Wednesday, November 14, 2012

““အရှာမမှားကြစေဘို့””

““အရှာမမှားကြစေဘို့””
၁၃၇၄-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၇) ရက်နေ့က ရွာကထိန်ကို ကြွရောက်ခဲ့တယ်။ ဒီအချိန်မှာ နှစ်နှစ်ဆယ်လောက် ကွဲကွာသွားသော ရန်ကုန်ရောက် ငယ်သူချင်းနဲ့ တွေ့ဖြစ်တယ်။ “အလည် လာတာလဲ”စသည်ဖြင့် အလ္လာပသလ္လာပစကားပြောဖြစ်တော့ “ညီတော်မောင်အတွက် မင်္ဂလာစကား လာပြောတာ”တဲ့။
“ဒီပွဲမှာ ဦးဇင်း တရားဟောမှာလား...”တဲ့။ “အင်း...တရားဟောရတာလဲ မလွယ်ဘူးနော်။ တရားဟောတာမပြောနဲ့ ပရိသတ်အလယ်မှာ စကာြးေ
ပာရတာကို မလွယ်ဘူးဘုရား။ တပည့်တော် ညက မင်္ဂလာစကားပြောတော့ တဖက်လူကြီးက “ပြောတော့ ပြောပေါ့ကွာ၊ ဒါပေမဲ့ အမှားမပါစေနဲ့”တဲ့။
“ဒီတော့ တပည့်တော်လည်း တုန်တုန်ရီရီနဲ့ ပြောပါ့မယ်၊ ဒါပေမဲ့ အားလုံးဟာ ကိုယ့်ဆန္ဒကို ကိုယ်တင်ပြမှာ ဖြစ်တဲ့အတွက် အမှားဆိုတာတော့ အနည်းနဲ့အများ ပါမယ်လို့ ထင်ပါတယ်။ ဒီလို ပြောကြတဲ့အခါ ““အမှားမရှာကြေးပေါ့ဗျာ””လို့ တပည့်တော် ပြောလိုက်တယ်”တဲ့။
အဖြစ်အပျက်ကလေးကတော့ ဒါပါပဲ.......သဘောကျမိတာက သူငယ်ချင်းရဲ့ ““အပြစ်မရှာကြေးပေါ့””ဆိုတဲ့ စကားလုံးလေးပါပဲ။ ဟုတ်ပါတယ်၊ လောကမှာ လူဆိုတာ အတ္တကို အခြေခံထားတဲ့အတွက် ပြောဆိုပြုမှုတဲ့အခါ ““အမှား””ဆိုတာ ကင်းကြမည်မဟုတ်ပါ။ ဒီလို အမှားမကင်းကြတဲ့ လူသားအချင်းချင်း တွေ့ဆုံပြောဆိုပြုမှုရာမှ အမှားတွေ့လာကြတဲ့အခါ အဲဒီ အမှားကို အပြစ်မမြင်ပဲ နားလည်ခွင့်လွှတ်ကြမယ်ဆိုရင်............။

No comments:

Post a Comment