* ရှေးလွန်ခဲ့ပြီးသော နှစ်ပေါင်း (၂၅၀၀)ကျော် - ကဆုန်လပြည့်နေ့ရဲ့ ညတစ်ညမှာပေါ့။ မိုးတိမ်ကင်းစင်တဲ့ ကောင်းကင်ပြင်ကြီးမှာလည်း လပြည့်ဝန်းကြီးဟာ ကြယ်ပေါင်းစုံ ၀န်းရံခလို့ ထွန်းလင်းတောက်ပနေလေရဲ့။ ဒီလို သာယာလှပ ကြယ်ပေါင်းခတဲ့ ကဆုန်လပြည့်ညချမ်း တစ်ခုမှာ “မဇ္ဈိမဒေသ” ရဲ့ တောအုပ်တစ်ခုမှာရှိတဲ့ ဗောဓိပင်ပျိုအောက်မှာ အလွန်လှပ တင့်တယ်ခန့်ညားတဲ့ ရဟန်းပျိုတစ်ပါးဟာ မြက်ကဗ္ဗလာ အခင်းပြင်ပေါ်မှာ အေးချမ်းတိတ်ဆိတ်စွာ တရားရှုမှတ်နေလေရဲ့။
* သူဟာ သာမန်အညတြပုဂ္ဂိုလ်တစ်ဦးတော
* သူဟာ “စင်္ကြာဝတေးမင်း” လို့ ခေါ်တဲ့ “တိုင်းနိုင်ငံအားလုံးမှာ ရှိတဲ့ - မင်း, အားလုံးတို့ရဲ့ ရှင်ဘုရင်” အဖြစ်ကို ရရှိမည့်သူလို့လည်း ပုဏ္ဏားတော်တွေရဲ့ နိမိတ်ဖတ်ခြင်း ခံထားရသူလည်းဖြစ်တယ်။ သူဟာ ဖခင်ဖြစ်သူ သုဒ္ဓေါဓနမင်းကြီးရဲ့ မျှော်လင့်ခြင်း အိပ်မက်လည်းဖြစ်တယ်။ သုဒ္ဓေါဓနမင်းကြီးဟာ သူ့သားတော်ရဲ့ “စင်္ကြာဝတေးမင်း” အဖြစ်ကို မြင်တွေ့လိုတဲ့ အာသီသတွေနဲ့ ဆာလောင်မွတ်သိပ်နေရရှာသူလည်
* ဒါပေမယ့် “သိဒ္ဓတ္တ” လို့ခေါ်တဲ့ မင်းသားငယ်ကတော့ ဒီလောကီစည်းစိမ်တွေကို ငြီးငွေ့မုန်းတီးစ, ပြုနေပါပြီ။ သူဟာ “မွေးဖွားခြင်း နဲ့ သေဆုံးခြင်း” ဆိုတဲ့ ကာလတိုတိုလေးအတွင်းမှာ “ အမှန်တရားဆိုတာ ဘာလဲ”ဆိုတာကိုသာ ရှာဖွေသိချင်စိတ် ပြင်းပြလို့သာ နေပါတော့တယ်။ လူတွေ မှန်တယ်ထင်နေတဲ့ အရာအားလုံးဟာ မှားယွင်းနေကြတယ်ဆိုတာတော့ သူသိတယ်။ ဒါပေမယ့် ဘာက အမှန်တရားလည်း ဆိုတာကိုတော့ သူ မသိနိုင်ဘူး ဖြစ်နေတယ်။
.
* နောက်ဆုံးတော့ သူဟာ လောကကြီးရဲ့ အမှန်တရားကို သိဖို့အတွက် သူဟာ ဆရာရှာဖို့ သူဆုံးဖြတ်လိုက်တယ်။ သူဒီလို ဆုံးဖြတ်ချက် ချလိုက်တဲ့ နေ့မှာဘဲ သူ့အတွက် အလွန်ခက်ခဲတဲ့ ကိစ္စတစ်ခုပေါ် ပေါက်လာပါတယ်။ အဲဒါကတော့ သူ့ရဲ့ ရှုမငြီးတဲ့ ကြင်ယာတော်ဖြစ်သူဟာ သားတော်လေးတစ်ပါး ဖွားမြင်ကြောင်း သတင်းရောက်ရှိလို့ လာပါတယ်။ ရုတ်တရက်တော့ သူဟာ တွေဝေသွားခဲ့ပေမယ့် ဒီကိစ္စဟာ သူ့ကို “အမှန်တရား” ရှာထွက်ဖို့ မြန်မြန် ဆော်သြလိုက်သလိုပါဘဲ။ ကြာလာရင် သားကလေးအပေါ် သံယောဇဉ်တွေ များသည်ထက် များလာရင် ခက်ရတော့မယ်လေ။
.
* ဒါကြောင့် သားတော်လေးဖွားမြင်တဲ့နေ့ရဲ
* ဒီအချိန်မှာသာမန်ပုထုဇဉ်မျှ
သိပ်မကြာခင်မှာဘဲ တိတ်ဆိတ်လှတဲ့ ညဥ့်နက်နက်မှာ အသက်(၂၉)နှစ်သာ ရှိသေးတဲ့ မင်းသားငယ်ဟာ ဖွားဖက်တော် ကျွန်ယုံ “မောင်ဆန်” နဲ့ အတူတစ်ကွ ရွှေနန်းတော်ကြီးနဲ့ စိမ်းစည်ဥစ္စာအားလုံးကို ကျောခိုင်းထွက်ခွာခဲ့ကြပါတေ
* ခရီးမိုင်ပေါင်းများစွာ မြင်းစီးထွက်ခွာလာခဲ့ပြီး “အနော်မာ” လို့ခေါ်တဲ့ တိုးတိတ်ညင်သာစွာ စီးဆင်းနေတဲ့ မြစ်ကလေးတစ်စင်းရဲ့ သောင်ကမ်းပါး အရောက်မှာတော့ “သိဒ္ဓတ္တ” ဟာ သူရဲ့ ဆံတော်တွေ၊ မင်းဝတ်တန်းဆာတွေ အားလုံးကို စွန့်ပယ်ပြီး တစ်ကိုယ်တည်း တောအရပ်ကို ၀င်ရောက်ခဲ့ပါတော့တယ်။
* အဲဒီနောက်မှာတော့ အမှန်တရားကို ရှာဖွေလိုတဲ့ “ရဟန်းငယ်” တစ်ပါးဟာ တစ်တောဝင် တစ်တောင်ထွက်နဲ့ ဆရာအရှာထွက်ခဲ့ရာမှာ တစ်ခုသော တောအုပ်အရပ်မှာ “အာဠာရ” နဲ့ “ဥဒက” လို့ခေါ်တဲ့ ရသေ့နှစ်ပါးကို တွေ့ပါတော့တယ်။ သူတို့ထံမှာ တလှည့်စီ တပည့်ခံပြီး ကျင့်ကြံအားထုတ်ပါတော့တယ်။ ဒါပေမယ့် သူရှာနေတဲ့ အမှန်တရားကိုတော့ မတွေ့ရပါဘူး။
* နောက်တော့ သူဟာ နှလုံးမွေ့လျော်ဖွယ်ကောင်းတ
* ဒါပေမယ့် “သူ” အမှန်တရားကို မတွေ့ရသေးပါဘူး။
(၆)နှစ်လောက် ပြင်းထန်တဲ့ အကျင့်တွေကို ကျင့်သော်ငြားလည်း အမှန်တရားကို မတွေ့နိုင်သေးတဲ့ “သိဒ္ဓတ္တ”ဟာ ကိုယ့်ကိုယ်ကို ပြန်လည် သုံးသပ်ရပါတော့တယ်။ နောက်ဆုံးတော့ သူဟာ “အမှန်တရား” ကို ရှာဖွေတဲ့နေရာမှာ “လွန်ကဲသော ဆန္ဒ နဲ့ ခန္ဓာကိုယ်ကို ညှင်းဆဲသော အကျင့်” များဟာ မှားယွင်းကြောင်း သိမြင်လာပါတယ်။ “အလယ်အလတ် မျှတသော ဆန္ဒ နဲ့ ၀ီရိယ” တို့ကို ချိန်ညှိပြီး “မဇ္ဈိမလမ်းစဉ်” နဲ့သာအမှန်တရားကို ရှာဖွေလို့ရမှာဖြစ်ကြောင်း သူနားလည်သွားခဲ့ပါတယ်။
* ဒီလို နားလည်သွားတဲ့နောက်မှာ သူဟာ အရိုးပြိုင်းပြိုင်းထပြီး ယိမ်းယိုင်ပြိုလဲလုလု ဖြစ်နေတဲ့ သူ့ခန္ဓာကို ပြန်ပြီး အားမွေးရပါတော့တယ်။ အစာငတ်၊ ရေငတ်နဲ့ ကျင့်ရတဲ့ ကျင့်စဉ်တွေကို စွန့်လွှတ်လိုက်ပြီး အစာအဟာရတွေကို ပြန်လည်သုံးဆောင်လိုက်တဲ့ အချိန်မှာ သူ့အနားမှာ ၀တ်ကြီးဝတ်ငယ်ပြုစုနေတဲ့ “ပဉ္စ၀ဂ္ဂီ (၅)ဦး” ခေါ်တဲ့ အခြံအရံ(၅)ဦးဟာ “သိဒ္ဓတ္တ” မင်းသား အကျင့်ဖောက်လေပြီ။ ဘုရားမဖြစ်တော့ပြီ´´ဟု အထင်လွဲကာ သူ့ကို စွန့်ခွာ သွားကြပါတော့တယ်။
* ဒီဖြစ်ရပ်အတွက် သိဒ္ဓတ္တအဖို့ ထူးပြီး တုန်လှုပ်စရာ မရှိပါဘူး။ သူဟာ အရာအားလုံးကို စွန့်ပစ်ပြီးခဲ့ပါပြီ။ စွန့်လွှတ်ခြင်းဟာ သူ့အတွက် မတုန်လှုပ်နိုင်သလို စွန့်ပယ်ခံရခြင်းဟာလည်း သူ့အဖို့ တုန်လှုပ်စရာမရှိတော့ပါဘူး။ သူဟာ ဆက်ပြီး အားမွေးပါတယ်။ ကိုယ်ခန္ဓာ အားအင်ပြည့်ဖြိုး လာချိန်မှာတော့ သူဟာ“ဥရုဝေဠ” တောအုပ်ကလေးကို စွန့်ခွာပြီး (အတိတ်ပါရမီရဲ့ လမ်းညွှန်မှုနဲ့) သူမွေးဖွားတဲ့ နေ့မှာဘဲ အပင်ပေါက်လာခဲ့တဲ့ (ဖွားဘက်တော်) ``ဗောဓိပင်ပျို´´ လေးရှိရာ အရပ်ဆီကို ထွက်ခွာလာခဲ့ပါတယ်။
* ဒီ ဗောဓိပင်ပျိုလေး ပေါက်ရောက်ရာ အရပ်ဒေသဟာ သာမန်ညောင်ည အရပ်တစ်ခုတော့ မဟုတ်ပေဘူး။ ဒီနေရာဟာ “မဇ္ဈိမ” ဒေသရဲ့ အလယ်ဗဟို တည့်တည့်အရပ်လည်း ဖြစ်တယ်။ ရှေးယခင့်ယခင် ဘုရား(၃)ဆူပွင့်တော်မူရာ “တစ်ထပ်တည်းကျတဲ့” နေရာလည်းဖြစ်တယ်။ တုနှိုင်းမယှဉ်သာသော မြင့်မြတ်မှုအပေါင်း ခညောင်းရာ နေရာဌာန ဖြစ်ပေတယ်။ “မဇ္ဈိမဒေသ” ရဲ့ “ဗဟိုချက်မဏ္ဍိုင်” နေရာလည်း ဖြစ်ပေတယ်။ ဒီနေရာမှာဘဲ ဘုရားအလောင်းတော်ဟာ “မဇ္ဈိမ” အကျင့်နဲ့ မကြာခင် ဘုရားအဖြစ်ကို ရောက်ရတော့မယ်။ အဲဒီနေ့ဟာ ကဆုန်လပြည့်နေ့ဘဲ ဖြစ်ပါတော့တယ်။
* အခုလို ကဆုန်လပြည့်နေ့ရဲ့ ညချမ်းချိန်ခါလေးမှာ ဗုဒ္ဓအလောင်းတော်ဟာ “မဟာဗောဓိပင်ပျို” ရဲ့အောက်မှာ အရှေ့အရပ်ကို မျက်နှာမူကာ “သောတ္တိယ” မြက်ထမ်းသမားထံမှ အလှူခံရအပ်သော မြက်အခင်းကဗ္ဗလာကို ထိုင်စရာအမှတ်ပြုပြီး “အာနာပါန” ကမ္မဌာန်းဘာဝနာကို စတင် စီးဖြန်းပါတော့တယ်။
* တက်သစ်စ လပြည့်ဝန်းကြီးဟာ အရှေ့အရပ်ကနေ တရိပ်ရိပ် တက်လာချိန် ၊ ကြယ်ပေါင်းစုံ ၀န်းရံခလို့ အေးမြတဲ့လေညင်းကလည်း တသုန်သုန်နဲ့ တိုက်ခတ်နေပါတယ်။ ကမ္ဘာလောကကြီးတစ်ခုလုံးဟာ မကြာမှီ အချိန်ပိုင်းအတွင်း “ဗုဒ္ဓ” လို့ခေါ်တဲ့ အနှိုင်းမဲ့ မဟာလူသားတစ်ဦး ဖြစ်ထွန်း ပေါ်ပေါက်လာတော့မှာကို သိနေသကဲ့သို့ . . အတုမရှိ ငြိမ်းချမ်းသာယာမှု အပေါင်းနဲ့ ပြည့်စုံနေပါတော့တယ်။
* ဒီအချိန်မှာဘဲ အလောင်းတော်ဟာ ခန္ဓမာန် , မစ္စုမာန် , ကိလေသမာန် , အဘိသင်္ခါရမာန် , ဒေ၀ပုတ္တမာန် . . တည်းဟူသော “မာန်(၅)ပါး” ကို အောင်မြင်တော်မူလျှက် ညဉ့်ဦးယံ အချိန်တွင် “ပုဗ္ဗေနိဝါသဉာဏ်”၊ သန်းခေါင်ယံတွင် “ဒိဗ္ဗစက္ခုဉာဏ်”၊ မိုးသောက်ယံတွင် “သဗ္ဗညုတဉာဏ်” တို့ကို ရရှိလျှက် လူတွင်စင်စစ် “ဗုဒ္ဓဘုရားအဖြစ်” သို့ ရောက်တော်မူခဲ့ပါတယ်။
အဲဒီနှစ်ကတော့ မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ၊ ရက်ကား ကဆုန်လပြည့်နေ့ ၊ နေ့ကား ဗုဒ္ဓဟူးနေ့ဖြစ်ပြီး စန်းသည် ၀ိသာခါနက္ခတ်နှင့် စန်းယှဉ်နေသော အခါပင် ဖြစ်ပါတော့တယ်။
* ဒီလို ဘုရားအဖြစ်ကို ရတော်မူ , ရောက်တော်မူပြီ ဆိုတာနဲ့ ဗုဒ္ဓဘုရားရှင်ဟာ အောက်ပါ ဂါထာကို ကျူးရင့်တော် မူပါတော့တယ်။ အဲဒီဂါထာကတော့ -
“အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ၊
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာဇာတိ ပုနပ္ပုနံ။
ဂဟကရက ဒိဋ္ဌောသိ ၊ ပုန ဂေဟံ နကာဟသိ၊
သဗ္ဗာတေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ ၊ တဏှာနံ ခယမဇ္ဈဂါ”ဆိုတဲ့ ဂါထာပဲ ဖြစ်ပါတော့တယ်။
* အဓိပ္ပါယ်ကတော့ ``ဟယ် ... တဏှာယောက်ျား လက်သမား ၊ အကျွန်ုပ်သည် သင်၏ ခန္ဓာအိမ်ဆောက်ခြင်းကို သံသရာတလျှောက်လုံး (မသိဆိုးဝါးစွာ) အကြိမ်ကြိမ် ခံခဲ့ရပေပြီ။ ယခုမူ ငါသည် သင့်အား မဂ်လေးတန် ပုဆိန်လက်နက်ဖြင့် ခုတ်ဖြတ်သုတ်သင်နိုင်ပြီ ဖြစ်၍ ငါအား သင်၏ ခန္ဓာအိမ်ဆောက်ခြင်းအမှုကို မပြုစေနိုင်တော့ပြီ။ ငါသည်ကား တဏှာအပေါင်းတို့၏ လွတ်ကင်းရာ ၊ သေခြင်းကင်းရာ ပြုပြင်စီရင်ခံရခြင်းကင်းရာ
* ဒါကြောင့်မို့ ``ဘုရားအနေကဇာ တင်တယ်´´ဆိုတာ ဗုဒ္ဓဘုရားအလောင်းတော် ဘုရားအဖြစ်သို့ ရောက်တော်မူသည့်အခါ ၀မ်းမြောက်ဝမ်းသာ ကျူးရင့်တဲ့ဂါထာကို “ဘုရားဖြစ်ပြီ” ဟူသည့် အထိမ်းအမှတ်အနေဖြင့် ပြန်လည် ရွတ်ဆိုကြခြင်း ဖြစ်ပါတယ်။ “အနေကဇာတိ သံသာရံ . . ဆိုတဲ့ စကားအစ စာလုံးကို ယူပြီး “အနေကဇာ” တင်တယ်ဆိုပြီး သုံးနှုံးကြတာဖြစ်ပါတယ်။
ဒါကို “ဗုဒ္ဓဘိသေက မင်္ဂလာ” လို့လည်း ခေါ်ကြပါတယ်။
* အစီအစဉ် ...
(၁) အနေကဇာတိ သံသာရံ . . . အစချီတဲ့ ဥဒါန်း ဂါထာ
(၂) ‘‘အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ’’စသော ပဋိစ္စသမုပ္ပါဒ အပြန်အလှန်
(၃) ‘‘ယထာ ဟဝေ ပါတုဘ၀န္တိ’’ သုံးဂါထာ။
(၄) ‘‘ဟေတုပစ္စယော’’ စသော ပဌာန်း ၂၄ ပစ္စည်း ဥဒ္ဒေသ
(၅) “ဘုရား ဂုဏ်တော် (၉)ပါး
(၆) ‘‘ ဇယန္တော ဗောဓိယာ မူလေ’’ စသော ပုဗ္ဗဏှသုတ် အဆုံးသတ်နဲ့ ကျကျနန ရှိခိုးပြီး သဒ္ဓါတရား ပွားများပြီး ရှိခိုးလေ့ရှိပါတယ်။
No comments:
Post a Comment