Monday, February 8, 2016

* မြတ်ဆုရှင်ဆရာတော်၏ မှတ်စုတစ်ချို့ ........

ကိုယ့်ပိုင်ရိက္ခာ ကိုယ်တိုင်ရှာ
🔰🔰🔰🔰🔰🔰🔰🔰

♧ ဒါနကိုပင် မသေခင် ကိုယ်တိုင်ပြုပါ ကိုယ့်ရိက္ခာ။
♧ သီလကိုပင် မသေခင် ကိုယ်တိုင်စောင့်ပါ ကိုယ့်ရိက္ခာ။
♧ ဘာဝနာကိုပင် မသေခင် ကိုယ်တိုင်ပွားပါ ကိုယ့်ရိက္ခာ။



" ဘယ်သူမပြု မိမိမှု "
🚢🚢🚢🚢🚢🚢
ကိုယ့်အမှုအလျောက် အထက်ရောက်ခဲ့
အောက်ကျသည်မှာ ကိုယ့်အမှုသာတည်း။
ပမာနှိုင်းထောက် တံတိုင်းဆောက်သူ
တွင်းတူးသူဟု နမူစံထား ကျင့်လေလော့။

မြေတူးသမားသည် မြေကို တူးရင်းတူးရင်း
မြေကြီးအောက် နိမ့်ဆင်းနိမ့်ဆင်း သွားသလို
အကုသိုလ်ပြုသူသည်လည်း အကုသိုလ်ပြုရင်းပြုရင်း
ဘဝအခြေအနေ နိမ့်ဆင်းနိမ့်ဆင်း သွားလေတော့၏။



သူစိတ်ဆိုးတိုင်း ကိုယ်ကပြန်ဆိုးရင်
ကိုယ့်စိတ် နုနေသေးလို့ပါ။
မြေပျော့ရင် ခြေရာထင်တယ်။
စိတ်ပျော့ရင် အငြိုးအတေးကြီးတယ်။



📚 တစ်ယောက်ထဲနေ - တရား။
📚 နှစ်ယောက်နေ - စကား။
📚 သုံးယောက်နေ - အလကား။


🌜 စည်း ကမ်း 🌛
🍒🍒🍒🍒🍒
စည်း အတွင်းမှာနေ ကင်းကွာလိမ့်ရန်ဘေး
ကမ်း ကိုကျော် ချော်ကာကျ များလှရန်ဘေး။



တဏှာ အချစ်လား? မေတ္တာ အချစ်လား?
👄👄👄👄👄👄👄👄👄👄👄👄
♡ ကိုယ့်အတွက်ချစ်လျှင် တဏှာ။ { အကုသိုလ် }
♡ သူ့အတွက် ချစ်လျှင် မေတ္တာ။ { ကုသိုလ် }
Myatsushin Sayardaw's photo.

* မြတ်ဆုရှင်ဆရာတော် ရေးသည်

ဗုဒ္ဓဘာသာဝင်ဟူသော အဓိပ္ပာယ်
📚📚📚📚📚📚📚📚📚📚
ဗုဒ္ဓဘာသာဝင်ဟူသော အဓိပ္ပာယ်ကို ခွဲခြမ်းလိုက်လျှင် အောက်ပါကဲ့သို့ ခွဲရပေလိမ့်မည်----
(၁) ဗုဒ္ဓ,ဘာသာ။
(၂) ဗုဒ္ဓဘာသာ။
(၃) ဗုဒ္ဓဘာသာဝင်ဟူ၍ ၃ - မျိုး ခွဲရပေလိမ့်မည်။

ဗုဒ္ဓ,ဘာသာဟူသည်မှာ - ဗုဒ္ဓ - ဘုရား။ ဘာသာ - စကား။
ဗုဒ္ဓဘာသာဟူသည်မှာ - ဘုရားစကား။
ဗုဒ္ဓဘာသာဝင်ဟူသည်မှာ - ဘုရားစကားတော်များကို နားထောင်ကျင့်သုံးသူတို့တွင် ပါဝင်သူဟု အဓိပ္ပာယ်ရလေသည်။
LikeComment

* ဗုဒ္ဓဂုဏ်တော်ကိုးပါး .......

* ဗုဒ္ဓဂုဏ်တော်ကိုးပါး .......

* ဣတိပိ သော ဘဂ၀ါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ၀ိဇ္ဇာစရဏသမ္ပန္နော သုဂတော လောက၀ိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာဒေ၀မနုဿာနံ ဗုဒ္ဓေါ ဘဂ၀ါ။
၁။ သောဘဂ၀ါ- ထိုအကျွန်ုပ်တို့ဆရာ မြတ်စွာဘုရားသည် ဣတိပိ=ဤသို့လျှင် ဗြဟ္မာ နတ် လူ သုံးဘုံသူတို့၏ ပူဇော်အထူးကို ခံထိုက်ကြောင်းဖြစ်သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ၀ိမုတ္တိဂုဏ် ၀ိမုတ္တိဉာဏ ဒဿနဂုဏ် တို့နှင့် ပြည့်စုံတော်မူပေသောကြောင့်လည်း အရဟံ=အရဟ မည်တော်မူပေ၏။
၂။ ဣတိပိ၊ ဤသို့လျှင် သစ္စာဉေ ယျ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်း သိမြင်တော်မူပေသောကြောင့်လည်း သမ္မာသမ္ဗုဒ္ဓေါ=သမ္မာသမ္ဗုဒ္ဓ မည်တော်မူပေ၏။
၃။ ဣတိပိ၊ ဤသို့လျှင် စရဏအပြား တစ်ဆယ့်ငါးတည့် သုံးပါးရှစ်ဖြာ ဉာဏ်ဝိဇ္ဇာတို့နှင့် ကောင်းစွာ ပြည့်စုံတော်မူပေသောကြောင့်လည်း ၀ိဇ္ဇာစရဏသမ္ပန္နော=၀ိဇ္ဇာစရဏသမ္ပန္န မည်တော်မူပေ၏။
၎။ ဣတိပိ၊ ဤသို့လျှင် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ မကပ်ငြိဘဲ မဇ္ဈိမဋိပတ် ကောင်းမြတ်ဖြောင့်တမ်း မဂ္ဂင်လမ်းဖြင့် ရွှေနန်းပုရီ ဘေးမဲ့ပြည်သို့ ကြွချီဆိုက်ရောက်တော်မူပေသောကြောင့်လည်း သုဂတော=သုဂတ မည်တော်မူပေ၏။
၅။ ဣတိပိ၊ ဤသို့လျှင် ကာမ ရူပ အရူပ - ဟု လောကအပြင် ဘုံတခွင်ကို ကုန်စင်ခပင်း မကျန်ကြွင်းအောင် အလင်းထင်ပေါ် သိမြင်တော်မူပေသောကြောင့်လည်း လောက၀ိဒူ=လောက၀ိဒူ မည်တော်မူပေ၏။
၆။ ဣတိပိ၊ ဤသို့လျှင် ဇာတိမာန် ပုညမာန် ဂုဏမာန် ဗလမာန် ဣဒ္ဓိမာန် ပညာမာန် တို့ဖြင့် မိုးစွန်ကြွားကြွား ငါတကားဟု ကြုံးဝါးခက်ထန် အဆိပ်လျှံသည့် နန္ဒောပနန္ဒ အင်္ဂုလိမာလ သစ္စက နှင့် ဗကဗြဟ္မာ- သတ္တ၀ါတို့ကို ဒေသနာသံ ဆိပ်အန်ငြိမ်းဆေး အမြန်ပေး၍ ယဉ်ကျေးအောင်ပြု ဆုံးမမှုဝယ် အတုမရှိ လွန်ကဲဘိသောကြောင့်လည်း
အနုတ္တရောပုရိသဒမ္မသာရထိ=အနုတ္တရော ပုရိသ ဒမ္မသာရထိ မည်တော်မူပေ၏။

၇။ ဣတိပိ၊ ဤသို့လျှင် လူ နတ် ဗြဟ္မာ သတ္တ၀ါအများ သောင်းထိုက်သားတို့၏ ၀ပ်တွားရှိပြောင်း ညွတ်ညောင်းခယ ဆုံးမခံရာ ဆရာသခင် ဦးထိပ်တင်ကြီး ဖြစ်ပေသောကြောင့်လည်း သတ္တာဒေ၀မနုဿာနံ=သတ္တဒေ၀မနုဿာန မည်တော်မူပေ၏။
၈။ ဣတိပိ၊ ဤသို့လျှင် သစ္စာလေးရပ် တရားမြတ်ကို လူ နတ် အများ သိထင်ရှားအောင် ဟောကြား ထုတ်ဖော် သိစေတော်မူပေသောကြောင့်လည်း ဗုဒ္ဓေါ=ဗုဒ္ဓ မည်တော်မူပေ၏။
၉။ ဣတိပိ၊ ဤသို့လျှင် ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ တန်းခိုးတော်အနန္တ- ကြီးမြင့်လှ၍ လောကသုံးပါး လူအများတို့ လေးစားဂရု ချီးပမှုကြောင့်လည်း ဘဂ၀ါ=ဘဂ၀ါ မည်တော်မူပေ၏။
(ဘုရားရှိခိုးပြုလုပ်လိုလျင်)

* ထို အရဟံအစ ဘဂ၀ါအဆုံး ဘ၀ဂ်ချုန်းမျှ ဘုန်းတော်ကြီးမား ဂုဏ်ကိုးပါးနှင့် ပြည်စုံတော်မူပေသော မြတ်စွာဘုရားကို
အဟံ=အကျွန်ုပ်သည် ၀န္ဒာမိ=ရှိခိုးပါ၏။

* မုနိခြောက်မျိုး ....

* မုနိခြောက်မျိုး ....

၁။ အဂါရမုနိ = လူ့ဘဝနဲ့ တစ်မဂ်တစ်ဖိုလ်ရသူ၊
၂။ အနဂါရမုနိ = ရဟန်းဘဝနဲ့ တစ်မဂ်တစ်ဖိုလ်ရသူ၊
၃။ သေခမုနိ = သောတာပတ္တိမဂ္ဂဌာန်အစ အရဟတ္တမဂ္ဂဌာန်အဆုံးရှိသော သေက္ခပုဂ္ဂိုလ် (၇) ယောက်၊
၎။ အသေခမုနိ = ရဟန္တာ၊
၅။ ပစ္စေကမုနိ = ပစ္စေကဗုဒ္ဓါ၊
၆။ မုနိမုနိ = မြတ်စွာဘုရား၊

* ပရိက္ခရာဆိုတာ .....

* ပရိက္ခရာဆိုတာ .....

၁။ သပိတ်
၂။ သင်္ကန်းကြီး
၃။ သင်းပိုင်
၎။ ဧကသီ
(သင်္ကန်းကြီး, သင်းပိုင်နှင့် ဧကသီကို
တိစီဝရိက်-ဟုခေါ်သည်)
၅။ ခါပန်းကြိုး
၆။ ပဲခွပ် (ဓား)
၇။ အပ်/အပ်ချီ
၈။ ရေစစ်

* ပတ္တော တိစီဝရံ ကာယ-ဗန္ဓနံ ဝါသိ သူစိ စ။
ပရိဿာဝန မိစ္စေတေ၊ ပရိက္ခာရာဋ္ဌ ဘာသိတာ။
(အဘိဓာန်-စတုဗ္ဗဏ္ဏဝဂ် - ၄၃၉)

* မာနမဲ့စွာ ......

* မာနမဲ့စွာ ......

* ပြက်ရယ်မှုကိုခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။


* အနိုင်ကျင့်မှုကိုခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ မနာကြဉ်းရက်ပါလေ။


* တန်ဖိုးမထားမှုကိုခံရသည့်အခါ
မကျေနပ်မှုကို ခံစားရတတ်သော်လည်း
မည်သည့်အခါမှမငြိုငြင်ရက်ပါလေ။


* စွန့်ပစ်သွားခြင်းကိုခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာပူပန်ရသော်လည်း
မည်သည့်အခါမှမေ့လျော့၍မရနိုင်လေ။


*  စတွေ့သည်မှ
ငါသည်သင့်အား
မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း။


မောင်စိန်ဝင်း(ပုတီးကုန်း)

#‎မင်းကျင့်တရားဆယ်ပါး‬#

#‎မင်းကျင့်တရားဆယ်ပါး‬#
•••••••••••••••••••••••••••••••••••••••••••

၁။အလှူပေးခြင်း။
၂။ပဉ္စသီလဆောက်တည်ကျင့်သုံးခြင်း။
၃။အမှုထမ်း, အရာထမ်းတို့အား မျိုးရိက္ခာပေးခြင်း။
၎။စိတ်ဓာတ်ဖြောင့်မတ်ခြင်း။
၅။ကိုယ် နှုတ် နှလုံး နူးညံ့ခြင်း။
၆။ဥပုသ်သီတင်းစောင့်သုံးခြင်း။
၇။ဒေါသအမျက်မထွက်ခြင်း။
၈။မညှင်းဆဲ မနှိပ်စက်ခြင်း။
၉။သည်းခံခြင်း။
၁၀။(ပြည်သူနှင့်)မဆန့်ကျင်ခြင်း။
----------------------------------
ဒါနံ သီလံ ပရိစ္စာဂံ၊အဇ္ဇဝံ မဒ္ဒဝံ တပံ။
အက္ကောဓံ အဝိဟိံသဉ္စ၊ခန္တိဉ္စ အဝိရောဓနံ။
ဒသေတေ ဓမ္မေ ရာဇာနော၊အပ္ပမတ္တေန ဓာရေယျုံ။