန်းမှာ သေမင်းနဲ့ မိတ်ဆွေဖွဲ့ခိုင်းနေတာပါ။ သေမင်းနဲ့ ရင်းနှီးကျွမ်းဝင်သူဟာ သေမင်းနဲ့ ရင်ဆိုင်ရတဲ့အခါ မတုန်လှုပ် မကြောက်ရွံ့တော့ပါဘူး။ ဒါဆိုရင် အသေကောင်းသူဖြစ်လို့ ကောင်းတဲ့ဘုံဌာနကို သေချာပေါက် ရောက်ရမှာ ဇြစ်ပါတယ်။ သေခြင်းတရားကို အမြဲမပြတ် ဆင်ခြင်ခြင်းကြောင့် လုံးဝအရှုံးမရှိတာကို လက်တွေ့အနေနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
“ရမ္မက်ကြီးသူများ သတိထား”
--------------------------------------------

ဆန္ဒရာဂဆိုတာ အာရုံတွေကို လွန်လွန်ကဲကဲ စွဲလမ်းတောင့်တတာမျိုးပါ။ အရက်သမားတွေ အရက်မသောက်ရရင် မနေနိုင်အောင် အရက်နာကျတာမျိုး၊ ဖိုးသမားတွေ ဖိုးမရှုရရင် မနေနိုင်အောင် ယင်းထတာမျိုးလိုပါပဲ။ မမြင်ရရင် မနေနိုင်မထိုင်နိုင် ဖြစ်လောက်အောင်၊ မကြားရရင် မနေနိုင်မထိုင်နိုင် ဖြစ်လောက်အောင် အာသာငမ်းငမ်း စွဲလမ်းတောင့်တမှုကို ဆန္ဒရာဂလို့ ခေါ်ပါတယ်။ ဒီဆန္ဒရာဂဟာ မိမိချစ်မြတ်နိုးတဲ့သူ အပေါ်မှာရော မိမိတန်ဖိုးထားတဲ့ အရာဝတ္ထုတွေအပေါ်မှာရော လွန်ကဲတဲ့ စွဲလမ်းတပ်မက်မှုတွေကို ဖန်တီးပေးပါတယ်။ ဒါ့ကြောင့် လူတွေဟာ ချစ်မြတ်နိုးသူများဖြစ်တဲ့ သားမယားတွေ အကြောင်းပြုပြီးတော့ မတော်လောဘနဲ့ စီးပွားရှာတတ်ကြတယ်။ တန်ဖိုးထားတဲ့ စည်းစိမ်ဥစ္စာအတွက် ဒုစရိုက်တွေ ပြုလုပ်မိတတ်ကြတယ်၊ မူးယစ်သောက်စား ပျော်ပါးမှုတွေ လွန်လွန်ကဲကဲ လိုက်စားတတ်ကြတယ်။ ဒီဒုစရိုက် ဒီအကုသိုလ်တွေရဲ့ ဇာစ်မြစ်ဟာ ဆန္ဒရာဂပါ။ ဒီဆန္ဒရာဂကြောင့်သာ လူတွေဟာ မကောင်းမှုတွေ ပြုလုပ်ကြတာပါ။
ကွေကွင်းခြင်းကို မဆင်ခြင်ဘူးဆိုရင် ရုတ်တရက် ခွဲခွာရတဲ့အခါ ပြင်းပြင်းထန်ထန် မခံစားရပေဘူးလား။ ဦးဇင်းအဖမ်းခံရတဲ့ သတင်းကြားတော့ ဒကာမကြီး မျက်ရည်ကျရတယ်နော်။ ငိုသံမှ မတိတ်သေးဘူး ဒကာကြီးပါ ထပ်အဖမ်းခံရပါလေရော။ အပူဒီဂရီက ပိုမြင့်လာလို့ ဒကာမကြီးမှာ မျက်ရည်နဲ့ မျက်ခွက်ပဲ ကျန်တော့တယ်မဟုတ်လား။ တစ်ချိန်ချိန်မှာ ရှင်ကွဲရင်လည်း ကွဲရမယ်ဆိုတာ၊ သေကွဲရင်လည်း ကွဲရမယ်ဆိုတာကို အမြဲမပြတ် ဆင်ခြင်ထားတော့ အခုလို သောကမျက်ရည်တွေနဲ့ ဘဝကို မညစ်နွမ်းစေနိုင်တော့ဘူးပေါ့။ ကွေကွင်းခြင်းလောကဓံကို အပြည့်အဝ ခံနိုင်ရည်ရှိသွားစေနိုင်တာပေါ့။ ဒါကို ရည်ရွယ်ပြီး မြတ်စွာဘုရားက ကွေကွင်းခြင်းတရားကို အမြဲမပြတ် ဆင်ခြင်ခိုင်းခြင်းဖြစ်ပါတယ်။
“ကံသာအမိ ကံသာအဖဆိုတာ သိပါစေ”
------------------------------------------------------

သတ္တဝါတွေဟာ ကံကို ပြုလုပ်မိကြတာချည်းပါပဲ။ ကောင်းတဲ့ကံကို ပြုလုပ်ကြသလို မကောင်းတဲ့ကံကိုလည်း ပြုလုပ်တတ်ကြပါတယ်။ ကောင်းတဲ့ကံကို ပြုလုပ်မိရင် ကောင်းတဲ့အမွေခံရမယ်။ မကောင်းတဲ့ကံကို ပြုလုပ်မိရင် မကောင်းတဲ့အမွေခံရမယ်။ တကယ်တော့ သတ္တဝါမှန်သမျှဟာ ကံတရားရဲ့ အမွေခံ ရင်သွေးများသာ ဖြစ်ပါတယ်။ ကံတရားဟာလည်း သတ္တဝါတိုင်းရဲ့ အမိအဖရင်းသာ ဖြစ်ပါတယ်။ “ငါသည် ကံ၏ အမွေခံသာ ဖြစ်ချေ၏” ဒီလို အမြဲမပြတ် ဆင်ခြင်ခြင်းကြောင့် ဆိုးမွေခံရမှာကို ကြောက်ရွံ့လာသလို ဆိုးကံကိုလည်း စက်ဆုပ်ရွံ့မုန်းလာပါတော့တယ်။
ဘယ်သူမဆို ကောင်းမွေသာ စံချင်တာ ဆိုးမွေမခံချင်ကြဘူး မဟုတ်လား။ ဒါ့ကြောင့် ဆိုးတဲ့ကံကို အမိအဖ ဘယ်တော်စပ်ချင်ကြပါ့မလဲ။ အဲဒီတော့ ဆိုးကံဆိုတဲ့ ဒုစရိုက်တရားတွေကို ရှောင်ကြဉ်လာကြပြီး ကောင်းကံဆိုတဲ့ သုစရိုက်တရားတွေကို ကြိုးစားပမ်းစား အားထုတ်လာကြနိုင်တာပေါ့။ လိုရင်းအနေနဲ့ ပြောရရင် မကောင်းမှုရှောင် ကောင်းမှုဆောင်နိုင်စေဖို့ ကံတရားကို အမြဲမပြတ် ဆင်ခြင်းခိုင်းခြင်းဖြစ်ပါတယ်။ ဒီလောက်ဆိုရင် အမြဲမပြတ် ဆင်ခြင်ရမည့် တရားငါးပါးကို ဆင်ခြင်ပုံ၊ ဆင်ခြင်ရခြင်းရဲ့ အကြောင်း၊ ဆင်ခြင်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးတရားတွေကို ဒကာမကြီး သဘောပေါက်လောက်ပါပြီ။
“အကျယ်တဝင့် ဆင်ခြင်နည်း”
-----------------------------------------------

ဒါဆိုရင် နောက်ထပ် တစ်ဆင့်တက်ပြီး ဆင်ခြင်ပုံကို ဆက်ပြီး ပြောပြပါမယ်။
(က) ငါတစ်ယောက်တည်းသာလျှင် အိုခြင်းသဘော ရှိသည်မဟုတ်။ ငါတစ်ယောက်တည်းသာလျှင် အိုခြင်းသဘောကို မလွန်ဆန်နိုင်သည်မဟုတ်။ စင်စစ်မူကား သတ္တဝါဟူသမျှတို့သည် အိုခြင်းသဘော ရှိကုန်၏ ။ အိုခြင်းသဘောကို မလွန်ဆန်နိုင်ချေ။
(ခ) ငါတစ်ယောက်တည်းသာလျှင် နာခြင်းသဘော ရှိသည်မဟုတ်။ ငါတစ်ယောက်တည်းသာလျှင် နာခြင်းသဘောကို မလွန်ဆန်နိုင်သည်မဟုတ်။ စင်စစ်မူကား သတ္တဝါဟူသမျှတို့သည် နာခြင်းသဘော ရှိကုန်၏ ။ နာခြင်းသဘောကို မလွန်ဆန်နိုင်ချေ။
(ဂ) ငါတစ်ယောက်တည်းသာလျှင် သေခြင်းသဘော ရှိသည်မဟုတ်။ ငါတစ်ယောက်တည်းသာလျှင် သေခြင်းသဘောကို မလွန်ဆန်နိုင်သည်မဟုတ်။ စင်စစ်မူကား သတ္တဝါဟူသမျှတို့သည် သေခြင်းသဘော ရှိကုန်၏ ။ သေခြင်းသဘောကို မလွန်ဆန်နိုင်ချေ။
(ဃ) ငါတစ်ယောက်တည်းသာလျှင် ချစ်အပ်မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်း ဖြစ်သည်မဟုတ်။ စင်စစ်မူကား သတ္တဝါဟူသမျှတို့သည် ချစ်အပ်မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်း ဖြစ်ချေ၏ ။
(င) ငါတစ်ယောက်တည်းသာလျှင် ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံ ဖြစ်သည်မဟုတ်။ စင်စစ်မူကား သတ္တဝါဟူသမျှတို့သည် ကံ၏ အမွေခံသာ ဖြစ်ချေ၏ ။
ဒီလိုအမြဲမပြတ် ဆင်ခြင်ပွားများ အားထုတ်မယ်ဆိုရင် သံယောဇဉ်တရားတို့၊ အနုသယတရားတို့ဟာ အကြွင်းမဲ့ ပြတ်တောက်သွားနိုင်ပြီး အိုခြင်းကင်းရာ၊ နာခြင်းကင်းရာ၊ သေခြင်းကင်းရာဖြစ်တဲ့ အမြိုက်နိဗ္ဗာန်ကို မဂ်ဥာဏ်ဖိုလ်ဥာဏ်နဲ့ မျက်မှောက်ပြုနိုင်မှာဖြစ်ကြောင်း ဘုရားဟောတော်မူခဲ့ပါတယ်။
ဦးပဉ္ဇင်း
ဝီရသူ (မစိုးရိမ်)
မဲဇာလွန်တောရဆရာတော်

(မဲဇာလွန်တောရဆရာတော် ( ဝီရသူ - မစိုးရိမ် ) ဟောကြားတော်မူသော သေနေ့မင်္ဂလာ တရားတော်မှ ကောက်နှုတ်တင်ပြသည်)
Credit-----Zin Ko Tun

၁၁။ မင်းတို့၏ ဂုဏ်ခြောက်ပါး
11. Six points of merit (guna) for kings

The Amarakosa and Hitopadesa say that there are six merits that kings and other rulers have, namely:
That is to say: Sandhi guna is the virtue of bringing things together in reconciliation; aggressiveness in warfare is the viggaha guna; setting out to battle is the yāna guna; staying at home to defend one's own land without setting out for battle is the āsana guna; when two enemies are pressing you from two sides, negotiating appropriately and separately with both sides is the dvedha guna; when afraid of being beaten by an enemy, taking refuge with another king of great power is the āsaya guna; these are the six gunas.
မင်းအစရှိသောအစိုးရသောသူတို့ ပြုလုပ်သောဂုဏ်ခြောက်ပါးရှိသည်ကို အမရကောသကျမ်း, ဟိတောပဒေသ ကျမ်းတို့၌ အစေ့အစပ်ပြုခြင်း သန္ဓိဂုဏ် လည်းကောင်း။ စစ်ချီတက်ခြင်း ယာနဂုဏ်လည်းကောင်း။ စစ်မချီ မတက်ဘဲ ကိုယ့်နိုင်ငံ၌လုံခြုံအောင်နေခြင်း အာသနဂုဏ်လည်းကောင်း။ ရန်သူနှစ်ဦးနှစ်ဖက် ညှပ်သည့်အခါ နှစ်ဖက်လုံးကိုအသင့်အလျှော်ပြောခြင်း အစရှိသောဒွေဓဂုဏ် လည်းကောင်း။ ရန်သူနှိပ်စက်မည်ကိုစိုး၍ အင်အားတောင့်တင်းသော မင်းတစ်ဦး ဦးကို မှီခိုကပ်ရပ်ခြင်း အာသယဂုဏ်လည်းကောင်း။ ဤသို့လျှင် ဂုဏ်တို့သည် ခြောက်ပါးဖြစ်သတည်းဟု ဆို၏။
ကျမ်းကိုး ...
အဘိဓါနပ္ပဒီပိကာ ဋီကာ နှာ-၂၄၆

(၁) အစေ့အစပ်ပြုခြင်းဟူဟော သန္ဓိဂုဏ်
(1).The virtue of Sandhi-- Skill in reconciliation
Among these six gunas the sandhi guna comes into play when one king of great power is about to be defeated and crushed or where he has been extremely discomforted in a great war.
ဤဂုဏ်ခြောက်ပါးတို့တွင် အစေ့အစပ်ပြုခြင်းသန္ဓိဂုဏ်ကို အင်အားကြီး သောမင်းနှင့် အကြောင်းအညီညွတ်၍ အင်အားကြီးသောမင်းက ဖိစီးနှိပ်စက်မည် ရှိရာ၌လည်းကောင်း၊ စစ်တိုက်ကြရာ အလွန်ရှုံးနိမ့်နာကြည်းရာ၌ လည်းကောင်း ပြုအပ်သောဂုဏ်တည်း။
In the Kamantaki Nīti and the Hitopadesa texts these merits are described as sixteen, thus:
ဤဂုဏ်သည်လည်း ဆယ့်ခြောက်မျိုးရှိကြောင်းကို ကာမန္ဒကီနီတိကျမ်း, ဟိတောပဒေသကျမ်းတို့၌ ဆို၏။
That is to say: There is the sandhi guna called kapāla, generally concerned with agreements and alliances, described as part of the sāma upāya.
သာမဥပါယ်တွင်ဆိုသည့်အတိုင်း အညီအညွတ်မိတ်ဖြစ်အောင် စေ့စပ်ခြင်း ကပါလမည်သောသန္ဓိဂုဏ် လည်း ကောင်း။
There is too the sandhi guna called upakāra, concerned with parting with gifts for making friendships, part of the dāna upāya.
ဒါနဥပါယ်တွင်ဆိုသည့်အတိုင်း မိတ်ဖြစ်အောင် ဥစ္စာပစ္စည်းပေးကမ်း၍ စေ့စပ်သော ဥပကာရသန္ဓိဂုဏ် လည်း ကောင်း။
The sandhi guna called santāno, concerned with giving away one's daughters, sisters and so on in marriage for friendship's sake.
သမီး, နှမစသည်ကိုပေး၍ မိတ်ဖြစ်အောင်စေ့စပ်သော သန္တာနသန္ဓိဂုဏ် လည်းကောင်း။
There is also as a manifestation of the sandhi guna the acceptance of an agreement of friendship, unbreakable through a whole life time, whether in riches or in poverty, and this is called sangata.
အသက်ထက်ဆုံးမပျက်မဆီး ဆင်းရဲအတူ ချမ်းသာအမျှဖြစ်ပါမည်ဟု ၀န်ခံစာချုပ်ထား၍ မိတ်ဖြစ်အောင် စေ့စပ် သော သင်္ဂတသန္ဓိဂုဏ်လည်းကောင်း။
Digression :- (this form of the sandhi guna, which accepts the responsibility of undertaking a companionship for better or worse, with no change of mind, that is not to be cast off for a whole lifetime, is for the purpose of making a friendship as solid as the centre of a bar of purest gold, never to be cut in two. Since friendship is like gold, it is known as kañcana sandhi guna (golden)".)
စကားချပ်။ ။ ဤသင်္ဂတသန္ဓိဂုဏ်သည် ကိုယ်စိတ်မခြား အသက်ထက်ဆုံး မပျက်မစီး ခံဝန်စာချုပ်ထား၍ ကောင်းတူဆိုးဘက်ပြုလျှက် ခိုင်ခံ့အောင် မိတ်ဖွဲ့ သောကြောင့် ဇမ္ဗူရဇ်ရွှေတုံးတစ်ခုကို အလယ်၌ဖြစ်သော တုံးနှစ်ခုသည် အရည် အဆင်း မကွပြားသကဲ့သို့ ရွှေတုံးနှင့်တူသောမိတ်ဆွေဖြစ်သောကြောင့် ကဉ္စနသန္ဓိဂုဏ် ဟူ၍လည်း ခေါ်ကြသည်။
If a friendship is made for a particular purpose, with each openly declaring the benefits to be derived, this is known as the upaññāsa (studied) type of the sandhi guna.
အစေ့စပ်မိတ်ဖြစ်ခဲ့လျှင် ထိုက်လျှော်သောအကျိုးတစ်စုံတစ်ခု ဧကန်ပြီးစေ မည်ကို ညွှန်ပြကာ မိတ်ဖြစ်အောင် အစေ့စပ်ပြုခြင်းဟူသော ဥပညာသသန္ဓိဂုဏ် လည်းကောင်း။
If a friendship is made on the basis of declared benefits - that "I shall bring you such-and-such new means and I shall rely on your bringing me comparable benefits" then this is the pa¥ikāra (reciprocal) form of the sandhi guna.
ကျွန်ုပ်ကသင့်အား မည်ကဲ့သို့သောအကျိုးစီးပွါးကို ရွက်ဆောင်ဖူးပါသည်၊ ကျွန်ုပ်ကျေးဇူးပြုခဲ့ဖူးသည်ကို ထောက်၍ ကျွန်ုပ်အားလည်း သင်က ကျေးဇူးပြုစေ ချင်ပါသည် ပြောဆိုကာ အစေ့အစပ်မိတ်ဖွဲ့သော ပဋိကာရသန္ဓိဂုဏ်လည်း ကောင်း။
Making an alliance on the basis of associating with a certain king and stating the particular benefits that will arise from it and of taking steps to complete it is known as the samyoga (bond on even terms?) version of the sandhi guna.
မည်သည့်မင်းထံ၌ ပေါင်းဆုံစေ့စပ်ရလျှင် မည်သည့်အကျိုးကို ရလိမ့်မည် ဟု ပြောဆို၍တစ်စုံတစ်ခုသော အကျိုးကိစ္စကို ကောင်းစွာပြုပြီးလျှင် တစ်နေရာ၌ သွားကာ စေ့စပ်မိတ်ဖွဲ့ခြင်းဟူသော သံယောဂသန္ဓိဂုဏ် လည်းကောင်း။
When two army generals make an alliance in writing, each setting out his desires, this is known as the pūrisantara (between men) type of the sandhi guna.
စစ်သူကြီးနှစ်ယောက် အလိုရှိရာပြောဆိုစာချုပ်၍ မိတ်ဖွဲ့စေ့စပ်ခြင်း ပုရိသ န္တရသန္ဓိဂုဏ်လည်းကောင်း။
And "It is called aditthanara (the blind man's) guna when agreement is reached on such terms as 'you may go ahead and do whatever our enemy's leader requires and enter into a treaty with him on his terms, but our friendship still holds'".
သင်ရန်သူမင်း အလိုရှိရာကို ပြုသမျှလိုက်နာပါမည်၊ အလိုရှိသည်ကိုသာ စာချုပ်ရေးသား ချုပ်ဆိုပါတော့၊ သဘောတူပါမည် ဆို၍ မိတ်ဖွဲ့စေ့စပ်ခြင်း အဒိဋ္ဌ နရသန္ဓိဂုဏ်လည်းကောင်း။
Making an agreement by transferring by treaty a quarter of the country is the adittha form of the sandhi guna.
နိုင်ငံတစ်စိတ်တစ်ဒေသကို စာချုပ်နှင့်ပေး၍ မိတ်ဖွဲ့စေ့စပ်ခြင်း အဒိဋ္ဌသန္ဓိ ဂုဏ်လည်းကောင်း။
Handing over one's whole army to the enemy and so making an alliance is called the attamisa (mingled selves?) version of the sandhi guna.
မိမိစစ်သည်အားလုံးကို ရန်သူသို့အပ်နှင်း၍ မိတ်ဖွဲ့စေ့စပ်ခြင်း အတ္တမိသသ န္ဓိဂုဏ်လည်းကောင်း။
Making an agreement to hand over one's entire wealth to be dealt with at will, only one's life to be spared, is known as the upeggāha (?) type of the sandhi guna.
အသက်ကိုစောင့်ရှောက်ခြင်းငှာ အသက်ကိုသာချမ်းသာပေးပါ၊ အလိုရှိ သမျှဥစ္စာပစ္စည်းကိုယူပါဟု ပစ္စည်းဥစ္စာ အားလုံးကိုပေး၍ မိတ်ဖွဲ့စေ့စပ်ခြင်း ဥပေဂ္ဂါ ဟသန္ဓိဂုဏ်လည်းကောင်း။
Handing over a quarter, a half or even the whole of the wealth that is in your granaries and your stores and so coming to agreement is called the parikkhāra (equipment) type of the sandhi guna.
ကျီ၊ကြ၊တိုက်တော်တို့၌ရှိသောဥစ္စာပစ္စည်းအစိပ်အ၀က်ကိုလည်းကောင်း၊ အလုံး စုံကိုလည်းကောင်းပေး၍ စေ့စပ်မိတ်ဖွဲ့ခြင်း ပရိက္ခာရသန္ဓိဂုဏ်လည်းကောင်း။
Making the agreement by giving away the taxes and profits arising from the richest lands is called the ucchinna (break-up) form of the sandhi guna.
နိုင်ငံ၌အခွန်အဆီထွက်သော ကောင်းရာအရပ်ကိုပေး၍ စေ့စပ်မိတ်ဖွဲ့ခြင်း ဥစ္ဆိန္န သန္ဓိဂုဏ်လည်းကောင်း။
Besides this, there is the giving away the whole tax revenue of the country to reach agreement, which is the paribhūsana (use and enjoyment?) form of the sandhi guna.
ထိုမှတစ်ပါး၊ နိုင်ငံကထွက်သမျှအခွန်ကို ပေး၍ မိတ်ဖွဲ့စေ့စပ်ခြင်း ပရိဘူသနသန္ဓိ ဂုဏ်လည်းကောင်း။
Making an agreement to serve and oversee the separate movement of tax collections in each year is the khandhāpanaya (mass leading forward?) form of the sandhi guna.
တစ်နှစ်လျှင်မည်၍မည်မျှပေးပါမည် ပိုင်းခြား၍၊ ပိုင်းခြားရအခွန်ကို ထမ်းဆောင် ကြပ်မတ်ပေးသွင်းရသော မိတ်ဖွဲ့စေ့စပ်ခြင်း ခန္ဓာပနယ သန္ဓိဂုဏ်လည်းကောင်း။
Thus the sandhi guna has sixteen separate forms, so it is said, and thus scholars call it sixteen-fold.
ဤသို့ သန္ဓိဂုဏ်ကို ဆယ့်ခြောက်ပါးပြား၏ဟု သန္ဓိကိုသိကုန်သော ပညာရှိတို့ သည် ဆိုကုန်၏။
ကျမ်းကိုး ...
ရာဇဓမ္မသင်္ဂဟ နှာ-၂၄၁-၂-၃-၎
မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း နှာ ၁၆၁

(၂) စစ်ထိုးခြင်းတည်းဟူသော ၀ိဂ္ဂဟဂုဏ်
(2). The virtue of viggaha -- skill in waging war
In the Abhidhānapadīpikā commentary it is said that the viggaha guna has three forms:
That is to say: The disposition to make war is called the viggaha guna.

ဝိဂ္ဂဟဂုဏ်သုံးပါးရှိသည်ကို အဘိဓါန်ဋီကာ၌- စစ်ထိုးခြင်းသဘောသည် ၀ိဂ္ဂဟဂုဏ်မည်၏။
This guna has three forms. One of these is to attack openly in open warfare, pakāsa yuddha.
ထိုဝိဂ္ဂဟဂုဏ်သည်လည်း အထင်အလင်း စစ်မျက်နှာဆိုင်၍ တိုက်ခြင်း ဟူသော ပကာသယုဒ္ဓ။
The next is to make the attack with a concealed force, practising secrecy and deception in kūta yuddha.
တပ်ကိုမြှပ်ထား၍ လျှို့ဝှက်ကောက်ကျစ် စဉ်းလဲကာ တိုက်ခြင်း ကူဋယုဒ္ဓ။
The third is to make the attack without warning, bringing the army forward in a night raid, tunhi yuddha. These are its three separate parts.
စစ်မကြေငြာဘဲတပ်ကိုချီတက်စေ၍ညဉ့်အခါစီးနင်းတိုက်ခိုက်ခြင်းတုဏှီယုဒ္ဓ။ဤသို့သုံးပါးအပြားရှိ၏ဟုဆိုသည်။
This viggahaguna is to be practised when an opponent of equal or lesser strength behaves rudely and insultingly.
အင်အားတူသောရန်သူ၊ကိုယ့်အောက်အင်အားနည်းသောရန်သူတို့ စော်ကား ရိုင်းပျလျှင် ဤစစ်ထိုးခြင်း ၀ိဂ္ဂဟ ဂုဏ်ကို အသုံးပြုအပ်၏။
ကျမ်းကိုး ...
အဘိဓါနပ္ပဒီပိကာ ဋီကာ။ ၂။ ဘူကဏ္ဍ။ ၄။ စတုဗ္ဗဏ်ဏ၀ဂ် နှာ-၂၄၆

(၃) စစ်နိုင်အောင်တိုက်ခြင်း ယာနဂုဏ်
(3). The virtue of yāna -- skill in offensive warfare
If there is great strength in the power of wealth, in the numbers of valiant men and bearers of arms, victory will usually follow. A king who has the ability to be victorious can turn from one country to another so as to broaden his dominions. This power to advance to the attack and gain victories is called the yānaguna.
ဥစ္စာအင်ခွင်၊ရဲမက်လက်နက်ကိုင်အစွမ်းသတ္တိအလွန်ပြည့်စုံသော် များသောအား ဖြင့် အောင်တတ်နိုင်တတ် သောမင်းသည် နိုင်ငံကျယ်ခြင်းငှာ အပြည်ပြည်သို့ လှည့်၍ နိုင်နင်းအောင် အတိုက်အခိုက် စစ်ချီတက်ခြင်းသည် ယာနဂုဏ်မည်၏။
In the books it is said that this yānaguna takes five forms: That is to say: The ability to make war and to envelop the whole army of an enemy with one's own force of men and weapons is that part of the yāna guna that is called viggahya.
ဤယာနဂုဏ်ငါးပါးအပြားရှိကြောင်းကို ကာမန္ဒကီနီတိကျမ်း၌ မိမိ၌ရှိသော ရဲမက်၊လက်နက်ကိုင် အလုံးစုံဖြင့် ရန်သူအပေါင်းကိုတိုက်ခိုက်သိမ်းယူ၍ စစ်တက်ခြင်းဟူသော ၀ိဂ္ဂယှမည်သော ယာနဂုဏ်။
Put otherwise, the ability to bring face-to-face the whole strength of an enemy with all his allies and all one's own strength and the strength of one's own allies and to be the superior is viggahya.
တစ်နည်းကား။ ။ရန်သူ၏အလုံးစုံသော မဟာမိတ်နိုင်ငံ၊ မိမိ၏မဟာမိတ်နိုင်ငံ တို့ကို ရဲမက်၊ဗိုလ်ပါအင်အားနှင့် အကုန်ယူ၍တက်ခြင်းဟူသော ၀ိဂ္ဂယှယာနဂုဏ်။
Going out with the intention of attacking another country, finding that the road was cut off and that a return was necessary and consequently joining in an alliance with the remaining enemy is that part of the yānaguna that is called sandhāya.
အခြားနိုင်ငံကို စစ်ထိုးမည်ချီတက်ရာ၌ လမ်းဖြတ်၍သွားရသောကြောင့် နောက်ကကျန်ရစ်မည့်ရန်သူတို့ကို အစေ့အစပ်မိတ်ပြု၍ ချီတက်ခြင်းဟူသော သန္ဓာယယာနဂုဏ်။
Joining in an attack with kings who have great power, near to oneself and who are good warriors is the part of the yānaguna that is called sambhūya.
ကိုယ်နှင့်အနီးအစပ်ဖြစ်သော၊ အားစွမ်းနှင့်ပြည့်စုံသော၊စစ်တိုက်ကောင်း ကုန်သောမင်းတို့နှင့်ပေါင်း၍ စစ်ချီ တက်ခြင်းဟူသော သမ္ဘူယယာနဂုဏ်။
Put otherwise, if an enemy king comes to make war and one advances to meet and challenge him, so that on the two sides the royal nature of both is at a deadlock and they come to personal combat, that is a form of sambhūya.
တစ်နည်းကား။ ။ ရန်သူမင်းကစစ်တက်လာသည်ကို ဆီးကြိုတိုက်ခိုက်ရ အောင် ဆိုင်ပြိုင်၍ နှစ်ဦးနှစ်ဖက်၏ ရာဇပကတိကိုဖျက်ပြီးလျှင် နှစ်ဦးပြိုင်လျှက် စစ်တက်ခြင်း သမ္ဘူယယာနဂုဏ်။
In a version different again, if, being left with very little wealth, one gets together the remaining scraps on one's own to attack and defeat an enemy king and to gain much wealth, it is said to be sambhūya.
တစ်နည်းကား။ ။ အနည်းငယ်သော ရွှေငွေ၊ဥစ္စာ၊အနှစ်သာရကိုစွဲ၍ အကျိုး စီးပွါးများစွာဖြစ်မည်ကို တစ်စုံတစ် ယောက်သောသူက ခံဝန်၍သော်လည်း ရန်သူ မင်းကို အောင်ခြင်းငှာ စစ်တက်ခြင်းဟူသော သမ္ဘူယယာနဂုဏ်။
Besides these, to gather one's force and cause disturbance in one area and then make your attack in another is the form of the yānaguna that is called pasañga.
ထိုမှတစ်ပါး၊တစ်ပါးသောအရပ်၌လှုပ်ရှားပေါင်းဆုံ၍တစ်ပါးသောအရပ်သို့စစ်တက်ခြင်းဟူသောပသင်္ဂယာနဂုဏ်။

Going out to attack an enemy's city and on arrival to realise that to attack would bring little profit, and so to switch the attack on to an ally of the enemy is the form of the yānaguna that is called upekkhiya.
ရန်သူမြို့ကိုတိုက်မည်ဟုချီတက်ရာ ရန်သူမြို့သို့ရောက်၍ တိုက်ရလျှင် အကျိုးနည်းမည်ကိုမြင်ကာ၊ ရန်သူ၏ မဟာမိတ်နိုင်ငံကို ချီတက်တိုက်ခိုက်ခြင်းဟူ သော ဥပေက္ခိယယာနဂုဏ်။
Thus those who have studied the yāna guna say that it has five different modes.
ဤသို့ယာနဂုဏ်၌ တတ်ကျွမ်းလိမ္မာသောပညာရှိသည်ယာနဂုဏ်ကို ငါးပါး အပြားရှိကြောင်း သိအပ်သည်ဟု ဆို၏။
ကျမ်းကိုး ...
အဘိဓါနပ္ပဒီပိကာ ဋီကာ၊ ၂။ ဘူကဏ္ဍ။ ၄။ စတုဗ္ဗဏ်ဏ ၀ဂ္ဂ၊ နှာ-၂၄၆

(၄) အတိုက်အခိုက်ရပ်စဲစေခြင်း အာသနဂုဏ်
(4). The virtue of āsana -- skill in defensive warfare
This gāthā should be remembered in connection with the āsanaguna:
That is to say: To ask for an armistice when mutual fighting has become too burdensome is the viggahya form of the āsanaguna.

အာသနဂုဏ်သည်လည်း အချင်းချင်းတိုက်ခိုက်၍ပင်ပန်းသောကြောင့် ရပ်ဆိုင်းနားနေခြင်းဟူသော ၀ိဂ္ဂယှ အာသနဂုဏ်။
Put differently, when one has attacked and enveloped the enemy; to desist further is the form of the āsanaguna that is called viggahya.
တစ်နည်းကား။ ။ ရန်သူကို တိုက်ခိုက်သိမ်းယူပြီး နားနေခြင်းဟူသော ၀ိဂ္ဂယှအာသနဂုဏ်။
Or differently again, when one is unable to sustain the enemy attack, to retreat into fortifications and hold him there is also the viggahya form of the āsanaguna.
တစ်နည်းကား။ ။ရန်သူမယူနိုင်အောင် ခံမြို့၌၀င်၍ ခုခံခြင်းဟူသော ၀ိဂ္ဂယှ အာသနဂုဏ်။
When the strength of both sides is exhausted from their mutual attacks and they can fight no further, to discuss and arrange an agreement is the sandhæya form of the āsanaguna.
နှစ်ဦးနှစ်ဖက်တိုက်ခိုက်ကြသဖြင့် အားခွန်ကုန်ခန်း၍ ဆက်လက်မတိုက် နိုင်သောကြောင့် အစေ့အစပ်ပြောဆို မိတ်ဖွဲ့ကာ နေခြင်းဟူသော သန္ဓာယ အာသနဂုဏ်။
King Udāsiñga formed an association of all his allied kings which stood so that no single enemy could break it; this was the sambhūya form of the āsanaguna.
ဥဒါသိန်မင်း၊ မိတ်မင်းတို့နှင့် တပေါင်းတည်းပြု၍ တစ်ပါးရန်သူတို့ မဖျက် မဆီးနိုင်အောင်နေခြင်းဟူသော သမ္ဘူယအာသနဂုဏ်။
Next, a king who goes to war against one country and remains at peace in alliance with another is an example of the pasañga form of the āsanaguna.
တစ်ခုသောနိုင်ငံကိုစစ်ချီတက်သောမင်းသည်တစ်ခုသောနိုင်ငံနှင့်ပေါင်းဆုံ၍နေခြင်းဟူသောပသင်္ဂအာသန ဂုဏ်။
One who goes out intending to attack his enemy, but finds the enemy too strong for him and so retreats without fighting and stays so, is an example of the upekkhiya form of the āsanaguna.
ရန်သူကိုတိုက်မည်ဟုချီတက်ရာ ရန်သူကအားကြီးသောကြောင့် မတိုက် ဘဲရှောင်ကြဉ်၍နေခြင်းဟူသော ဥပေက္ခိယအာသနဂုဏ်။
Thus those that have studied the āsanaguna say that it has five different forms.
ဤသို့အာသနဂုဏ်၌ တတ်သိနားလည်ကုန်သောပညာရှိတို့သည် အာသနဂုဏ်ကို ငါးပါးအပြားရှိ၏ သမုတ်အပ် သော ဂါထာကိုလည်း မှတ်သားအပ်သတည်း။
ကျမ်းကိုး ...
အဘိဓါနပ္ပဒီပိကာ ဋီကာ၊ ၂။ ဘူကဏ္ဍ။ ၄။ စတုဗၺဏ္ဏ၀ဂၢ။ နှာ-၂၄၆

(၅) နှစ်ဖက်သောရန်နှင့် လျှော်အောင်ကျင့်ရာသော ဒွေဓဂုဏ်
(5). The virtue of dvedha -- skill in dealing with a double attack
One form of the dvedhaguna is, when squeezed between double attacks by enemies on both sides, to open negotiations in suitable terms with both sides, offering personal negotiations.
ဒွေဓဂုဏ်၌ရန်သူနှစ်ဦးနှစ်ဖက်ညှပ်ရာရန်သူနှစ်ဦးနှစ်ဖက်လုံးကို သင့်တင့် အောင်ပြောဆို၍ မိမိကိုယ်ကို အပ်နှင်းခြင်းဟူသော ဒွေဓဂုဏ်လည်းတစ်ပါး။
Another form is to come to an agreement with the enemy on one side and to fight in alliance with him against the other.
တစ်ဖက်ရန်သူကိုပေါင်း၍၊ တစ်ဖက်ရန်သူတို့နှင့် စစ်ထိုးခြင်းဟူသော ဒွေဓ ဂုဏ်လည်းတစ်ပါး။
Another form again is to use a part of your force to defend your city and to attack with the rest.
အချို့သောရဲမက်နှင့်မြို့ကိုစောင့်၍၊ အချို့သောရဲမက်နှင့် စစ်ထိုးခြင်း ဟူသော ဒွေဓဂုဏ်လည်းတစ်ပါး။
Acting in such ways suitable for dealing with a double threat is the dvedhaguna.
ဤသို့အစရှိသည်ဖြင့် နှစ်ဖက်လုံးနှင့် သင့်လျှော်အောင်လုပ်သမျှသည် ဒွေဓဂုဏ်မည်၏။
ကျမ်းကိုး ...
အဘိဓါနပ္ပဒီပိကာ ဋီကာ။ ၂။ ဘူကဏ္ဍ။ ၄။ စတုဗၺဏ္ဏ၀ဂၢ။ နှာ-၂၄၇

(၆) အားကြီးသောမင်းကို မှီရသော အာသယဂုဏ်
(6). The virtue of āsaya -- skill in finding shelter from superior force
Of the āsayaguna, one form is to take refuge with and subject oneself to another prince of great strength because there is a danger that the enemy will be victorious; the other is to take refuge thus when it can be seen that there will be much personal advantage in doing so. This guna has these two forms.
အာသယဂုဏ်မူကား။ရန်သူတစ်ပါးနှိပ်စက်မည်ကိုကြောက်သောကြောင့် အားကြီးသော မင်းကို မှီခိုကပ်ရပ်ခြင်း တစ်ပါး။ ဤအားကြီးသောမင်းကို မှီခိုကပ် ရပ်ရလျှင် ကိုယ်၌ အကျိုးများစွာရှိမည်ကို မြင်၍ မှီခိုကပ်ရပ်ခြင်းတစ်ပါး။ ဤသို့ နှစ်ပါး အပြားရှိ၏။
ကျမ်းကိုး ...
အဘိဓါနပ္ပဒီပိကာ ဋီကာ၊ ၂။ ဘူကဏ္ဍ။ ၄။စတုဗၺဏ္ဏ၀ဂၢ။ နှာ-၂၄၇



* လက်ရုံးရည်နှင့် နှလုံးရည်
7.Martial prowess and mental faculty

We can understand that wisdom is more powerful than strength of arm from how the skylark slew the bull elephant by his cunning and from how men can capture the elephant and make him do what they want.
လက်ရုံးအားထက် ပညာအားကြီးကြောင်းကို ဘီလုံးငှက်၏အကြံအစည်ဖြင့် ဆင် ပြောင်ကြီး၏ သေခြင်းကို လည်းကောင်း၊ဆင်ပြောင်ကြီးတို့ကို လူတို့သည် ဖမ်း၍အလိုရှိ ရာ စေခိုင်းနိုင်သည်ကိုလည်းကောင်း ထောက် ၍သိအပ်၏။
We can also see how the strength of wisdom ranks above the power of wealth and the other four sources of strength from how King Sūlanībrahmadatta joined in waging war with an hundred kings and how he, with the brahmana Keva¥¥a, was worsted by the learned Mahosadhā.
ဘောဂဗလအစရှိသော အားလေးခုထက် ပညာအားကြီးကြောင်းကို တစ်ရာ သောမင်းတို့နှင့်ပေါင်းစည်း၍ စစ်ထိုးသောစူဠဏီဗြဟ္မဒတ်မင်း၊ကေ၀ဋ်ပုဏ်ဏားတို့သည် မဟောသဓာသုခမိန်ကိုရှုံးခြင်းကို ထောက်၍ သိအပ်၏။
These powers are not the only ones that are surpassed by what is called wisdom (paññā). The principles of saddhā (faith), sati (mindfulness), samādhi (concentration), vøriya (Endeavour) and other such virtuous principles are all subordinate to the power of wisdom .
ပညာဟူသည် ဤအားများထက်မြတ်သည်သာမကသေး၊သဒ္ဓါ၊၀ီရိယ၊သတိ၊ သမာဓိ အစရှိသော ကုသိုလ် တရားအပေါင်းတို့ထက်လည်း သာလွန်ကဲမြတ်သော တရား ဖြစ်သည်။
Of all the virtues that brought the Lord to his enlightenment, there are three that are prime; faith, endeavour and wisdom.
ကုသိုလ်တရားအပေါင်းတို့တွင် ဘုရားအဖြစ်ကိုဖြစ်စေနိုင်သည်ကား ၀ီရိယ၊သဒ္ဓါ၊ ပညာဟူ၍သုံးပါးရှိကုန်၏။
Out of these three, endeavour is of very high importance -endeavour that drove the future Buddha to enlightenment through sixteen ages and ten thousand worlds.
ထိုသုံးပါးတို့တွင် ၀ီရိယကိုအလေးအမြတ် အကြီးအမှုးပြု၍ ဘုရားဖြစ်အောင်အား ထုတ်သောဝီရိယာဓိက ဘုရားလောင်းသည်ဆယ့်ခြောက်အသင်္ချေနှင့် ကမ္ဘာ တစ်သိန်းရှိ မှ ဘုရားဖြစ်သည်။
The future Buddha was perfect in the rule of faith which includes alms-giving, charity and detachment from property and he reached his enlightenment through the perfection of faith in eight ages and ten thousand worlds.
လှူဒါန်းပေးကမ်းစွန့်ကြဲသောသဒ္ဓါတရားနှင့်ပြည့်စုံသောသဒ္ဓါဓိကဘုရား လောင်း သည် ရှစ်အသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ပါရမီဖြည့်မှ ဘုရားဖြစ်သည်။
In the cultivation of wisdom to reach his enlightenment he strove to win mastery of wisdom through four ages and ten thousand worlds . We believe and know that it was through perfection in these that he won enlightenment.
ဗဟုဿုတအတတ်ပညာကိုအလေးပြု၍ ဘုရားဖြစ်အောင်အားထုတ်သော ပညာ ဓိကဘုရားလောင်းသည် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်လျှင်ပင် ဘုရားဖြစ် သည်ကိုထောက်၍သိအပ်၏။
As we work to obtain the Fruit of the Path, the first among the four stages on the Path (Traditionally the four stages of the Path are: 1. Stage of Entering the Stream, 2. Stage of the Once-Returner, 3. Stage of the Never-Returner, and 4. Stage of the Arahat.), the stage of Stream Attainment, can be reached by discarding scepticism and the illusion of self.
မဂ်ဖိုလ်ကိုရအောင်ပြုကျင့်ရာ၌လည်း မဂ်လေးတန်တို့တွင် ရှေးဦးဆုံးဖြစ်သော သောတာပတ္တိမဂ်ကို သက္ကာယ ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာကိုပယ်မှ ရနိုင်သည်။
But we cannot discard scepticism and the illusion of self just by alms-giving, by establishing a religious life, or by working over the forty subjects for meditation; the branch of industry. They can only be discarded through the ten stages of vipassanā (insight meditation) knowledge (ñana).
ဤသက္ကာယဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာကိုလည်း အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း၊ ကမ္မဋ္ဌာန်းလေးဆယ်တို့ကို စီးဖြန်းပွါးများခြင်းဖြင့် မပယ်နိုင်။ ၀ိပဿနာဉာဏ် (၁၀) ပါးဖြင့်သာ ပယ်နိုင်သည်။
We have to realise that in this world, just as one relying on a sailing ship or a steam ship will travel faster than a row boat or a paddleboat, so knowledge will go ahead of mere endeavour.
လောက၌လည်း ၀ီရိယအရာဖြစ်သော ခတ်လှေ လှော်လှေများထက်လွန်သော ရွက်တိုက်သော လှေသင်္ဘော၊ မီးသင်္ဘောတို့ကို ထောက်၍လုံးလ၀ီရိယထက် ဉာဏ် ပညာက သာကြောင်းသိသာသည်။

In weaving a fabric of wire or cotton or silk, the product of a skilled worker will be many times more valuable than that of an ignorant worker.
သံ၊ ၀ါး၊ ပိုးတို့ကို အထည်အလိပ်လုပ်ကြရာ ဉာဏ်ပညာရှိသောသူတို့လုပ်ဆောင် သည့်အထည်အလိပ်က အဖိုးတန်း အပြန်ပြန်သာလွန်သည်ကို ထောက်၍သိသာသည်။
In the eightieth nipāta, the Mahahaµsa Jātaka, relates how Devadatta urged on King Ajātasatru to use the Nalagīri elephant to attack the Most Excellent Lord while he was living the life of religion in the veluvana Monastery, preaching the good life to spirits, men, Brahmins and all living creatures, and how the Lord's brother, Ānanda, stood in front of the Lord, ready to give his life in his stead; the Jātaka goes on to tell that an earlier age the Buddha of the future, then the Royal Golden Goose, met the great King Saµyama, ruler of vāranasø, and gave these replies to the King's questions:
နတ်၊လူ၊ဗြဟ္မာ၊သတ္တ၀ါတို့ကို ကောင်းရာကောင်းကြောင်းဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်တော်မူစဉ်၊ ဒေ၀ဒတ် သည် အဇာတသတ်မင်းသားအား နှိုးဆော်တိုက်တွန်း၍ နာဠာဂိရိဆင်ဖြင့် မြတ်စွာဘု ရားကို တိုက်သတ်ရာ ဘုရားရှင်ရှေ့မှရပ်လျှက် ဘုရားအစား အသက်ကိုစွန့်သော ညီတော်အာနန္ဒာကိုကြောင်းပြုကာ ဟောတော်မူအပ်သော အသီတိနိပါတ်၊ မဟာဟံသ ဇာတ်၌ ဘုရားလောင်းရွှေဟင်္သာမင်းသည် ဗာရာဏသီပြည်ကိုအစိုးရသော သံယမ မင်းကြီးကို တွေ့၍ နှုတ်ခွန်း ဆက်လက်မေးမြန်းဖြေဆိုကြသည်ကား …
That is to say: The King asked the Golden Goose, "Can your royal power indeed secure public health? Can you really avoid epidemics? Your people in this Kāsi area are loaded with wealth and jewels; can you truly instruct them through the Law (Dhamma)?"
ဘယ်လိုလဲ သင်မင်းကြီး၊ ကျန်းမာပါ၏လော၊ အနာရောဂါကင်းပါ၏လော၊ ဥစ္စာ၊ ရတနာ၊ ပြည်သူတို့နှင့် ပြည့်စုံစည်ပင်သော ဤကာသိတိုင်းကို တရားသဖြင့်ဆုံးမပါ၏ လော။
The royal Golden Goose replied, "My power depends entirely upon health and so the city of the Golden Goose is free from sickness. Through the Law I instruct the city of Kāsi, so filled with wealth, jewels and people, in public health.
ရွှေဟင်္သာမင်း၊ ငါ့အား ကျန်းမာခြင်းသာလျှင်ဖြစ်၏။ ထို့ပြင် အနာရောဂါလည်း ကင်းပါ၏။ ဥစ္စာ၊ရတနာ၊ ပြည်သူတို့နှင့်ပြည့်စုံစည်ပင်သော ဤကာသိတိုင်းကို ငါသည် တရားသဖြင့် ဆုံးမပါ၏။

The King - “Can you, as King, really be sure that there is among your ministers no trace of greed or envy? Can you be sure that your ministers will be prepared to sacrifice their lives without hesitation for your advantage?"
ဘယ်လိုလဲ သင်မင်းကြီး၊ အမတ်တို့၌ တေးမှတ်၍ ငြိုးထားအပ်သော တစ်စုံတစ်ခုသောအပြစ်သည် ရှိတော် မမူပါ၏လော၊ အမတ်တို့သည် သင်မင်းကြီး၏ အကျိုးစီးပွါးတို့ကြောင့် ယုံမှားမရှိ အသက်ကို စွန့်ဝံ့ကြပါ ကုန်၏လော။
The Golden Goose - "I fully test my ministers and make sure that they have no trace of greed or envy in them. They have been well examined and will, without hesitation, give their lives for my interests."
ငါသည် အမတ်တို့၌ တေးမှတ်၍ငြိုးထားအပ်သော တစ်စုံတစ်ခုသော အပြစ် သည် တကယ်မရှိပါ။ ငါ၏ အမတ်တို့သည် ငါ့အကျိုးစီးပွါးတော်တို့ကြောင့် တကယ် ယုံမှား မရှိ အသက်ကိုစွန့်ဝံ့ကြပါကုန်၏။
The King - As King, have you truly found a Chief Queen of a line equal to your own, who will pay heed to her lord's words and give a loving answer, who will give you a wealth of sons and daughters to succeed you and who will follow her lord to whatever land he wishes?
ဘယ်လိုလဲ သင်မင်းကြီး၊ သင်မင်းကြီးနှင့် အမျိုးတူလိုက်ဖက်သော၊ သင်မင်းကြီး စကားကို နားထောင်သော၊ ချစ်ကြင်နာဖွယ်စကားကို ပြောဆိုတတ်သော၊ သားတော် သမီးတော် အဆင်းလက္ခဏာ စည်းစိမ်၊ဥစ္စာ၊ အခြွေအရံနှင့်ပြည့်စုံသော၊ သင်မင်းကြီး၏ အလိုကို လိုက်လျောသော မိဖုရားကြီးသည် ရှိပါ၏လော။
The Golden Goose - Indeed I have in truth a Chief Queen who is of a line equal to my own, who takes heed of what I say and who replies lovingly, who provides me with a wealth of sons and daughters and who follows me to whatever land I wish.
ငါနှင့် အမျိုးတူလိုက်ဖက်သော၊ ငါ့စကားကိုနားထောင်သော၊ ချစ်ကြင်နာဖွယ် စကားကို ပြောဆိုတတ်သော၊ သားတော် သမီးတော် အဆင်းလက္ခဏာ စည်းစိမ်၊ဥစ္စာ၊ အခြွေအရံနှင့်ပြည့်စုံသော၊ငါ၏ အလိုကို လိုက်လျော သော ခေမာမိဖုရားကြီးသည် စင်စစ် ရှိပါ၏။
The King - Do you really manage, as King, to squeeze out, like a sugar cane press squeezing the juice from the cane, the taxes, the fat of the land, the wealth from the people of your lands, without imposing fear upon them? How do you instruct them to pay lawfully, without playing the tyrant?
ဘယ်လိုလဲ သင်မင်းကြီး၊ သင်မင်းကြီး အုပ်ချုပ်သောတိုင်းသူပြည်သားအပေါင်း ကို ကြံညှစ်ယန္တယားဖြင့် ကြံကိုညှစ်၍ အရည်ကိုယူသကဲ့သို့ အခွန်၊အစည်၊ ဥစ္စာပစ္စည်း ကို ညှစ်မယူဘဲ၊ တစ်စုံတစ်ခုသော ဘေးဥပါဒ်ကို မဖြစ်စေဘဲ၊ မညှင်းပန်းမနှိပ်ဘဲ တရား နှင့်အညီ ဆုံးမပါ၏လော။
The Golden Goose - Indeed to get the taxes, the fat of the land and the wealth I do not squeeze the peoples of my lands as a cane press squeezes the cane. I do not put them in fear or play the tyrant. I bring them to agreement following the law.
ငါအုပ်ချုပ်သောတိုင်းသူပြည်သားအပေါင်းကို ကြံညှစ်ယန္တယားဖြင့် ကြံကိုညှစ်၍ အရည်ကိုယူသကဲ့သို့ အခွန်၊ အစည်၊ ဥစ္စာပစ္စည်း ကို ညှစ်မယူဘဲ၊ တစ်စုံတစ်ခုသော ဘေးဥပါဒ်ကိုမဖြစ်စေဘဲ၊ မညှင်းပန်းမနှိပ်ဘဲ တရားနှင့် အညီ တကယ်ဆုံးမပါ၏။
The King - Can you truly respect the eminent and virtuous among your scholars and pick them out for promotion? Can you manage to avoid the company of the foolish and the stupid? Could you ever really reject the ways of virtue and follow the way of the wicked?
ဘယ်လိုလဲ မင်းကြီး၊ သင်မင်းကြီးသည် ပညာရှိလူကြီးလူကောင်းတို့ကို ရိုသေချီး မြှောက်ပါကုန်၏လော၊ လူယုတ်လူနုပ်တို့ကို မပေါင်းမဖက်ကြဉ်ရှောင်ပါ၏လော၊ သူတော် ကောင်းတရား ကင်းမဲ့သည်ကိုပြု၍ မသူတော် တရား နောက်သို့ အကယ် စင်စစ်လိုက်တော်မမူဘဲ ရှိပါ၏လော။
The Golden Goose - I promote eminent and virtuous scholars and respect them. I do not associate with fools or the stupid and I avoid them. I follow only the ways of virtue and I reject the ways of the unvirtuous.
ငါသည် ပညာရှိလူကြီးလူကောင်းတို့ကို ရိုသေချီး မြှောက်ပါကုန်၏၊ လူယုတ် လူနုပ်တို့ကို မပေါင်းမဖက် ကြဉ်ရှောင်ပါ၏၊ သူတော် ကောင်းတရား ကင်းမဲ့သည်ကိုပြု၍ မသူတော် တရား နောက်သို့ အကယ် စင်စစ်လိုက်တော်မမူဘဲ ရှိပါ၏။
The King - How should one who is a king, master of the land, and look upon the life that stretches far before him? (This means that nowhere in the world is a man's life secures: before long he will die. He must carry his death in his heart.) If he looks for forgetfulness in drunkenness and sensuality, how can he look to the future without fear?
လယ်ယာမြေကို အစိုးရသော မင်းမြတ်၊ အနာဂတ်၌ဖြစ်သော ရှည်အံ့သော အသက်ကို ကြည့်ရှုဘိ၏လော။ (လူတို့အသက်မည်သည် ကမ္ဘာပတ်လုံးတည်၍မနေရ၊ မကြာမြင့်မီသေရလိမ့်မည်ဟူသော မရဏဿတိကို နှလုံးသွင်းပါ၏လော ဟူလို…) ယစ် မူးအပ်သော ကာမဂုဏ်၌ မေ့လျော့ယစ်မူးသည်ဖြစ်၍ နောင်တမလွန်ကို မကြောက်ဘဲ ရှိပါ၏လော။
The strong-winged royal Golden goose replied - I look at my life far into the future. I am firm in the ten rules of kingship and I have no fear of falling into the four evil states in the future.
ကောင်းသောအတောင်နှင့်ပြည့်စုံသော ရွှေဟင်္သာမင်း၊ ငါသည် အနာဂတ်၌ ဖြစ်သော ရှည်အံ့သော အသက်ကို ကြည့်ရှုဘိ၏။ မင်းကျင့်တရား (၁၀) ပါးတို့၌တည် သည်ဖြစ်၍ သေပြီးနောက် နောင်တမလွန်၌ အပါယ်လား မည်ကို မကြောက်မလန့်ဘဲ ရှိပါ၏။
(King Samyama, wishing to remind himself more firmly of the ten rules of royal behaviour, repeated the gāthā of dānam, sīlam and the rest, saying - ) "Dāna, the distribution of alms, sīla, the five and the ten points of morality; pariccāga, giving generously a livelihood to the ministers and soldiers; ajjava, never to be deceitful and to be honest and upright; maddava, being gentle and courteous in speech; tapa, making Religion firm; akkodha, bearing hostility and anger against no living creature, treating all as one's own children; avihimsa, having pity for all living creatures, just as for one's own sick children, so as not to oppress them; khantī, refraining from speaking less than respectfully with one's own mouth; aviroddhana, not acting against arahants, monks, laymen, officials and the people of the land."
(မိမိ၌တည်သော မင်းကျင့်တရားဆယ်ပါးကို အကျယ်ပြလိုသော သံယမမင်းကြီး သည် ဒါနံ သီလံ အစရှိသော ဂါထာကို မိန့်ဆိုပြန်သည်။)
အလှူခံတို့အား လှူဒါန်းခြင်းလည်းကောင်း၊ ငါးပါးသီလ၊ဆယ်ပါးသီလလည်းကောင်း၊ မှူးမတ်၊ရဲမက်၊ လက်နက် ကိုင်တို့အား မျိုးရိက္ခာ ပေးကမ်းထောက်ပံ့ခြင်းလည်းကောင်း၊ ကောက်ကျစ်စဉ်းလဲခြင်းမရှိ၊ ရိုးသားဖြောင့် မတ်ခြင်းလည်းကောင်း၊ အမူအရာ အပြော အဆို နူးညံ့သိမ်မွေ့ခြင်းလည်းကောင်း၊ ဥပုသ်ဆောက်တည် ခြင်းလည်းကောင်း၊ သတ္တ၀ါ အပေါင်းကို ရင်နှစ်သည်းခြာ သားကဲ့သို့ ရန်ငြိုးအမျက်မရှိ ချမ်းသာစေခြင်းလည်း ကောင်း၊ နာမကျန်းဖြစ်နေသောသားကို မနှိပ်စက်လို သနားသကဲ့သို့ သတ္တ၀ါတို့ကို သနားခြင်းလည်းကောင်း၊ ကိုယ်နှုတ်တို့ဖြင့် မရှိမသေလွန်ကျူးသည်ကို သည်းခံခြင်း လည်းကောင်း၊ ရဟန်း၊ရှင်၊လူ၊မှူးမတ်၊ ပြည်သူတို့နှင့် ဆန့်ကျင်ဘက်မပြုခြင်းလည်း ကောင်း။

The Golden Goose -. "For myself, I act thus. I observe these ten established rules of good deeds and for this reason I am loved and of this I am not a little glad."
ဤသို့ ငါ့ကိုယ်၌တည်ကုန်သော မင်းကျင့်တရားဆယ်ပါးတို့ကို တွေ့မြင်နေရ သောကြောင့် ငါ့အားနှစ်သက်ခြင်း ပီတိဖြစ်၏။ အတိုင်းအဆမရှိသော ၀မ်းမြောက်ခြင်း လည်းဖြစ်၏။
If you set these ten rules of royal behaviour firmly in yourself and observe them, you need have no fear of death, or of falling into an evil state in a future life. Besides this you will have a straight course to the country of the spirits, which will be no small cause for gladness - this is the meaning.
ဤမင်းကျင့်တရားဆယ်ပါးကို ကိုယ်၌တည်သည်ကိုမြင်သောကြောင့် သေပြီး နောက် တမလွန်၌ အပါယ်လေးပါး လားမည်ကို မကြောက်ရုံသာမက နတ်ရွာသုဂတိကို ရမည်ဖြစ်၍ အတိုင်းမသိ ၀မ်းမြောက်ခြင်းပင်ဖြစ်သေး၏ ဟူလို…
ကျမ်းကိုး ...
ပဉ္စကနိပါတ်၊ ၃၅၇ (၇)။ လဋုကိကဇာတ် နှာ-ဇာတကအဋ္ဌကထာ-၃-၁၆၃
၂၂။ မဟာနိပါတ၊ ဥမင်္ဂဇာတ် နှာ-ဋ္ဌ.၆-၂၅၄
စရိယာပိဋက၊ ယုဓဉ္ဇယ၀ဂ် နှာ- ဋ္ဌ-၃၂၀
သီမာဝိသောဓနီပါဌ၊ ၃။နိဗ္ဗာနကဏ္ဍ နှာ-၉၁
ပါထိက၀ဂ္ဂပါဠိ၊ ၁၀။ သင်္ဂီတိသုတ် နှာ-၃-၁၉၁
၁၇။ စတ္တာလီသနိပါတ်၊ ၅၂၁ (၁) တေသကုဏဇာတ် နှာ-၂-၃
ဋီကာကျော်ပါဠိ၊ နှာ-၅၊ ၅၈၊ ၆၃၊ ၆၆
ဓမ္မသင်္ဂဏီအဋ္ဌကထာ နှာ-၂၀၁-၂
၂၁။ အသီတိနိပါတ်၊ ၅၃၄ (၂)။ မဟာဟံသဇာတ် နှာ-ဋ္ဌ-၅-၃၇၇။ ပါဠိတော် နှာ-၂-၉၆-၇



“ဥာဏ်တုံးလွန်းတဲ့ ခြင်္သေ့…”
တစ်ခါတုန်းက
တောတစ်တောမှာ ခြင်္သေ့တစ်ကောင် ကြီးစိုးနေတယ်။
အဲဒီခြင်္သေ့ဟာ ဆာလောင်လာတဲ့အခါ တောထဲမှာရှိတဲ့သားကောင်တွေကို
ဖမ်းစားတယ်။ သားကောင်မျိုးစုံဟာ သေမှာကြောက်တဲ့အတွက် လွတ်ရိုးလွတ်ငြား ထွက်ပြေးရင်း
တစ်ကောင်နဲ့တစ်ကောင် တိုက်ကြ၊ သစ်ပင်တွေနဲ့တိုက်ကြနဲ့အတော်များများဟာ သေကြတယ်။
ခြင်္သေ့စားတာက တစ်ကောင်ထဲ။ သေတာက အကောင်များစွာဖြစ်နေတာကြောင့်
တောမှာရှိတဲ့တိရိစ္ဆာန်တွေ အစည်းအဝေးလုပ်ကြတယ်။
နောက်ဆုံးယုန်တစ်ကောင်ပြောတာက “နေ့တိုင်း ခြင်္သေ့က သားကောင်တစ်ကောင်ကျ စားနေတယ်။
သေမှာကြောက်တော့ ထွက်ပြေးရင်း တိုက်ခိုက်မိတော့ ပိုသေကြတယ်။
အဲဒီလိုမဖြစ်အောင် မဲနှိုက်မယ်။ မဲပေါက်သူက ခြင်္သေ့ဆီကိုသွားပြီး အစားခံမယ်။
ဒီလိုဆိုရင် ကျန်တဲ့တိရိစ္ဆာန်တွေ မသေကြေကြတော့ဘူးပေါ့” လို့ပြောတယ်။
ယုန်ကြီးပြောတဲ့အတိုင်း တိရိစ္ဆာန်တွေက သဘောတူကြတယ်။
ဒါနဲ့ပဲ ယုန်ကြီးက ခြင်္သေ့ကို သွားပြောပြတယ်။
ခြင်္သေ့က သဘောတူတယ်။ အချိန်ကိုတော့ သတ်မှတ်ပေးလိုက်တယ် ။
နေ့လည် ၁၂-နာရီတိတိမှာ ရောက်အောင်လာရမယ်လို့ပြောလိုက်တယ်။
ဒီစံနစ်အတိုင်းပဲ ခြင်္သေ့ဆီကို မဲပေါက်သူက တစ်နေ့တစ်ကောင်ကျ သွားအစားခံတယ်။
ခြင်္သေ့ကလည်း သက်သက်သာသာနဲ့စားသောက်နေရတာကို သဘောတွေ့နေတယ်။
တစ်နေ့တော့ သမင်မလေးတစ်ကောင် မဲပေါက်တယ်။
သမင်မလေးက သူမမှာ ကိုယ်ဝန်ရှိနေတယ်။
သားသမီးလေးမွေးပြီးမှ အစားခံချင်တယ်လို့ ယုံကိုငိုပြီးတောင်းဆိုတယ်။
သေတဲ့အလုပ်မျိုးဟာ ဘယ်သူမှ အစားဝင်ချင်မှာမဟုတ်ဘူး။
ဒါကြောင့် သူကိုယ်တိုင်ပဲ ခြင်္သေ့ရဲ့အစားခံဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါနဲ့ပဲ ခြင်္သေ့ဆီကို ယုံကသွားတယ်။
အစားခံနေကျ နေ့လည် ၁၂-နာရီလည်းရောက်မလာ။
နေ့လည် ၁-နာရီလည်း ယုံရောက်မလာ။
နေ့လည် ၂-နာရီထိုးတော့ ခြင်္သေ့က အတော်ဆာလောင်နေပြီ။
ဒေါသလည်း ဖြစ်နေပြီ။
နေ့လည် ၃-နာရီထိုးမှ ယုံရောက်လာတယ်။
ခြင်္သေ့က “ဘာဖြစ်လို့နောက်ကျတာလဲ” လို့မေးတယ်။
ယုံက “ခြင်္သေ့ကြီးဆီအစားခံဖို့အလာလမ်းမှာ အခြင်္သေ့တစ်ကောင်က
ဖမ်းထားပြီး စားမယ်လုပ်လို့မနည်းတောင်းပန်ပြီးမှ ထွက်လာရလို့
နောက်ကျသွားတာပါ” လို့ပြန်ဖြေတယ်။
အခြားခြင်္သေ့ဆိုတဲ့အသံကို ကြားတော့
“ငါ မင်းမူနေတဲ့တောထဲမှာ အခြားခြင်္သေ့တစ်ကောင်က ဘာဖြစ်လို့
ကျူးကျော်ဝင်ရောက်လာတာလဲ” ဆိုပြီး ဒေါသပိုထွက်လာတယ်။
အဲဒီခြင်္သေ့ရှိတဲ့နေရာကို “ငါ့ကို လိုက်ပြစမ်း” ဆိုပြီး ယုံလေးနဲ့အတူ
ထွက်လာကြတယ်။
တောနက်ထဲမှာ ရှိတဲ့ရေတွင်းတစ်ခုဆီရောက်တော့ အဲဒီထဲမှာ
အခြားခြင်္သေ့ ရှိတယ်လို့ ယုံက ညွှန်ပြလိုက်တယ်။
ခြင်္သေ့က ရေတွင်းထဲ ငုံ့ကြည့်လိုက်တော့ အခြားခြင်္သေ့တစ်ကောင်ကို တွေ့လိုက်ရတယ်။
ဒေါသထွက်လာတယ်။ ဟိန်းဟောက်လိုက်တယ်။ ရေတွင်းထဲက ခြင်္သေ့ကလည်း
ပြန်ဟိန်းဟောက်တာပေါ့။ အကြိမ်ကြိမ် အခါခါ ဟိန်းဟောက်တော့လည်း ရေတွင်းထဲက
ပိုကျယ်လောင်တဲ့အသံနဲ့ပြန်ဟိန်းဟောက်နေတာကြားရတော့
ရေတွင်းဘောင်ပေါ်က ခြင်္သေ့က ဒေါသထွက်သထက်ထွက်လာပြီး
ရေတွင်းထဲ ခုန်အုပ်လိုက်တယ်။
ရေပြင်ပေါ်ပေါနေတဲ့သူ့ရဲ့ပုံရိပ်ကို အခြားခြင်္သေ့လို့ထင်ပြီး ခုန်အုပ်လိုက်တဲ့အတွက်
ရေတွင်းထဲမှာပဲ ခြင်္သေ့ဟာ ရေနစ်ပြီး သေဆုံးသွားပါတယ်။
ခြင်္သေ့ သေသွားတော့မှ တစ်တောလုံး ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်း
နေထိုင်သွားကြသတဲ့ ........


“ စိတ်ဓာတ်နဲ့ ဝီရိယ...”

တစ်ခါတုန်းက “ကဿက”အမည်ရှိတဲ့လှိုဏ်ဂူမှာ သီတင်းသုံးနေတဲ့ အယျမိတ္တမထေရ်မြတ်ကို

ဆွမ်းခံရွာမှာရှိတဲ့ ဒကာမကြီးတစ်ယောက်က သားအရင်းလိုသဘောထားပြီးပြုစုလုပ်ကျွေးပါတယ်။
တစ်နေ့မှာတော့ ဒကာမကြီးက တောထဲအလုပ်ကိစ္စနဲ့ သွားခါနီးမှာ သမီးကို မှာနေတာက
“သမီးရေ…ဟိုနေရာမှာ ဆန်ကောင်းရှိတယ်။ ဟိုနေရာမှာ ထောပတ်တို့၊ နွားနို့တို့၊ တင်လဲတို့ရှိတယ်။
ရဟန်းအယျမိတ္တကြွလာတဲ့အခါ ဆွမ်းချက်ပြီး နွားနို့၊ထောပတ်၊တင်လဲတွေနဲ့ လောင်းလှူလိုက်ပါ။
ကျန်တာကို သမီးလဲစားပေါ့။
အမေတော့ မနေ့ကကျန်တဲ့ ထမင်းကြမ်းကို ပုံရည်ဟင်းနဲ့စားသွားတော့မယ်။”လို့မှာကြားတယ်။
သမီးက“အမေ နေ့လည်ပြန်လာတော့ ဘာနဲ့စားမလဲ?”လို့ပြန်မေးတော့
“ဟိုနားမှာရှိတဲ့ ဆန်ကွဲလေးတွေနဲ့ ဟင်းရွက်ကိုထည့်ပြီး ယာဂုချဉ်ကျိုထားလိုက်ပေါ့
သမီးရဲ့။”လို့ပြန်ပြောပါသတဲ့။
ဆွမ်းခံထွက်ဖို့ သပိတ်သင်္ကန်းကိုပြင်နေတဲ့ မထေရ်မြတ်က
ဒကာမကြီးမှာနေတဲ့ အသံကိုလည်း ကြားလိုက်ရော
“ကြည့်စမ်း…..ဒကာမကြီးက ပုံရည်ဟင်းနဲ့ထမင်းကြမ်းကိုစားမှာတဲ့။
နေ့လည်စာကိုလည်း ဟင်းရွက်စပ်ပြုတ် ယာဂုချဉ်ကိုစားမယ်တဲ့။
ငါ့အတွက်ကိုတော့ စားသောက်ဖွယ်အကောင်းစားတွေ စီစဉ်မှာကြားနေတယ်။
ဒီဒကာမကြီးဟာ လောကီစည်းစိမ်ဥစ္စာတွေကို တောင့်တပြီး ငါ့ကိုလှူဒါန်းနေတာမဟုတ်ဘူး။
နိဗ္ဗာန်အထိ ပြည့်စုံမှုကိုရည်မှန်းပြီး လှူဒါန်းနေရှာတာ။
ဒကာမကြီးရဲ့အလှူကအလွန်မြင့်မြတ်တဲ့ “ဒက္ခိဏ”ဆိုတဲ့ အလှူမျိုးဖြစ်တယ်။
ငါဟာမြင့်မြတ်တဲ့အလှူ (ဒက္ခိဏ)ကို အလှူခံထိုက်တဲ့ “ဒက္ခိဏေယျ”ဂုဏ်နဲ့ပြည့်စုံပါရဲ့လား”လို့
ကိုယ့်ကိုယ်ကိုယ်ဆုံးမပြီး “ငါဟာ ဒီလိုဆွမ်းကို ဒေါသ၊ မောဟတွေရှိနေတဲ့ စိတ်နဲ့ခံဖို့ မသင့်ဘူး။”လို့
ဆုံးဖြတ်ပြီးတော့မှ မိမိသီတင်းသုံးနေတဲ့ ကဿက ဂူထဲပြန်ဝင်၊ သပိတ်သင်္ကန်းတို့ကို
မူလနေရာမှာ ပြန်ထားပြီး
“ငါဟာ အရဟတ္တဖိုလ်ပေါက် “ဒက္ခိဏေယျ”ဂုဏ်မမြောက်သမျှ လိုဏ်ဂူထဲက မထွက်တော့” လို့
အဓိပတိတတ်တဲ့ စိတ်ဓာတ်နဲ့အခိုင်အမာဆုံးဖြတ်ပြီး ဝီရိယာဓိပတိနဲ့ ကြိုးစားအားထုတ်လိုက်တာ
အရင်ကလည်း နေ့၊ည မပြတ် သတိပဋ္ဌာန်တရားနဲ့ ပွားများခဲ့တဲ့ ဓာတ်ခံရှိလေတော့
ဆွမ်းစားချိန်မတိုင်ခင်မှာပဲ အရဟတ္တဖိုလ်ပေါက် ရဟန္တာအဖြစ်ရောက်သွားပါတယ်။
မြတ်စွာဘုရားရှင်က
သံဃာတွေဟာ ပစ္စည်းလေးပါးကို ဘုဉ်းပေးသုံးဆောင်ပြီး
သာသနာတော်လည်း တည်တန့်အောင်၊
မိမိအတွက်လည်း ဝဋ်ဆင်းရဲမှ လွတ်မြောက်အောင်ဆိုတဲ့
သာသနဗြဟ္မရိယ၊ မဂ္ဂဗြဟ္မစရိယကို ကျင့်နိုင်လိမ့်မယ်၊
ကျင့်ပြီး ဝဋ်ဆင်းရဲကထွက်မြောက်လိမ့်မယ်”လို့ သိမြင်ပြီး ခွင့်ပြုခဲ့တာဖြစ်တယ်။
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)

“ရံဖန်ရံခါ အရှုံးပေးခြင်းဟာ ကြီးမားတဲ့အောင်နိုင်မှုပါ”
******************

စစ်သူကြီးတစ်ယောက်ဟာ စစ်တုရင်ကစားတာ အရမ်းတော်ပါတယ်… ဘယ်သူကမှ သူ့ကိုနိုင်အောင် မကစားနိုင်ပါဘူး…။
တစ်နေ့ မှာ စစ်သူကြီးဟာ သူ့ရဲ့စစ်တပ်နဲ့ အတူစစ်တိုက်ထွက်လာရင်း ရွာလေးတစ်ရွာကို ဖြတ်ကျော်လာကြတော့ အဲ့ရွာက အိမ်သေးသေးလေးတစ်လုံးမှာ
“တစ်နိုင်ငံလုံးရဲ့စစ်တုရင်
ကစားရာမှာနံပါတ်တစ်” ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတာ သွားတွေ့ကြတယ်…။

စစ်သူကြီးဟာ မယုံတဲ့အတွက် အိမ်ရှင်ကိုသွားရှာပြီး စစ်တုရင်ပြိုင်ကစားကြတာ အိမ်ရှင်က ၃ကြိမ်လုံးရှုံးခဲ့တော့ စစ်သူကြီးက ရယ်မောပြီးပြောတယ်-
“ ဟားဟား....မောင်မင်း ဆိုင်းပုဒ်ကြီးဖြုတ်ပစ်လိုက်တော့ ” ဆိုပြီး စိတ်ကျေနပ်စွာနဲ့ စစ်တိုက်ထွက်သွားတော့တယ်…။

.......................... မကြာခင်မှာပဲ စစ်သူကြီးတို့ဟာ စစ်အောင်နိုင်လို့ တိုင်းပြည်ကိုပြန်လာကြရာ အဲ့ရွာကိုပြန်ရောက်တော့ ဆိုင်းဘုတ်ကို အရင်နေရာမှာပဲ ရှိနေသေးတာ ထပ်တွေ့တယ်… ဒါနဲ့ အိမ်ရှင်ကိုထပ်သွားတွေ့တော့ နောက်ထပ်စိန်ခေါ်စကားပြောကြရင်း ထပ်ကစားဖြစ်ကြတယ်…။
.......................... ဒီတစ်ခါကျတော့ စစ်သူကြီးက ၃ ပွဲ လုံး ဆက်တိုက်ရှုံးသွားတယ်… စစ်သူကြီး အရမ်းအံသြသွားတယ်… အဲ့ဒါနဲ့ အိမ်ရှင်ကိုမေးတာ ဘာကြောင့်လည်း' ပေါ့… အိမ်ပိုင်ရှင်ကပြောပြတာက “ အရင်အခေါက်တုန်းက အသင်စစ်သူကြီးမှာ စစ်ထွက်တိုက်ရမဲ့တာဝန်ကြီးရှိနေတယ်။ ကျွန်တော်မျိုးအနေနဲ့ အသင်စစ်သူကြီးကို စိတ်ဓါတ်ကျအောင် စိတ်အားကိုချိုးပစ်လို့မသင့်ဘူး။
ဒီတစ်ခေါက် အသင်စစ်သူကြီးက စစ်အောင်နိုင်ပြီး ပြန်လာပြီဆိုတော့ ကျွန်တော်မျိုးလည်း ပညာ လျှိုထားစရာ မလိုတော့ဘူးပေါ့ ”တဲ့…။
.......................... တကယ်တော်တဲ့သူဆိုတာ အနိုင်ရနိုင်ပါရဲ့သားနဲ့ မလိုအပ်ဘဲ အနိုင်မယူ ခွင့်လွတ်နိင်စွမ်းရှိအောင် စိတ်သဘောထားကြီးတဲ့သူပါပဲ…
.......................... လက်တွေ့ဘဝမှာလည်း အတူတူပါပဲ… သိနေလည်း မလိုအပ်ဘဲပြောစရာမလိုပါဘူး။ မပြောဘူးဆိုတာက မသိလို့လည်းမဟုတ်ပါဘူး။

Ref; သင်သိလျင်ချမ်းသာလိမ့်မည်
( c ) မူရင်း

ဗုဒ္ဓ မိန့်ခွန်း
=======
ဣနြေ္ဒသိက္ခာ ထိန်းသိမ်းပါ၍
တစ်ဖြာသီလ ဝီရိယနှင့်
ကြီးစွာသတိ လက်ကိုင်ရှိမူ
များဘိရန်စွယ် ကုန်ပျက်ပျယ်လျှက်
တကယ်လုံခြုံ အေးရိပ်မြုံဟု
မိန့်တုံဗုဒ္ဓ သြဝါဒကို
တိကျထိပ်ထက် ပန်ဆင်ရွက်သော်
ဆက်ဆက်အောင်ပွဲ ချိမ့်ချိမ့်သဲ၍
အမြဲမပြတ် ပဲ့တင်ထပ်မည်
လူနတ်ဗြဟ္မာ ကောင်းဖို့သော်....။


အလိုမကျတိုင်း ရန်ရှာနေရင်
လူမိုက်ဖြစ်သွားလိမ့်မယ်…
<>
စိတ်ညစ်တိုင်း အရက်သောက်နေရင်
အရက်သမားဖြစ်သွားတတ်တယ်…
<>
အခက်အခဲတွေ့တိုင်း
ညည်းတွားနေရင် အောင်မြင်မှု့ဆိုတဲ့လမ်း
ပျောက်သွားတတ်တယ်…
<>
အရာရာကို မကောင်းမြင်နေရင်
အဆိုးမြင်ဝါဒီလို့ ခေါ်ခံရလိမ့်မယ်…
<>
အကောင်းမြင်စိတ်ထားတာပါဆိုပြီး
မကောင်းတာကို အကောင်းလုပ်ပြောနေရင်လဲ ငပေါကြီးဖြစ်တတ်တယ်…
<>

ကောင်းတာလေးတွေကို ချီးမွမ်းပြီး
မကောင်းတာတွေကို ဖုံးကွယ်ထားပြန်လဲ
မတရားသော ဘက်လိုက်သူလို့ ပြောခံရလိမ့်မယ်…
<>
ငါလုပ်ဖို့ စောနေသေးတယ် အချိန်အများကြီးကျန်ပါသေးတယ် တွေးတဲ့အခါမှ နောက်ကျသွားတတ်တယ်…
<>
အရာရာဟာ နောက်ကျသွားပြီ
ဘာမှမလုပ်နိုင်ဘူးခံယူလိုက်တာကလဲ
ဘဝကိုအရှုံးပေးလိုက်ရာကျတယ်…
<>
ဘဝဆိုတာ ဝမ်းနည်းစရာပဲလို့ အမြဲထင်နေရင် ပျော်ရွှင်မှု့ကိုရှာတွေ့မှာမဟုတ်ပြန်ပါဘူး…
<>
အရာရာဟာ ငါ့အတွက်ချည်းပဲဆိုရင်လဲ
အတ္တ္တကြီးရာကျတာပေါ့…
<>
အရာရာဟာ ငါ့အတွက်မဟုတ်ပါဘူးဆိုပြီး
မှိုင်နေရုံပဲရှိတာပေါ့လို့ ထင်လိုက်တာနဲ့
စိတ်ကျဝေဒနာရှင် ဖြစ်သွားလိမ့်မယ်…
<>
ဘဝဆိုတာ တစ်စုံတစ်ယောက်က သတ်မှတ်ပြဋ္ဌာန်းပြီးသား ဒါမှမဟုတ် အတိတ်ကံကသာ ချယ်လှယ်နေတယ် ယူဆလိုက်ရင် ပစ္စုပ္ပာန်မှာ ရှုံးနိမ့်သွားလိမ့်မယ်…
<>
ဘဝပျက်တယ် ယူဆရင်တော့
ကံကံ၏အကျိုး ပယ်ရာကျပြီး တစ်ဘဝစာအတွက် မလုပ်သင့်တာတွေ လုပ်မိသွားတတ်တယ်…
<>
ဘဝဆက်တယ် မြဲတယ်ဆိုပြီးစွဲလန်းနေရင်လဲ
နိဗ္ဗာန်နဲ့ဝေးသွားလိမ့်မယ်…
<>
သူများပြောတိုင်းယုံနေရင်လည်း
အလိမ်ခံရတတ်တယ်…
<>
ငါမြင်ရ ငါတွေ့ရမှု ငါကိုယ်တိုင်ကြုံဖူးမှ
လက်ခံမယ်ဆိုရင်လည်း ကိုယ့်အဖေအမေတောင် ဟုတ်ပါ့မလားလို့ သံသယ ဝင်သွားနိုင်တယ်…
<>
ခန္ဓာကြီးက ဘာမှမဟုတ်ဖူး မုန်းစရာကြီးပါဆိုပြီး မစားမသောက် မပြုမပြင် ဂရုမစိုက်ပဲ ပစ်စလက်ခတ်နေလိုက်ရင်လည်း ဒုက္ခဖိစီးပြီး အကျိုးမများနိုင်ပြန်ဘူး…
<>
ခန္ဓာကြီးတွယ်တာ မက်မောပြီး အိုဟောင်းသွားတာတွေကိုနှမြောနေပြန်ရင်လည်း စိတ်သောက ဖိစီးပါလိမ့်မယ်…
<>

သော့လေးတစ်ချောင်းရှိတယ်
အဲ့ဒီ သော့လေးနာမည်က အလယ်အလတ်လမ်းစဉ်တဲ့…

<>
တကယ်တော့ ခန္ဓာကြီးကို မုန်းတီးနေရမှာ ရွံရှာနေရမှာ မဟုတ်ပါဘူး…စွဲလန်းနေရမှာလဲ မဟုတ်ပါဘူး…ရုပ်တရားရဲ့ ဖြစ်ပျက်ပြောင်းလဲပြီး သူ့သဘောသူဆောင်နေတာလေးတွေ ရှု့မှတ်ပြီး အမြဲမရှိနိုင်ပါလားလို့ မြင်တတ်တာကမှ ဥာဏ်အလင်းပါ…
<>
ဘဝပျက်တယ် ဆက်တယ်ဆိုပြီး တထစ်ချကြီး အစွန်းရောက်မနေပါနဲ့…
အတိတ်နဲ့ အနာဂတ်ကြားက ပစ္စုပ္ပာန်မှာသာ ကောင်းအောင်လုပ်ပါ…အဲ့ဒီ့အခါ ကျန်ခဲ့တဲ့အတိတ်လဲကောင်းပြီး နောင်လာမယ့် ပစ္စုပ္ပာန်အလောင်းအလျာ အနာဂတ်ကလဲလှပနေမှာပါ…
<>
သူများပြောတိုင်းခေါင်း ငြိမ့်နေဖို့မလိုသလို
ငါမဟုတ်ဖူးဆိုပြီး ခေါင်းခါဖို့ချည်းပဲမလိုပါဘူး…
အကြောင်းအကျိုးတွေ ဝေဖန်ဆန်းစစ်ပြီး ဟုတ်နိုင်သည် မဟုတ်နိုင်သည် ဆုံးဖြတ်ပါ…
<>
အရာရာဟာ ငါ့အတွက် သူ့အတွက်ပါလားလို့ မြင်တတ်ပါစေ…
<>
တရားသေသတ်မှတ်ပြီးသား မဟုတ်သလို
ကိုယ်ပြုတဲ့ ကံတိုင်းဟာ အရာမထင် အထောက်အပံမရှိတာမဟုတ်ပြန်ပါဘူး…
ပြုပြင်ပြောင်းလဲလို့ရတယ်ဆိုတာ နားလည်ပေးပါ…
<>
နောက်ကျနေပြီ စောနေသေးတယ် မသတ်မှတ်ပါနဲ့ ကောင်းမယ်ဆိုရင် ထလုပ်လိုက်ပါ…
<>
ကောင်းတာကိုလဲ မပစ်ပယ်ပါနဲ့…
မကောင်းတာကိုလဲ မဖုံးကွယ်ပါနဲ့…
ကောင်းတာကို ချီးမွမ်းပြီး
မကောင်းတာကို ထောက်ပြဝေဖန် ပြုပြင်ပေးပါ…
<>
အခက်အခဲတွေ့တိုင်း စိတ်ပျက်အားလျော့စရာမလိုသလို…
အခက်အခဲကိုလဲ အခက်အခဲ မဟုတ်ပါဘူးဆိုပြီး ပေါ့လျော့လို့မရပြန်ပါဘူး…
အခက်အခဲကို ဘယ်လိုကျော်လွှားရမလဲ ဖြေရှင်းဖို့လုပ်တာက အသင့်တော်ဆုံးပါ…
<>
အရက်သောက်တိုင်း စိတ်ညစ်တာမပျောက်သလို စိတ်ညစ်တိုင်းအရက်သောက်ဖို့ တနည်းပဲရှိတာမဟုတ်ပါဘူး…ဒီတစ်လမ်းပဲရှိတယ်လို့ ဆုပ်ကိုင်ထားလိုက်တာနဲ့ တခြားလမ်းတွေ မြင်နိုင်ဖို့မလွယ်တော့ပါဘူး…
စိတ်ညစ်တာကိုရင်ဖွင့်ဖို့ ကဗျာ သီချင်းလေးတွေ သီကုံးပြီးဖွင့်ဆိုလဲရပါတယ်…
<>
အလိုမကျတိုင်း ရန်ရှာနေလို့ အလိုမကျမှု့ကို အောင်နိုင်မှာ မဟုတ်ပါဘူး…အလိုမကျမှု့ကို သီးခံတတ်မှ ငြိမ်းချမ်းမှု့ဆိုတဲ့ အောင်မြင်မှု့ကို ရရှိမှာပါ…
<>

ဘယ်တော့မှ အစွန်းမရောက်ပါနဲ့…
အစွန်းရောက်တဲ့ အရာတိုင်းဟာ
ပြုတ်ကျဖို့ ပိုနီးတယ်ဆိုတာ သတိထားမိပါစေ…


* လူတော်တော်များများက ကိုယ့်လောဘ ကိုယ်မမြင်တတ်, ကိုယ်မကြည့်တတ်ကြပဲ သူတပါး မဖြည့်ဆည်းပေးနိုင်တာကိုပဲ မြင်တတ်, ကြည့်တတ်ကြတယ်။

ပညာပါရမီ မရင့်သေးတို့၏ခံယူချက်နိယာမ
လူမှုရေးရာ အဖြာဖြာ၌
ပညာသည် ပဓာနမကျ၊
ခံစားမှုသည်သာ ပဓာနကျ၏။

လောကုတ္တရာရေးရာ အဖြာဖြာ၌ကား
ခံစားမှုသည် ပဓာနမကျ၊
ပညာသည်သာ ပဓာနကျ၏။

ဤသို့ အဆိုအမိန့်ရှိလေရာ
တစ်ခါတစ်ရံ ပုထုဇဉ်တို့သည်
တစ်ချို့သော ကိစ္စများ၌မလုပ်သင့်မှန်းသိပါလျက်
မခံချင်သောစိတ်၊
ခံစားချက်ပြင်းထန်သောစိတ်ဖြင့်
ဇွတ်လုပ်တတ်ကြ၏။

ဖြစ်ချင်ရာဖြစ်ဟု
သဘောထားတတ်ကြ၏။

ဤသည်မှာ ပညာပါရမီမရင့်ကျက်သေးသူတို့၏
ခံယူချက်နိယာမတည်း။

ဆရာကြီး ဦးရွှေအောင်

လောကဘုံကမာ အဖြေလွှာ
=================
လောကကြီးမှာ ပြောသမျှပြီးရင်
သောကမီးဟာ ဘယ်ရှိမလဲ။

လောကကြီးမှာ လုပ်သမျှပြီးရင်
ဒုက္ခမီးဟာ ဘယ်ရှိမလဲ။

သြော်.....အခုတော့
ပြောသမျှမပြီးလို့ သောကမီးတွေဝေရတယ်
လုပ်သမျှမပြီးလို့ ဒုက္ခမီးတွေဝေရတယ်။

ဓမ္မနှင့်ယှဉ် တရားမြင်မှ
သောကဒုက္ခ ညွံတွင်းကျ၍
ချမ်းသာဟူဘိ မြူမရှိဘဲ
မြဲမရှိကျ စိုးမရသည်
အနိစ္စ ဒုက္ခ အနတ္တပါတကား.....။


* အပေါင်းအသင်းများပေမဲ့ မိတ်ဆွေကောင်း ရှားတတ်တယ်။

တပ်လှန့်သံ
______________

ယောက်ျားချင်းတောင်
မျက်နှာပြောင်
အိမ်ထောင်ပြုတဲ့ခေတ်။

အဝတ်ဗလာ
ပျိုကညာ
ဖင်ခါ က တဲ့ခေတ်။

လူကြီးချင်းချင်း
ဘုန်းကြီးချင်း
အတင်းပြိုင်တဲ့ခေတ်။

အရာရှိများ
ဗြောင်တောင်းစား
တရားဝင်တဲ့ခေတ်။

မြေပေါ်မြေအောက်
ထွက်သလောက်
ပေါက်ဖော်သိမ်းတဲ့ခေတ်။

အမျိုးကောင်းသား
သမီးများ
ကုလားမျိုတဲ့ခေတ်။

မြန်မာကုလား
အချင်းများ
ကုလားနိုင်တဲ့ခေတ်။

ကုလားမဲပေး
သခင်ရွေး
ကျွန်သွေးနှောတဲ့ခေတ်။

ကျီးနဲ့လင်းတ
ဒေါင်းလိုက
မာနထောင်တဲ့ခေတ်။

သံဃာတော်များ
ဆဲစော်ကား
တရားဝင်တဲ့ခေတ်။

အမျိုးဘာသာ
သာသနာ
ရောင်ဝါညှိုးတဲ့ခေတ်။

ရေကြီးမြေပြို
ကပ်တွေကို
ကြိုဆိုနေတဲ့ခေတ်။

အမျိုးသားရေး
ဘာသာရေး
မတွေးတော့တဲ့ခေတ်။

သြော်....
ဘာသာလူမျိုး
ပျောက်မှာစိုး၍
စာချိုးခါခါ
တောင်းပန်ပါသည်
ငါတို့မင်းတို့စုစည်းလို့
ကာစို့ကွယ်စို့ တိုက်ဖျက်စို့ ။

#‎အညတရစံမင်း
lwint myawe
ဟေဝံ -မန်း မစိုးရိမ်
27.12.15.Sun.6:52.Am.


ဘုရားရှိခိုးရသော အကျိုး တစ်ဆယ့်ခုနှစ်ပါး
၁။ သူတစ်ပါးတို့ ရှိခိုးခြင်းကို ခံထိုက်ခြင်း။
၂။ စိတ်၏ရဲရင့်တည်ကြည်ခြင်း။
၃။ သေသည်၏ အခြားမဲ့၌ သုဂတိဘဝကို ရောက်စေခြင်း။
၎။ နောင်ဘုရားနှင့် ဖူးခွင့်ကြုံသောအခါ
သစ္စာလေးပါးတရားကို သိမြင်လွယ်ခြင်း။
၅။ ဘဝဆက်တိုင်း မြတ်သောအမျိုးတွင်ဖြစ်ခြင်း။
၆။ သူတစ်ပါးတို့ အရိုအသေပြုခြင်းကို ခံရခြင်း။
၇။ ချီးမွမ်းထိုက်သော ကိုယ်အင်္ဂါနှင့်ပြည့်စုံခြင်း။
၈။ ရုပ်အဆင်း လှပတင့်တယ်ခြင်း။
၉။ ကိုယ်အနံ့မွှေးပျံ့ခြင်း။
၁၀။ ခံတွင့်အနံ့ မွှေးပျံ့ ခြင်း။
၁၁။ ကြီးကျယ်သော ဥာဏ်ပညာနှင့်ပြည့်စုံခြင်း။
၁၂။ နက်နဲသော ဥာဏ်ပညာနှင့်ပြည့်စုံခြင်း။
၁၃။ ထက်သော ဥာဏ်ပညာနှင့်ပြည့်စုံခြင်း။
၁၄။ လျှင်မြန်သော ဥာဏ်ပညာနှင့်ပြည့်စုံခြင်း။
၁၅။ ရွှင်သော ဥာဏ်ပညာနှင့်ပြည့်စုံခြင်း။
၁၆။ ဆန်းကြယ်သော ဥာဏ်ပညာနှင့်ပြည့်စုံခြင်း။
၁၇။ စကားကောင်းကို ဆိုနိုင်ခြင်း။


လုပ်လည်းလုပ်သင့်၏။
လုပ်လည်းလုပ်နိုင်၏။
လုပ်ဖို့ အခွင့်အရေးလည်းရှိ၏။
မလုပ်သောသူသည် အလွန်ရွံစရာကောင်း၏။
(ဝါ) အလကားလူ။

လို့
မကွေးမြို့ အောင်မြေရတနာစာသင်တိုက် စာချဆရာတော်ဦးနန္ဒာသီရိက ဩဝါဒစကားမိန့်ကြားဖူးတယ်။
ကိုယ်လည်း အကောင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံးကျင့်သုံးရခဲ့ပါတယ်။
အဆွေတော်တို့ကော?

ဆရာသမားက ပြောဘူး

* လက်ညှိုးငေါ့ငေါ့ထိုးပြီး စကားပြောတတ်တဲ့လူတွေဟာ ကိုယ်ချင်းစာတရား ဆာလောင်ငတ်မွတ်နေကြသူတွေဖြစ်တယ်။

To The Moon
လမင်းသို့
~~~~~~~~~

Art thou pale for weariness
Of climbing heaven
and gazing on the earth,

ကောင်းကင်းကင်ဘုံစခန်း
သင်တတ်လှမ်းရင်း
တမ်းတမ်းတတ
ကမ္ဘာ့အလှကို
ငေးရမောရ
သင် အားကျရင်း
နွမ်းလျနေတဲ့ အို.....လမင်း...။

Wandering companionless
Among the stars
that have a different birth, --

ဇစ်မြစ်မသိ
မွေးလာသည့်ကြယ်
ထောင်သောင်းအလယ်မှာ
တင့်တယ်ခန့်ညား
ဟို ဒီ သွားရင်း
စိတ်အားငယ်သလား အို..လမင်း....။

And ever changing,
like a joyless eye
That finds no object worth its constancy?

အများအမြင်မှာ
ခမ်းနားပါလည်း
သင်ဟာ အမြဲ
မျက်ဝန်းထဲမှာ
ကြေကွဲ ထီးကျန်
အလွမ်းဒဏ်ပိ
နှိုင်းစရာရှိဘူး
ပိရိပြောင်းလဲ အို....လမင်း..။

Percy Bysshe Shelley ၏ ကဗျာကို ပုဆိုးဝတ်ပေးသည်။

* ဘ၀တစ်ခုမှာ သက်တောင့်သက်သာနဲ့  လျှောက်လှမ်းစေနိုင်အောင် .......
ဘယ်ဟာကအကာ၊ ဘယ်ဟာကအနှစ် ဆိုတာသိဖို့ လိုတယ်။ သိလာပြီးတဲ့နောက်မှာ အ
ကာကို ဂရုမစိုက်ဘဲနဲ့  အနှစ်သာရကို ရအောင်ယူတတ်ဖို့  လိုတယ်။ အနှစ်သာရမှ ရအောင်
မယူတတ်ဘူး ဆိုရင် နောက်ဆုံးမှာ ဘာမှ မကျန်ရစ်တဲ့ အနေအထားမျိုး ရောက်မယ်။ ဘဝ
တစ်ခုမှာ သက်သက်သာသာနဲ့  ဘ၀ခရီးကို လျှောက်လှမ်းစေနိုင်တဲ့ အကြောင်းအရာဟာ
ကောင်းမှုကုသိုလ်ပဲ ဖြစ်ပါတယ်။
”သုခေါ ပုညဿ ဥစ္စယော။ ပုညဿ-ကုသိုလ်ကောင်းမှု၏၊ ဥစ္စယော-စုမိဆောင်းမိခြင်း
သည်၊ သုခေါ-ချမ်းသာသုခ ရခြင်း၏ အကြောင်းရင်း ဧကန်စင်စစ် မှန်ပါပေ၏။” လို့ မြတ်ဗုဒ္ဓ
ကဟောတော် မူပါတယ်။ ဘ၀တစ်ခု ရလာတာနဲ့ ကုသိုလ်ကောင်းမှု စုဆောင်းမိဖို့ ပါ။ ကု
သိုလ်ကောင်းမှုကို အကြောင်းပြုပြီးတော့ ရလာတဲ့ ချမ်းသာသုခဟာ အင်မတန်မှ ကြီးမားတဲ့
ချမ်းသာသုခ ဖြစ်တယ်။ ဥစ္စာဓနကို အကြောင်းပြုပြီး ရလာတဲ့ ချမ်းသာသုခဆိုတာ အလွန်တ
ရာမှ နည်းတယ်။ အတိုင်းအတာတစ်ခု အနေနဲ့ လည်း နည်းတယ်။ အချိန်အခါ အနေနဲ့ လည်း
နည်းပါတယ်။
ပိုက်ဆံရှိလို့ ချမ်းသာတယ်ဆိုတာ ”ရှိချမ်းသာ”ပဲ ခံစားလို့ ရတယ်။ ပိုက်ဆံရှိတယ်ဆိုတဲ့
အတွေးလေးနဲ့  စိတ်ထဲမှာချမ်းသာတယ်။ သို့ သော် ရှိချမ်းသာဆိုလို့  ရှိတိုင်းချမ်းသာတာလား
မေးရင်၊ ရှိလို့  ဆင်းရဲနေတာတွေလည်း ရှိသေးတယ်။ စဉ်းစားကြည့် ရှိချမ်းသာဆိုတာ ရှိလို့ 
ချမ်းသာတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ရှိလို့ မချမ်းသာမှုက ဘာတွေလဲဆိုရင် ပိုက်ဆံချမ်းသာတဲ့
ပုဂ္ဂိုလ်တွေ၊ စည်းစိမ် ဥစ္စာကြွယ်ဝတဲ့ ပုဂ္ဂိုလ်တွေကိုကြည့်၊ ရှိတဲ့ စည်းစိမ် ဥစ္စာတွေပေါ်မှာ
ကြောင့်ကြ စိုးရိမ်မှု ဖြစ်ကြတယ်။ တို့ ပိုင်ဆိုင်တဲ့ ပစ္စည်း တစ်စုံတစ်ခုကြောင့် ပျက်စီးသွားမှာ
လားလို့  တွေးပူရတယ်။ ရှိတဲ့ ပစ္စည်းကို အကြောင်းပြုပြီး ချမ်းသာတာ တစ်ခုတည်း မဟုတ်
ဘူး။ ဆင်းရဲတာလဲ ပါလာတယ်။ စိုးရိမ်ကြောင့်ကြမှု ဖြစ်တတ်တယ်။
အဲဒီ ”အတ္ထိသုခ” ဆိုတဲ့ ရှိချမ်းသာဟာ တစ်စိတ်တစ်ဒေသလောက်ပဲ ချမ်းသာတယ်လို့ 
ပြောရမယ်။ အပြည့်အ၀ ချမ်းသာတာ မဟုတ်ဘူး။ ဒါကြောင့်မို့  မြတ်စွာဘုရားက” စည်းစိမ်
ဥစ္စာရှိရင် ချမ်းသာလိမ့်မယ်၊ စည်းစိမ်ဥစ္စာ များများရအောင်စုကြ” ဒီလို မဟောဘူး။”ကုသိုလ်
ကောင်းမှု စုဆောင်းမိအောင်လုပ်၊ ကုသိုလ်ကောင်းမှုရှိမှ ချမ်းသာတယ် ”လို့ သာဟောတာ။
အင်မတန်မှ လေးနက် မှန်ကန်တယ်။ ပိုက်ဆံရှိတာနဲ့  ကုသိုလ်ရှိတာ မတူဘူး။ ပိုက်ဆံရှိလို့ 
ငါရှိတယ်။ ငါသုံးနိုင်တယ်ဆိုတဲ့ အတွေးလေးဝင် လာတဲ့အခါမှာ ချမ်းသာတယ်။ အော် ငါပိုင်
ဆိုင်တဲ့ ပစ္စည်းတွေ လုံခြုံမှုရှိရဲ့ လားလို့  တွေးလိုက်လို့ ရှိရင် စိတ်ဆင်းရဲစရာ ဖြစ်လာတယ်။
တစ်ဖက်ကကြည့်ရင် ချမ်းသာသော်လည်း တစ်ဖက်ကကြည့်ရင် ချမ်းသာတယ်လို့  ပြောလို့ 
မရဘူး။ စိတ်ဆင်းရဲ ရတယ်။
ကုသိုလ်ကောင်းမှုကတော့ အဲဒါမျိုး မဟုတ်ဘူး၊ ကုသိုလ်ကောင်းမှု ရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်
တစ်ယောက်ဟာ ကိုယ့်မှာ အားကိုးတစ်ခု ရှိနေတယ်။ ငါ့မှာ ကုသိုလ်ကောင်းမှု ရှိတယ်ဆိုတဲ့
အတွေးဝင်တဲ့ အခါမှာလည်း ချမ်းသာတယ်၊ ကုသိုလ်ကောင်းမှု ရှိသည့်အတွက် ထိုကုသိုလ်
ကောင်းမှုတွေ ပျောက်ပျက်သွားမလားလို့  တွေးပြီး ပူပင်စရာလည်း မရှိဘူး။ ရေ၊ မီး၊ မင်း၊
ခိုးသူ၊ မချစ်မနှစ်သက်အပ်သော အမွေခံ သားဆိုး၊ သမီးဆိုးတွေရဲ့  အန္တရာယ်ကြောင့် ကိုယ့်
မှာရှိတဲ့ ကုသိုလ်တွေ ပျောက်သွားမလားလို့  တွေးပြီး ပူပင်စရာလည်း မရှိဘူး။ အဲဒီတော့
ကုသိုလ်က ချမ်းသာသက်သက် ပေးပါတယ်။
စိန်၊ ရွှေ၊ ရတနာ၊ ကား၊ တိုက်တာအဆောက်အဦး၊ ရာထူး၊ အာဏာတွေ ဆိုတာ အကာ
တွေပါ။ အကာပေါ်မှာပဲ လူတွေက သံယောဇဉ် တွယ်ပြီးတော့ အကာနဲ့ ပဲ အချိန်ကုန်သွား
တယ်။ အနှစ်မရလိုက်ဘူး၊ လောကမှာ အနှစ်ဆိုတာ ဘာလဲလို့  ရှေးဆရာတော်ကြီးတွေ
ဟောထားတာရှိတယ်၊ ”ယံ-ကိဉ္စ ဗာဟိယံ ၀တ္ထု၊ ယထာကာမံ ပဘိဇ္ဇတု” ကိုယ့်ခန္ဓာကိုယ်၊
ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ တိုက်တွေ၊ စိန်တွေ၊ ကားတွေ၊ ရွှေတွေ၊ ငွေတွေ၊ အ၀တ်အစား
တွေ ခန္ဓာကိုယ်ကြီး အပါအ၀င်၊ ဒါတွေကို အပြင်ပစ္စည်းတွေလို့ ခေါ်တယ်။
”ဗာဟိယ”ံ-အတွင်း အနှစ်သာရ မဟုတ်တဲ့၊ အပြင်မှာဖြစ်တဲ့၊ ”ယံကိဉ္စိ ၀တ္ထု”-မည်သည့်
ပစ္စည်းမဆို၊ ”ယထာကာမံ ပဘိဇ္ဇမှိ”-သူဟာသူ ပျက်ချင်ပျက်ပါစေ၊ ဘာတွေပျက်ပျက် ဂရုမ
စိုက်နဲ့ လို့ ၊ ဒီလို ဆိုထားပါတယ်။ တန်ဖိုးမရှိတ၊ဲ့ အနှစ်သာရ မဟုတ်တဲ့ အကာတွေမှာ ပျက်
ချင်ပျက်ပါစေ။ ”အဇ္ဈတ္တမှိ အဘိန္နမှိ”-အတွင်းဖြစ်တဲ့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့
တကယ့်အနှစ်သာရ မပျက်စီးဘူးဆိုရင် (အကာတွေ ဘယ်လောက်ပျက်ပျက်) အနှစ်မပျက်
ရင် မပျက်ဘူးပါဘူ။ အနှစ်သာရ ရအောင်ယူဖို့  အရေးကြီးပါတယ်။ ဘ၀တစ်ခုမှာ သက်သက်
သာသာနဲ့  ဘ၀ခရီးကို လျှောက်လှမ်းစေနိုင်တဲ့ အနှစ်သာရကို ရအောင်ယူနိုင်တဲ့သူ ဖြစ်နိုင်
ပါစေသတည်း။ ။
{ ၁၃၆၉-ခုနှစ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ၏ အကာကိုပစ်၍ အနှစ်ကိုရှာ တရားတော်
မှ ကောက်နုတ် ရေးသားပါသည်။}


“မုန်းတုံ့ဖြေပါ”
•••••••••••••••••••••
မြတ်ဗုဒ္ဓက မုန်းတုံ့ဖြေနည်းကိုဤသို့ သွန်သင်ပြသ ဆုံးမတော်မူခဲ့သည်။
“မိမိမုန်းသည့် ပုဂ္ဂိုလ်အပေါ်
●မေတ္တာပွားခြင်း၊
● ကရုဏာထားခြင်း၊
● ဥပေဏ္ခာပြုခြင်း၊
● မေ့ပျောက်ပစ်ခြင်း၊
● ကံပိုင်ရှင်သဘောကို အခိုင်အမာဆွဲကိုင်ထားခြင်းဖြင့် ဖြစ်ပေါ်လာသောမုန်းစိတ်ကို အကြွင်းမဲ့ ပယ်ဖျောက်ပေးရမည်”ဟူ၏။

လူတိုင်း၊လူတိုင်းဤသို့ မုန်းတုံ့ကိုဖယ်၊မေတ္တာတုံ့လှယ်ကြမှသာလျှင်သာယာပျော်ရွှင်ဖွယ် ကောင်းသောဘဝကိုကြုံတွေ့နိုင်ပေသည်။
● လူအချင်းချင်းလည်းကောင်း၊
● လူမျိုးအချင်းချင်းလည်းကောင်း၊
● နိုင်ငံအချင်းချင်းလည်းကောင်းမုန်းတုံ့ပယ်လှန် ၊မေတ္တာတုံ့ပြန် ကြမှသာလျှင်ကမ္ဘာကြီး ထာဝရ ငြိမ်းချမ်းသာယာနိုင်ပေမည်။
လူမျိုးအချင်းချင်း မုန်းစိတ်ပွားကာအတောမသတ် အရက်စက်ဆုံး၊အကြမ်းကြုတ်ဆုံးဆင်နွှဲနေကြသောလူသတ်ပွဲကြီးများလည်း အကန့်အသတ်မရှိရပ်နားသွားကြပေလိမ့်မည်။
အမြောက်သံ ၊ဗုံးသံတိတ် ၊မေတ္တာပို့သံတွေတစ်ကမ္ဘာလုံး ညံလာပေလိမ့်မည်။
ယမ်းခိုးယမ်းနံတွေကင်းရှင်း၍မေတ္တာရနံ့တွေ ကြိုင်သင်းလာပေလိမ့်မည်။သို့ကြောင့်မို့ရရှိလာသောဘဝလည်း တန်ဖိုးရှိလေအောင်ကမ္ဘာကြီး ငြိမ်းချမ်းလေအောင် မေတ္တာတုံ့ဝေမုန်းတုံ့ ဖြေကြပါဟု အထပ်ထပ် ပြောချင်ပါသတည်း။-
(ပါမောက္ခချုပ် ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

သင်္ဂဟတရား လေးပါး
==============
၁။ ဒါန - ပေးကမ်းခြင်း

၂။ ပေယျဝဇ္ဇ - ချစ်ဖွယ်သောစကားကိုသာပြော
ခြင်း

၃။ အတ္တစရိယ - သူ့အကျိုးကိုသာ
ဆောင်ရွက်ပေးခြင်း

၎။ သမာနတ္တတာ - မိမိနှင့်ထပ်တူပြု ၍
ဆက်ဆံခြင်းတို့ဖြစ်သည်။


* ဟင်္သာအကြောင်းသိကောင်းစရာ ......
* စေတီ ပုထိုး စတာတွေ မှာ မကြာခဏ တွေ့ မြင် နေရတတ်တဲ့ နူတ်သီးမှာ အသီးလေးတစ်လုံးကို ကိုက် ချီ ထား တဲ့ ပုံ ဟင်္သာ ရုပ်လေး အကြောင်း ဦးဇင်း ရေးပြ ပါ မယ် ။
တစ်ချို့ သိ ပြီး သားဖြစ်နေပင်မဲ့ မသိတဲ့သူတွေ အတွက် ရည်ရွယ်ပြီး ရေးပြတာပါ ။

နောက်မို့ ဘာအဓိပ္ပါယ် နဲ့ လုပ်ထား မှန်း လဲ မသိ ..။
ပါးစပ် က ဘာကြီး ချီ ထား မှန်း လဲ မသိ ဘဲ ဘုရားဖူးသွား ချိန် မသိကြ တဲ့ မိတ်ဆွေ တွေ မေးလာရင် မဖြေတတ်မှာ စိုးလို့ ပါ ။

ဗုဒ္ဓဘာသာဝင် အားလုံး သိသင့် သိထိုက် တဲ့ ဇာတ်ကြောင်း လေး တစ်ခု ပါ ။
ရှေးအခါ ဗာရာဏသီပြည် ဗြဟ္မဒတ္ထ မင်း လက်ထက်မှာ ဗုဒ္ဓလောင်းလျာ ဟာ ဟိမဝန္တာတော အတွင်း ဇဝန ဟံသ ဟင်္သာ မျိုး မှာ ဖြစ်တော် မူ ခဲ့ ပါ တယ် ။
ဘုရား အလောင်း ဟင်္သာမင်းမှာ
ညီဟင်္သာ နှစ်ကောင်လဲရှိပါတယ်..။

ဇနဝဟံသ ဟင်္သာ မျိုး တွေ က အလွန် လျင်မြန်စွာ ပျံ သန်းနိုင်ပါတယ် ။ ထို့ ကြောင့် လည်း ဇဝန ဟံသ ရယ် လို့ ခေါ်ကြ တာ ပါ ။
ဇဝန = လျင်မြန်ခြင်း ။
ဟံသ = ဟင်္သာ ။ လျှင်မြန် တဲ့ ဟင်္သာ တွေ လို့ အဓိပ္ပါယ် ရတာ ပေါ့ ။

တစ် နေ့ မှာ ဟင်္သာ ညီငယ် နှစ်ကောင် က စဉ်းစားမိကြတယ်..။
ငါတို့ အမျိုးနွယ် ဟာ အလွန် ပျံသန်း မူမြန်ကြ တယ် ။
နေမင်းကြီး ဟာလဲ အလွန် သွားနူန်း မြန်တယ် ။ ငါတို့ နဲ့ နေမင်း ပြိုင် ကြရင် ကောင်းမယ်လို့ အတွေး ပေါ်သွား ကြပါ တယ် ။

အဲဒိ အခါ ညီငယ်ဟင်္သာ နှစ်ကောင် က နောက်နေ့ အရုဏ်တတ် လို့ နေမင်းကြီး စထွက် ချိန် မှာ ပြိုင် မယ် လို့ ဆုံးဖြတ်ပြီး ဘုရားအလောင်း ဟင်္သာမင်းကို တိုင်ပင် ကြပါတယ် ။
အလောင်းအလောင်းတော် ဟင်္သာ မင်းက နေမင်းကို တုဖက်ပြီး ပြိုင်ခြင်း မပြု သင့်ကြောင်း ညီငယ်တွေကို တားမြစ်ပါ တယ် ။
သို့ သော် ညီငယ် တွေ က စိတ်ဓာတ် တတ်ကြွ နေတဲ့ သူငယ်တွေ ဖြစ်တော့ အလောင်းတော် ဟင်္သာမင်း၏ တားမြစ်မူ့ ကို လက်မခံ ကြပါ ဘူး ။
လူငယ်ဆိုတာက ပင်ကိုယ်အရွယ် သဘော အရ စမ်းသတ်မူ့တွေ သိပ်လုပ်ချင် ကြတယ်လေ။

ဒိလို နဲ့ နောက်တစ်နေ့ အရုဏ် မတတ်ခင် ဟင်္သာ ညီငယ် နှစ်ကောင် ဟာ ယုဂန္ဓုရ် တောင်ထက်၌ နေမင်းကြီး ကို စောင့်နေကြ ပါ တယ် ။
ပြိုင်ဆိုင်ဖို့အတွက် စိတ်ဓာတ်တွေ အရမ်း တတ်ကြွနေ ကြ တဲ့ ဟင်္သာ ပျို နှစ်ကောင် မျှော် လင့် နေတုန်း မှာ နေမင်း ကြီး စတင်ထွက် ပေါ်လာ ခဲ့ပါ တယ် ။
ဟင်္သာပျိုနှစ်ကောင် လဲ လျှန်မြန်သော အဟုန်ကိုအသုံးပြုပြီး နေမင်းကြီး နဲ့ ယှဉ်ပြိုင် မူ့ စတင် ကြ ပါ တော့ တယ် ။
ညီငယ် ဟင်္သာ ပျိုး နှစ်ကောင် ဟာ နေမင်း ကြီး နဲ့ ယှဉ်ပြိုင် ပျံသန်း ကြ ပါ တယ် ။ မွန့်တည့်ခါနီးအချိန် ရောက်တော့ အငယ် ဆုံး ဟင်္သာ ညီငယ်လေး ဟာ ခံနိုင်ရည် မရှိတော့ ပါ ဘူး ။
နေမင်းကို တုပြီး အလွန် လျင်မြန်စွာ အစွမ်းကုန် ပျံ သန်းရ တဲ့ အတွက် အတောင် တွေကြားက မီး တောက်လောက် အောင်ပူပြင်း လာပါ တော့တယ် ။
အဲ့ဒီအချိန်မှာ အလောင်းတော် ဟင်္သာမင်း က ညီငယ်တွေကို စိတ်မချလို့ လိုက်လာပါ တယ် ။
ဆက်ပြီး မပျံနိုင်တော့ တဲ့ ညီ ငယ် တွေကို တွေ့သောအခါ ...
"" ညီငယ်တို့ စိုးရိမ်ခြင်း မဖြစ်ကြပါ နဲ့ ။ ညီ ငယ် တို့ အား နောင်တော် ကယ် တင်အံ့ ....""""
.............ဟုပြောဆိုပြီး ညီအငယ်ဆုံး ဟင်္သာ ညီလေးကို အတောင် ကြားတွင် ညှပ်ကာ စိတ္တကူဋ် တောင် သို့ ပြန် သယ်ဆောင် ခဲ့ ပါ တယ် ။
ထိုနောက် ညီအလတ် ထံ သို့ တဖန် လိုက် သွားပါ တော့ တယ် ။ ညီ အလတ် လဲ မပျံသန်း နိုင်တော့ ပါ ဘူး ။

တဖန် ညီအလတ် ကို သယ် ဆောင်ပြိး ပြန် ပို့  ပြန်ပါတယ်။ ညီငယ် တွေ ကို ကယ်ဆယ်ပြီး သော အခါ ကိုယ်တိုင် မိမိ အား အစွမ်း ကို စမ်းသပ်ကြည့် သော အားဖြင့် နေမင်း နဲ့ ယှဉ်ကြည့် ပါ တယ် ။
ဟင်္သာ မင်း သည် နေမင်း ရဲ့ ရှေ့ ၊ နောက် ၊ ဝဲ ၊ယာ ပေါင်း ဆုံးပျံသန်း ရင် အကြံတစ် ခု ဖြစ်ပေါ်လာ ပါ တယ် ။ တစ်ချိန်က ငါ ဗာရာဏသီမြို့ ပေါ်က ဖြတ်ပျံတုန်း က ပြည်ရှင်မင်း ကြီးက မိတ်ဆွေဖွဲ့ ဘူးတယ် ။
ခုလို အကျိုးမရှိ နေမင်း နဲ့ ပြိုင် နေတာ ထက်စာရင် ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ္ထ မင်းကို တရားသွားဟောတာ အကျိုး ရှိတယ် လို့ အကြံဖြစ်သွားပါ တယ် ။
အင်မတန် အတုယူစရာ ကောင်း ပါတယ် ။
ယ္ခုကြည့် ပါ ဟင်္သာ မင်းဟာ အနိုင်ရရှိရေး ဂုဏ် ပုဒ်ကို မယူပဲ အများ အကျိုး ဆောင် ရွက်ဖို့ အတွက် ဗာရာဏသီ ပြည့်ရှင်မင်း ထံ ပျံသန်း လာပါ တယ် ။

ဗာရာဏသီပြည့်ရှင် မင်းကြီး လဲ ဟင်္သာမင်းလာတာ ကို မြင်လျှင် ကြို ဆို ဧည့်ခံပြီး ပန်းပေါက်ပေါက် စသည်တို့ဖြည့် ကြွေးမွေးပါတယ် ။
ထို့နောက် လာရင်းအကြောင်းကိုမေးရာ အလောင်းတော် ဟင်္သာမင်းသည် နေမင်း နှင့် ယှဉ်ပြိုင်ပုံအကြောင်းစုံကို မင်းကြီး အား လျောက်တင်ပါ တယ် ။
မင်းကြီး လဲ နေမင်း ကို ယှဉ်ပြိုင် ခဲ့ တဲ့ အဟုန်ကို ရှုစားလိုပါ၏ဟု...
တောင်းဆိုပါတယ် ..။

ထိုအခါ ဟင်္သာမင်းက နေမင်းကို ပြိုင်ဆိုင် ခဲ့ တဲ့အဟုန် အစစ်ကို ပြလို့ မလွယ်လှပါ ။
သို့သော် နေမင်းကို ပြိုင်ဆိုင်တဲ့ အဟုန်ကို သိနိုင်ရန် အတုလုပ်ပြပါမည်ဟုဆိုပါတယ် ။
ယင်းနောက် ဟင်္သာမင်းသည် အတော်ဆုံး လေးသည်တော် လေးယောက် ကို ရွေးစေ၍ အရပ် လေးမျက်နှာသို့ မျက်နှာ မူစေ၏ ။
ထိုလေးသည်တော် လေးယောက် တို့ ၏ အလယ်တွင် တိုင်တစ်တိုင် စိုက်စေ၏ ။
ဟင်္သာမင်း၏ လည်တွင် ခြူတစ်လုံး ကို ချိတ်ဆွဲစေ၏ ။

ထို့နောက် ဟင်္သာမင်းသည် လေးသည်တော်တို့အား မိမိအားတပြိုင်တည်း ပြစ်ရန် မှာကြားလေ၏..။
ဟင်္သာမင်းသည် တိုင်တိပ်၌ နား လေ၏ ။
လေးသည် တော် တို့ ၏ အရပ်လေးမျက် နှာ သို့ ပြိုင်တူ ပြစ်သော မြားတို့ ကို ဟင်္သာ မင်း သည် လျှင်မြန်စွာ ပျံသန်ပြီး နူတ်သီး ဖြင့်ရအောင် ချီလေ၏ ။
ထို့နောက်လေးသည်တော် တို့၏ ခြေရင်း၌ စုပုံထားပေး၏ ။
ထိုသို့ ပျံသန်း သော အဟုန်သည် မြန်လွန်း ၍ ဟင်္သာမင်းကို မမြင်ရ ခြူသံကိုသာ ကြားရလေ၏။

လေးသည်တော်တို့၏ မြှား များ ကုန်သော အခါမှ ဟင်္သာမင်းသည် မူလ တိုင်ထိပ်တွင် ပြန်နားလေ၏။
မင်းကြီး အား.... " အရှင် မင်းကြီး အကျွန်ူပ် တို့ ၏ အမြန်နူန်း သည် ဟီန ၊ အညံ့စား ။ မစ္ဆီမ ၊ အလယ် လတ်စား ၊ ပဏီတ ၊ အမြတ်စား ဟုသုံးမျိုးရှိလေ၏ ။
ယ္ခု ပျံသန်းသောနူန်း သည် ဟီန ဟု ခေါ်သော အညံ့စား မြန်နူန်း မျှသာ ဖြစ်ပါ ၏ ။ " ဟုဆိုလေ၏။
ထိုအခါ မင်းကြီး သည် " အဆွေတော် ဟင်္သာ မင်း ဤ အဟုန်သည် ဤ မျှမြန်နေလျှင် သင်တို့၏ ပဏီတ ဟု ခေါ်သော အမြန်ဆုံး အဟုန်နူန်း ကတော့ ဆိုဖွယ်ရာ မရှိတော့ ပြီ ။
လောကကြီးမှာ အမြန်တကာထက် အမြန်ဆုံး ဖြစ်ရမယ် ။
ဒိထက် မြန်သေးသော အရာ ရှိနိုင်အုံး မည် လော ? " ဟု ဟင်္သာ မင်း ကို မေး လေ ၏။

ထိုအခါ ဟင်္သာ မင်း သည် "အရှင် မင်းကြီး ...... အကျွန်ူပ် တို့ ၏ အဟုန် ထက် သေခြင်းတရား သည် အဆပေါင်း ထောင် , သောင်း မက မြန်လှပါတယ်..."" ဟု အစချိ၍ သေခြင်းတရား ၏ မြန်ပုံ နှင့် မသေခင် ကုသိုလ် ကောင်းမူ့ များ ပြုရန် တရားဟောလေ၏။
သေခြင်းတရား သည် အလွန် လျင်မြန်လှပါ သည် ။
သတ္တ၀ါတို့သည် သေခြင်းတရားကို မေ့လျော့နေပြိး လောဘ..ဒေါသ ..မောဟ တွေနဲ့သာ အချိန် တွေကုန်နေကြ၏။

ငါဒီနေ့ သေသွားရင် ဘယ်ဘုံရောက် နိုင် လဲ ကုသိုလ်တွေ ဘယ်လောက် လုပ်ထား ပြီးပြီ လဲ ဟု အမြဲ ဆင်ခြင် နေ ရ ပါ မည် ။
သေခြင်း တရားကို မည်သူမျှ အစိုးမရ ပါ။
သေမင်း သည် ကြီးတယ် ငယ်တယ် မရွေး ချယ် ပါ ..... အစရှိသဖြင့် မသေခင် ကျန်ရှိသေး တဲ့ အချိန်လေး မှာ ကုသိုလ် ကောင်းမူ များ အလျင် အမြန်ပြု ရန် ဟင်္သာ မင်းသည် ဗာရာဏသီ မင်း အား တရား ဟော လေ ၏။
ဗာရာဏသီ ပြည့်
ရှင်မင်းကြီး လဲ ဟင်္သာမင်း၏ တရားကို နာရ သဖြင့် ဟင်္သာ မင်း အပေါ်ကြည် ညို မူများ ပိုမို ဖြစ်ပွားလာပြိး ဟင်္သာမင်း၏ အဆုံးအမ အတိုင်း လိုက်နာလေတော့ ၏။

ဟင်္သာမင်းနားခဲ့တဲ့ တိုင်ထိပ်တွင် လည်း ဟင်္သာမင်းရုပ် ထုပြုလုပ်စေခဲ့ ၏။
ထိနုအချိန်မှစ၍ အများ ပြည် သူများ သည် သေခြင်းတရားကို တရားဟော ပြ သော ဟင်္သာ မင်း ကို ဂုဏ် ပြုသော အားဖြင့် ဟင်္သာရုပ်ကို တံခွန်တိုင် ထိပ်များတွင် ထုလုပ်ထားကြလေ၏ ။
တစ်နည်းအားဖြင့် ဟင်္သာမင်း ခြူလေး ကို ချီနေပုံကို တွေ မြင်ပြီး ဟင်္သာမင်း ဟောခဲ့ တဲ့ သေခြင်း၏ လျင်မြန်ပုံကို အမှတ်ရကာ မသေခင် ကုသိုလ် တရားများ ပြုလုပ် ထားကြ စေလို၍လည်း ဖြစ်ပါတယ် ။
ယ္ခု တိုင် စေတီ ပုထိုး ကျောင်း စသည် များ တွင် ဟင်္သာ မင်း ခြူလေး ကို ချီထား ပုံ များကို တွေ့  မြင် နိုင် ကြ ပါ သည် ။
( မှတ်ချက်။ ။ တစ်ခါ တစ်ရံ ဟင်္သာ မင်း ၏ နူတ်သီးတွင် ခြူ အစား သစ်သီး ဝလံ စတာတွေ ကို ချီထားတဲ့ ပုံ တွေ့ရတတ် ပါ တယ် ။ မူရင်း အတိုင်း ခြူလေး ကို ချီထား တဲ့ ပုံ ပဲ လုပ်သင့် သည် ဟု ထင်မိပါ သည်။)
ဤ ဟင်္သာမင်း ဇာတ် တော် ကို တေရသက နိပါတ်တော် ၊ ဇဝနဟံသ ဇာတ် မှ ထုက်နုတ်ပြီး ရေး ပါ သည် ။ ဦးဇင်း ရေး သော စာ ပေ များ ကို မည်သူ မဆို လွတ်လပ်စွာ ထပ်ဆင့် မျှဝေ ဒါန ပြု နိုင် ပါ သည် ။
ဓမ္မမိတ်ဆွေ စာဖတ် သူ အပေါင်းသည် လည်း ဟင်္သား ဟော ခဲ့ သည့် အတိုင်း သေ ခြင်း ၏ လျင်မြန် ပုံကို ဆင်ခြင် နှလုံးသွင် ၍ မသေခင် အချိန် လေး မှာ ကုသိုလ် တရား တွေ များစွား ပြုနိုင် ကြ သူ များ ဖြစ်ကြပါ စေ။
အရှင် ဗုဒ္ဓ သိဿ


* မေတ္တာ ပေါက်ရောက်ရန်အင်္ဂါရှစ်တန်'
၁.. အာသေ၀ိတ....မိမိမှာဖြစ်သော မေတ္တာစိတ်ကို ပျက်မသွားရအောင် တရိုတသေ ဂရုတစိုက်ရှိစေရမည်။
၂.ဘာဝိံ တ... မေတ္တာ စိတ်ပျက်မသွားစေပဲ တိုးပွားလာအောင်လုပ်ရမည်။
၃. ဗဟုလီကတ... မေတ္တာ ကိုတစ်ခါတစ်လေသာမက. အကြိမ်ကြိမ်ဖြစ်စေရမည် ။
၎.ယာနီကတ... မေတ္တာ ကိုစီးစရာယာဉ်လို သဘောထားပြီး မိမိသွားရာ မေတ္တာ အမြဲပါရမည်။
၅. ၀တ္ထု ကတ... မေတ္တာသည် ငါ၏ တည်ရာ မှီရာဟု စိတ်စွဲထားရမည်။
၆.အနဋ္ဌိတ... မေတ္တာကိုရှေ့သွားပြုရမည်။ ဘယ်သွားသွား ဘာလုပ်လုပ် မေတ္တာ ကို ရှေ့ကထားရမည်။
၇. ပရိစိတ... မိမိဝန်းကျင်မှာ မေတ္တာ စိတ်ဖြင့်ရံထားရမည် ။
၈. သုသမာရဒ္ဓ... ကောင်းစွာပြုရမည်။ ကောင်းစွာအားထုတ်ရမည်။
ဝါးလုံးသစ်လုံးကြီးများကို ၀ါးဖောင် သစ်ဖောင်ဖြစ်အောင် ကြိမ်ကြိုးတို့ဖြင့် ကောင်းစွာချည်နှောင်ဖွဲ့ရသည် ။ ကြိုး...ကြိမ် မရှိလျှင် မဖြစ်နိုင် ။
အိမ်. ကျောင်း လှေ သင်္ဘော စသော အဆောက်အဦး ကြီးတွေဖြစ်အောင် သံစို့တို့ဖြင့် ရိုက်နှက် ဆက်သွယ်ရသည်။ သံစို့မရှိလျှင် မဖြစ်နိုင် ။
အထပ်ပေါင်းများစွာ ရှိသော တိုက်တာ ဘုရားစေတီများ တည်ဆောက်ရာဝယ် ဘိလပ်မြေ အင်္ဂတေတို့ဖြင့် ဖွဲ့နှောင်ရာ၏ ။ ဘိလပ်မြေ အင်္ဂတေ မရှိက မဖွဲ့နှောင်သကဲ့သို့ ပင်....။
လောက၌ မေတ္တာ ဓာတ်စွမ်းရည်သည် အကောင်အထည်မရှ်သော်လည်း ဖွဲ့နှောင်ချည်တွယ်တာမှု့ကို ဖြစ်စေသော သတ္တိထူး ရှိလေသည်....။'

ယိုးဒယားသို့ ရာဇသံ
..............................
ငါမတရားလို့ ငါမှားရင်
ငါ့အသားမျှင် အသက်သွေး
ပေးဖို့ မကြောက်။

ငါ့တရား မှန်မူက
ဘသိကြားပင် ရန်မူစေတော့
ဇမ္ဗူ မြေ အမှားမသန်းရအောင်ပ
ဓားထမ်းကာ အမိုက်တသင်းကို
တိုက်ရှင်းဖို့လျှောက်။

ငါ့နိုင်ငံသားက
မတရားခဲ့ရင် မင်းသတ်လိုက်
မိုက်ပြစ်ကို ဖြေပေးပါလို့
လေသွေးကာ ဦးမညွှတ်။

အများ အသိ အမြင်
တရားမညှိ မယှဉ်သောအမှုပေမို့
ထုချေလွှာ ရာဇသံအမိန့်ရယ်နဲ့
မြေသိမ့်အောင် ထုနှက်ညှင်းလိုက်မယ်
(ဟေ့...ငါ့နိုင်ငံသားနှစ်ယောက်ကို)
ခုချက်ချင်းလွှတ်။

ဗေဒါဆွေ(ရွှေဘိုသား)
၂၄.၁၂.၁၅


ဖြေသိမ့်လိုက်ပါ
©©©©©©©©©©©©©

ပေးဆပ်မှု့တွေအတွက်
တုန့်ပြန်မှု့က လေးလံနေတဲ့အခါ
သည်းခံခြင်းနဲ့ ဖြေသိမ့်ပါ..???

တောင်းဆိုမှု့တွေအတွက်
ဖြည့်ဆည်းမှု့က မလုံလောက်တဲ့အခါ
ရောင့်ရဲခြင်းနဲ့ ဖြေသိမ့်ပါ..???

နာကျင်မှု့တွေအတွက်
ကုစားမှု့က မထိရောက်တဲ့အခါ
ကံတရားနဲ့ ဖြေသိမ့်ပါ..?????ု


လူတကာ ပူဇာစ
ခံရတဲ့ အာနိသင်။

လူ့အလို လူ့အကြိုက်
မလိုက်က ငြိုငြင်။

လူထဲတွင်
နေချင်တဲ့ တို့များ။

သောကတွေ လူ့ကြောင့်ပွားတယ်
တောထွက်ချင်သား။


* ခုန်မချနဲ့ ချောက်ကအမြင့်ကြီး ......
* ရုတ်တရက် ဖြတ်ပြေးလာတဲ့ အတွေးကို
မင်းက ဆီးဖမ်းတတ်တုန်းပဲ
လွှဲချလို့ကောင်းတာ ကံတရားဆိုရင်
ငါတို့ လွဲရဦးမှာလား
မြင်အောင်ကြည့် ဟိုးအဝေးကြီးထိ မလိုဘူး
ငိုနေမယ့် မျက်ရည်တွေ ငါ့ကို ခဏပေးထား
မင်းမသိအောင် မီးရှို့ပစ်ချင်လို့ .....

* ဒီနေ့ထုတ် သတင်းစာတွေ ဖတ်ကြည့်
အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့စည်းတွေတောင်
အားညှိနေကြဆဲ
ငါတို့ကြားမှာ ရံဖန်ရံခါ ဖြတ်ဝင်လာတဲ့ လေစိမ်းက
ခပ်ပါးပါးပဲ ရှိပါသေးတယ် ......

* မင်း မမြင်နိုင်သေးတဲ့ အကွေ့တွေထဲ
ငါလည်း ခဏခဏ မှောက်လဲဘူးတာပဲ
ဒီတစ်ခါ တူတူ ဖြတ်ကျော်ရင်တော့
တစ်ယောက်တစ်လှည့်စီ ဆွဲထူကြတာပေါ့
ခုလို မနေပါနဲ့
ကြိုသိခဲ့ရင် ငါလည်း မင်းဘေးရောက်နေမိမှာ......။ ။

စစ်မင်းနေ
ကြိုက်လို့ ကူးတင်တယ်။ ဒါပဲ ....

  ကုသိုလ်ကံဖြစ်ခြင်းအကြောင်းတရားလေးပါး။
(၁) သင့်တင့်လျောက်ပတ်သောအရပ်၌နေရခြင်းတပါး။
(၂)သူတော်ကောင်းတို့ကို ပေါင်းဖော်မှီဝဲ ဆည်းကပ်ရခြင်းတပါး။
(၃) မိမိ၏ ကိုယ်စိတ်နှလုံးကို ကောင်းစွာဆုံးမရခြင်းတပါး။
(၄) ရှေးဘ၀ကပြုခဲ့ဘူးသော ကောင်းမှုရှိသောသူ၏အဖြစ်တပါး ဤသို့အားဖြင့် လေးပါးအပြားရှိတယ်။

      ထိုလေးပါးတို့၏ ဥပမာကိုတင်ပြရရင်....

(၁) သာဝတ္ထိပြည်ကြီးဟုဆိုအပ်သော တင့်အပ်လျောက်ပတ်သော အရပ်၌နေကြကုန်သော အမျိုးကောင်းသား အမျိုးကောင်းသမီးတို့မှာ နံနက်အခါ၌ ဘုရားရှင်နှင့်တကွ ဘုရားတပည့်သံဃာတော်တို့အား ပိဏ္ဍပါတ်ဆွမ်း လှူဒါန်းပူဇော်ရခြင်း ညနေချမ်းအချိန်အခါ ပန်းနံ့သာလက်စွဲလျှက် ဇေတ၀န်ကျောင်းတော်သို့သွားပြီးလျှင် မနိုင်းယှဉ်ဘွယ် တင့်တယ်သော အဆင်းတော်ကိုဖူးမြှော်ပြီးခါ ကရ၀ိတ်ငှက်မင်း ဗြဟ္မာမင်း၏အသံနှင့်တူသော အသံတော်ဖြင့် ထုတ်ဘော်ဟောတော်မူအပ်သော တရားတော်ကို နာကြားကုန်သည်ဖြစ်၍ များစွာသောကုသိုလ်တရားတို့ဖြစ်ပွါးပုံကိုထောက်၍ သင့်တင့်လျောက်ပတ်သောအရပ်၌နေရခြင်းကိုလည်း ကုသိုလ်ဖြစ်ခြင်း၏ အကြောင်းရင်းတပါးဟူ၍ မှတ်သားရာ၏။

      (၂) ၀ိသာခါနှင့်ပေါင်းဖော်ရသည့်အတွက် သောတာပန်တည်သော မိဂါရ သူဌေး စူလသုဘဒ္ဒါနှင့်ပေါင်းဖော်ရသည့်အတွက် သောတာပန်တည်ရသော ဥဂ္ဂသူဌေးစသည်တို့၏၀တ္ထုများကို ထောက်ထားဆင်ခြင်ပြီးခါ သူတော်ကောင်းနှင့်ပေါင်းဖော်မှီဝဲရခြင်းကိုလည်း ကုသိုလ်ကံဖြစ်ခြင်း၏ အကြောင်းရင်းတပါးဟူ၍ မှတ်သားရာ၏။

      (၃) လောဘ ဒေါသ မောဟစသောယုတ်မာညစ်ညမ်းကြမ်းတန်းသောစိတ်တို့ကို သတိပညာ သဒ္ဒါချွန်းချိတ်ဖြင့် ငင်ချိတ်ချုပ်တည်းစောင့်စည်းပယ်ထွင် သုတ်သင်ရှင်းလင်းပြီးလျှင် မိမိကိုယ်နုတ် နှလုံးတို့ကိုဆုံးမဆောက်တည်ခြင်းကိုလည်း ကုသိုလ်ကံဖြစ်ခြင်း၏ အကြောင်းရင်းတပါးဟူ၍ မှတ်သားရာ၏။


      (၄) ရှေးကပြုခဲ့ဘူးသော ကောင်းမှုရှိသောသူအား ကုသိုလ်ဖြစ်ပွါးရာ အခွင့်ကြုံကြိုက်တိုက်ဆိုင်မိခြင်း ရှေးဘ၀ကပြုခဲ့ဘူးသော ကုသိုလ်ကံက ကုသိုလ်ထပ်မံ၍ဖြစ်ပွါးအောင်တိုက်တွန်းနှိုးဆော်တတ်ခြင်းအားဖြင့် ရှေးကပြုခဲ့ဘူးသောကောင်းမှုရှိသောသူ၏အဖြစ်ကိုလည်း ကုသိုလ်ကံဖြစ်ခြင်း၏အကြောင်းရင်းတပါဟူ၍မှတ်သားရာ၏တဲ့။



         လျောက်ပတ်နေရာ နေအပ်ပါ၏ မိတ်ဆွေကောင်းနှင့် ပေါင်းဖော်ရာ၏
         ကိုယ်နှုတ်စိတ်များ ကောင်းစွာထားလေ ရှေးကကောင်းမှု့ပြုသူဖြစ်စေ
         ထိုသူထံသို့ ခြံရံချမ်းသာ ဥစ္စာစပါး ကျော်ကြားခြင်းများ ဒီရေလားမို့ တိုးပွါးမည်သာ။

No comments:

Post a Comment