Thursday, January 21, 2016

* အတ္တမာနနဲ့အမှန်တရား ..



* အတ္တမာနနဲ့အမှန်တရား ..
* * * * * * * * * * * * * * * * *
ပုစ္ဆာတစ်ပုဒ်အတွက်အဖြေရှာ
လိုနေတာအမှန်တရား
ဘယ်နားကပဲရှာရှာ
ရလာဖို့ကအဖြေ ...
ထိပ်တိုက်တွေ့ဆုံ
ငြင်းခုံနေတာနဲ့ပဲ
အဖြေလည်းဘယ်ပြေး
ရေးရေးလေးပဲရှိတော့တဲ့လေနုအေး
တဖြေးဖြေးနဲ့ ကြမ်းကုန်ပြီ ...
အမြင်မတူတဲ့အမှန်တရား
မာနကြားကလေးစားမှု
အဖုအထစ်တွေနဲ့
ချိနဲ့နေတဲ့စိတ်ဓာတ်နဲ့
ခနဲ့တဲ့တဲ့ စကားတွေသာ ပွင့်ထွက်လာ ...
ဘယ်မှာလဲလေးစားခြင်းတွေ
ပန်းတွေမဝေနိုင်ဘူး
မီးတောက်တွေသာ တောက်နေကြ ...
ခွန်းကြီးခွန်းငယ်စကားလှယ်စစ်ထိုး
အကျိုးမဲ့တဲ့အခြင်းအရာနဲ့
ခပ်ယဲ့ယဲ့သာကျန်တော့တဲ့ခင်မင်မှု
အဖုအထစ်တွေနဲ့ ပြိုကျတော့မလို ...
အတင်မခံတဲ့ကျူးစကားတွေ
အတ္တမာနတွေအပြိုင်ကျဲ
မလဲမချင်းပြိုင်
မရှင်းမချင်းပြိုင်
ဘယ်သူနိုင်မလဲ
အဆုံးအဖြတ်တွေကြားက အကွဲကွဲအပြဲပြဲ ...
လက်ဝါးနဲ့လက်ခုံ
မတူရုံနဲ့
ငြင်းခုံနေမှာလား
လူကြားလို့မှမကောင်း
တစောင်းနဲ့မျက်ချေး
လက်တွဲရေးက ဝေးခဲ့ပြီ ...
ခင်မင်သူနှစ်ဦး
ရင်ထဲမှာဆူးတွေနဲ့
မကူးပါစေနဲ့ အပူတွေ ...
လူတွေလူတွေ ...

ကိုယ်ထင်တာခုတင်ဟာရွှေနန်း
အယူဝါဒကြမ်းကြီးနဲ့
ခုထိ လန်းနေတုန်းပါလား ...
အမှန်နဲ့အမှား
ဘယ်သူကခွဲခြားပေးမလဲ
အတ္တမာနတွေကြီးစိုးနေသမျှ
ဘယ်သူကမှ အမှန်တရားနဲ့ မနီးစပ်နိုင်ဘူး ...။
သက်ခိုင် (ကိုယ်တိုင်ရေး ကဗျာ)

လူ့စိတ်အကြောင်း သိကောင်းစရာ



လူ့စိတ်အကြောင်း သိကောင်းစရာ
Dr Sri Dhammananda said:
In buddhism you cannot find commandment, no religious law, no religious punishments.
Religion don’t punish you, but your actions punish you. You have the face the consequences and it’s not the Buddha or religion punish you. You create that.
You create your own hell, you create your own heaven, nobody else can do that. Human life is the central in between heaven and hell, the other living beings are not in the central.
What does it mean?
Human mind is so advance very easily, they can develop their mind to experience heavenly bliss. Other living beings cannot do that so easily. Human mind are so clever, so crooked, so cunning, so selfish, can create any kind of dangerous cruel things very easily to create hell.
Other beings are not so cruel, not so wicked. They catch another animal for their food.
Survival for the foetus, for their living survival, they catch another being and satisfy.
But we human beings do not kill others just because we are starving. Today the whole world is a battle, a mad house. Why? Do you think they have no food to eat, no clothing, no shelter, no medicine? They are not killing others, they are not destroying other countries because of these. Mahatma Gandhi said this very clearly. He said:
“Here in this world, we have more than enough things for our needs, but we haven’t not enough things to satisfy our cravings. Now this is what is happening today.”
They are fighting for their extraordinary cravings. They want more power, more authority, more pleasure, not for their survival, nor contentment. Ananda Metta at 2:32 PM
(တစ်ပိုဒ်ချင်း တွဲလျက်ပြန်ပေးချင်ပါတယ်)

မြတ်ဆုရှင်ရေးသည် .......



" နားထိုင်းကြီး ၃-ယောက်နှင့်တူသော Facebook User များ *****
ဟိုးတုန်းက ရွှေဘလို့အမည်ရတဲ့ နားထိုင်းကြီးတစ်ယောက် တောထဲမှာ ဆိတ်ကျောင်းသွားသတဲ့ဗျ။ တစ်ရက်ဆိတ်ကျောင်းရင်း သစ်ပင်အောက် ဝင်အိပ်နေတာ ဆိတ်တွေက အဝေးရောက်ပြီး ပျောက် ကုန်ရော ဆိုပါတော့။ လိုက်ရှာရင်း ထန်းတောတစ်ခုထဲအရောက် ထန်းတက်နေတဲ့ အောင်ဘုကို တွေ့တော့----
" ဗျို့ထန်းပေါ်ကလူကြီး ကျုပ်ဆိတ်တွေ ပျောက်သွားလို့ဗျာ အဲဒါ ခင်ဗျားက အမြင့်ကဆိုတော့ မြင်ရမှာပဲ တွေ့မိလားဗျ " အပေါ်က အောင်ဘုကလည်း နားထိုင်းဆိုတော့ ကြားချင်ရာကြားပြီး လက်ညှိုးကြီးထိုးကာ " ဟောဟိုးက မျက်စိတဆုံး မြင်နေရတဲ့ထန်းပင်တွေ တွေ့လားဗျ။ အဲဒါတွေ အကုန်လုံး ကျုပ် ယောက္ခမပိုင်တာ။ ကျုပ်ပိုင်တဲ့ ထန်းပင်တွေချည်းပဲ " အောက်ကမေးသူ ရွှေဘကလည်း နားထိုင်းသူ ဆိုတော့ လက်ညှိုးထိုးပြတဲ့နေရာ သွားရှာပါလေရော။ ကံကောင်းစွာနဲ့ ပျောက်သွားတဲ့ ဆိတ်တွေ ပြန်တွေ့တာပေါ့။
" အင်း ထန်းသမား ကျေးဇူးကြောင့် ငါ့ဆိတ်တွေ ပြန်တွေ့တာ၊ ကျေးဇူးတင်လွန်းလို့ဆိုပြီး ဆိတ်ကျိုးလေးတစ်ကောင် သွားပေးတာပေါ့" " ဗျို့ ထန်းပေါ်ကလူကြီး ခင်ဗျားကျေးဇူးကြောင့် ကျုပ်ဆိတ်တွေ ပြန်တွေ့ပြီဗျို့ ကျေးဇူးတင်လွန်းလို့ ဆိတ်ကလေးတစ်ကောင် လက်ဆောင်ပေးပါရစေ "
အပေါ်က နားထိုင်းကလည်း ကြားချင်ရာကြားပြီး - " အာ --- ခင်ဗျာဆိတ်ကျိုးတာ ကျုပ်နဲ့မဆိုင်ဘူးနော်၊ ကျုပ်ခွေးက ထန်းပင်အောက်မှာ အိပ်နေတာ ကျုပ်ခွေးကိုက်တာ မဖြစ်နိုင်ဘူး "
" နောင်ကြီးရယ် ဒီဆိတ်ကျိုးလေးပဲယူပါ အကောင်းတော့ မလုပ်ပါနဲ့ဗျာ" စသည်ဖြင့် နားထိုင်းချင်း ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဘာမှမကြားကြဘဲ သူအော် ကိုယ်အော် ပြန်အော်နေကြဧ။်။ နောက်ဆုံး ထန်းတက်သမားက စိတ်တိုလာပြီး ထန်းပင်ပေါ်က ဆင်းလာကာ သူကြီးအိမ် ခေါ်သွားလေ တော့ဧ။်။
ရွာသူကြီး ဦးထူးကလည်း နားထိုင်းသူတစ်ယောက်ပင် ဖြစ်လေသည်။ ထိုအချိန်မှာ မိန်းမနဲ့အဆင်မပြေလို့ ကွဲပြီးကာစအချိန် - " ဒီမှာ သူကြီးရယ် ကျုပ်ဆိတ်တွေ ပျောက်သွားတာ သူကျေးဇူးကြောင့် ဆိတ်တွေ ပြန်တွေ့ရတာ။ အဲဒါ ဇွတ်ငြင်းနေတယ်ဗျာ။ " ဟာ - မဟုတ်ဘူး သူကြီး။ ကျုပ်ခွေးက သစ်ပင်အောက်မှာ အိပ်နေတာ။ ကျုပ်ခွေးကိုက်တာ မဟုတ်ဘူး။ ကျုပ်နဲ့ဘာမှ မဆိုင်ဘူး" ဆိုပြီး သူကြီးရှေ့မှာ အကြီး -အကျယ် သူအော်ကိုယ်အော် အော်ပြောနေလေဧ။်။
သူကြီးဖြစ်သူက ဘာမှမကြားရတော့ " ဟေ့ကောင်တွေ မင်းတို့ ငါ့ရှေ့လာပြီး တိုးတိုး တိုးတိုးနဲ့ လာနားချ မနေနဲ့။ ဒီမိန်းမကို လုံးဝ ပြန်မပေါင်းနိုင်ဘူးကွ " ဟု ဆိုလေတော့ဧ။်။
ဒီနားထိုင်းကြီး ၃ ယောက် ဇာတ်လမ်းလေးလိုပါဘဲ တစ်နေ့တစ်နေ့ လူမှုကွန်ယက် Facebook တွေပေါ်မှာ ဟုတ်ဟုတ် မဟုတ်ဟုတ် ဖွတဲ့သူတွေကလည်း ဖွသည်၊ ယုံတဲ့သူတွေကလည်း ယုံသည်၊ မန့်တတဲ့ သူကလည်း ထင်ရာမြင်ရာ မန့်ချင်သလို ဝင်မန့်သည်။ သူ့အရပ်နဲ့ သူ့ဇာတ်၊ သူတို့ဟာနဲ့သူတို့တော့ ဟုတ်လို့နေဧ။်။ နားထိုင်းကြီးများနှင့် ထူးမခြားနားပါတကား ------။

* နောင်တဆယ်ပါး .....



* နောင်တဆယ်ပါး .....
ပြည်ဗာရာဏ မြို့မစည်ပင် ဇနသန္တ မည်ရဘုရင်
အလောင်းတော်မြတ် မိန့်မှတ်ပြည်တွင်
ဟောဖော်ကြား ဆယ်ပါးနောင်တပင်။

(၁) "ငယ်စဉ်ပညာ မသင်ခြင်း"
~~~~~~~~~~~~~~~~~~~
ငယ်စဉ်ကာလ သိပ္ပများစွာ
မသင်မကြား မှတ်သားမရှာ
စီးပွားရေး၌ ဝန်လေးနောင်ခါ
ပူကြောင့်ကြ နောင်တဖြစ်တတ်စွာ။

(၂) “စီးပွားမစုခြင်း”
~~~~~~~~~~~~~~~~~~~
ကံအားဉာဏ်အား စီးပွားနုပျို
ရှိပါလျက်သား စီးပွားမသို
မရှာမှီးပဲ သက်ကြီးရွယ်အို
နောင်တကြီး ပူမီးဆိုက်လို့ဖို။

(၃) “သူတစ်ပါးသားမယား ပြစ်မှားခြင်း”
~~~~~~~~~~~~~~~~~~~~~~~~~
အရွယ်ရှိတုန်း ရယ်ပြုံးပျော်ပျော်
မိတ်ကောင်းဆွေကောင်း မပေါင်းမဖေါ်
သူ့မယား၌ မှောက်မှားချွတ်ချော်
စိုးရိမ်ရ နောင်တအပူပေါ်။

(၄) “သူတစ်ပါးချစ်ခြင်း ဖျက်စီးခြင်း”
~~~~~~~~~~~~~~~~~~~
သူနှစ်ဦးတို့ အထူးခုံမင်
ချစ်ခင်အေးချမ်း အကျွမ်းတဝင်
ကွဲပြားစေသော ကုန်းချောမိလျှင်
မှားလေစွ နောင်တပူဖို့ပြင်။

(၅) “သူတစ်ပါးအသက် သတ်ခြင်း”
~~~~~~~~~~~~~~~~~~~
မညှာရက်စက် သူ့သက်ဇီဝေ
မျက်မာန်ကြမ်းကြုတ် သတ်ပုတ်မိချေ
နောင်ခါကျတော့ တွေးဆပူစေ
မှားလေခြင်း ပူပြင်းနောင်တတွေ။

(၆) “မပေးလှူခြင်း”
~~~~~~~~~~~~~~~~~~~
ဥစ္စာဓန လောက်ငကုံလုံ
သုံးဆောင်ဖွယ်များ ထင်ရှားအစုံ
ပေါကြွယ်ဋ္ဌေးလည်း မပေးလှူတုံ
နောင်ခါကြ နောင်တယူဖို့ကြုံ။

(၇) “မိဘအား မလုပ်ကျွေးခြင်း”
~~~~~~~~~~~~~~~~~~~
ကျေးဇူးကြီးလှ မိဘနှစ်ဆူ
ကျွေးရေးမွေးရေး အလေးမမူ
လုပ်ကျွေးနိုင်သား ပစ်ထားသောသူ
စိတ်သာချ ဒိဋ္ဌနောင်တပူ။

(၈) “မိဘစကား နားမထောင်ခြင်း”
~~~~~~~~~~~~~~~~~~~
ငယ်ရွယ်ခိုက်မို့ အမိုက်တွင်တွင်
မိဘစကား ထောင်နားမဝင်
ထင်ရာစိုင်းလို့ ထင်တိုင်းပျော်ရွှင်
နောင်ခါရောက် စိတ်နောက်နောင်တပင်။

(၉)“ပညာရှိနှင့် မပေါင်းခြင်း”
~~~~~~~~~~~~~~~~~~~
ပညာရှိပေါင်း သူကောင်းသူတော်
ဆည်းကပ်ချိန်လည်း မှီဝဲမပျော်
လိမ္မာကင်းလို့ မှုခင်းကြုံသော်
နောင်တကြီး ဖိစီးပူဖို့နော်။

(၁၀) “ကုသိုလ်ကောင်းမှု မရှိခြင်း”
~~~~~~~~~~~~~~~~~~~
ကုသိုလ်သိုက်မျိုး စိုက်ပျိုးထူထောင်
များအောင်ပေါင်းစု ကောင်းမှုမဆောင်
မျက်နှာလွှဲလို့ အမြဲသွေရှောင်
နောင်ခါကျ နောင်တပူမီးလောင်။

နောင်တ ဆယ်ပါး တရားကြည်ညို
စွဲယူကြပ်ကြပ် သိအပ်သကို
စိတ်ဝယ်စွဲလို့ အမြဲပိုက်သို
ကြဉ်ရှောင်ကြ နောင်တပူမီးကို။

စေတနာကောင်းမှ လာဘ်ရ၏



* စေတနာကောင်းမှ လာဘ်ရ၏
* ရှေးအခါက ဘုရားလောင်းသည် ပေါက်ပင်ကြီးတစ်ပင်တွင် ရုက္ခစိုးနတ် ဖြစ်နေ၏။ ဆင်းရဲသား ပုဏ္ဏား တစ်ဦးသည် ပေါက်ပင်ကြီး၏ ခြေရင်း အမှိုက်သရိုက်များကို ခုတ်ထွင်ရှင်းလင်း၏၊ ပန်း၊ ဆီမီး၊ အမွှေးတိုင်များဖြင့်လည်း ပူဇော်၏၊ ထို့နောက်... “ချမ်းသာစွာ အိပ်ရပါ၏လော...ဟု ဆိုလျှက် ပြန်သွား၏”
တစ်နေ့ ပုဏ္ဏားအိုတစ်ဦး ရောက်လာ၏၊ အို ပုဏ္ဏားငယ် စိတ်မရှိ ကြားမှုမရှိသည့် ပေါက်ပင်ကို အဘယ်ကြောင့် ပူဇော်ရသနည်း...ချမ်းသာစွာ အိပ်ရပါ၏လော-ဟု မေးရသနည်း၊

* အဘပုဏ္ဏား အကျွန်ုပ်သည် ချမ်းသာလို၍ ပူဇော်ခြင်း ဖြစ်ပါသည်၊ ဤအပင်၌ နတ်များရှိ၏။ ထိုအခါ ပုဏ္ဏားအိုသည် ဖန်ဆင်းထားသော ပုဏ္ဏားအိုအသွင်မှ နတ်အသွင် ပြလိုက်သည်၊ ပုဏ္ဏားငယ် ငါသည် ဤအပင်စောင့် နတ်ဖြစ်၏၊ မကြောက်လင့်...သင့်အား ဥစ္စာတို့ကို ငါပေးအံ့။ ထိုသို့ပြောဆိုကာ ပျောက် ကွယ်သွား၏။
 
* မကြာမီ ပုဏ္ဏားငယ်သည် အိမ်အောက်မှ ရွှေအိုးများကို တူးဖော်ရရှိ၏၊ ထို့ကြောင့် မိမိလည်း သုံးစွဲ၊ အလှူအတန်းလည်းလုပ်၊ သီလလည်း ဆောက်တည်ကာ ထာဝရချမ်းသာသွား ခဲ့ပေသည်။ စေတနာ ကောင်း၍ ပုဏ္ဏားငယ်မှာ လာဘ်ဥစ္စာများ ရရှိခြင်း ဖြစ်ပါသည်။ (စတုတ္ထနိပါတ် ပလာသဇာတ်)