Sunday, September 28, 2014

* ဘေးတိုက်ဆင်း မသွားပါနဲ့ .......

* ဘေးတိုက်ဆင်း မသွားပါနဲ့ .......
 
ဒီနေ့ ပုံပြင်လေးတစ်ပုဒ်ကြားလိုက်ရတယ်..မှတ်သားစရာလဲကောင်းသလို ဟာသလေးလဲ ဖြစ်တယ်..တွေးတတ်ရင်တော့ တွေးတတ်သလိုပေါ့ဗျာ….။ ပုံပြင်လေးက ဒီလိုဗျ…
တစ်ခါက ရွာတစ်ရွာဘေးမှာ အိုင်ငယ်လေးတစ်ခုရှိတယ်.။ အဲဒီအိုင်လေးမှာ ငါးတွေ ဂဏန်းတွေနေကြတာပါ..ထုံးစံအတိုင်း နွေရာသီရောက်တော့ ရေတွေခမ်းခြောက်စပြုလာပြီ။ ငါးတွေလည်းရေနည်းလာတဲ့ အိုင်မှာ ဗျိုင်းစား ကျီးထိုးဒဏ်ကို တော်တော်ခံစားရပြီး တဖြည်းဖြည်းပါးလာပြီ။ ဂဏန်းတွေကတော့ တွင်းအောင်း နေတာဆိုတော့ သူတို့ ကတော့ ဗျိုင်းစား ကျီးထိုးဒဏ်ကနေ လွတ်တယ်ပေါ့ဗျာ။
ဒီလိုနဲ့ မိုးလေးပြန်ရွာပြီး တွင်းထဲက ထွက်တဲ့အချိန်ရောက်လာတော့ ဂဏန်းခေါင်းဆောင်ကြီးက အစည်းအဝေးခေါ်လိုက်တယ်ပေါ့ဗျာ။ ဂဏန်းတွေကလည်း အစည်းအဝေးလာတက်ကြတယ်ပေါ့။ ဂဏန်းခေါင်းဆောင်ကြီးက ဘာပြောလဲဆိုတော့ ငါတို့ တွေ တွင်းထဲမှာနေတဲ့ ဥာဏ်ရှိလို့ အခုလို အခြားသတ္တ၀ါတွေစားသုံးခြင်းရန်က ကင်းလွတ်ခဲ့ရတာပေါ့။ ငါတို့ မှာ တစ်ခုပဲ အားနည်းချက်ရှိတယ်။ အဲဒါလေးကို ပြင်လိုက်မယ်ဆိုရင် ငါတို့ တော်တော်ကောင်းပြီလို့ ပြောသတဲ့။ အောက်ကလဲ ဘာ အားနည်းချက်ကို ပြုပြင်ရမလဲလို့ မေးတာပေါ့ဗျာ..ဘေးတိုက် သွားနေတာ ငါတို့ အားနည်းချက်ပဲ။
ဒီတော့ ဒီနေ့ ကစပြီး တည့်တည့်သွားကြမယ်လို့ ပြောသတဲ့။ ဂဏန်းအားလုံးကလည်း ထောက်ခံကြောင်း လက်ခုပ်လက်ဝါးတီးတာပေါ့ဗျာ…အစည်းအဝေးပြီးတော့ ခေါင်းဆောင်ကြီးက ဘေးတိုက် ဆင်းသွားပါသတဲ့ဗျာ………..ဟဲ.ဟဲ..ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ << တည့်တည့်သွားမယ်ဆိုပြီး ဘေးတိုက်တော့ ဆင်းမသွားပါနဲ့ …..ကြီးဒေါ်ကြီး………..ရေ>>>
သခင် ခက်ထန်

No comments:

Post a Comment