Sunday, September 28, 2014

* ချစ်နိုင်ကြပါစေ .....

* ချစ်နိုင်ကြပါစေ .....
* မေတ္တောဒကာ သီတလန္တိ၊ တပန္တိ ဒေါသပဋိဃာ။
ဒွိဝါဒံ ဥာဏံ စရိတွာ၊ ပိယာယန္တု သုခိစ္ဆိတာ ။ ။

* ဘောန္တော၊ လူ့ဘုံဒေသ လူ့လောက၌ ဒုက္ခပယ်ခွါ သုခရှာလျက် ချမ်းသာလိုလား အို ... အမျိုးကောင်းသား အမျိုးကောင်းသမီးအပေါင်း သူတော်ကောင်းတို့။ လောကေ၊ ၀ါဒတွေက အဖုံဖုံ ပကာသနတွေက အစုံစုံ မာန်ဟုန်တွေလွင့်ပါးလျက် ရန်မီးတွေများ
နေကြသည့် ဤကမ္ဘာလောကတလွှား၌။ မေတ္တောဒကာ၊ အေးမြသန့်စင် ကြည်လင်
ရွှင်ပြခြင်းဆိုတဲ့ မေတ္တာရေစင်သည်။ သီတလန္တိ၊ ပို့သူ ရသူ နှစ်ဆူ နှစ်ရပ် တပ်အပ်
ထင်ရှား သတ္တ၀ါများကို အအေးတရားကိုသာ ပေးစွမ်းနိုင်ကြပါပေကုန်၏။ ဒေါသ- ပဋိဃာ၊ သူရောငါပါ နှစ်ဖြာဖျက်ဆီး အမျက်ကြီးခြင်းတဲ့ ဒေါသ၊ ပူပန်စေတတ် ထိပါး- တတ်ခြင်းဆိုတဲ့ ပဋိဃ ဤနှစ်ဝသော တရားတို့သည်။ တပန္တိ၊ သူ့မှာလဲမရွှင် ကိုယ့်မှာလဲ
ပူပင် နှစ်ဦးသာတွင် အကျိုးမပွားဘဲ အပူမီးကိုသာ ပွားစေတတ်ပါပေကုန်၏။

* ဣတိ၊ ဤသို့။ ဒွိဝါဒံ၊ အေးမြသန့်စင် ကြည်လင်ရွှင်ပြခြင်းဆိုတဲ့ မေတ္တာဝါဒ၊ ပူပန်
စေတတ် ထိပါးတတ်တဲ့ ပဋိဃ၀ါဒ ဤနှစ်ဝသော ၀ါဒတွေကို။ ဥာဏံ စရိတွာ၊ ဘယ်သင်း ဘယ်ဟာ ဘယ်အရာ ဘယ်ဝါဒက အေးမြစေနိုင်ပါသတည်း-ဟု ကိုယ်ပိုင်
ဥာဏ်ဖြင့် ဝေဖန်စဉ်းစား ကိုယ်ကိုယ်တိုင် သတိထားကြကုန်ပြီး၍။ သုခိစ္ဆိတာ - သခု ဣစ္ဆိတာ၊ ချမ်းသာမျိုးမှန် အဖိုးတန်ကို ဧကန်လိုလား (face book ပေါ်မှ) အမျိုးကောင်းသား အမျိုးကောင်းသမီးအပေါင်း သူတော်ကောင်းတို့သည်။ ပိယာယန္တု၊
အပြစ်မမြင် မေတ္တာဝင်၍ ချစ်ခင်ပေါင်းသင်း အချင်းချင်းလျှင် ယိုင်းပင်းကူညီနိုင်ကြ ပါစေကုန်သတည်း .....
(အရှင်သီလာစာရ - မြတောင်ကျောင်း၊ 27.9.2014)

No comments:

Post a Comment