Thursday, January 15, 2015

”” ပထမကြာကူလီ၏ သံဝေဂကို သုံးသပ်ကြည့်ခြင်း““

”” ပထမကြာကူလီ၏ သံဝေဂကို သုံးသပ်ကြည့်ခြင်း““

* “ဒု, သ, န, သော”ဟူသောစကားကို လူတိုင်းကြားဘူးကြပါလိမ့်မည်။ ထိုစကားမှာ ဗာရာဏသီသား ကြာကူလီများ၏ သံဝေဂသံတွေပါ။ အဲဒီအထဲက ပထမကြားကူလီသမား၏ စကားမှာ “ ငါတို့ဟာ လှူဖွယ်ဝတ္ထု, အလှူခံပုဂ္ဂိုလ်တို့ ထင်ရှားရှိပါလျက် မပေးလှူကြကုန်။ ယုတ်မာသော အသက်မွေးခြင်းဖြင့် အသက်မွေးမိကြကုန်၏။ စည်းစိမ်းဥစ္စာရှိကြပါလျက် မိမိ၏ မှီခိုရာကို မပြုမိခဲ့လေကုန်” ဟူသောစကားဖြစ်ပါသည်။
* “စွန့်လွှတ်မှု”တစ်ခုဖြစ်ဖို့ဆိုရာမှာ (၁) စေတနာသမ္ပတ္တိ - စေတနာနှင့်ပြည့်စုံမှု၊ (၂) ၀တ္ထုသမ္ပတ္တိ-လှူဖွယ်ဝတ္ထု၏ ပြည့်စုံမှု၊ (၃) ပုဂ္ဂလသမ္ပတ္တိ-အလှူခံပုဂ္ဂိုလ်၏ ပြည့်စုံမှု၊ ဒီသုံးခုနဲ့ ပြည့်စုံမှသာ ဖြစ်ရိုးထုံးစံရှိပါသည်။ စွန့်လွှတ်မှုရှိမှလည်း ဘ၀မှာ ပြည့်စုံမှုရှိလာမည်ဖြစ်၏။ ဘ၀ပြည့်စုံမှု ဘ၀သမ္ပတ္တိမဖြစ်ရင် ဘ၀၀ိပ္ပတ္တိ-ဘ၀ပျက်ဆီးမှုသာ ဖြစ်တော့ပေမည်။ ဒီသဘောတရားသည် ငြင်းမရသော အမှန်တရားဖြစ်၏။
* ပထမကြာကူလီသမားသည် ဒီသဘောတရားကို နားမလည်။ မခံစားတတ်။ မပြည့်စုံသည်ကား မဟုတ်။ ပြည့်စုံသည်သာ။ သူဋ္ဌေးသားဆိုတော့ လှူဖွယ်ဝတ္ထုလည်း မုချရှိမည်ဖြစ်၏။ အလှူခံပုဂ္ဂိုလ်လည်း ရှိမည်သာ။ သို့သော် “ ပြည့်စုံမှုကို ခံစားဘို့သက်သက်” ဟု နားလည်ထားဟန်တူ၏။ ထို့ကြောင့် စေတနာသမ္ပတ္တိ - စေတနာပြည့်စုံမှုမဖြစ်ဘဲ စေတနာဝိပ္ပတ္တိ - စေတနာပျက်ဆီးနေခြင်းဖြစ်၏။
* ၀ိပ္ပတ္တိ - ပျက်ဆီးမှုမှန်သမျှသည် ကောင်းကျိုးမပေးသည့်အပြင် ထိုပျက်ဆီးမှုနှင့် တန်ဘိုး တူသော အခြားအရာတစ်ခုကိုပါ စွဲနှစ်တတ်သော သဘောရှိ၏။ ဤသည်မှာ အမှန်တရားဖြစ်၏။ ထိုဝိပ္ပတ္တိကြောင့်ပင် ပထမကြာကူလီသမားသည် လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းခံစားနေရ၏။ ဟော ... လောကဆိုတာ စွန့်လွှတ်နိုင်သူကိုသာ စံစားခွင့်ပေး၏။ မစွန့်လွှတ်နိုင်သူကိုကား ခံစားခွင့်သာပေး၏။
* ပို၍ ဆိုးသည်ကား ပထမကြာကူလီသမားသည် မစွန့်လွှတ်နိုင်ရုံမျှမဟုတ်။ ယုတ်မာစွာဖြင့် ရယူသိမ်းပိုက်ထား၏။ ကိုယ်ဖြင့်လည်း ယုတ်မာစွာ ရယူသိမ်းပိုက်၏ နှုတ်ဖြင့်လည်း ယုတ်မာစွာ ရယူသိမ်းပိုက်၏။ စိတ်ဖြင့်လည်း ယုတ်မာစွာ ရယူသိမ်းပိုက်၏။ ဤသည်ကို “ယုတ်မာသော အသက်မွေးခြင်း”ဟု ဆိုရ၏။
* မစွန့်လွှတ်နိုင်မှုသည် အပါယ်စာချုပ်ရှိရုံမျှသာ ဖြစ်သေး၏။ မသေချာသေးပေ။ ယုတ်မာသော အသက်မွေးမှုဖြစ်လာပြီဆိုရင်တော့ လက်မှတ်ပါ ထိုးပြီးသားဖြစ်သွားတော့၏။ ဖျက်၍ ရတော့မည်မဟုတ်ပေ။
* ဘာပဲဖြစ်ဖြစ် လောက “လူ”ဆိုသည်မှာ သမ္ပတ္တိ ပြည့်စုံမှုကို ခံစား, စံစားချင်ကြမည်မှာ မုချဖြစ်၏။ ထိုကဲ့သို့ ပြည့်စုံမှုကို ခံစား, စံစားချင်ကြတယ်ဆိုရင် ထောက်ရာ တည်ရာတစ်ခု ရှိရမည်မှာလည်း အမှန်ပင်ဖြစ်ပါ၏။
* ထို့ကြောင့် ယနေ့မှစ၍ အကျွန်ုပ်တို့တစ်တွေ (၁) စေတနာသမ္ပတ္တိ - စေတနာနှင့်ပြည့်စုံမှု၊ (၂) ၀တ္ထုသမ္ပတ္တိ-လှူဖွယ်ဝတ္ထု၏ ပြည့်စုံမှု၊ (၃) ပုဂ္ဂလသမ္ပတ္တိ-အလှူခံပုဂ္ဂိုလ်၏ ပြည့်စုံမှု၊ ဒီပြည့်စုံမှု သုံးမျိုးဖြင့် မိမိတို့ဘ၀ရဲ့ ထောက်ရာတည်ရာကို ဖန်တီးကြပါစို့ .....ဖိတ်ခေါ်ရင်း...........

ရေနံ့သာ-မောင်သီ (မြတောင် ၂၅.၁၂.၁၂)

ကက္ကာရုဇာတ် …



ကက္ကာရုဇာတ် …


            မြတ်ဗုဒ္ဓ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေစဉ် သံဃာသင်းခွဲသော သံဃဘေဒကကံကြောင့် သွေးအန်သော ရှင်ကြီး ဒေ၀ဒတ်ကို အကြောင်းပြုပြီး ဤကက္ကာရုဇာတ်ကို ဟောတော်မူခဲ့ပါတယ်။
            ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း မင်းပြုစဉ် အကျွန်ုပ်တို့၏ ဗောဓိသတ္တသည် တာဝတိံသာနတ်သားဖြစ်ခဲ့ပါတယ်။ တစ်နေ့ ဗာရာဏသီပြည်မှာ ကြီးစွာသော ပွဲလမ်းသဘင်ကျင်းပပါတယ်။ ဤပွဲလမ်းသဘင်မှာ နဂါး ဂဠုန် ဘုမ္မဇိုရ်းနတ်များအပြင် တာဝတိံသာနတ်ပြည်မှ နတ်သားလေးယောက်လည်း လာရောက်ကြည့်ရှုပါတယ်။
            တာဝတိံသာနတ်သားလေးဦး ပန်ဆင်လာသော ကက္ကာရုနတ်ပန်းရနံ့ဟာ ဗာရာဏသီတစ်မြို့လုံး လွှတ်ထုံနေပါတယ်။ ဗာရာဏသီမင်းနှင့် အိမ်ရှေ့မင်းများ၊ ဗာရာဏသီပြည်သားများဟာ နန်းရင်းပြင်စုဝေးပြီး နတ်သားလေးဦးနှင့် စကားဆွေးနွေးကြ ပါတယ်။ မင်းနှင့်တကွ ဗာရာဏသီပြည်သူပြည်သားများက ကက္ကာရုနတ်ပန်းကို တောင်းဆိုကြပါတယ်။
            နတ်သားများကလည်း ``လူ့လောကဆိုတာ ယုတ်မာသောသူ၊ ပညာမဲ့သောသူ၊ စိတ်နေစိတ်ထားမကောင်းသူ၊ သီလမဲ့သူသာ များတယ်။ ထို့ကြောင့် ကက္ကာရုနတ်ပန်းနှင့် မလျှောက်ပတ်´´ဟု ပြောဆိုကြပါတယ်။
            ထိုနတ်သားလေးယောက်တို့တွင် အစ်ကိုကြီးနတ်သားကလည်း ``ကိုယ်ဖြင့် သူတစ်ပါးဥစ္စာကို မခိုးယူသူ၊ နှုတ်ဖြင့် မုသားစကား မပြောကြားသူ၊ စည်းစိမ်ဥစ္စာ အခြံအရံ ပြည့်စုံသော်လည်း မမေ့လျှော့သူများသာ ကက္ကာရုနတ်ပန်းကို ပန်ဆင်ထိုက်-ကြောင်း´´
            ဒီတော့ ဒုတိယနတ်သားက ``တရားသဖြင့် စီးပွားဥစ္စာ ရှာဖွေသူ၊ မကောက်ကျစ် မစင်းလဲသူ၊ စည်းစိမ်ဥစ္စာ အသုံး အဆောင်ပြည့်စုံသော်လည်း သတိမမေ့လျှော့သူများသာ နတ်ပန်းကို ပန်ဆင်ထိုက်ကြောင်း´´ ….
            တတိယနတ်သားကလည်း ``နနွင်းဆိုးရည်ကဲ့သို့ စိတ်ဓာတ်မပျက်လွယ်သူ (စိတ်ဓာတ်တည်ကြည်ခိုင်မာသူ)၊ မည်သည့်အကြောင်းကြောင့်မှ ယုံကြည်မ သဒ္ဓါတရား မပျက်ပြားသူ၊ အရသာရှိသော ဘောဇဉ်ကို တစ်ယောက်တည်း မသုံးဆောင်သူများသာ နတ်ပန်းကို ပန်ဆင်ထိုက်ကြောင်း´´…..
            စတုတ္ထနတ်သားကလည်း `` မျက်မှောက်ရော မျက်ကွယ်ပါ ဘာသာတရား (သူတော်ကောင်းတရား) ကို မစော်ကားသူ၊ ပြောတဲ့အတိုင်း လုပ်ဆောင်သူများသာ နတ်ပန်းကို ပန်ဆင်ထိုက်ကြောင်း´´…..အသီးအသီး ပြောကြားပါတယ်။
ထိုစကားကို ကြားသော ပုရောဟိတ်က ``ဤဂုဏ်ကျေးဇူးတွေ ငါ့မှာ တစ်ခုမှ မရှိ၊ မုသားစကား ပြောဆိုပြီး ဤနတ်ပန်း
တွေကို ပန်ဆင်ရသော် လူအပေါင်းက ငါ့ကို `ဂုဏ်နှင့်ပြည့်စုံသူ´လို့ ထင်ကြလိမ့်မယ်´´ဆိုတဲ့ အတွေးဖြစ်တယ်။ ဒီအတွေး -ကြောင့်ပဲ နတ်ပန်းများကို လိမ်ညာတောင်းဆိုပါတော့တယ်။
လိမ်ညာရရှိလာသော နတ်ပန်းတွေကို ပန်ဆင်မိတဲ့ ပုရောဟိတ်ဟာ ဦးခေါင်းကို ထက်လှစွာသော ဆောက်ဖြင့် ထိုးခံရသည့်ပမာ သံပြားဖြင့် ဖိညှပ်ထားသည့်ပမာ ပြင်းစွာသောဝေဒနာကို ရက်သတ္တတစ်ပတ်ကျော်မျှ ခံစားရပါတယ်။
ဒီအချိန်မှာပဲ ဗာရာဏသီမင်းနှင့် မူးမတ်များရဲ့ တိုင်ပင်မှုဖြင့် နောက်ထပ်တဖန် ပွဲလမ်းသဘင်ကြီး ကျင်းပပြီး နတ်သားများကို နတ်ပန်းများ ဖယ်ရှားခိုင်းရပါတယ်။
ဤကား ကက္ကာရုဇာတ်လမ်းရဲ့ ဖြစ်စဉ်လေးပါ ….
ဤဇာတ်လမ်းလေးကို ကြည့်ပြီး အကျွန်ုပ်တို့အနေဖြင့် …
   ၁။ ကိုယ်ဖြင့် သူတစ်ပါးဥစ္စာကို မခိုးယူမှု
   ၂။ နှုတ်ဖြင့် မုသားစကား မပြောဆိုမှု
   ၃။ စည်းစိမ်အခြံအရံရှိသည့်အလျှောက် သတိတရားလက်ကိုင်ထားမှု၊
   ၄။ တရားသဖြင့် စည်းပွားဥစ္စာ ရှာဖွေမှု၊
   ၅။ မစင်းလဲ မကောက်မှု၊
   ၆။ စည်းစိမ်ဥစ္စာ အသုံးအဆောင်ကို ရသော်လည်း သတိတရားမမေ့လျှော့မှု၊
   ၇။ စိတ်ဓာတ်ခိုင်မာ တည်ကြည်မှု၊
   ၈။ ခိုင်မာသော ယုံကြည်မှု သဒ္ဓါတရားရှိမှု၊
   ၉။ ကောင်းမွန်တဲ့အရသာကို တစ်ယောက်တည်း မသုံးဆောင်မှု၊
၁၀။ မျက်မှောက်မှာ သူတော်ကောင်းတရားကို မစော်ကားမှု၊
၁၁။ မျက်ကွယ်မှာလည်း သူတော်ကောင်းတရားကို မစော်ကားမှု၊
၁၂။ ပြောသည့်အတိုင်း လုပ်ဆောင်နိုင်မှု ….ဆိုတဲ့ ဂုဏ်အင်္ဂါအရည်အချင်းများ ရှိမှသာလျှင် ကက္ကာရုနတ်ပန်းနှင့် တူသော ထိုက်တန်သောဂုဏ်သတ္တိနှင့် စည်းစိမ်ဥစ္စာ ရာထူးဌာနန္တရများကို တမ်းတသင့်ကြောင်း သင်ခန်းစာ ယူမိပါတယ်။
အရှင်သီလာစာရ၊ မြတောင်ကျောင်း၊ (၂.၁.၂၀၁၅)

Lokapala Dhamma …



Lokapala Dhamma …

Hiri …
Hiri makes a man recoil whth moral shame from committing. immoral deeds. A person, who has hiri, recoils from evil just as a cock’s feather shrinks in front of fire.
“To be ashamed of what one ought to be ashamed. To be ashamed of performing evil and unwholesome things: this is called moral shame.”
Hiri opposes ahirika which would commit any evil without the least compunction.
Ottappa….
Ottappa is moral dred or fear to do evil, because it is aware of the manifold evil consequcnces.
As hiri is different from ordinary shyness, ottappa is different from ordinary fear of an individusl. A Buddhist is not expected to be afraid of any individual, even a God, for Buddhaism is not based on the fear of the unknown.
“To be in dread of dread of one ought to be in dread, to be in dread of performing evil and unwholesome things: this is called moral dread.”
Ottappa opposes anottappa and can drive away the latter. Hiri arises with respect to oneseif whereas ottappa arises with respect to others. Suppose there is an iron rod, one end of which is heated till red-hot and the other end smeared with filth. The filthy end one would not touch owing to disgust, and the red hot end one would not touch due to dreas. Hiri is compared to the former instamce and ottappa to the latter instance.
Hiri and ottappa differentiates man from beast not to indulge in immoral acts such as sexual relations between mother and son or between father and daughter even at the time of very low civilization.So hiri and ottappa aer known as Lokapala Dhamma, i.e the Guardian of the worlds.
(BUDDMA-ABHIDHAMMA. Dr. Mehm Tin Mon)