*** မနာလိုစိတ် .......
* မနာလိုစိတ်ဟူသည် လူ့ဘဝ၌စိတ် ချမ်းသာမှု ပျက်ယွင်းစေမည့် အဓိကအကြောင်းအရင်းကြီး
တစ်ခုဖြစ်သည်။
* မနာလိုစိတ်သည် မဆီမဆိုင်ယှဉ်ပြိုင်မှုများကြောင့် ဖြစ်ပေါ်လာသည်။
ကိုယ့်မှာရှိသည့်အရာကို လျှော့ တွက်သည်။ သူ့မှာရှိသည့်အရာကို ပိုတွက်သည်။ သူ့အကြောင်းနှင့်သူ
ဖြစ်သည့်ကိစ္စကို ကိုယ့်အကြောင်း နှင့် ကိုယ် မဖြစ်သည့်ကိစ္စနှင့် နှိုင်းယှဉ်သည်။
* ကိုယ်ချမ်းသာတာကို မေ့ထားကာ သူပညာတော်တာကို မနာလိုဖြစ်သည်။
သူအသားမဲတာကို မေ့ထားခါ ကိုယ့်ထက်အရပ်ရှည်တာကို မနာလိုဖြစ်သည်။
* သူမအိပ်မနေကြိုးစားတာစဉ်က ကိုယ်အေးဆေးနေတာကိုမေ့ကာ
သူ့အောင်မြင်မှုကို မနာလိုဖြစ်သည်။ မနာလိုမှုမှန်သမျှသည် အဓိပ္ပာယ်မရှိသကဲ့သို့
မနာလိုဖြစ်သူအတွက်လည်း အကျိုးကျေးဇူးကင်းမဲ့သည်။
* မနာလိုခြင်းကြောင့် လူတော်များကို လူကောင်းများကို ချီးမွမ်းရန်
ပျက်ကွက်သည်။ သူတော်ချင်းချင်း သတင်းလွေ့လွေ့ဆိုသကဲ့သို့ မနာလိုမှုကြောင့်အရာခပ်သိန်းဆုံးရှုံးမှုများကြုံတွေ့ရသည်။
* မနာလိုစိတ်သည် မိန်းမယောင်္ကျားမခွဲကြား။ လူကြားထဲတွင်
သူများမကြောင်း ထိုင်ပြောနေသူ ယောင်္ကျားရင့်မာကြီးများကို မကြာခဏတွေ့ရသည်။
* နောက်ဆုံးပြောရလျှင် ထိုစိတ်သည်အောက်တန်းကြသောစိတ်ဖြစ်သည်။
ထိုစိတ်များများမွေးသူများ
သောအရပ်သည်တိုးတက်မှုနှေးကွေးသည်။ စည်းလုံးမှုမရှိ။ထိုကြောင့်တရား မကျင့်လျှင်နေ မနာလိုစိတ် မမွေးဖို့တော့ လိုအပ်ပေသည်။**********
သောအရပ်သည်တိုးတက်မှုနှေးကွေးသည်။ စည်းလုံးမှုမရှိ။ထိုကြောင့်တရား မကျင့်လျှင်နေ မနာလိုစိတ် မမွေးဖို့တော့ လိုအပ်ပေသည်။**********
No comments:
Post a Comment