Sunday, November 11, 2012

““ရချင်တာလား...?၊ ရစေချင်တာလား....?””

““ရချင်တာလား...?၊ ရစေချင်တာလား....?””
       အကျွန်ုပ်တို့သည် ပေးရတာ, လှူရတာကို ၀ါသနာတစ်ခုလိုကို ဖြစ်နေကြ၏။ အဲဒီလောက်ထိ ပေးကြ,
လှူကြ၏။ ခက်နေတာက ရချင်လို့ ပေးလှူကြတာလား...?၊ ရစေချင်လို့ ပေးလှူကြတာလား....,။ ဒီသဘော
တရားကို နားမလည်ပဲ ဖြစ်နေကြ၏။ အထူးအားဖြင့် ပုထုဇဉ်ပီပီ ရချင်၍ ပေးလှူကြသည်က များ၏။ ထို့ကြောင့်ပင် အကျွန်ုပ်တို့၏ ဒါနသည် ပတ်ဝန်းကျင်ရဲ့ အပြစ်တင်မှုအောက်မှာရောက်နေကြရ၏။
       အဘယ်ကြောင့်ဆိုေ
သာ်...ဒါနသည် စီးပွားဥစ္စာကို ဖြစ်ထွန်းစေ၏။ ဒီသဘောတရားကို အကျွန်ုပ်တို့ လက်ခံထားကြ၏။ ယုံကြည်ကြ၏။ လက်ခံယုံကြည်သည့်အလျှောက်လည်း ဒါနပြုလုပ်
ကြ၏။ ဒါပေမဲ့ လက်ခံယုံကြည်သည့်အတိုင်းအတာအထိ တကယ်ဖြစ်မလာ။ ဒီတော့ သံသယ -
အမျိုးမျိုးဝင်လာကြ၏။ ပြစ်တင်ဝေဖန်မှု အမျိုးမျိုးခံကြရ၏။
ဒါပေမဲ့ အကြောင်းရင်းကို မရှာကြံကြ။ ပြစ်တင်မှုပါပဲ လမ်းဆုံးနေကြ၏။ ဒါသည် ၀မ်းနည်းစရာ
ကောင်းသော အချက်တစ်ခုဖြစ်၏။ အမှန်မှာ “အလိုကြီးလျှင် အရနည်း၏”...ဟူသော စကားရှိ၏။
သိလည်း သိ၏။ သုံးလည်း သုံးဖူး၏။ ဒါပေမဲ့ မျောက် အုန်းသီးရသည့် ပမာပင်။
တကယ်တော့ ရချင်၍ ပေးလှူမှုသည် လောဘအစွန်း မလွတ်ကင်းလေသောကြောင့် ညောင်
ပင်ကြီးလောက်လှူပေမဲ့ ညောင်စေ့လေးလောက်နဲ့ပဲ ကျေနပ်နေကြရ၏။ ရစေချင်၍ ပေးလှူမှ-သာလျှင် လောဘအစွန်းလွတ်ကင်းမည်ဖြစ်၏။ ထိုလောဘအစွန်း လွတ်ကင်းမှသာလျှင် ဒါနသည်
မျိုးစေ့အောင်မည် ဖြစ်၏။ မျိုးစေ့အောင်မှသာလျှင် အပင်သန်မည် ဖြစ်၏။
ဒါကြောင့် အကျွန်ုပ်တို့၏ ဒါနမျိုးစေ့တိုင်း မျိုးစေ့မှန်၍ အပင်သန်ရလေအောင် ရချင်မှုကို အဓိက
မထားဘဲ ရစေချင်မှုကို အဓိကထားပြီး (သို့) မိမိကိုယ့်ကို မကြည့်ဘဲ ခံယူသုံးစွဲသူကို ကြည့်ပြီး
ပေးလှူကြပါစို့....တိုက်တွန်းရင်း.....
စေတနာ, မေတ္တာဖြင့် ရေနံ့သာ-မောင်သီ (မြတောင်) (11.11.12)

No comments:

Post a Comment