ဖယောင်းတိုင်လေးတိုင် အခန်းထဲမှာ လောင်ကျွမ်းနေကြတယ်။ အဲဒီဖယောင်းတိုင်တွေက စကားပြောတယ်။ ပထမဆုံးတစ်တိုင်ကတော့ " ငါက ကြွယ်ဝချမ်းသာမှုပဲ ငါ့ကိုလူတိုင်းက အလိုရှိကြသလို ငါကလဲ လူတိုင်းရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးနိင်တယ်။ တစ်ချို့ကတော့ ငါ့ကို မကောင်းဘူးလို့ ပြောတတ်ကြတယ်။ဒါပေမယ့် ငါဟာ အားလုံးလိုချင်တဲ့ အရာတစ်ခုပေါ့"
အဲလိုပြောပြီးမကြာခင်မှာ လေတစ်ချက်တိုက်လိုက်တာကြောင့် အဲဒီဖယောင်းတိုင် မီးငြိမ်းသွားတယ်။
နောက်ဖယောင်းတိုင်တစ်ခုက စကားပြောတယ်။
" ငါဟာ ချစ်ခြင်းမေတ္တာပဲ တစ်ခါတစ်လေမှာ လူတွေက ငါ့ကိုမေ့နေကြပေမယ့် ငါမရှိတော့မှ တန်ဖိုးထားရကောင်းမှန်းသိတယ် ဘာပဲပြောပြောငါဟာ လူတစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးကို ပြေလည်စေတဲ့အရာပဲ"
အဲဒီအချိန်မှာပဲ လေတိုက်ပြီးတော့ မီးငြိမ်းသွားလေရဲ့။
နောက်ဖယောင်းတိုင်က စကားပြန်ပြောပြန်တယ်။
" ငါကတော့ ငြိမ်းချမ်းမှုပဲ အရာအားလုံးကို အကောင်းဖြစ်အောင်ထိန်းကျောင်းနိုင်စွမ်းရှိတယ်။ ငါ့ရဲ့အစွမ်းတွေနဲ့ လူသားတွေအားလုံး ချစ်ခင်ကြတယ်။ ငါ့ကို လူတိုင်းက အလိုရှိတယ်"
အဲဒီဖယောင်းတိုင်လဲ လေတိုက်ပြီးတော့ မီးငြိမ်းသွားပြန်ရော။
အဲဒီအချိန်မှာပဲ အခန်းထဲကို ကောင်လေးတစ်ယောက်ရောက်လာတယ်။မီးငြိမ်းနေတဲ့ ဖယောင်းတိုင်တွေကို ကြည့်ပြီးတော့ငိုတယ်။ ဖယောင်းတိုင်၃ခုက ငြိမ်းနေပြီဆိုတော့ သူဘာလုပ်ရမလဲလို့ရေရွတ်တယ်။အဲဒီအချိန်မှာပဲ နောက်ဆုံးကျန်နေတဲ့ ဖယောင်းတိုင်က စကားထပြောတယ်
" ကောင်လေး ဘာမှမပူနဲ့ အဲဒီအရာတွေကို ငါပြန်ပြီး မီးညှိပေးနိုင်တယ်။ ငါက မျှော်လင့်ချက်ပဲ ။မျှော်လင့်ချက်နဲ့ ထက်သန်တဲ့ စိတ်ဆန္ဒသာရှိမယ်ဆိုရင် ချစ်ခြင်းမေတ္တာရော၊ ကြါယ်ဝချမ်းသာမှုရော၊ ငြိမ်းချမ်းမှုကိုပါ မင်းရှာတွေ့နိုင်မယ် ထင်ရဲ့"
မောင်စိုင်း

No comments:
Post a Comment