ကိုယ်ဖြစ်ချင်တာ မဖြစ် သူဖြစ်ချင်တာဖြစ်
မဟာဇနကမင်းသားသည် ကုန်ကူးပြီး ဥစ္စာဓနကြွယ်ဝရန်
ရည်ရွယ်လျက် ကာလစမ္ပာနဂိုပြည်မှ သုဝဏ္ဏဘူမိသို့ သင်္ဘောဖြင့် လိုက်ပါခဲ့သည်။ မုန်တိုင်း
-မိသောအခါ သမုဒ္ဒရာထဲတွင် (၇) ရက် လက်ပစ်ကူးခဲ့ရသည်။ မဏိမေခလာ-နတ်သမီးက ကယ်တင်ခဲ့သဖြင့်
မိတ္ထီလာပြည်ဥယျာဉ်တော်ရှိ ကျောက်ဖျာထက်-သို့ ရောက်ရှိခဲ့သည်။ မဟာဇနကမင်းသားထံ ဖုဿရထားဆိုက်ရောက်၍
မိတ္ထီ-လာပြည်တွင် ထီးနန်းရိုက်ရာရရှိခဲ့သည်။ မဟာဇနကမင်းသည် သီဝလိဒေ၀ီမင်း-သမီးနှင့်
လက်ဆက်၍ မင်းနှင့် မိဖုရားအရာရောက်ရှိခဲ့သည်။ ထိုအခါ မဟာဇန-ကမင်းကြီးသည် ``အစိန္တိတမ္ပိ ဘ၀တိ၊ စိန္တိတမ္ပိ
ဝိနဿတိ´´ဟု ဥဒါန်းကျူးရင့်-တော်မူခဲ့သည်။
အစိန္တိတမ္ပိ၊ မကြံစည်ဘဲလျက်လည်း။ ဘ၀တိ၊ ဖြစ်တတ်၏။
စိန္တိတမ္ပိ၊ ကြံ-စည်လျက်လည်း။ ၀ိနဿတိ၊ ပျက်တတ်၏။
မကြံစည်သော်လည်းဖြစ်တတ်၍ ကြံစည်သော်လည်း ပျက်တတ်သည်မှာ
လောကသဘာဝတရားဖြစ်ပေသည်။
ကိုယ်ဖြစ်ချင်တာမဖြစ်ဘဲ သူဖြစ်ချင်တာ ဖြစ်တတ်ပါသည်။
လို၍မရသော ဆင်းရဲနှင့် ကြုံရတတ်သည်။
ကျွန်မငယ်ငယ်က မကွေးမြို့နယ်၊ ကန်ပြားအရှေ့ရွာတွင်
မူလတန်းပညာ-ကို သင်ယူသည်။ အလယ်တန်းဆင့်ကို မကွေးမြို့၊ အမှတ် (၂) အလယ်တန်း-ကျောင်းတွင်
ပညာသင်ယူသည်။ ၁၉၇၇-ခုနှစ်တွင် အဋ္ဌမတန်းအောင်သောအခါ န၀မတန်းသို့ တစ်ဆင့်တက်၍ ပညာသင်ရပါသည်။
ထိုအခါက မကွေးမြို့၊ အမှတ် (၁) အထက်တန်းကျောင်းသို့ ကူးပြောင်းတက်ချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့်
တက်ခွင့်မရခဲ့ပါ။ ကျွန်မဖြစ်ချင်တာ မဖြစ်ခဲ့ပါ။ သို့ပါ-သော်လည်း မကွေးမြို့၊ အမှတ်
(၂) အထက်တန်းကျောင်းတွင် အထက်တန်းပညာ သင်ကြားခွင့်ရခဲ့ပါသည်။
၁၉၇၀-၈၀-ခုနှစ်တွင် ဒသမတန်းအောင်မြင်ခဲ့ပါသည်။
ကျွန်မသည် (၁၉၈၀-၈၁) ခုနှစ်နှင့် (၁၉၈၁-၈၂) ခုနှစ်၌ ရေနံချောင်းဒေသကောလိပ်တွင် ၀ိဇ္ဖာသင်္ချာအထူးပြုဘာသာတွင်ဖြင့်
ပထမနှစ် နှင့် ဒုတိယနှစ်အတန်းများ တက်-ရောက်ခဲ့ပါသည်။ ထိုခေတ်က ဒသမတန်းအောင်မှတ်၊ ပထမနှစ်အောင်မှတ်နှင့်
ဒုတိယနှစ်အောင်မှတ် (၃) နှစ်ပေါင်းအမှတ်များကို ကြည့်၍ တက္ကသိုလ်ဝင်ခွင့်-ပြုသည်။
ဝိဇ္ဖာ သင်္ချာ အထူးပြုယူသူ၏ အမြင့်ဆုံးအမှတ်ပေါင်းကို
ကြည့်၍ စီးပွား-ရေးတက္ကသိုလ် (ရန်ကုန်) တစ်ခုတည်းသာ
တက်ခွင့်ရပါသည်။ ၀ိဇ္ဖာ သင်္ချာ ဘသာတွဲယူသူ၏ ဒုတိယအဆင့်မှာ ပထ၀ီဝင်ဘာသာတွဲဖြင့် ၀ိဇ္ဖာသိပ္ပံတက္က-သိုလ်များတွင်
တက်ခွင့်ရခြင်းဖြစ်ပါသည်။ ကျွန်မ၏ အမှတ်ပေါင်းမှာ နည်းသော-ကြောင့် စီးပွားရေးတက္ကသိုလ်တက်ခွင့်မရခဲ့ပါ။
ကျွန်မဖြစ်ချင်တာ မဖြစ်ခဲ့ပါ။
(၁င၉၈၂-၈၃) ခုနှစ်နှင့် (၁၉၈၃-၈၄) ခုနှစ်တို့တွင်
မကွေးကောလိပ်၌ ပထ၀ီဝင်အထူးပြုဘာသာတွဲဖြင့် တတိယနှစ်နှင့် စတုတ္ထနှစ်အတ်းတို့ကို တက်ခဲ့-ပါသည်။
ကျွန်မသည် တတိယနှစ်၌ သီအိုရီတစ်ဘာသာ၊ လက်တွေ့ပထ၀ီဝင် ဘာသာနှင့် ဘူမိဗေဒဘာသာရပ်တို့မှာ
ဂုဏ်ထူးရခဲ့ပါသည်။ စတုတ္ထနှစ်၌ ဂုဏ်ထူးတန်းတက်ရောက်ရန် အဆင့်မီပါသည်။
သို့သော် ကျွန်မတို့၏ မိသားစုမှာ မောင်လေး၊
ညီမလေး၊ တူ၊ တူမများ-သောကြောင့် မန္တလေးတက္ကသိုလ်သို့ မတက်တော့ဘဲ သူနာပြုဆရာမသင်တန်း
တက်ရောက်မည်ဟု ဆုံးဖြတ်ခဲ့ပါသည်။ သင်္ကြန်ပြီးသောအခါ ကျွန်မဆရာလည်း ဖြစ်သော ဦးလေးဦးကြည်မြင့်၊
ကထိက (ဌာနမှူး) ဘူမိဘေဒဌာန၊ မကွေး-ကောလိပ်က ဂုဏ်ထူးတန်းတက်ရန် တိုက်တွန်းသောကြောင့်
မန္တလေးတက္က-သိုလ်၌ ဂုဏ်ထူးတန်းဆက်တက်ခဲ့ပါသည်။ ကျွန်မဖြစ်ချင်တာ မဖြစ်ခဲ့ပါ။
(၁၉၈၄-၈၅) ခုနှစ်နှင့် (၁၉၈၅-၈၆) ခုနှစ်တို့၌
ကျွန်မသည် မန္တလေးတက္က-သိုလ်မှာ ဂုဏ်ထူးတန်းနှင့် မဟာဝိဇ္ဖာ အပိုင်း (က.ခ) တို့ တက်ခဲ့ပါသည်။
ထိုအချိန်က တက္ကသိုလ် ကောလိပ်သရုပ်ပြ နည်းပြရာထူးများအတွက် ရန်ကုန်-မြို့တွင် ရေးဖြေ၊
နှုတ်ဖြေစာမေးပွဲများ ဖြေရပါသည်။ ကျွန်မသည် ကျန်းမာရေး မကောင်းသောကြောင့် မဖြေဖြစ်ခဲ့ပါ။
အတန်းတူ သူငယ်ချင်းမှာ တက္ကသိုလ်-ကောလိပ် နည်းပြသရုပ်ပြရာထူးများဖြင့် မဟာဝိဇ္ဖာအတန်းများ
ဆက်လက်တက် ခဲ့ကြပါသည်။ ကျွန်မမှာ ကျောင်းသူဘ၀ဖြင့်သာ တက်ခဲ့ရ၍ ၀မ်းနည်းမိပါသည်။ ကိုယ်ဖြစ်ချင်တာ
မဖြစ်ခဲ့ပါ။
လူ့ဘ၀ တိုတိုလေးမှာ လူတစ်ဦးနှင့်တစ်ဦး ယှဉ်၍
မရသောအချက် (၃) ချက်ရှိသည်ဟု ကျွန်မ၏ ဆရာမဒေါ်ခင်မေနွဲ့ (ကထိက၊ ပထ၀ီဝင်) က ပြောဖူး-ပါသည်။
ထိုအချက် (၃) ချက်မှာ -
၁။ လူ၏ အသံ
၂။ လူ၏ ဆံပင်နှင့်
၃။ လူ၏ ကံတို့ဖြစ်ပါသည်။ လူတစ်ဦးနှင့်တစ်ဦး
အသံကောင်းခြင်း, မကောင်းခြင်း၊ ဆံပင် ကောင်းခြင်း, မကောင်းခြင်း၊ ကုသိုလ်ကံကောင်းခြင်း,
မကောင်းခြင်းတို့ကို ပြင်၍ မရနိုင်ပါ။
(၁၉၈၈) ခုနှစ် ဇွန်လ (၁၀) ရက်နေ့တွင် မူလတန်းပြ
ဆရာမရာထူးဖြင့် မကွေးမြို့နယ်၊ ကန်ပြားရွာ မူလတန်းကျောင်းတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပါ
သည်။ (၁၉၈၈) ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ကန်ပြားရွာအလယ်တန်း-ကျောင်းမှာ အလယ်တန်းပြ
ဆရာမရာထူးတိုးခဲ့ပါသည်။ သူဖြစ်ချင်တာ ဆက်တိုက်ဖြစ်ခဲ့ပါသည်။
(၁၅.၈.၁၉၉၀) ခုနှစ်တွင် အထက်တန်းဆရာမရာထူးဖြင့်
မကွေးတိုင်း-ဒေသကြီးအတွင်း စလင်းမြို့အထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်ခဲ့ရ-ပါသည်။
ထိုနှစ်၌ မန္တလေးမြို့တွင် အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာ-ပြည်) တိုးချဲ့ဖွင့်လှစ်မည်ဖြစ်သည်။
ထိုဌာန၌ ညွှန်ကြားရေးမှူးရာထူးအတွက် လျှောက်ရန် ကျွန်မအဆင့်မီပါသည်။ ကျွန်မ၏ ဆရာဖြစ်သော
ဦးကျော်မြင့်အောင် (ရေနံချောင်းကောလိပ်ကျောင်းအုပ်ကြီး) နှင့်ဇနီး မမထိုက် တို့သည်
ကျွန်မအားလျှောက်ရန် ကန်ပြားရွာအထိလာခေါ်ပါသည်။ ကျွန်မသည် ဆရာမ ဘ၀ကိုသာ ၀ါသနာပါ၍ မလျှောက်ဖြစ်ခဲ့ပါ။
စလင်းမြို့နယ် အထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်စဉ်မှာ
ပညာ ရေးမှူးဦးအကျိန်းသည် အစည်းအဝေးမှာ အောက်ပါစကားများ မိန့်ကြားခဲ့သည်။
``ဆရာ ဆရာမတို့ (၁၀) တန်းအောင်စာရင်းမှာ အောင်ချက်ကောင်း
မကောင်းသည် ဆရာ ဆရာတို့ တာဝန်ဖြစ်ပါသည်။ ကျွန်တော် ဥပမာပေး ပြောချင်တာက မုန့်ဟင်းခါးဟင်းချက်သလိုပါပဲ။
ဟင်းချိုကောင်းလျှင်တော့ ကြက်သား၊ ငါးများလို့ပါ၊ ဆား၊ အချိုမှုန့်၊ ငံပြားရည်ကောင်းလို့ပါလို့
ပြောမယ်။ ဟင်းချိုညံ့လျှင်တော့ ဟင်းချိုချက်တဲ့သူ ညံ့လို့-ဟု ပြောမှာပါ။ ဒီလိုပါပဲ
(၁၀) တန်း အောင်စာရင်းကောင်းလျှင်တော့ ကျွန်မသား သမီးက ဘယ်လိုစာကျက် တာ၊ ကျွန်မတို့က
ဘယ်လိုပံ့ပိုးတာ-ဟု ပြောမှာပါ။ ကျောင်းသားညံ့ပြီး စာမေးပွဲ ကျလျှင်တော့ ကျောင်းကဆရာတွေကို
အပြစ်ပြောမှာပါ´´ဟု မိန့်ကြားခဲ့ပါသည်။ ဆရာကြီး၏ မိန့်ခွန်းသည် ကျွန်မတို့ ဆရာ ဆရာမတို့အတွက်
သင်ခန်းစာများစွာ ရခဲ့ပါသည်။
ကျွန်မသည် (၁၅.၈.၁၉၉၀) ခုနှစ်မှ (၁၄.၁.၁၉၉၅)
ခုနှစ်အထိ (၅) နှစ်-တိုင်တိုင် စလင်းမြို့တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ စလင်းမြို့မှာ
ကျောင်း-အုပ်ကြီးဦးသန်းရှိန်အပါအ၀င် ဆရာ ဆရာများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူ
အားလုံးက နွေးထွေးစွာ ကြိုဆိုသဖြင့် ကျွန်မဘ၀ပျော်ရွှင်ခဲ့ပါသည်။
(၁၅.၁.၁၉၅၅) ခုနှစ်မှ (၂၇.၇.၁၉၉၈) ခုနှစ်အထိ
မကွေးမြို့၊ အမှတ် (၁) အထက်တန်းကျောင်းတွင် အထက်တန်းပြဆရာမရာထူးဖြင့် တာဝန်ထမ်းဆောင်
ခဲ့ပါသည်။ (၁၉၉၆) ခုနှစ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ပြည်နယ်ပညာရေးမှူး
စစ်ဆေးရေးရာထူးရခဲ့ပါသည်။ သို့သော် ကျွန်မ၏ မိဘနှစ်ပါးက သဘောမတူ-သဖြင့် ကျွန်မ မသွားဖြစ်ခဲ့ပါ။
ဘုန်းကံမြင့်ဖို့ ကုသိုလ်ကံမပါ-ဟု ဆိုရပါမည်။
၁၉၉၅-၁၉၉၆-ခုနှစ်များတွင် အထက်တန်းပညာရေးမှာ
ဝိဇ္ဖာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်များပေါင်း၍ (၉) ဘာသာခေတ်ဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်မသည်
ပထ၀ီဝင်ဘာသာရပ်ပြဆရာမဖြစ်သောကြောင့် န၀မတန်းနှင့် ဒသမ
တန်းများကို
အချိန် (၃၂) ချိန်ဖြင့် စာသင်ခဲ့ပါသည်။ ထိုစဉ်က အသက်ကလည်း ငယ်၍ စာသင်ရသည်ကို ပျော်ပါသည်။
မကွေးမြို့တွင် မကွေးတက္ကသိုလ်နှင့် အမှတ် (၁) အထက်တန်းကျောင်းမှာ နီးကပ်နေသဖြင့် တက္ကသိုလ်ဆရာ
ဆရာမ သူငယ်ချင်းတွေနှင့် တွေ့လျှင်တော့ အားငယ်၍ ၀မ်းနည်းမိပါသည်။
သို့သော်လည်း ယခုအချိန်မှာ ကျွန်မ၏ တပည့်ပေါင်းများစွာသည်
စစ်ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ တပ်ရင်းမှူး၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဦးစီးမှူး၊ ညွှန်ကြား-ရေးမှူး၊ ကျောင်းဆရာ ဆရာမ၊ သူနာပြုဆရာမ၊ နိုင်ငံခြားသင်္ဘောသား၊
ကုန်သည်၊ ပွဲစား၊ အလုပ်သမား၊ တက္ကသိုလ်ဆရာ၊ ဆရာမ၊ စာရေးစသည်ဖြင့် အလွှာစုံ ရာထူးစုံ ဘ၀စုံဖြစ်သွားခဲ့ပါသည်။
ကျွန်မ၏ တပည့်များသည် မြန်မာပြည်မှာသာမက နိုင်ငံခြားတိုင်းပြည်များ
အထိ တာဝန်ထမ်းဆောင်နေကြောင်းသိရသောခါ ပြောမပြတတ်အောင် ပီတိ ဖြစ်မိပါသည်။ အခြေခံပညာဦးစီးဌာနမှာ
တာဝန်ထမ်းဆောင်ခဲ့ရသည်မှာ ပန်းမျိုးစုံဖူးပွင့်ဝေဆာသည့် ဥယျာဉ်ကြီးထဲ ရောက်ခဲ့ရသလို
ခံစားမိပါသည်။
၁၉၉၈-ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့တွင် မကွေးတက္ကသိုလ်
ပထ၀ီဝင်-ဌာန၌ နည်းပြဆရာမရာထူးဖြင့် တာဝန်စတင်ထမ်းဆောင်ခဲ့ရပါသည်။ ထိုအချိန်-တွင် အသက်တူတော့
ရာထူးမတူ၊ ရာထူးတူတော့ အသက်မတူဟူသည့် ကွာဟချက်ရှိပါသည်။ သို့သော်လည်း ဒေါက်တာနော်သာစော
(ပါမောက္ခ-ဌာနမှူး)၊ ဆရာကြီးဦးရန်အောင်၊ ဒေါ်မူလားခူးမြမင်းတို့အပါအ၀င် ဆရာ ဆရာမ အားလုံးက
နွေးထွေးစွာကြိုဆိုသဖြင့် ပျော်ရွှင်မိပါသည်။
၁.၁၂.၂၀၀၆-နေ့တွင် လက်ထောက်ကထိကရာထူးရရှိခဲ့ပါသည်။
၁.၁၂. ၂၀၁၁-နေ့တွင် ကထိကရာထူးရရှိခဲ့ပါသည်။ လူ့ဘ၀ကလည်း ဆန်းကြယ်-ပါသည်။ ဤဘ၀တွင် မဖြစ်နိုင်တော့ပါ-ဟု
ထင်ထားသည့် နည်းပြဆရာမ-ရာထူးကို (၁၁) နှစ်ကြာမှ ရလာခဲ့ပါသည်။ သူဖြစ်ချင်တာ ဆက်တိုက်ဖြစ်ခဲ့-ပါသည်။
ကိုယ်ဖြစ်ချင်တာ မဖြစ်ဘဲ သူဖြစ်ချင်တာဖြစ်လျက်၊
မကြံစည်သော်လည်း ဖြစ်၍ ကြံစည်သော်လည်း ပျက်လျက် လို၍ မရသောဆင်းရဲမျိုးစုံ ကြုံ၍ လိုအင်ဆန္ဒမပြည့်ဝဘဲ
နှစ်ပေါင်းများစွာ နေခဲ့ရပြီးပါပြီ။
ယခုအချိန်မှာ ကျွန်မသည် ရေနံချောင်းဒီဂရီကောလိပ်
ပထ၀ီဝင်ဌာန၌ ကထိကရာထူးဖြင့် မတောင့်မတ၊ မကြောင့်မကြဘဲ စိတ်အေးချမ်းသာစွာ ဒါန, သီလ,
ဘာဝနာမှုများပြုလျက် ပထ၀ီဝင်မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်လျက်ရှိပါသည်။
ကျွန်မဖြတ်သန်းခဲ့ရသောဘ၀တစ်လျှောက်ကို ကြည့်၍
ဤသို့-ကောက်ချက်ချမိပါသည်။
- ရည်ရွယ်ချက်ရှိရမည်။
- ရည်ရွယ်ချက်ပေါက်မြောက်အောင် လုံ့လ၀ီရိယအားထုတ်မှုရှိရမည်။
သို့သော် ဆန္ဒမစောသင့်၊ ဖြစ်ချင်ဇော မလောသင့်၊ လောဘမတက်သင့်၊ အထူးသဖြင့်
မတော်လောဘ မဖြစ်သင့်။
- ဖြစ်ချိန်တန်လျှင် ဖြစ်လိမ့်မည်၊ ရောက်ချိန်တန်လျှင် ရောက်လိမ့်မည်၊
ရချိန်တန်လျှင် ရလိမ့်မည်။
- ကိုယ်ဖြစ်ချင်တာ မဖြစ်၊ သူဖြစ်ချင်တာ ဖြစ်လာလျှင် သင့်တင့်စွာ နှလုံးသွင်းနိုင်ရမည်။
သို့မှသာ ကိုယ်စိတ်နှစ်ပါးချမ်းသာစွာ နေရသည်။ ကျန်းမာစွာ အသက်ရှည်နိုင်ပါသည်။
စမ်း (ဖန်းခါးမြေ)
(၁၀၁၂) ခုနှစ်၊ ရေနံချောင်းဒီဂရီကောလိပ်
နှစ်လည်မဂ္ဂဇင်းမှ ကူးယူဖော်ပြကြောင်း ……..
ရေနံ့သာ-မောင်သီ (မြတောင်)